20/08/2023
အစည်းအဝေးကောက်နုတ်ချက်
(၁) CBM မှ ထုတ်ပြန်သော SOP များနှင့် ကိုက်ညီပါက Online Matching စနစ်ဖြင့် importer များအတွက် ၂၉၂၀ ဖြင့် အပြည့်အဝ ရောင်းပေးမည်။ ၂၉၂၀ နှုန်းဖြင့် ဝယ်ထားပြီး ကုန်စျေးနှုန်း တိုးရောင်းသူများကို အရေးယူမည်။
(၂) ပြင်ပ informal market တွင် လုံးဝ အရောင်းအဝယ် မလုပ်ဖို့၊ ကုန်စျေးနှုန်း၊ ငွေစျေးနှုန်း တက်အောင် လှုံဆော် ရောင်းဝယ်သူများ၊ Social Media တွင် လှုံဆော်သူများကို ထိထိရောက်ရောက် အရေးယူမည်။
(၃) Exporter Importer လုပ်ငန်းရှင်များ အနေဖြင့် Online Matching စနစ်တွင် ပူးပေါင်းပါဝင်ပေးရန်၊ ပြင်ပ တရားမဝင်စျေးကွက် နောက်သို့ မလိုက်ဖို့ နှင့် တရားမဝင် နှုန်းတွေ ကို လက်မခံဖို့ ဖြစ်ပါသည်။ Informal ဟွန်ဒီ လုပ်ငန်းများ ရှာဖွေဖေါ်ထုတ် ထိထိရောက်ရောက် အရေးယူမည်။ ငွေစာရင်းများ၊ ဘဏ်စာရင်းများ စစ်မည်။
(၄) Exporter တွေ ပို့ကုန် ဝင်ငွေ သတ်မှတ်ချိန်အတွင်း ပြန် မသွင်းရင် အရေးယူမည်။ ငွေလဲနှုန်း ၃၉၀၀-၄၀၀၀ စတဲ့ rate တွေနဲ့ တွက်ချက်ပြီး ကုန်စျေးနှုန်းတက်အောင် လုပ်သူတွေ အရေးယူမည်။ Facebook ကနေ Exchange Rate ဆိုင်ရာ fake news တွေ ဖြန့် ရင်၊ share ရင် အရေးယူမည်။
(၅) နိုင်ငံတော်၏ နိုင်ငံခြားငွေ (USD, Baht, RMB) စတာ အလုံ အလောက်ရှိကြောင်း၊ Import Financing, Swap Financing လုပ်ပေးမည် ဖြစ်ကြောင်း။ facts and figures များအရ Import အတွက် နိုင်ငံခြားငွေ (၃) လစာ အလုံအလောက်ရှိကြောင်း၊ စက်သုံးဆီ (၂) လစာ အလုံအလောက်ရှိကြောင်း။
(၆) ဘဏ်အပ်ငွေများ ပုံမှန် ဖြစ်နေပြီ ဖြစ်ကြောင်း၊ ချေးငွေများ ပိုမို ထုတ်ချေးရန် အခြေအနေ ရှိကြောင်း
(၇) USD အရွက်များ အခွင့်မရှိဘဲ လုံးဝ မကိုင်ဆောင်ရန်။
(၈) ပို့ကုန် ဝင်ငွေ ပြန်မဝင်သည့် နာမည်ခံ ကုမ္ပဏီများကို တရားစွဲမည်၊ ၄င်း နာမည်ခံ နှင့် ပူးပေါင်းသည့် ကုမ္ပဏီများ အရေးယူမည်၊ blacklist လုပ်မည်။
(၉) Exchange Rate 2100 မပြောင်းပါ။ ၅၀-၅၀ မပြောင်းပါ။ အခြေအနေ ကောင်းသည်နှင့် စျေးကွက်အတိုင်း ၁၀၀% အထိ ခွင့်ပြု
ပါမည်။ လောလောဆယ်တော့ ၅၀-၅၀ နှင့်ပဲ သွားပါမည်။
copy