Yellow Paradise

Yellow Paradise Just reading !

31/07/2021

Résolution sur la Birmanie dans l'agenda de juillet de l'Assemblée Nationale

24/07/2021
23/07/2021

သူပုန်နှစ် သို့မဟုတ် တော်လှန်မျိုးဆက်

ကျွန်တော်တို့ဟာ အရွယ်မရောက်ခင်အချိန်ကပဲ မိဘတွေကို မေးခွန်းတွေနဲ့တော်လှန်ဖူးခဲ့ပါပြီ။
ကျွန်တော်တို့လက်မခံနိုင်တာကိုလက်မခံကြောင်း
လက်ခံနိုင်သည်ထိ ရှင်းပြစေလိုကြောင်း တော်လှန်လိုက်တာဟာ ဒီကလေးလျှာကိုရှည်တယ် နဲ့ပဲ အဆုံးသတ်မလှတဲ့ တိုက်ပွဲတွေကိုနွဲခဲ့ပြီးပါပြီ။
ဒီတခါတိုက်ရမဲ့ တော်လှန်ရေးဟာ မွေးကတည်းက
ဒါလုပ်ဒါစားဒီသွားဒီလာဆိုတဲ့ ဖက်ဆစ် စိတ်ဓာတ်နဲ့ လူစုလူဝေးတွေ၊ အထက်ကခိုင်းရင် အကုန်လုပ်ရတဲ့ ကြီးနိုင်ငယ်ငြှင်းဝါဒနဲ့ ဖက်ဆစ် ဗျူရိုကရေဇီယန္ဓယားတွေပါပဲ။ နေရာတိုင်းမှာတိုက်ပွဲဖော်ဆောင်ပြီး တော်လှန်ရေး လမ်းကို လက်နက်ဆွဲကိုင်တော်လှန်ရမဲ့အချိန်ရောက်ပါပြီ။ ဒီလိုအချိန်မျိူးမှာ စစ်ရေးပစ်မှတ်တွေနဲ့ဝေးဝေးနေပါ။ ရန်သူ့တပ်စခန်း လှုပ်ရှားမှုကို ရေသောက်သွားတာ အိမ်သာသွားတတ်တာကအစ မိမိမျက်စိရှေ့မှာ မြင်သမျှကိုမှတ်သားပါ တပ်စခန်းအတွင်းမှဆိုင်ကယ်၊ကားများကိုမှတ်သားထားပါ။ပြီးရင် ရရာနည်းလမ်းနဲ့သတင်းပေးပါ။

“တိုက်ပွဲရှိရင် အောင်ပွဲရှိမယ်
အရေးတော်ပုံအောင်ရမယ်”
ခွန်လင်းမာန်

06/06/2021
02/02/2021

1.2.21
ကိုကြက်ပြောသလိုပေါ့
ပြဿနာတွေကြားမှာ
ဓားတွေပါလာတဲ့နေ့က
ပြဿဒါးပဲ

လက်နက်ရှိလို့ငြိမ်ခံနေရတဲ့
ပြည်သူကို လက်နက်တတ်စင်ဖို့ပဲ
ငါတွေးမိနေတော့ ငါလည်းအာဏာရှင်ပဲ

ကြည်တတောင့်မရှိတဲ့
ပြည်သူကို မောင်းပြန်နဲ့ချိန်တော့
ပြည်သူက မကြောက်တော့ဘူး

ငရဲခွေးကတော့လွတ်နေတုံးပဲ
ထပ်အကိုက်ခံရတာ
ငါတို့စောက်သုံးမကြလို့

ငါတို့မျိုးဆက်ကငါတို့ကို
မျက်နာငယ်နဲ့ကြည့်နေတယ်
ပြီးတော့ သားတို့ ၀န်ကြီးချုပ်ပဲဖြစ်ချင်တယ်တဲ့
ဘယ်မလဲ စစ်သားကြီးဆိုတဲ့အိပ်မက်

မျက်နာငယ်တဲ့ ငါတို့မျိုးဆက်မှာ
ဦးအောင်ဆန်းဆိုတာမေ့ချင်ယောင်ဆောင်နေခဲ့ရတာ
ငါ့နောက်ကမျိုးဆက်အတွက်
ငါဟာကြိုးစင်ကိုစိန်ခေါ်တယ်

01/02/2021

⭕⭕⭕⭕⭕⭕⭕

စစ်ခေါင်းဆောင် လက်တစ်ဆုပ် လုပ်နေသော
အာဏာသိမ်းခြင်း ၂ဆင့်

ပထမဆင့် (အာဏာတစ်ဝက်သိမ်းခြင်း)

ခေါင်းဆောင်အားလုံးဖမ်းသည်။
လွှတ်တော်ရပ်ဆိုင်းသည်။

ဒုတိယဆင့် (အာဏာအပြည့်သိမ်းခြင်း)

သမ္မတမှ ဒုသမ္မတ သို့ အာဏာလွှဲကြောင်း
သမ္မတ လက်မှတ်ထိုးရမည်။

ပြီးလျှင် ယင်းဒုသမ္မတက ဦးဆောင်ပြီး
ရွေးကောက်ပွဲ အသစ်ပြန်လုပ်မည်။

ယင်းအချက် ၂ ချက် မအောင်မြင်လျှင်
ဆူပူအောင်လုပ်မည်။
အာဏာ အပြည့်သိမ်းမည်။

ယင်း ၂ ဆင့်တွင် သူတို့လုပ်ပြီးသည်က

ခေါင်းဆောင်အားလုံး ဖမ်းပြီးပြီ။
လွှတ်တော်ရပ်ဆိုင်းပြီးပြီ။

လုပ်ဖို့ကျန်သည်က

သမ္မတ အာဏာလွှဲကြောင်း လက်မှတ်ထိုးရမည်။
(ယခုအချိန်ထိ သမ္မတ လုံးဝ လက်မခံ လက်မှတ်ထိုးမပေး)

ထို့ကြောင့်
ဒုသမ္မတလက်ထဲ သူတို့ အာဏာလွှဲဖို့အဆင့်မပြီးပြတ်။

ဒါကိုကျော်၍
'ရွေး/ကော်' အသစ်ပြန်ဖွဲ့ပြီး
ရွေးကောက်ပွဲ အသစ်ပြန်လုပ်မည် ဟု ကြေညာလိုက်သည်။

သူတို့ Timing စလွဲသည်။
ထို့ကြောင့်
သူတို့လိုချင်သည့် Power Level ရဖို့

အာဏာ အပြည့်သိမ်းမှ ရတော့မည်။
ထိုကဲ့သို့ အာဏာအပြည့်သိမ်းဖို့
'ဆူပူ အုံကြွမှု' တစ်ခုလိုအပ်သည်။

ဒါကို သူတို့ လုပ်တော့မည်။
လူထုအားလုံး ဒါကို တိတိကျကျသိဖို့လိုအပ်သည်။

နိုင်ငံတကာ တုန့်ပြန်မှုများ

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အင်္ဂလန်
၄ နိုင်ငံ အထူးအစည်းအဝေးခေါ်သည်။

ကုလသမဂ္ဂ အပါအဝင်
နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ
တစ်ဆင့်ပြီးတစ်ဆင့် တစ်ရှိန်ထိုးထိုးဝင်နေသည်။

နိုင်ငံအသီးသီးတွင် ရှိသည့်
စစ်ခေါင်းဆောင်များ၏ သားသမီးများ ဆွေမျိုးများ
အကြီးအကျယ်ခြိမ်းခြောက်ခံနေရသည်။

အစိုးရအဖွဲ့ ဝင်များ တုန့်ပြန်မှု

ကျန်းမာရေး ဝန်ကြီးမှ စတင်၍
ဝန်ကြီးများစတင်နှုတ်ထွက်နေသည်။

NLD ခေါင်းဆောင်များ ချိတ်ဆက်လှုပ်ရှားနေသည်။
သူတို့လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ရမည်။
(ခုမှ နာရီပိုင်းပဲရှိသေး၍ စိတ်စောစွာ အပြစ်တင်တာမလုပ်ပါနှင့်)

စစ်ခေါင်းဆောင်လက်တစ်ဆုပ် သိရန်

မြန်မာပြည်မှာ

အာဏာသိမ်းပြီး
ဘာဆက်လုပ်ရမည်ကို သိသောသူ
နေဝင်းတစ်ယောက်သာရှိသည်။

အာဏာသိမ်းတာလွယ်သလောက်
အာဏာသိမ်းပြီး လုပ်ရမယ့်ကိစ္စ အလွန်ခက်ခဲသည်။

မှတ်ချက်

တစ်ချိန်က
တပ်မတော် အာဏာသိမ်းပြီးနောက်
ဘာတွေဆက်ဖြစ်ခဲ့သလည်း တစ်ချက်ကြည့်ပါ။

နေဝင်းအာဏာသိမ်းသည်။

အာဏာသိမ်းတတ်တော့ နှစ်အတော်ကြာထိမ်းနိုင်ခဲ့သည်။
သို့သော် တစ်ချိန်ရောက်တော့
သူကိုယ်တိုင် ချုပ်နှောင်ခံရသလို
သူ့သားမက်များနှင့် မြေးများ သေဒဏ်ပေးခံရသည်။

သူအာဏာသိမ်းစဉ်က
အမေရိကန် ရေတပ် ရေငုပ်သင်္ဘောများ
မြန်မာပိုင်နက် ကပ်ရက်ထိ ရောက်လာခဲ့သည်။

စောမောင် အာဏာသိမ်းသည်။

တစ်ချိန်ရောက်တော့
ရူးပြီးသေမယ့် လုပ်ကြံမှု ခံခဲ့ရသည်။

ဗိုလ်ချုပ်ကြီး တင်ဦးကို

လုပ်ကြံဖို့
ဗုံးကို ပါဆယ်ထုပ်နှင့် အိမ်သို့ပို့သည်။
ကံဆိုးသော သူ့သမီး တက္ကသိုလ်ဆရာမ
ဗုံးကွဲ သေရသည်။

ယင်းလုပ်ကြံမှု မအောင်မြင်တော့
ရဟတ်ယာဉ် ပျက်ကျအောင်လုပ်ပြီး လုပ်ကြံသည်။
ဗိုလ်ချုပ်ကြီး တင်ဦး သေဆုံးခဲ့သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်

ရန်ကုန်ပြန်အဝင် လေဆိပ်မှာ
သူမှလွဲ၍ အခြားစစ်ဗိုလ်ချုပ်များအားလုံး
ခွေးတွေလို လေးဘက်ထောက် မှောက်ရက်သား
အကုန်အဖမ်းခံခဲ့ရသည်။

ယခု စစ်ခေါင်းဆောင် လက်တစ်ဆုပ်
ဘာဖြစ်မလဲ

စောင့်ကြည့်ပါ။

လူထုကြီးမှ
လူထုခေါင်းဆောင်များ၏ ညွှန်ကြားချက်ကို
တည်တည်ငြိမ်ငြိမ်စောင့်ပါ။

လုံးဝကျွံ မထွက်ပါနှင့်။

သူတို့ လုပ်ဖို့ အဆင့်တစ်ဆင့်ကျန်နေသေးသည်ကို
လူထုအားလုံး သေချာပေါက် နားလည်ရမည်။

အမှန်တရားသာ အနိုင်ရမည်ဆိုတာ
အသွေးထဲအသားထဲထိ

ယုံကြည်ပါ။

ညီညီလွင် (ဓာတုဗေဒ)

01/01/2021

Happy New Year 2021 ✨
နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ ။ ။ ။
နှစ်သစ်မှာ အမှတ်တရကောင်းတွေဖန်တီးဖို့ KOE ကိုသတိရပေးပါဗျာ💓

ပါဂျောင်ရောက်လာခဲ့ပါပီဗျ
20/12/2020

ပါဂျောင်ရောက်လာခဲ့ပါပီဗျ

Yellow paradise Libraryကိုရောက်ရှိလာသော #ရန်ကုန်လွတ်မြောက်ပြီးတဲ့အခါ
19/12/2020

Yellow paradise Libraryကိုရောက်ရှိလာသော
#ရန်ကုန်လွတ်မြောက်ပြီးတဲ့အခါ

Address

Mandalay

Opening Hours

Monday 11:00 - 18:00
Tuesday 11:00 - 18:00
Wednesday 11:00 - 18:00
Thursday 11:00 - 18:00
Friday 11:00 - 16:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959966558910

Website

Alerts

Be the first to know and let us send you an email when Yellow Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yellow Paradise:

Share

Category