16/09/2024
၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၉) နာရီတွင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တက္ကသိုလ်ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်အကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းများ၊အသင်းအဖွဲ့များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးကျော်အောင်မိုးမှ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အထိမ်းအမှတ် video clipများ ပြသခြင်း၊ မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှုးက အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ နံနက် (၁၀) နာရီတွင် အခမ်းအနား ပြီးစီးခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးနှင့် တက်ရောက်လာသော ဧည့်သည်တော်များသည် ပြခန်းများနှင့် ခင်းကျင်းပြသထားသည့် ပတ်ဝန်းကျင်အရည် အသွေးတိုင်းတာရေးဆိုင်ရာ စက်ပစ္စည်းများကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။