UMMG Anonymous Voice

UMMG Anonymous Voice Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from UMMG Anonymous Voice, Transit System, Magway.

11/04/2023

ဟိုးအစပိုင်း non တွေဆီက အလှူငွေလက်ခံသင့် လက်မခံသင့် အတန်းထဲမှာ ဆွေးနွေးကြတော့ တော်တော်များများက လက်မခံသင့်ဘူးဆိုတဲ့ ဘက်ကပဲ နေကြတယ်။ကိုယ်လုပ်နိုင်တဲ့ အထိရောက်ဆုံးအရာကို မလုပ်ကြဘဲ ပိုက်ဆံလေး နှစ်ပဲခြောက်ပြားနဲ့ လာချွေးသိပ်တာကို လက်ခံစရာ စောက်ကြောင်းမရှိဘူးလို့ ဆိုကြတယ်။ငါကတော့ အဲ့တုန်းက တစ်မျိုးတွေးတယ်။မတူညီတဲ့ အခြေအနေတွေအောက်မှာ တစ်ယောက်တစ်ပုံစံရုန်းကန်နေရပေမယ့် သူတို့မှာ မတရားတာကို မတရားဘူးလို့ မြင်နိုင်တဲ့၊တတ်နိုင်တဲ့ဘက်ကကူပေးချင်တဲ့ စိတ်အခံလေးတော့ ရှိမှာပါလို့တွေးတယ်။အဲ့ဒီတော့ ကူချင်တယ်ဆိုရင် ကူပါစေ။ဒီကနေ ဘာမှပြန်မမျှော်လင့်ဖို့ကိုတော့ အတိအလင်းပြောရမယ်လို့ ငါ့အမြင်ကို ပြောဖြစ်တယ်။

ဒီနေ့ ကန့်ဘလူကိစ္စဖြစ်တယ်။တက်လာတဲ့ သတင်းတွေ ၊မြင်ရတဲ့ အနိဌာရုံတွေကြားမှာ ငါ့စိတ်ဟာ တော်တော်ကို ညစ်ညူးသွားတယ်။ဒေါသထွက်တဲ့စိတ်၊အားမလိုအားမရဖြစ်တဲ့စိတ်၊ကိုယ့်ကိုကိုယ် ရှက်တဲ့စိတ် အစုံပါပဲ။ဒါဟာလည်း ပုံမှန်ပဲလို့ ငါထင်တယ်။ငါ့နီးစပ်ရာ စိတ်တူကိုယ်တူ ယုံကြည်ချက်တူသူတွေအားလုံးလည်း ဒီလိုပဲ။ကြိတ်မနိုင်ခဲမရဖြစ်ကြ၊ဝမ်းနည်းကြ၊တောက်ခေါက်ကြနဲ့။လူဟာ လူလိုတော့ သိသင့်၊ခံစားသင့်၊နားလည်သင့်တယ်မို့လား။အဲ့ကနေမှ လုပ်သင့်တာကို ကိုယ်တတ်နိုင်တဲ့အတိုင်းအတာအထိ ဆက်လုပ်ရမှာပေါ့။တချို့ဆို လုပ်နိုင်တာထက်တောင် ပိုလုပ်နေကြတာပဲ။

နောက်တော့ ငရဲလိုပွက်နေတဲ့သတင်းတွေကြားထဲမှာ unfriend မလုပ်ရသေးတဲ့ non တချို့ရဲ့ အလှပုံတွေ၊ခရီးသွားပုံတွေ ဗက်ဟက်ဟက်စာတိုတွေ တက်လာတယ်။ cmt တွေမှာလည်း nonပေါင်း သောင်းခြောက်ထောင်ရဲ့ ပရောပရီအကွက်တွေနဲ့။တချို့C သမားတွေထဲကတောင် ပါသေးတယ်။

ဒီကောင်တွေကို ငါနားမလည်နိုင်ဖြစ်ရတယ်။
ဒီကောင်တွေ အခုဖြစ်နေတဲ့ အခြေအနေတွေကို မသိဘူးလား။
ဒီလိုအခြေအနေမျိုးမှာ ဘာအသံမှ မထွက်ရဲဘူးဆိုရင်တောင် ကျယ်ကျယ်လောင်လောင် ပျော်ပါးပြနေဖို့တော့ မကောင်းဘူးမို့လား။
ဒါမှမဟုတ် ကိုယ်နဲ့ မဆိုင်လို့ စောက်ဂရုစိုက်စရာမလိုဘူးလို့များတွေး သလား။
အဲ့ဒီထက်ဆိုးပြီးတော့ တော်လှန်ရေးသာနိုင်သွားရင် ငါတို့တော့ အနှိမ်ခံဖြစ်မယ်။ဒီကောင်တွေသေလည်း အေးတာပဲလို့ တွေးသလား။

ဆေးကျောင်းရောက်လာတဲ့ မင်းတို့စောက်ဦးနှောက်တွေဟာ ဘယ်အချိန်မှာ ဘယ်လိုတိတ်ဆိတ်သင့်တယ်ဆိုတာလောက်ကို မတွေးတတ်တော့ဘူးလား။

ဒါမှမဟုတ် စောက်ဂရုစိုက်စရာမလိုဘူးလို့ တွေးလား။

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်စမ်း။
ငါဟာ non နေပြီးသားမို့ တော်လှန်ရေးအောင်သွားရင် ငါတော့ စောက်ကျိုးနည်းရချည်ရဲ့။မအောင်လေကောင်းလေပဲလို့ တွေးနေပြီလား။
အဲ့လိုဆိုရင်တော့ ပက်လက်အိပ်ပြီး ကိုယ့်မျက်နှာကိုယ် တံတွေးနဲ့ထွေးလိုက်တော့။

စောက်ရေးလုပ်ပြီးပြောဖို့ စိတ်ကူးမရှိတော့လို့ စောက်ဖက်မလုပ်ဘဲထားထားတာ။ဇောင်းမကြွကြစမ်းနဲ့ ငိုးမသားများ။

ယွမ်ဂျီက လောက်လေးတွေ ခုတလော ဂျိုပြန်ကြွ လာတယ်နော်ဘာလို့လဲ မြို့မေတ္တာလိုချင်လို့လား
20/12/2022

ယွမ်ဂျီက လောက်လေးတွေ ခုတလော ဂျိုပြန်ကြွ လာတယ်နော်
ဘာလို့လဲ မြို့မေတ္တာလိုချင်လို့လား

ဒီခေတ်ကြီးထဲမှာ Apple device တစ်ခုကို ၅၀-၆၀ ပေးကိုင်ရတာ သောက် အဓိပ္ပာယ်မရှိဘူး ဘာညာ နဲ့ share နေကြတာ တွေ့တယ်ရော။အဲ့တော့ ...
02/09/2022

ဒီခေတ်ကြီးထဲမှာ Apple device တစ်ခုကို ၅၀-၆၀ ပေးကိုင်ရတာ သောက် အဓိပ္ပာယ်မရှိဘူး ဘာညာ နဲ့ share နေကြတာ တွေ့တယ်ရော။အဲ့တော့ ဘာက အဓိပ္ပာယ်ရှိလဲ ပြောပြမယ်။တော်လှန်ရေးမှာ ကူရင်း Apple ကိုင်ဖို့ ကံစမ်းရတာက အများကြီး အဓိပ္ပာယ်ရှိတယ်။ရရင်လည်း ကိုင်ပျော်တယ်။မရရင်လည်း ကူပျော်တယ်။ အဲ့တော့ ရဲဘော်တို့ကို ပြောချင်တာက

“မဲလေးသွားဝယ်လိုက်ကြပါဦး”

Edit - Campaign ရက်ကို မဲ ၁၅၀၀ ပြည့်တဲ့အထိ တိုးသွားပါမယ်။

"iPad set ကိုယူ ၊ တော်လှန်ရေးမှာ ကူ"

University of Medicine Magway, Students' Union မှ ပြုလုပ်တဲ့ " iPad set ကိုယူ၊ တော်လှန်ရေးမှာကူ" Campaign အတွက် ကျွန်တော်တို့ UMMG CDM Fortress ကနေ မဲ ၇၀၀ ကူရောင်းပါမယ်ခင်ဗျ။

▪️ campaign ရဲ့ မျှော်မှန်းမဲအရေအတွက်ကတော့ မဲ ၁၅၀၀ ဖြစ်ပါတယ်။

▪️ မဲတစ်မဲကို (၁၀,၀၀၀) ကျပ်ကျသင့်မှာဖြစ်ပြီး အလှူရှင်များအနေနဲ့ မိမိတို့လိုချင်သလောက် မဲအရေအတွက်အကန့်အသတ်မရှိ ဝယ်ယူကူညီပေးနိုင်ပါတယ်။

▪️ မဲဖောက်ပေးမှာကတော့ ipad + pencil
[M1 iPad pro 11 (wifi 128gb) နဲ့ Pencil 2 ] ပါ။ ပစ္စည်းနှစ်မျိုးလုံးကို ကံထူးရှင် တစ်ယောက်တည်းက ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

▪️ ဒီ campaign ကရလာမယ့် အလှူငွေတွေကိုတော့ တော်လှန်ရေးရဲဘော်တွေနဲ့ CDM သူရဲကောင်းတွေအတွက် ညီတူညီမျှခွဲဝေအသုံးပြုသွားမှာပါခင်ဗျ။

ကျွန်တော်တို့ဆီကို အကူအညီလာတောင်းထားတဲ့ ရဲဘော်တွေရှိသလို ထောက်ပံ့ပေးရမယ့် CDM ဝန်ထမ်းတွေလည်း ရှိနေတာကြောင့် ဒီ Campaign ကို ပြုလုပ်ဖြစ်သွားတာပါ။ ဒါကြောင့် ဒီတစ်ခါလည်း မဲဝယ်ရင်း ကူညီအားဖြည့်ပေးကြပါဦးဗျ။

First MB တက်ဖို့ မကွေးကိုရောက်တော့ ကျောင်း နဲ့ မြို့ အကွာအဝေးကို ကြည့်ပြီး အဖေက နောက်တယ်။မင့် မြင်းတစ်ကောင်လောက် ဝယ်ထားပ...
31/08/2022

First MB တက်ဖို့ မကွေးကိုရောက်တော့ ကျောင်း နဲ့ မြို့ အကွာအဝေးကို ကြည့်ပြီး အဖေက နောက်တယ်။မင့် မြင်းတစ်ကောင်လောက် ဝယ်ထားပါလားတဲ့။”ဒီလမ်း ဒီအကွာအဝေး ဆိုင်ကယ်နဲ့ သွားရင် ဆီဖိုးနဲ့တင် နည်းမှာမဟုတ်ဘူး။မြင်းကျတော့ အားရင် ကျောင်းပတ်လည်လွှတ်ထားပေါ့။သူ့ဟာသူ မြက်ရှာစားလိမ့်မယ်တဲ့။”

မင်းတို့ မြင်ယောင်ကြည့်စမ်း။ဆေးမကွေး ဂိတ်(၁)ပေါ့ကွာ။အမေဒိကန် ကောင်းဘွိုင်ကားတွေထဲကလို နေပူပူ လွင်ပြင်ကြီးအောက်မှာ တံလျှပ်တွေ တလက်လက်ထလို့။(အဝေးမြင် ခပ်ဝါးဝါးကနေ တဖြည်းဖြည်း ဇွန်းဆွဲပြမယ်ပေါ့)အဲ့မှာ တလှုပ်လှုပ်နဲ့ မြင်းကြီးစီးပြီး လူတစ်ယောက်ဝင်လာမယ်။ခေါင်းပေါ်မှာက မြက်ခါးမောက်ကြီးနဲ့။ဂျူတီကုတ်အဖြူကြီးဝတ်လို့။မြင်းဇက်ကြိုးကို လက်တစ်ဖက်ကကိုင်၊တစ်ခြားတစ်ဖက်က ခေါင်းပေါ်က မြက်ခမောက်ကို ထိန်းကိုင်ရင်း တက်ကလောက် တက်ကလောက်နဲ့ ဟန်ပါပါ တစ်လှမ်းချင်းဝင်လာမယ်။နောက်မှာက ဂိတ်(၁) မုတ်ပေါက်ကြီးနဲ့ပေါ့။

အဲ့တုန်းက ငါ့မှာ အဲ့လိုကြီးမြင်ယောင်ပြီး တစ်ယောက်ထဲ ခွီလိုက်သေးတယ်။

ဒီကနေ့ စီးပွါးပျက်ကပ်နဲ့၊ဆီစျေးနဲ့ အကြောင်းတွေးရင်း ဘာရယ်မဟုတ်ဘူး ငါ့မျက်လုံးထဲ အဲ့တာကြီး ပြန်မြင်ယောင်လာတာ။အခုသွားတက်နေတဲ့ ဆေးကျောင်းသားတွေ၊House တွေပေါ့ကွာ။မကွေးနေပူပူ၊တံလျှပ်တွေ တလက်လက်အောက်မှာ မြင်းကြီးတွေစီး၊မြက်ခမောက်တွေ ဆောင်းလို့ တလှုပ်လှုပ် တလှုပ်လှုပ်နဲ့ ဝင်လာမယ်ပေါ့။

ငိုက်စိုက် ငိုက်စိုက်နဲ့။

ငါတို့ထက် ပိုတာက ဒီကောင်တွေ နောက်ကျောမှာ ကပ်ပယ်အိတ်ကြီးတွေ သယ်လို့။

(House လစာက ၆၇၀၀၀ ဆိုလား ဟီ ဟိ)

အုစီ post အောက်က comment တဲ့။ကြည့်လဲလုပ်ကြဦး စောင်မ ကြည့်ရှူနေဦးမယ် ။
30/07/2022

အုစီ post အောက်က comment တဲ့။
ကြည့်လဲလုပ်ကြဦး စောင်မ ကြည့်ရှူနေဦးမယ် ။

အိမ်မှာ လက်ဖြူဆိုတဲ့ ခွေးတစ်ကောင် ရှိတယ်။ဘာရယ်မဟုတ်ဘူး အိမ်မှာ ခြံစောင့်ဖော်လေး(အဟန့်လေး)ရအောင် ခေါ်ထားကြတာ။အိမ်ကို စရော...
21/06/2022

အိမ်မှာ လက်ဖြူဆိုတဲ့ ခွေးတစ်ကောင် ရှိတယ်။ဘာရယ်မဟုတ်ဘူး အိမ်မှာ ခြံစောင့်ဖော်လေး(အဟန့်လေး)ရအောင် ခေါ်ထားကြတာ။အိမ်ကို စရောက်တော့ဒီကောင့် အသက်ကဘ(၁)နှစ်ကျော်နေပြီ။ပြောချင်တာက ငယ်မွေးခြံပေါက်တော့ မဟုတ်ဘူးပေါ့။ဒါပေမယ့် တအားသိတတ်တယ်။အပေါ့အလေးကအစ သူ့အချိန်နဲ့သူ ၊သူ့နေရာနဲ့သူ သွားတတ်ပြီး လက်ပေးဆိုရင် လက်ပေးတယ်။နာမည်ခေါ်သံကြားရင် ရောက်ရာ အရပ်က ပြေးလာတတ်တယ်။ထားပါတော့။ဒါက သူ့အကြောင်း အနည်းအကျဉ်းပေါ့။

မနေ့က အဲ့ကောင် နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြရတယ်။အစားလဲသိပ်မစားဘဲ မှိုင်နေတာ ၂-၃ရက်ရှိတော့ ကိုယ်လဲ စိုးရိမ်ပြီးဆေးခန်းပြေးရတာပေါ့။

အဲ့မှာ တိရစ္ဆာန်ဆရာဝန်က သူ့ကို ဟိုစမ်းဒီစမ်း၊ဟိုကြည့်ဒီကြည့်ပေါ့။အဲ့ကောင်ကလည်း ခုမှ ဒါမျိုးကြုံဖူးတော့ တစ်စက်ကလေးမှ အညိမ်မနေဘူး။ဟဒါးဟဒါးနဲ့ ပတ်လှုပ်၊ပတ်ရှောင်။အဲ့မှာတင် တွန်းလားထိုးလားပဲ။

အဲ့မှာ ဘာတွေးမိလဲဆိုတော့ တိရစ္ဆာန်ဆေးခန်း ပြတာနဲ့ လူဆေးခန်းပြတာ ကွာတဲ့ပုံကို သွားတွေးမိတယ်။သိတယ်မို့လား ၊ လူတွေ ဆေးခန်းသွားပြရင် အသာလေးဝင်ထိုင် ၊ဆရာ ကျွန်မတော့ ဘယ်နားလေးက ဘာဖြစ်နေတယ်။ ဘယ်လို ခံစားရနေတယ်၊ ဘယ်အချိန်က စဖြစ်တယ် စသဖြင့် ဘိုလိုပြောရင် “ဟစ်စထွီတိန်းကင်း” ပေါ့။အဲ့တာမျိုး communicate လုပ်လို့ရတယ်။အဲ့ကနေမှ ဖြစ်နိုင်ခြေတွေကို တွက်ထုတ်ပြီး လုပ်စရာရှိတာ ဆက်လုပ်ပေါ့။

ခွေးတွေ ဆေးခန်းပြရတာကျ အဲ့လိုမဟုတ်ဘူး။ဆရာဝန်တွေကလည်း ခွေးစကား နားမလည် ခွေးတွေကလည်း ဆရာဝန်စကား နားမလည်ဆိုတော့ လုပ်ရကိုင်ရ၊စမ်းရသပ်ရတာအတော် ဒုက္ခရောက်ပြီး ရုပ်ပေါက်တယ်ပေါ့။

အဲ့တော့ ဆရာဝန်တွေ ခွေးစကားတတ်ရင် ၊ဒါမှမဟုတ် ခွေးတွေ ဆရာဝန်စကားတတ်ရင် ခွေးဆေးခန်းပြရတာ အခုလောက် ရုပ်မပေါက်ဘဲ၊အခုထက်ပို အဆင်ပြေလောက်တယ်ပေါ့။(အူကြောင်ကြောင် တွေးပုံ ပြောပါတယ်။)

အဲ့တာထက်က လူက လူကိုကုသလို၊ ခွေးကခွေးကို ကုနိုင်ရင် ပိုကောင်းမယ်လို့ ကြောင်တောင်တောင်တွေးမိသေးတယ်။အခု နောက်နောက်ပြီး ပြောနေကြတဲ့ တိရစ္ဆာန်ဆရာဝန်(ခွေးဆရာဝန်)ပေါ့ကွာ။

မြင်ယောင်ကြည့်။ခွေးတစ်ကောင်က ဂျူတီကုတ်အဖြူလေးဝတ်၊stethoscope လေး လည်ပင်းချိတ်ပြီး ဆေးခန်းထိုင်နေမယ်။ဆေးခန်းထိပ်မှာက ဒေါက်တာအောင်နက်MSQ,MCQ ယွမ်ဂျီ ဘာညာပေါ့ကွာ ။အဲ့ကို နောက်တစ်ကောင်က လာပြမယ်ပေါ့။
Communicate လုပ်တဲ့ပုံကတော့
ဝုတ်ဝုတ်(ဆရာ ကျွန်တော် ဒီနားကနာတယ်ပေါ့)
အုဝုဝု (အေး ကုတင်ပေါ်တက်၊ငါ စမ်းမယ်ပေါ့)
သူ့စကားနဲ့ သူ ခွေးလိုပဲ ပြောသွားကြတော့၊အခုလောက်လဲ အာရုံမနောက်တော့ဘူးပေါ့။

အဲ့လိုမျိုး ခွေးဆရာဝန်ဖြစ်ဖို့ဆိုရင် ခွေးတွေအနေနဲ့ အရင်ဆုံးတော့ ဆေးကျောင်းတက်ဖို့ လိုမှာပေါ့။

ငါတို့ အခု “ယူနီဗာစီတီအော့ မက်ဒီဆင် “ဘာညာ လုပ်သလို သူတို့လဲ “အူနီဗာစတီအော့ မက်ဒီဆင်”ပေါ့ကွာ။

အနယ်နယ်အရပ်ရပ်မှ ခွေးပေါင်း ဘယ်နှစ်ရာကျော်ကို ဆေးပညာသင်ကြားပေးနေသော အူနီဗာစတီ ကြီး ဘာညာပေါ့။

အူနီဗာစတီကြီးဆိုတော့ ခွေးအမျိုးအစားလဲ စုံမယ်ပေါ့။တောရွာအညာက အောင်နက်တို့၊ဂုတ်ကျားတို့ ပါသလို၊မြို့ကြီးပြကြီးက ရိုစီတို့၊ဒိုလီတို့ လည်း ပါမှာပေါ့။ Fresher Welcome တွေ ဘာတွေ လုပ်ရင်လည်း Kingကတော့ ဂူဖီလို့ ခေါ်တဲ့ Alaskan ကောင်ဖြစ်ပြီး၊ Queen ကတော့ GR မလေး ကီမီကိုပေါ့။ အားကစားပြိုင်ပွဲဆိုလဲ ခွေးတို့သဘာဝ တုတ်ကိုက် ပြေးတမ်းတို့၊ဘောလုံးကောက်တမ်းတို့ စသဖြင့်ပေါ့ကွာ။

ခွေးတွေဆိုပေမယ့် ဒီကောင်တွေလည်း ငါတို့လို တစ်ခါတစ်လေပျင်းတတ်မှာပဲ။အဲ့တော့ကျ ပျင်းရင် လတ်ချာလစ် ၊ဟိုလျှောက်သွား ဒီလျှောက်သွားပေါ့။ ဆေးရုံရက်တွေဆိုရင် ဂျူတီကုတ်လေးတွေဝတ်၊ ရေလေးဘာလေးချိုးပြီး ကော်ရစ်ဒါမှာ အမြီးလေးတွေ နံ့တံ့တံ့ နဲ့ လျှောက်ပေါ့။

အဲ့လိုမျိုး အလေလိုက်ပါများလာရင် ငါတို့ကို ပါချုပ်က ခေါ်တွေ့သလိုပဲ သူတို့ကိုလဲ ခွေးပါချုပ်က ခေါ်တွေ့မယ်ပေါ့။ခွေးတွေ ဆိုတော့ ခွေးစကားပဲ ပြောမှာပေါ့။

“တပည့်တို့ မင်းတို့ အူနီဗာစီတီကြီးကို လာတာလျှာတစ်လစ်နဲ့ နံ့တံ့တံ့လုပ်ရုံ၊တရှုံ့ရှုံ့နဲ့ တစ်ယောက်ဖင် တစ်ယောက်နမ်းရုံ အလေလိုက်ဖို့ လာကြတာမဟုတ်ဘူး။ငါတို့လဲ တစ်ယောက်ဖင် တစ်ယောက်နမ်းတယ်ဆိုပေမယ့်(ခွေး သဘာဝအရကိုး) အဓိကဖြစ်တဲ့ ကျောင်းစာကိုတော့ မျက်ခြေမပြတ်ကြဖို့လိုတယ်။”

စသဖြင့်ပေါကွာ။

အမြီးလေးနံ့ပြီး “တီချယ်ကြီး သားဝုတို့ ရန်ကုန်ပြောင်းချင်လို့ အရိုးလေးနဲ့ လာကန်တော့တာတို့ ဘာတို့ “များ ရှိမလား မပြောတတ်ပါဘူး။

ဒီလိုပဲ ခွေးဆေးခန်းသွားပို့ရင်း တွေးမိတဲ့ ဘာမှမဟုတ်သော ရောက်ရာပေါက်ရာ အတွေးများပေါ့။

ဘာရယ်မဟုတ်ပါဘူး။

“ဆေးတက္ကသိုလ်မကွေး ယာယီတက္ကသိုလ်ကောင်စီသို့ အလွတ်တန်းပေးစာ” ကျောင်းအပ်ပြီး ကျောင်းမတက်တဲ့ ကျောင်းသားတစ်ယောက်ရဲ့ နာမည်ဟာ ...
24/05/2022

“ဆေးတက္ကသိုလ်မကွေး ယာယီတက္ကသိုလ်ကောင်စီသို့ အလွတ်တန်းပေးစာ”

ကျောင်းအပ်ပြီး ကျောင်းမတက်တဲ့ ကျောင်းသားတစ်ယောက်ရဲ့ နာမည်ဟာ မနေ့ကထုတ်တဲ့ ဆေးတက္ကသိုလ်မကွေးယာယီတက္ကသိုလ်ကောင်စီရဲ့ အမည်ပျက်ကျောင်းသားစာရင်းမှာ ပါလာတယ်။ကျောင်းသားဘက်က ကျောင်းအပ်တာဟာ မိဘတွေသူမသိခင်သွားအပ်တာဖြစ်နိုင်ကြောင်း၊သူ့ဆန္ဒမပါကြောင်းနဲ့၊လက်ရှိမှာလည်း မတက်တာမို့ အမည်ပျက်စာရင်းထဲ အပါမခံနိုင်ကြောင်း စသဖြင့် IUC ကို လာရောက်ဖြေရှင်းခဲ့ပြီး အငြင်းပွါးမှုတချို့လည်း အကျယ်အကျယ်ဖြစ်ပွါးခဲ့ပါတယ်။

ဒီနေ့ ကျွန်တော့်စာမှာ (လိုအပ်ချက်အရ “ဆေးတက္ကသိုလ်မကွေး ယာယီတက္ကသိုလ် ကောင်စီသို့ အလွတ်တန်းပေးစာ” လို့ ခေါင်းစဉ်တပ်ထားရပေမယ့် ) အဓိကအားဖြင့်တော့ မနေ့ညက ဖြစ်သွားတဲ့ ကိစ္စမှာ နှစ်ဦးနှစ်ဖက် ပြန်လည်သုံးသပ်ဖို့ လိုမယ်လို့ ကျွန်တော်မြင်တဲ့ အကြောင်းအရာတွေ၊အပြန်အလှန်နားလည်ပေးဖို့လိုတယ်လို့ ကျွန်တော်ထင်တဲ့ ကိစ္စရပ်တွေကို ကြားလူတစ်ယောက်အနေနဲ့ ဆွေးနွေးချင်ပါတယ်။

ဖြစ်စဉ်ကို ပြန်ကောက်ရရင် ကျောင်းသားက အမည်ပျက်စာရင်းနဲ့ပက်သက်ပြီး IUC ကို လာရောက် complaint တက်ခဲ့ပြီး IUC ဘက်က မိဘတွေအပ်တာဖြစ်နိုင်ကြောင်းနဲ့ ပြန်မေးသင့်ကြောင်း ပြန်ကြားခဲ့ပါတယ်။ကျောင်းသားဘက်က သူမသိကြောင်း၊လောက်အဖြစ်မခံနိုင်ကြောင်း၊IUC အနေနဲ့ ဒါကို တာဝန်ယူပေးရမယ့်အကြောင်း ပြန်ပြောခဲ့ပါတယ်။ IUC ဘက်က(ကျောင်းမတက်ဘဲလည်း အနားနီးမှ testဝင်ဖြေနေကြတဲ့ဖြစ်စဉ်တွေရှိတာကြောင့်) အခုလိုကျောင်းသားတွေကို သီးသန့်မှတ်တမ်းထားစောင့်ကြည့်နေတာ ဖြစ်ပြီး ဆက်လက်သပိတ်မှောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။နောက်ပိုင်းမှာတော့ အငြင်းပွါးမှု တချို့ ဖြစ်ပွါးခဲ့ပါတယ်။

ဒီနေရာမှာ “ကျောင်းမတက်ဘဲ အနားနီးမှ test ဝင်ဖြေတဲ့ ဖြစ်စဉ်တွေရှိတယ် “ ဆိုတဲ့ကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်သိထားတာလေးတွေပြောပြချင်ပါတယ်။ကျောင်းလက်ခံတဲ့မူအရ ကျောင်းသားအနေနဲ့ သတ်မှတ်ကာလအတွင်း ကျောင်းအပ်လာခြင်း မရှိရင် 1F သတ်မှတ်တာဖြစ်ပြီး၊ကျောင်းအပ်ပေမယ့် သတ်မှတ်ကာလအတွင်း လာမတက်ရင်လဲ 1F သတ်မှတ်တာဖြစ်ပါတယ်။လက်ရှိ 1Fထိထားတဲ့ FYတွေအနေနဲ့
ခန့်မှန်းခြေဒီဇင်ဘာလောက်မှာဖွင့်မယ့် အတန်းမှာ ပြန်စာရင်းသွင်းရမှာ ဖြစ်ပြီး မသွင်းရင် 2F ဖြစ်ပါလိမ့်မယ်။ဒါက စာရွက်ပေါ်ကမူ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ ဖွင့်ပြီးခဲ့တဲ့အတန်းတွေမှာ သတ်မှတ်ကာလအတွင်း ကျောင်းကိုရောက်မလာခဲ့ပေမယ့် ကျောင်းအပ်ထားတဲ့အတွက် 1F မသတ်မှတ်တာ၊ test တွေကို အနားနီးမှ နားလည်မှုနဲ့ လာဖြေကြတာမျိုးတွေ ရှိကြောင်းကြားရပါတယ်။(ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နိုင်ပေမယ့်) အာဏာမသိမ်းခင်ကာလမှာကို ဆေးရုံward တွေ လပိုင်းလောက် မလာ၊ RC 0 နားကပ်နေပေမယ့် နားလည်မှုနဲ့ တန်းမ Round သွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။IUC အနေနဲ့ ဒီကိစ္စတွေကို စိုးရိမ်ဟန်ရှိပြီး ဒါ့ကြောင့်မို့လည်း စောင့်ကြည့်စာရင်းနဲ့ စောင့်ကြည့်မယ်လို့ reply ပြန်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

ပြဿနာက ဒါဟာ ကျွန်တော်သိတဲ့ အကြောင်းအရာတွေနဲ့ ချိန်ထိုးပြီး ဖြစ်နိုင်ခြေတွေကို နားလည်ပေးလိုက်တာဖြစ်ပြီး တကယ့် IUC ထဲမှာ ဘာတွေဖြစ်နေလဲ၊ဘယ်လိုမူဝါဒတွေ ရှိနေလဲ ကျွန်တော်လည်း တပ်အပ်မသိပါဘူး။ဒီလိုအကြောင်းအရာတွေနဲ့ အလှမ်းဝေးတဲ့သူတွေဆိုရင် နားလည်နိုင်ဖို့ တော်တော် ခက်ခဲပါလိမ့်မယ်။

ဒါကြောင့်မို့ IUC အနေနဲ့ အောက်ပါအချက်တွေနဲ့ ပက်သက်ပြီး ရှင်းရှင်းလင်းထုတ်ပြန်ပေးဖို့၊လိုအပ်ရင် ပြန်လည်သုံးသပ်ပေးဖို့ ကျွန်တော့်အနေနဲ့ တောင်းဆိုချင်ပါတယ်။

၁။
IUCရဲ့ ကျောင်းသားအမည်ပျက်စာရင်းဟာ
ဘယ်အပေါ်မှာ အခြေခံပြီး ထုတ်ပြန်တာလဲ။ကျောင်းအပ်ထားတဲ့ ကျောင်းသားစာရင်းကနေ ထုတ်ပြန်တာလား။ဒါဆိုရင် ဒါဟာ ကျောင်းအပ်စာရင်း လို့ ပြောရင် ပိုမတိကျနိုင်ဘူးလား။

၂။
တကယ်လို့ ကျောင်းအပ်တာနဲ့ တန်းပြီး အမည်ပျက်စာရင်းထဲ ဝင်သွားပြီဆိုရင် (အခုလို)ကိုယ့်ဆန္ဒမပါဘဲ အပ်ခံလိုက်ရတဲ့၊ကျောင်းမတက်ဘဲ သပိတ်မှောက်နေဆဲဖြစ်တဲ့ ကျောင်းသားတွေအတွက်ရော ဘယ်လိုမူဝါဒတွေရှိလဲ။

၃။
ကြားထဲကနေ နားလည်မှုနဲ့ ကွက်ကျော်ရိုက်သွားတာမျိုး နည်းနိုင်သမျှနည်းအောင် ဒီလူတွေကို ဘယ်လို process တွေနဲ့ စောင့်ကြည့်ကြမလဲ၊ဘယ်လိုအချိန်မှာ သူတို့ကို အမည်ပျက်စာရင်းထဲက ပြန်ထုတ်ပေးမလဲ။

၄။
နောက်ပိုင်း အကျိုးဆက်တွေကို စဉ်းစားကြတဲ့အခါမှာ ကျောင်းအပ်ပြီး၊ကျောင်းမတက်တဲ့ ဒီလူတွေသည် အစကတည်းက လုံးဝမအပ်တဲ့CDMကျောင်းသားတွေနဲ့ တန်းတူဖြစ်မလား ၊ Nonတွေနဲ့ တန်းတူဖြစ်မလား၊ သို့မဟုတ် သီးသန့်တစ်စုလား ။

စသဖြင့်ပေါ့။ဒီကိစ္စတွေနဲ့ ပက်သက်ပြီး IUC အနေနဲ့ မူဝါဒတစ်ခု(အကြမ်းဖျင်းဖြစ်စေ) ချပြပေးဖို့ တောင်းဆိုချင်ပါတယ်။

နောက်တစ်ခုကတော့ ကျောင်းသားထုနဲ့ ပက်သက်တဲ့အတွေးပါ။ IUCကို/SUကို မျက်ချေမပြတ်တဲ့ကျောင်းသားတွေအနေနဲ့ IUC ကို သို့မဟုတ် SUကို (IUC နဲ့ SU မတူပါ) အားမရတာတွေ၊သဘောထားမတိုက်ဆိုင်တာတွေ ရှိပြီး ပွတ်တိုက်မှူတွေလည်း မကြာခဏတွေ့ရပါတယ်။ဒါဟာ ကောင်းတဲ့လက္ခဏာ ဖြစ်ပြီး သဘာဝလည်း ကျပါတယ်။

သို့သော် မတိုက်ဆိုင်မှုတွေ၊အားမရမှုတွေကို ဖော်ထုတ်တဲ့ ပုံစံကိုတော့ သတိထားဖို့ လိုမယ်လို့ မြင်ပါတယ်။ဥပမာအားဖြင့် ကိုယ်အားမရတဲ့နေရာ၊ပြောင်းလဲစေချင်တဲ့ကိစ္စရပ်တွေကို အချက်နဲ့အလက်နဲ့ အဓိကထားမဖော်ပြဘဲ တစ်စုံတစ်ဦး/တစ်စုတစ်ဖွဲ့ကို တိုက်ခိုက်စောင်းမြောင်းတာပဲ ခပ်များများ ဖြစ်နေတဲ့ အရေးအသား(ထုတ်ဖော်မှု)မျိုးတွေ ရှောင်ကြရင်ကောင်းမယ်လို့ တွေးမိပါတယ်။အဖွဲ့အစည်းတွေနဲ့ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် ကလေးလိုဂျီကျတာမျိုးမဟုတ်ဘဲ လိုအပ်ရင် formalဆန်ဆန်ပြုမူပြောဆိုကြဖို့ အကြံပေးချင်ပါတယ်။(ကိုယ်ပိုင် Acc မှာ အိပ်ဖွင့်ပေးစာဘာညာနဲ့ သောက်ကြီးသောက်ကျယ်မရေးချင်လဲ ကျွန်တော့်လို ဒီpage ကို လာလာပို့ပေါ့။)

အဆုံးသတ်အားဖြင့်တော့ နည်းမှန်လမ်းမှန်ဖော်ထုတ်ပြတဲ့ အမြင်မတူမှုတွေ၊ပွတ်တိုက်မှုတွေရှိတာဟာ ကောင်းတဲ့လက္ခဏာဖြစ်ပြီး ဒါတွေကို ညှိနှိုင်းရင်း၊ပြုပြင်ရင်းပဲ ကျွန်တော်တို့ကို ပိုကောင်းတဲ့အရွေ့ဆီကို ရွေ့ရပါလိမ့်မယ်။

ကျောင်းသားထု နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပြန်အလှန်ထိန်းကျောင်းနိုင်တဲ့ ဆက်ဆံရေးရှိဖို့ ရည်ရွယ်ရင်း

Anonymous

သင်္ကြန်လက်မှတ် သွားဝယ်လိုက်ကြပါဦး။
14/04/2022

သင်္ကြန်လက်မှတ် သွားဝယ်လိုက်ကြပါဦး။

Interim University Council of University of Medicine, Magway IUC ရေ အျုစီရေ
10/04/2022

Interim University Council of University of Medicine, Magway
IUC ရေ အျုစီရေ

ရဲဘော်တို့ ဟိုနေ့က လောက်post (၂)ခု Rp ထိပြီး ပျက်သွားတာ သိတယ်ဟုတ်။အဲ့တာ page ကို 5 star လာပေးကြဦး။ဆားနဲ့ ဆက်ပက်ရအောင် ငှ...
10/04/2022

ရဲဘော်တို့ ဟိုနေ့က လောက်post (၂)ခု Rp ထိပြီး ပျက်သွားတာ သိတယ်ဟုတ်။

အဲ့တာ page ကို 5 star လာပေးကြဦး။

ဆားနဲ့ ဆက်ပက်ရအောင် ငှဲ ငှဲ

ဆေးမကွေးသင်္ကြန်
10/04/2022

ဆေးမကွေးသင်္ကြန်

Address

Magway

Website

Alerts

Be the first to know and let us send you an email when UMMG Anonymous Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category