06/10/2024
#မကွေးမြသလွန် စေတီတော် ၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်မည်
**************************
#မကွေးတိုင်းဒေသကြီး၊မကွေးမြိုရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန် စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက် (၂၀)ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲမှ သိရသည်။
#ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့်အောက်တိုဘာလ (၁၂) ရက်မှ စတင်၍ အောက်တိုဘာလ (၃၁) ရက်အထိ ဈေးဆိုင်ခန်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
#မြသလွန်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့