24/08/2026
မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်)
သတ္တမ ပုံမှန်အစည်းအဝေး ကျင်းပ
--------------
မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်)၊ သတ္တမ ပုံမှန် အစည်းအဝေးကို ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့) ၌ ZOOM Platform မှတဆင့် ကျင်းပခဲ့ကြပါသည်။
ယင်းအစည်းအဝေးသို့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) ဥက္ကဋ္ဌနှင့်တကွ ကောင်စီဝင်များ၊ မန္တလေးဒေသလွှတ်တော် ဥက္ကဋ္ဌနှင့်တကွ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ သဘာပတိအဖွဲ့ဝင်များ၊ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ၏ အစုအဖွဲ့ (၇) ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ဦး ပါဝင် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) နှင့် မန္တလေးဒေသလွှတ်တော်တို့က မိမိတို့လုပ်ငန်းဆောင်ရွက်မှုများကို မျှဝေဆွေးနွေးကြကာ ပါဝင်တက်ရောက်သူများကလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။
၎င်းနောက် CDM၊ ပညာရေး၊ ကျန်းမာရေး၊ လူသားစာနာ၊ လူထုလှုပ်ရှားမှု၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အစရှိသည့် အကြောင်းအရာကဏ္ဍတခုချင်းစီအလိုက် ဆွေးနွေး၊ ပေါင်းစပ်ညှိနှိုင်းခဲ့ကြပါသည်။
“သမဂ္ဂနံ တပေါ သုခံ” (စုပေါင်းညီညာ အောင်ကြောင်းဖြာ) ဆိုသည့် စကားအတိုင်း မိမိတို့ မန်းဒေသ တော်လှန်ရေးအင်အားစုများသည် ပြည်သူ့နွေဦးတော်လှန်ရေးကြီးတွင် တတ်နိုင်သမျှ စနစ်တကျ ချိတ်ဆက်စုစည်း ချီတက်လျက် ရှိကြပါသည်။
အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
#မန္တလေးဒေသတော်လှန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ
#မန္တလေး_Mandalay #စင်္ကြံ
#အရေးတော်ပုံအောင်ရမည်