People Defense Force Of Magway

People Defense Force Of Magway NUG//MOD//PDF
မကွေးခရိုင်အမှတ်-၁တပ်ရင်း
(1)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်စစ်ဌာနနှင့် မကွေးခရိုင်စစ်ဌာန ကွပ်က...
10/05/2025

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်စစ်ဌာနနှင့် မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှု အောက်ရှိ တပ်ရင်းများမှ ရဲဘော်များအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ပေးခန့်အပ်ထားသည့် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ တပ်မှူးများ၊ ပြန်တမ်းဝင်အရာရှိများနှင့် ဆက်ဆံရာတွင် စစ်ဓလေ့ထုံးတမ်းနှင့်အညီ ပြုမူပြောဆို ဆက်ဆံကြရမည်ဖြစ်ကြောင်း သိရှိလိုက်နာရန် ညွှန်ကြား လိုက်သည်။

ခရိုင် ရေး ထောက် တာ၀န်ခံ
မကွေးခရိုင်စစ်ဌာန

05/05/2025

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်သို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ပြောကြားသော မိန့်ခွန်း

ဒီနေ့ မေလ ၅ရက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လေးနှစ်ပြည့်မွေးနေ့ ဖြစ်တယ်။ ရဲဘော်တို့ အားလုံးလည်း ဒီနေ့ဒီရက်ကို သတိတရနဲ့ အလေးအမြတ်ရှိကြလိမ့်မယ်လို့ ယုံကြည်တယ်။

တော်လှန်ရေးဆိုတာ အတိုင်းအဆမရှိတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရင်း ငါတို့မျှော်မှန်းတဲ့ စစ်ကျွန် အဖြစ်က လွတ်မြောက်ရေး နိုင်ငံရေးပန်းတိုင်ကို အရောက်သွားဖို့ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်း ဖြစ်တယ်။

ငါတို့မှာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာတဲ့ တပ်မတော်တစ်ရပ်၊ အဆင့်ဆင့်သော အမိန့်ပေး အမိန့်နာခံမှု ကောင်းတဲ့ တပ်မတော်တစ်ရပ်၊ ဉာဏ်ပညာနဲ့ သူရသတ္တိ ပြည့်ဝတဲ့ တပ်မတော်တစ်ရပ် ရှိထားပြီဆိုရင် ဒီတော်လှန်ရေး မအောင်မှာ စိတ်ပူစရာအကြောင်း မရှိဘူးလို့ ပြောလိုတယ်။

အခုလို PDF တပ်မတော် ထူထောင်နိုင်အောင်၊ ရပ်တည်နိုင်အောင်၊ တိုက်ပွဲဝင်နိုင်အောင် ကူညီ စောင့်ရှောက်ပေးခဲ့တဲ့ တော်လှန်ပြည်သူများ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုတယ်။

ပြည်သူ့တော်လှန်စစ်အတွင်း အသက်စွန့်လှူခဲ့တဲ့ အာဇာနည်တွေ၊က ိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေ အားလုံးကိုလည်း ဒီရက်မြတ်မှာ ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
PDF လေးနှစ်ပြည့်အကြို မွေးနေ့လက်ဆောင်အဖြစ် အညာက ရဲဘော်တွေက အင်းတော်မြို့ကို ရယူပေး ခဲ့တယ်။ ဒီမွေးနေ့လက်ဆောင်အတွက် အညာ PDF တွေနဲ့ မဟာမိတ်အဖွဲ့တွေ အားလုံးကို အထူး ကျေးဇူးတင်ရတယ်။

အင်းတော်အောင်ပွဲဟာ PDF တပ်မတော် အတွက် သမိုင်းဝင်အောင်ပွဲလည်း ဖြစ်တယ်။ ဒီအောင်ပွဲက တော်လှန်ရေးရှေ့ခရီးအတွက် နမူနာယူစရာ၊ သင်ခန်းစာယူစရာ အတွေ့အကြုံကောင်းတွေ ပေးခဲ့တယ်။

အခုလို PDFတပ်မတော် အောင်ပွဲဆင်နိုင်ခြင်းမှာ အရေးကြီးတဲ့ အခြေခံအကြောင်း တနည်းအားဖြင့် အားသာချက် အနည်းဆုံး သုံးခုရှိမယ်လို့ မြင်တယ်။

(၁) မြေပြင် ပိုင်စိုးမှု
PDF ရဲဘော်တွေရဲ့ အရေးကြီးတဲ့ အားသာချက်က မြေပြင်ပိုင်စိုးမှု ဖြစ်တယ်။ ဒီအားသာချက်ကလည်း နေ့ချင်းညချင်း ပေါ်ပေါက်လာခဲ့တာတော့ မဟုတ်ဘူး။ တို့ရဲဘော်တွေအနေနဲ့ ကွက်ပြည့်မဟာဗျူဟာ အောက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို သုံးနှစ်ကျော် မဆုတ်မနစ် ဆင်နွှဲခဲ့တဲ့ ရလဒ် ဖြစ်တယ်။​နေရာတိုင်းမှာ ရန်သူမလှုပ်နိုင်အောင် ထိန်းချုပ် တုပ်နှောင်ထားခဲ့ကြတယ်။ ဒီသုံးနှစ်ကျော် အတွင်း မြေပြင် ထောက်ပို့လမ်းကြောင်းအားလုံးကို စိုးမိုးထိန်းချုပ်ထားပြီး ဖြစ်တဲ့အတွက် မြို့သိမ်းတိုက်ပွဲကို စိတ်တိုင်းကျ ဆင်နွှဲနိုင်ခဲ့တယ်။ရန်သူအဖို့ လူ၊ လက်နက်၊ ရိက္ခာ မြေပြင်ကနေ ထောက်ပို့ လုပ်ဆောင် နိုင်စွမ်း လုံးဝကင်းမဲ့သွားခြင်းဟာ သူ့အနေနဲ့ ရေရှည်တောင့်ခံဖို့ မဖြစ်နိုင်တော့ဘဲ နောက်ဆုံး လက်နက်ချ အညံ့ခံခဲ့ရတာ ဖြစ်တယ်။

(၂) ပြည်သူလူထုထောက်ခံပါဝင်မှု
စစ်ကောင်စီ တပ်သားတွေ ထမင်းတစ်လုတ်အတွက် ကြောင့်ကြနေရချိန်မှာ PDF ရဲဘော်တွေ စိတ်ဖြောင့်ဖြောင့် မပူမပင် တိုက်ပွဲဝင်နိုင်ဖို့ ချက်ပြုတ်ကျွေးမွေးရေးတာဝန်ကို ပြည်သူတွေက ထမ်းရွက် ပေးခဲ့ကြတာ ဖြစ်တယ်။ ပြည်သူ့ထောက်ခံပါဝင်မှုနဲ့အတူ PDF၊ ပကဖ၊ ပအဖ၊ ပလဖနဲ့ မဟာမိတ် တပ်ဖွဲ့ တွေဟာ စစ်ဆင်ရေးတာဝန်ကို လက်တွဲညီညီ ထမ်းခဲ့ကြတာလည်း ဒီအောင်ပွဲက ပေးတဲ့ စံနမူနာကောင်း ဖြစ်တယ်။

(၃)ရေရှည်တောင့်ခံနိုင်စွမ်း
အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈လကြာ ဆင်နွှဲခဲ့ရတယ်ဆိုတာတော့ ရဲဘော်တို့ သိပြီးဖြစ်တယ်။ ဒီစစ်ဆင်ရေးအတွက် ဆုံးဖြတ်ပြင်ဆင်ရတဲ့ကာလပါ ထည့်တွက်ရင် တစ်နှစ်တင်းတင်း ကြာခဲ့တယ်။

နောက်ဆုံး ဒီတိုက်ပွဲကို အဆုံးအဖြတ်ပေးခဲ့တာကတော့ ဘယ်ဖက်က ပိုတောင့်ခံနိုင်စွမ်း ရှိသလဲဆိုတဲ့ အချက် ဖြစ်လိမ့်မယ်။ ရက်ရှည်တိုက်ပွဲဖြစ်တဲ့အတွက် နှစ်ဖက်လုံးမှာ အခက်အခဲတွေ ရှိကြတယ်။ အထူးသဖြစ့် စိတ်ပိုင်း၊ ရုပ်ပိုင်း ပင်ပန်းဆင်းရဲမှုဒဏ်ကို ရင်ဆိုင်ခဲ့ကြရတယ်။

သို့သော် PDFရဲဘော်တွေ အဖို့တော့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို ရရှိထားရုံမက ငါတို့ဟာ မတရားမှုကို တွန်းလှန်ရင်း တရားသောစစ်ကို ဆင်နွှဲနေကြတာ ဆိုတဲ့ အသိက အောင်ပွဲရသည်အထိ တောင့်ခံဖို့ ခွန်အားကို ပေးခဲ့တယ်။

အခု ငါတို့လက်ထဲရောက်နေတဲ့ တပ်မ (၇၇) တပ်မမှူးအပါအဝင် သုံ့ပန်းတွေကလည်း သူတို့ရဲ့ နောင်တကို ဖွင့်ဟဝန်ခံကြတယ်။ စစ်တပ် တရားမဲ့တယ်ဆိုတာ သူတို့သိတယ်။ ပြည်သူ့တော်လှန်ရေးမှာ သူတို့တတ်နိုင်တာ ထည့်ဝင်ဖို့ ကတိပြုကြတယ်။

စစ်ကောင်စီတပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်မှူး တပ်သားတွေအနေနဲ့လည်း ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့အထိ လမ်းမှားရောက်စေတဲ့ မိစ္ဆာဒိဌိ စစ်ဝါဒအတွေးအခေါ်ကို အမြန်ဆုံး စွန့်လွှတ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီလိုသာ စွန့်လွှတ်နိုင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူလည်း မြန်မြန် ချမ်းသာရာရမယ်၊ စစ်တပ်ကိုယ်တိုင်လည်း ချမ်းသာရာ ရမယ်လို့ သတိပေးလိုတယ်။

အကြမ်းဖက်စစ်ကောင်စီအဖို့ နေမြင့်လေ အရူးရင့်လေဆိုသလိုပဲ အခုဆိုရင် အရပ်သားတွေကို ပစ်မှတ် ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်လာတာ တွေရတယ်။

ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ တပ်မတော် ဖြစ်တဲ့အားလျော်စွာ PDFရဲဘော် တွေအနေနဲ့ ပြည်သူတွေ လေကြောင်းအန္တရယ် ကင်းဝေးဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ အဆက်မပြတ် သတိပေးနှိုးဆော်မှုတွေ ပိုပြီး အားစိုက်ဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်။

တလောက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် စစ်ကောင်စီရဲ့ ပြည်သူအပေါ် စေတနာမဲ့မှု၊ စွမ်းဆောင်ရည် မဲ့မှု၊ အင်အားချိနဲ့မှုဟာ မဖုံးနိုင် မဖိနိုင် ပေါ်လာတယ်။ သူ့ရဲ့ ဒီအားနည်းချက်တွေကို ဖုံးကွယ်ဖို့ ငလျင်ဒဏ်သင့် ပြည်သူတွေအပေါ် မျက်ကွယ်ပြုပြီး လေကြောင်းအကြမ်းဖက်မှုကို တိုးပြီး ကျူးလွန် လာတာလည်း ဖြစ်တယ်။ ဒီအချိန်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ ပြည်ပခရီးစဥ်များ အပြီးနဲ့လည်း တိုက်ဆိုင်နေတယ်။

အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆက်စပ်လာတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လစ်လျူရှု့ပြီး မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးဖို့၊ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ ရှိလာတယ်ဆိုတာကိုလည်း သတိကြီးကြီးထားရတယ်။

PDFတပ်မတော်အဖို့တော့ မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို အားကောင်းမောင်းသန် ဆက်လက် ချီတက်ကြဖို့သာ ဖြစ်တယ်။
အင်းတော်အောင်ပွဲကို ပြန်ကြည့်ရင် တောင့်ခံနိုင်စွမ်းက အဆုံးအဖြတ် ဖြစ်ခဲ့တယ်။ PDFရဲဘော် တစ်ဦးချင်း အနေနဲ့လည်း စိတ်ရှည်ဖို့၊ ဇွဲကောင်းဖို့၊ ဘယ်လို အခက်အခဲမျိုး ကြုံပါစေ ကြံ့ကြံ့ခံ ဖြတ်သန်းဖို့ လိုအပ်တယ်။ အင်းတော်အောင်ပွဲနည်းတူ တော်လှန်ရေးတစ်ခုလုံးရဲ့ အောင်ပွဲကိုလည်း ငါတို့ရဲ့ တောင့်ခံနိုင်စွမ်းကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်။

ငါတို့မှာ မွန်မြတ်တဲ့ ရည်မှန်းချက် ရှိတယ်။
ငါတို့မှာ ကိုယ်နှုတ်နှလုံးနဲ့ ထောက်ခံပါဝင်နေတဲ့ တော်လှန်ပြည်သူတွေ ရှိတယ်။
ငါတို့မှာ နိုင်ငံအနှံ့ တပ်ဖြန့်နေရာယူ ထားတဲ့ တော်လှန်ရေးရဲဘော်တွေ ရှိတယ်။
ငါတို့ရဲ့ စစ်ပညာနဲ့ တိုက်စွမ်းရည်ကို ဆက်လက် မြှင့်တင်ကြရမယ်။ငါတို့ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက် တွေကို နည်းမျိုးစုံနဲ့ ဆက်လက် ဖြည့်ဆည်းကြမယ်။ PDFတပ်မတော်နဲ့ မဟာမိတ်တွေ ပိုချစ်ကြည်၊ ပိုစည်းလုံး၊ ပိုဟန်ချက်ညီပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဟာဗျူဟာမြောက် တိုက်ပွဲဝင်ကြရင် အဆုံးသတ်အောင်ပွဲဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။

PDFတပ်မတော် အဓွန့်ရှည်ပါစေ။
ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။

ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်း အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပေးပို့သည့...
24/04/2025

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်း အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာ

07/04/2025
07/02/2025

ယနေ့က ကမ်ပိန်းနောက်ဆုံးရက်ဖြစ်ပါတယ်။
ဒါကြောင့် ရဲဘော်တွေရဲ့တိုက်တွန်းစကားလေး နားဆင်ပေးကြပါဦးခင်ဗျာ။ 🫡🫡🫡

💻 ကမ်ပိန်းအကြောင်း အသေးစိတ် ကိုတော့ အောက်ဖော်ပြပါ Link ကနေ ဝင်ရောက်ကြည်ရှုနိုင်ပါတယ်ခင်ဗျာ။ ⏬⏬⏬

https://www.facebook.com/share/p/sF2sKUhJcnDx87HN/

🚩🚩🚩 ပါဝင်ကူညီထောက်ပို့နိုင်ရန် အောက်ဖော်ပြပါ FR များမှတဆင့်လည်းပါဝင်ကူညီ ထောက်ပံ့ပေးနိုင်ပါတယ်ခင်ဗျာ။ ⬇️⬇️⬇️

🫡🫡🫡 မကွေးခရိုင်အမှတ်(၁)တပ်ရင်း
(SDB,Nug pay,kpay,wave pay)
https://www.facebook.com/phoexnisalayladdie9?mibextid=ZbWKwL

🌹🌹🌹 ထိုင်းနိုင်ငံ တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ
(SDB, DMMK, THB)
page - https://www.facebook.com/healthrevolutionnugaac?mibextid=ZbWKwL

🏵️🏵️🏵️ Gurkha Movement for Democracy
(SDB, DMMK, Kpay, WavePay, THB)
page - https://www.facebook.com/GMDMBG?mibextid=ZbWKwL

🪷🪷🪷" Khine SG "
(SGD / DMMK / SDB)
page -
(http://wa.me/6593802119)
m.me/khine.singapore

🌞🌞🌞 နွေဦးအားမာန်
(DMMK, MMK, THB, SGD, JPY, USD
Nug pay, SDB, Kpay, Wave, Zelle, Paypal, Venmo)
page - https://www.facebook.com/profile.php?id=100095223915640
Myanmar, Thailand, Singapore, Japan, USA

🗽🗽🗽 နောက်မဆုတ်တမ်း -D2D
(DMMK, MMK, SGD)
page - https://www.facebook.com/WeWillEasilyNeverGiveUp
https://www.facebook.com/Wewillnevergiveup2021

🌎 🌎🌎 Global Myanmar Volunteers Frankfurt
page - https://www.facebook.com/share/agQxoHB5wUCZ5nJ9/
(Currency များ Euro, GBP, DMMK, All SDB Currencies)
ရနိုင်တဲ့အကောင့်တွေက
1) NUG pay
2) SDB Account
3) Euro bank Account
4) GBP bank Account
5) PayPal

💶💶💶 CRPH Funding Ireland
(Euro , GBP, SDB , NUGpay )
page - Facebook: https://www.facebook.com/share/19SKXBUCkK/?mibextid=LQQJ4d
Messenger: m.me/crphfundingireland
Telegram: t.me/crphfundingireland

🌟🌟🌟 Linn Lae
(Currency များ SDB bank / NUG pay /SGD pay now/ MMK/ Kpay / Wave)
page - https://www.facebook.com/profile.php?id=61569588458864&mibextid=ZbWKwL
Singapore/ Myanmar

❤️❤️❤️ M-G-Y's supporting Team
MMK,SDB, NUG pay, Kpay, wave pay
https://www.facebook.com/profile.php?id=61569335564441&mibextid=ZbWKwL

🤝🤝🤝 MyanmaMillennials
(Currency - SGD, USD, THB, NZD, GBP, NUGpay, SDB)
page - https://www.facebook.com/MyanmaMillennials

🎖️🎖️🎖️ နွေဦးထောက်ပို့
(Currency - THB, MYR , SDB, Nug Pay)
page-
https://www.facebook.com/Supporting.mft.ehm?mibextid=ZbWKwL

🏆🏆🏆 We Will Win
( Currency- DMMK, SGD, SDB)
page -
https://www.facebook.com/WeWillWin.OFP?mibextid=LQQJ4d

📣📣📣 Zarmani ( Currency - SGD, USD, AUD, THB, MMK, DMMK, KRW, SDB)
page -https://www.facebook.com/nwayoozarmani

💳💳💳 MMM
(Currency - THB, DMMK, SDB)
+66995026124
(Telegram/Signal/WhatsApp/Viber)

🫂🫂🫂 Nway Oo HP
(Currency-SGD , SDB , NUG pay )
page https://www.facebook.com/share/1EryLkEEdq/?mibextid=LQQJ4d

👏👏👏 Helping Hand for Burma- H2B
(Currency -NYC - USA - H2B - USD, SDB, DMMK,)
page-
https://www.facebook.com/H2BNYC

🫶🫶🫶 Nway Oo Chums
MMK/DMMK/THB/SGD/JPY/USD(Zelle)/USDT/Paypal/SDB
https://www.facebook.com/nwayoochums

🗻🗻🗻 NLD OC ( Japan )
https://www.facebook.com/share/1DqtbDe88e/?mibextid=LQQJ4d
YEN , SDB , NUG

🕊️🕊️🕊️ Spring Myanmar Society
https://www.facebook.com/SpringMyanmarSociety
USD, DMMK, SDB

❄️❄️❄️ ပြည်သူ့ဂုဏ်ရည်အသင်း (New Zealand) ဌာနခွဲ
(လက်ခံမည့်ငွေကြေး - New Zealand Dollar, DMMK, SDB)
https://www.facebook.com/coba.newzealand

✌️✌️✌️ Boston FreeBurma
https://www.facebook.com/profile.php?id=61557410600669&mibextid=ZbWKwL
Dmmk, SDB, mmk,usd, nugpay, Zelle,

💯💯💯 Spring Revolution Support-Florida https://www.facebook.com/PRF.Florida?mibextid=ZbWKwL
USD, SDB, nugpay,

#မကွေးဝေဟင်ဒရုန်းစစ်ဆင်
#သိန်း (၂၀၀၀) project
#မကွေးခရိုင်ကွပ်ကဲရေးရုံး
#မကွေးခရိုင်အမှတ်၁တပ်ရင်း
#မကွေးတိုင်းအထူးလှုပ်ရှားတပ်ရင်း(၇)

#တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ

Address

Magway

Website

Alerts

Be the first to know and let us send you an email when People Defense Force Of Magway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share