15/11/2025
(၁၄-၁၁-၂၀၂၅)ရက်နေ့ (၁၀:၃၀)မှ(၁၂း၀၀)အချိန်ထိ မိတ္ထီလာမြို့နယ်၊ကြာကန်ကျေးရွာတွင်လည်း ကောင်း၊၁၂:၃၀မှ ၁၄:၀၀ အချိန်ထိ ပျော်ကုန်းကျေးရွာတွင်လည်း ကောင်း မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပါတီဝင်များ၊မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံစည်းရုံးခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်း၊အမျိုးသားလွှတ်တော်(FPTP)ကိုယ် စားလှယ်လောင်း ဦးမောင်မောင်မြင့်၊တိုင်းဒေသကြီးလွှတ်တော် (FPTP)ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးလွှတ်တော်(PR) ကိုယ်စားလှယ်လောင်း ဦးမြင့်ဆန်း၊မြို့နယ်ပါတီအတွင်းရေးမှုး ဦးဇေယျာဟိန်းနှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံပွဲတွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်းက မိတ္ထီလာဒေသအခြေအနေများ၊ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ရှင်းလင်းပြောကြားခဲ့ပြီး မဲဆန္ဒရှင်ပြည်သူအားလုံး မဲရုံသို့သွားရောက်၍ မပျက်မကွက်မဲပေးကြရန် ပြောကြားခဲ့ပါသည်။၎င်း နောက် တိုင်းဒေသကြီးလွှတ်တော် (FPTP)ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးမှ ပြည်ခိုင်ဖြိုးပါတီဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့်ပါတီ၏ လုပ်ငန်းစဥ်များ၊ပါတီ ၏ရွေးကောက်ပွဲကြေညာစာတမ်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားလွှတ် တော်(FPTP)ကိုယ်စားလှယ်လောင်းဦးမောင်မောင်မြင့်မှ ၂၀၂၅ခုနှစ်၊ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် FPTP စနစ်၊PR စနစ်များအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးလွှတ် တော်(PR)ကိုယ်စား လှယ်လောင်း ဦးမြင့်ဆန်းမှ တက်ရောက်လာသူ များအား အီလက်ထနောနစ်မဲပေးစက်ဖြင့် မဲပေးပုံအကြောင်း၊လွှတ် တော် ၃ရပ်လုံး မဲပေးရမည်ဖြစ် ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း နိူင်ငံသားအခွင့်အရေး မဆုံးရှုံးအောင် မဲရုံကိုသွား၍မဲပေးကြရန်လိုကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ကြပါသည်။