Dry Zone Greening Department

Dry Zone Greening Department အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

The Dry Zone Greening Department has being established with the following objectives.i. Make the arid region lush, green...
21/02/2022

The Dry Zone Greening Department has being established with the following objectives.

i. Make the arid region lush, green and beautiful;
ii. Maintain ecology systems;
iii. Fullfill basic forest produce requirements of the rural people;
iv. Carry out socioeconomic development of the rural people;
v. Make the regional people aware of the value and essence of the forest and trees;
vi. Enhance public knowledge about conservation and promotion of natural environment; and secure its participation;
vii. Maintain climatic balance that will help cultivation works; and
viii. Combat desertification.

ရွှေပုံတောင်အထူးစိမ်းလန်းစိုပြည်ရေးနယ်မြေသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်မှ မြောက်ဘက်(၁) မိုင်ခန့်အကွ...
16/02/2022

ရွှေပုံတောင်အထူးစိမ်းလန်းစိုပြည်ရေးနယ်မြေသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်မှ မြောက်ဘက်(၁) မိုင်ခန့်အကွာ ချောက်-ညောင်ဦး မော်တော်ကားလမ်းနှင့် ဧရာဝတီ မြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပါသည်။ စေတီတော်မြတ်တည်ရှိရာ ကုန်းတော်သည် ပင်လယ်ရေမျက် နှာပြင် အထက် (၅၃၅) ပေ မြင့်မားပါသည်။ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဧရိယာအကျယ်အဝန်းမှာ (၁၂၃၇၉) ဧက ကျယ်ဝန်းပါသည်။ အပူပိုင်း တောခြောက် အမျိုးအစားဖြစ်၍ သဲနုန်းဆန်သော မြေအမျိုးအစားဖြစ်ပြီး သဘာဝပေါက်ပင်များမှာ ဝါးနွယ်၊ ခေါင်းလေး၊ ထနောင်း၊ မြန်မာရှား၊ ကန္တာစိမ်း၊ သပွတ်ကြီး၊ ဒဟတ်၊ ကျွန်းဖို၊ သပေါက်၊ သစ်ပုဂံနှင့် ဇနီတို့ ပေါက်ရောက်ကြပါသည်။

တန့်ကြည်တောင်မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အနောက်ဘက် (၃၅) မိုင်ခန့် အကွာ တွင် တည်ရှိပြီး အကျယ်အဝန်း...
16/02/2022

တန့်ကြည်တောင်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အနောက်ဘက် (၃၅) မိုင်ခန့် အကွာ တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် (၃၆၉၁၀) ဧကရှိ၍ ပင်လယ်ရေမျက်နှာပြင်အထက် (၁၀၄၀)ပေ ရှိပါသည်။ တောအမျိုးအစားအနေဖြင့် အပူပိုင်းတောခြောက် အမျိုးအစားဖြစ်ပြီး သဲနုကျောက်မြေ၊ ကျစ်တီးမြေ၊ ကျောက်စရစ်မြေဖြစ်ကာ သဘာဝပေါက်ပင်များအနေဖြင့် ဒဟတ်၊ သန်း၊ ရှား၊ နဘဲ၊ ထနောင်း၊ ထုံးပေါက်၊ ဇောင်ချမ်း၊ သပွတ်ကြီး၊ ဖျောက်ဆိပ်၊ သမုန်း၊ ဂွေး၊ စွေ့နီ၊ ကသစ်၊ အင်ကြင်းနှင့် ကန္တာစိမ်း စသည့် သစ်မျိုးများပေါက်ရောက်ပါသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

😘တကယ်ချစ်သူဖြစ်ပါစေ😘သစ်ပင်သစ်တောချစ်သောသူသည်မြေဆီလည်းခြောက်တောပျောက်မှာစိုးသစ်ပင်ပျိုး၍ကိုယ်ကျိုးမဖက်သွေးစည်းလက်ဖြင့်ဆော...
25/01/2022

😘တကယ်ချစ်သူဖြစ်ပါစေ😘

သစ်ပင်သစ်တော
ချစ်သောသူသည်
မြေဆီလည်းခြောက်
တောပျောက်မှာစိုး
သစ်ပင်ပျိုး၍
ကိုယ်ကျိုးမဖက်
သွေးစည်းလက်ဖြင့်
ဆောင်ရွက်စိုက်ထိန်း
တောတွေစိမ်းစေ
အေးငြိမ်းချမ်းသာ
မေတ္တာစိတ်ထား
နှလုံးသားလှ ဖြူစင်ကြ၏။

သစ်ရိပ်ခိုဝင်
သစ်ပင်မချစ်
အမြစ်မချန်
မြေပါလှန်ကြ
ရိုင်းပြအသွင်
ထိုလျင်သူကား
လူသားမစစ်
ညစ်ပုပ်ကတ်ကျယ်
ဤလူ့နယ်ဘုံ
ဆန်ကုန်မြေလေး
အပယ်ပြေးမယ့်
ကင်းဝေးအသိ
စည်းမဲ့သည့်သူ
ကိလေလောဘ
ထူပြောကြကုန် ဖြစ်တုံမူ၏၊

သင်......
သင့်ရဲ့အသက်
လက်ရှိချိန်တွင်
သစ်ပင်မည်မျှ ရှိကြပြီလဲ။

ကဲ.....စဉ်းစားသေချာ
တွေးလို့သာကြည့်
ကိုယ့်ဟာကိုယ်သိ
အဖြေရှိမယ်
တကယ်သစ်ပင်
ချစ်ခင်လူသား ဖြစ်ပြီလား။

မုံရွာချစ်သန်းထွန်း(ခေတ္တစိမ်းစို)

Address

Corner Of Yankin Hill And Patheingyi Street, Patheingyi Township
Mandalay
05071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95257038

Alerts

Be the first to know and let us send you an email when Dry Zone Greening Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Dry Zone Greening Department:

Share