Southern Magway People’s Defence Force

Southern Magway People’s Defence Force အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး၊ နွေဦးတော်လှန်ရေး။

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တိုက်ခိုက်ရေး...
20/07/2026

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တိုက်ခိုက်ရေးတပ်ဖွဲ့
မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
မှတ်တမ်းတင်ဂုဏ်ပြုခြင်း
ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိရန် ပါဝင်ကူညီထောက်ပံ့သော ပြည်သူ/ထောက်ပို့/ရဲဘော် တစ်ဦးချင်းစီတိုင်းအား မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အထူးပင်ကျေးဇူးတင်ရှိလျက် ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ် ပါသည်။ မျှော်မှန်းထားသော ပန်းတိုင်ရောက်သည်အထိ ဆက်လက် ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ မိမိတို့အနေဖြင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ လူ့အခွင့်အရေးအပြည့်အဝရရှိမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ် ဆီသို့ မရောက်မချင်း ဆက်လက်ချီတက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်ပြည်သ...
18/06/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ (တိုက်ခိုက်ရေးတပ်ဖွဲ့)
မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ရေးသတင်း ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့။

၁။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့၊ မနက် (၇) နာရီ ခွဲ ဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမှတ် ၂ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရန်ကုန် -တောင်တွင်းကြီး လမ်းပိုင်းတွင် အောင်လံမြို့နယ်ဖက်မှ ညွှန်မှုးအဆင့်လိုက်ပါလာသော စစ်ကောင်စီယာဥ်တန်းအား လာရောက်ကြိုဆိုသည့် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် ၇ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီးစောသန်းထွန်းဝင်း နှင့်စစ်ကောင်စီ တပ်သား၃ ဦးလိုက်ပါလာသော Honda Fit 5F-9529 အိမ်စီးကားအား မကွေးတိုင်း၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကိုးပင်-ဆပ်သွား လမ်းပိုင်း တစ်နေရာ၌ တပ်တွင်းဖရဲသီးမှ သတင်းပေးပို့မှုအရ ကျွန်ုပ်တို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးစောသန်းထွန်းဝင်း နှင့် စစ်ကောင်စီ တပ်သား ၁ဦး6သဆုံးပြီး ယင်းကားအား သိမ်းဆည်းရှင်းလင်းနေစဥ် ကိုးပင်ဖက်မှ ညွှန်မှုးလိုက်ပါလာသော အိမ်စီးကား ရောက်ရှိလာ၍ ထပ်မံ တိုက်ခိုက်ရာ ယင်းကား ပေါ်မှ ပခန ဗိုလ်ကြီးတစ်ဦးနှင့် စစ်ကောင်စီ တပ်သားနှစ်ဦးမှာ 6သဆုံးပြီး ညွှန်မှုးမှာပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့ပါသည်။
မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာခဲ့ပါသည်။
၂။ ထိုတို က် ခို က်မှု ဖြစ်စဥ်အတွင်း G3 သေနတ် ၁လက် ၊ကျည်ဘောက်၁ခု ကျည်၁၅တောင့်၊ MA3 သေနတ် ၁လက် ကျည်ဘောက်၁ခု ကျည်၁၂တောင့်၊ MA5 ပစ္စတို၁လက် ကျည်ဘောက်၁ခု ကျည်၁၀တောင့်နှင့် ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပါသည်။
၃။ အဆိုပါ စစ်ဆင်ရေးကို
မိမိတို့ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး )၊
သရက်ခရိုင် အမှတ်၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ် )၊
ဗျူဟာ(၁၇)လက်အောက်ခံ ရိုးမဖိုက်တာစစ်ကြောင်း၊
နှင့်
မကွေးတောင်တွင်းကြီး အထူးပျောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
၄။ ပြည်သူများအနေဖြင့် စကမ ယာဥ်တန်း၊ စစ်ကြောင်း လှုပ်ရှားသွားလာမှုများနှင့် ဝေးကွာစွာရှောင်ရှားသွားလာပေးကြရန်၊ မိမိတို့ စစ်လှုပ်ရှားရာ လမ်းပိုင်းများတွင် ကားမှန်များချ၍ သွားလာပေးကြပါရန်နှင့် စကမများ သွားလာလှုပ်ရှားမှုသတင်းများအား နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများသို့ ပေးပို့၍ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံပါသည်။

#ကြားဖြတ်တိုက်ခိုက်ခြင်း
#မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

အမျိုးသားညီညွတ်‌ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း(၅)နှစ်ပြည့်အခမ်းအနားသို့ ကာကွ...
06/05/2026

အမျိုးသားညီညွတ်‌ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း(၅)နှစ်ပြည့်အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ ပေးပို့သော သဝဏ်လွှာ

01/05/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ (တိုက်ခိုက်ရေးတပ်ဖွဲ့)
မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ရေးသတင်း ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့။

၁။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့၊ နေ့လည် (၁၂) နာရီ ဝန်းကျင် အချိန်တွင် အောင်လံမြို့နယ် ဖက်မှ တောင်တွင်းကြီးမြို့နယ်ဖက် သို့ သွားမည့် စစ်ကော်မရှင်ယာဥ် တစ်စီး ( လနခဲယမ်းနှင့် တပ်ဖွဲဝင်တစ်ချို့ပါ) အား မကွေးတိုင်း၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာနှင့် ကိုးပင်ကျေးရွာကြား လမ်းပိုင်းတစ်နေရာ၌ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များမှ ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ
စစ်ကော်မရှင်ဖက်မှ ထိခိုက်၊ ဒဏ်ရာရ 6တ ဆုံးမှုများရှိနိုင်ပါသည်။ မိမိတို့ ရဲဘော်များအားလုံး ထိခိုက်ကျဆုံးမရှိပဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။​
၂။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မိမိတို့ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး)
တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
၃။ ပြည်သူများအနေဖြင့် စကမ ယာဥ်တန်း၊ စစ်ကြောင်း လှုပ်ရှားသွားလာမှုများနှင့် ဝေးကွာစွာရှောင်ရှားသွားလာပေးကြရန်နှင့် ၄င်းတို့ သွားလာလှုပ်ရှားမှုသတင်းများအား နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများသို့ ပေးပို့၍ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံပါသည်။

#မိုင်းဆွဲတိုက်ခိုက်မှု
#မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

“အီးဒ်မုဘာရတ် (Eid Mubarak)”မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ထူးနေ့မြတ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေက...
21/03/2026

“အီးဒ်မုဘာရတ် (Eid Mubarak)”

မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ထူးနေ့မြတ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များနှင့် နွေဦးတော်လှန်ရေး၏ ကဏ္ဍအသီးသီးမှ တတ်စွမ်းသမျှ ပါဝင်စွမ်းဆောင်နေကြသော အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မကွေးတောင်ပိုင်းPDF
မကွေးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ခေတ်အဆက်ဆက် အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်မှုများနှင့် ဖိနှိပ်မှုများကို ကျော်ဖြတ်ကာ မိမိတို့၏လမ်းကို ကိုယ်တို...
08/03/2026

ခေတ်အဆက်ဆက် အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်မှုများနှင့် ဖိနှိပ်မှုများကို ကျော်ဖြတ်ကာ မိမိတို့၏လမ်းကို ကိုယ်တိုင် ဖောက်ခဲ့ကြသည်။ အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရမည့် အချိန်များတွင်လည်း မကြောက်မရွံ့ ရှေ့တန်းမှရပ်တည်ကာ တော်လှန်ရေးကို ဆက်လက် ဦးဆောင်လာခဲ့ကြသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများအားလုံး၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် ကြိုးစားမှုများကို တန်ဖိုးထား လေးစား​ကြောင်း ​ဖော်ပြအပ်ပါသည်။ ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ညီအမများ၊ အမများနှင့် မိခင်များအား လေးစားဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Address

Magway

Telephone

+601161605576

Website

Alerts

Be the first to know and let us send you an email when Southern Magway People’s Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Southern Magway People’s Defence Force:

Shortcuts

Share