မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း

  • Home
  • Myanmar
  • Mandalay
  • မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း

မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း စစ်အာဏာရှင်စနစ်ပပျောက်ရေးနှင့်တန်းတူညိီမျှသောအခွင့်အရေးများရရှိဖို့အတွက်တိုက်ပွဲဝင်တော်လှန်သွားမည်။

ရဲဘော်ရဲဘက်စိတ် (Comradeship)ဆိုတာ တူညီတဲ့ရည်မှန်းချက်အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြသူများအကြား ဖြစ်ပေါ်လာတဲ့...
18/08/2026

ရဲဘော်ရဲဘက်စိတ် (Comradeship)ဆိုတာ တူညီတဲ့ရည်မှန်းချက်အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြသူများအကြား ဖြစ်ပေါ်လာတဲ့​ ခိုင်မာတဲ့စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနှင့် သံယောဇဉ်စိတ်ဓာတ်ဟာ ရဲဘော်ရဲဘက်စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

အောင်မြင်မှုရချိန်မှာ အတူတကွ အောင်ပွဲခံသကဲ့သို့ အခက်အခဲ၊ ကျရှုံးမှုနှင့် ပင်ပန်းဆင်းရဲမှုများကိုလည်း လက်တွဲမဖြုတ်ဘဲ အတူရင်ဆိုင်နိုင်တာလည်း ရဲဘော်ရဲဘက်စိတ်ပဲ ဖြစ်ပါတယ်။

ကြာမြင့်လာတဲ့ တော်လှန်ရေးအရွေ့တစ်ခုမှာ
ခက်ခဲမှုများကို အတူတကွ ရင်ဆိုင်တောင့်ခံရင်း
ရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့် ရည်မှန်းချက်ပန်းတိုင်ကို မဆုတ်မနစ် ဆက်လျှောက်ကြပါစို့။

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မန္တလေးခရိုင်၊အမှတ်(၅)တပ်ရင်း
#ထောက်ပို့အားဖြည့်ကူ_လှူပေးကြပါအုံး
#တော်လှန်မိဘပြည်သူတို့

တပ်ရင်းက ဘယ်တော့ မှ သစ္စာမပျတ်ဘူး တပ်ရင်းကို သစ္စာပျတ်သွားတဲ့ကောင်တွေပဲရှိတယ် တပ်ရင်းက ဘယ်တော့မှပစ်မထားဘူး အခက်အခဲတွေ မပ...
15/08/2026

တပ်ရင်းက ဘယ်တော့ မှ သစ္စာမပျတ်ဘူး

တပ်ရင်းကို သစ္စာပျတ်သွားတဲ့ကောင်တွေပဲရှိတယ်

တပ်ရင်းက ဘယ်တော့မှပစ်မထားဘူး

အခက်အခဲတွေ မပြည့်စုံမှုတွေ ရှိတယ်

တပ်ရင်းက မလုပ်ပေးနိုင်တာ ဘာမှမရှိဘူး

လုပ်ပေးနိုင်တယ်

ကိုယ့်ခြေထောက်နဲ့ကို တော်လှန်ရေးလုပ်ချင်ပါတယ်ဆိုပြီး

အရာအားလုံးကိုစွန့်လွှတ်ပီး ထွက်လာခဲ့ကြာတာ မဟုတ်လား

ပြင်ပ ရောက်သွားမှ အဖွဲ့အစည်းအကြောင်း

လ ီး စကား ပြော ကိုယ့်လွှတ်ရုန်းပြီး

ဘာတဲ့ လူအခွင့်အရေး ဘာတဲ့ ဒီမိုကရေ

မင်းတို့ လိုချင်တဲ့အရာ တွေ က အခု ရသွားပီးလား

မင်းတို့ လုပ်ချင်ပါတဲ့ ဆိုတဲ့ တော်လှန်ရေးကအခု

အလုံးစုံအောင်မြင်နေပီးလား ပြည်သူကျွေးတဲ့ထမင်းကိုစား ထမင်းဝသွားမှ သစ္စာဖောက်သွားတဲ့ ကောင်တွေ

အခုထိ ပြည်သူတွေ ဒုက္ခတွေ ပင်လယ်ဝေနေဆဲ

အခုထိ စကစ ပေးတဲ့ ဒုက္ခတွေ ခံနေရဆဲ

အခုထိ မီးရှို့ ဖျက်စီးခံလိုက်ရတဲ့ ပြာတွေ ရေထဲမှာ မျှော်ပါစေဆဲ

ယောက်ကျားတွေပဲ ပွင့်ပွင့်လင်းလင်းပေါ့ ။

အဖွဲ့အစည်းပြင်ပကနေ နေပီး လ ီး စကားတွေ လာမပြောနဲ ပြောချင်ရင် လာခဲ့

မင်းတို့ ဘာလုပ်ပေးတယ် ဘာလုပ်ခဲ့တယ် ဆိုတာ မင်းတို​့ အသိဆုံး မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း ကလဲသိတယ်

ဘယ် တော့ မှ မ မေ့ ဘူး Ok

02/08/2026

ခေါင်းဆောင်တွေမှားရင်
မှားတာကိုဝန်ခံခိုင်းပြီး
တာဝန်ယူဖြေရှင်းခိုင်းတဲ့ အလေ့အကျင့်မျိုး

မပျိုးထောင်ပဲ ခေါင်းဆောင်သိက္ခာအတွက်
ဆင်ခြေပေးပြီး အမှားကိုကွယ်ဝှက်တဲ့
အလေ့အကျင့်မျိုးမွေးနေရင်
လူလိမ်ခေါင်းဆောင်မျိုးဆက်တွေ ဆက်လက်ပေါက်ဖွားလာလိမ့်မယ်။

ရဲဘော်ပဲ ဖြစ်ဖြစ် တာဝန်ခံပဲ ဖြစ်ဖြစ်
ကိုယ့်မှားရင် မှားတဲ့အကြောင်းဝန်ခံရဲတဲ့
စိတ်ဓာတ်မျိုးရှိရမယ်
တာဝန်ယူဖြေရှင်းနိုင်တဲ့သတိမျိုးရှိရမယ်

အမှားကတော့ လူတိုင်းမကင်းနိုင်သလို
အမှားကိုဆက်ပြီး ထပ်ခါထပ်ခါမှား မှား
အကြောင်းအမျိုးမျိုးပြ ခေါင်းရှောင်
သူအမှား ကိုယ့်မြင် တစ်ယောက်နဲ့ တစ်ယောက်
လက်ညိုးထိုးနေကြရင်တော့

မိမိ စိတ်ဓာတ်နဲ့ သတိ ကိုပြန်လည်စမ်းစစ်
သုံးသပ်ကြည့်ကြဖို့ လိုအပ်ပါလိမ့်မယ်

အားလုံးကတော်လှန်ရဲဘော်တွေပါပဲ
တာဝန်တွေပဲ ကွဲသွားတာပါ

စည်းလုံးညီညွှတ်စွာဖြင့် တော်လှန်ရေးအကျိုးကို
ဒီထပ်မက အဆပေါင်းများစွာ အနစ်နာခံ တာဝန်ယူနိုင်သော စိတ်ဓာတ် သတိများဖြင့် ဆက်လက်လျှောက်လမ်းကြပါစို့ . . .

အားလုံးကိုလေးစားလျှက် 💪

တပ်ရင်းမှာ ထောက်ပို့ထီအားပေးရင်း တော်လှန်ကြသော ပြည်သူများအတွက် 🍀 ထောက်ပို့ထီ (၃၁) ကြိမ်မြောက်ကျပ်သိန်း (၁,၀၀၀) ဆုကြီး ရဲ...
02/08/2026

တပ်ရင်းမှာ ထောက်ပို့ထီအားပေးရင်း
တော်လှန်ကြသော ပြည်သူများအတွက်

🍀 ထောက်ပို့ထီ (၃၁) ကြိမ်မြောက်
ကျပ်သိန်း (၁,၀၀၀) ဆုကြီး ရဲ့ ကံထူးရှင်က ဘယ်သူဖြစ်မလဲ…?

ကံတရားက ဘယ်လက်မှတ်နံပါတ်ကို ရွေးချယ်ပေးမလဲဆိုတာ မကြာခင် သိရှိရတော့မှာဖြစ်ပါတယ်။

အားလုံး စိတ်လှုပ်ရှားစွာနဲ့ ဒီည မြန်မာစံတော်ချိန် ည၇:၀၀နားရီLive အစီအစဉ်ကို စောင့်မျှော်ကြရအောင်။

🍀 ဒီတစ်ခေါက် ကံထူးရှင်က သင်လည်းဖြစ်နိုင်ပါတယ်!

Good Luck to everyone! 💚
#ထောက်ပို့ထီ
#သိန်း၁၀၀၀
#စစ်ကျွန်ဘဝလွတ်မြောက်ဖို့ထောက်ပို့ထီကိုထိုးကြစို့

လွတ်လပ်မှုဆိုတာ အမြဲတမ်းအာမခံချက်နဲ့ ရထားတဲ့အရာမဟုတ်ဘဲတခါတလေ အဲဒါကိုကာကွယ်ဖို့လူတယောက်ရဲ့အသက်လူတစုရဲ့စည်းလုံးမှုတနိုင်ငံ...
31/07/2026

လွတ်လပ်မှုဆိုတာ
အမြဲတမ်းအာမခံချက်နဲ့ ရထားတဲ့အရာမဟုတ်ဘဲ
တခါတလေ အဲဒါကိုကာကွယ်ဖို့

လူတယောက်ရဲ့အသက်
လူတစုရဲ့စည်းလုံးမှု
တနိုင်ငံလုံးရဲ့စွန့်လွှတ်မှုတွေ
လိုအပ်လာတတ်ပါတယ် ။

စွန့်လွတ်တဲ့ မိသားစုတွေမှာ
မျက်ရည်တွေ ယနေ့ထိမခြောက်သေးပါ ။

ထိုမျက်ရည်တွေဟာ
စစ်ပွဲရဲ့ စစ်မှန်သောအနာတွေဖြစ်ပါသည် ။

#တော်လှန်ကောမစ်

ဆူးခလုတ်တွေနဲ့ ကြုံရင်လည်း ခရီးဆက်ရမယ်။ စိမ်းလန်း စိုပြည်တဲ့ မြက်ခင်းလေးတွေ့ရင် အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်အောက် ရောက်ရင...
22/07/2026

ဆူးခလုတ်တွေနဲ့ ကြုံရင်လည်း ခရီးဆက်ရမယ်။
စိမ်းလန်း စိုပြည်တဲ့ မြက်ခင်းလေးတွေ့ရင်
အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်အောက်
ရောက်ရင်လည်း ရပ်နားချင်စိတ်ကို ကျော်လွှားရမယ်။
ငှက်ဆိုးတွေ ညံနေရင်လည်း ရည်ရွယ်ချက် ပန်းတိုင်ကို မျက်ခြေ မပြတ် တစိုက်မတ်မတ် လျှောက်လှမ်းနိုင်ရမယ်။

ငါတို့တတွေ အမြင်မမှား အတွေးမမှားပဲ

ဇွဲ လုံးလ ဝိရိယ တွေနဲ့ ရှေ့ဆက်ကြမယ်

ရန်သူကို ရန်သူလို့သတ်မှတ်ထားရင်

ဘယ်တော့မှာ ရန်သူထံ အညံခံဖို့ နဲနဲလေးတောင်

စိတ်ကူးမယဥ်ကြနဲ့

ငါတို့တတွေထပ်ပေးဆပ်သွားကြတဲ့ ရဲဘော်ရဲဘက်
တွေအပေါ်မှာ မာန် မာန သတိရှိရှိ နဲ့ ရဲဝံ့ပြတ်သားစွာ
သစ္စာရှိကြမယ်

နွေဦးတော်လှန်ရေး အောင်နိုင်ရမည် ✊ ✊ ✊

20/07/2026

လူမှုကွန်ယက် ဒလန် မဖြစ်စေနဲ့
++++++++++++++++++++++

ကျနော်တို့ဟာ လူမှုကွန်ယက်မှာ ဒလန်ဖြစ်မှန်းမသိ ဖြစ်နေကြတယ်။

ဘယ်လိုမျိုး ဒလန်ဖြစ်စေတာလဲ?
ကျနော်တို့ဟာ နေ့စဥ် လူမှုကွန်ယက်မှာ သတင်းဖတ်က၊ ပြန်ဖြန့်ဝေကြတယ်။
ရွေးတုအစိုးရဟာ ဒီကိစ္စကို ကောင်းကောင်းသိတယ်။ အာဏာသိမ်းခဲ့ကတည်းက ပြည်သူတွေကို ဒုက္ခပေးတော့မယ် ဗုံးကြဲတော့မယ် ရွာတွေ မီးရှို့တော့မယ် ပြည်သူတွေကို သတ်ဖြတ်မုဒိမ်းကျင့်ပြီဆိုရင် နေသာ​သလို နေနေကြတဲ့ လူတစ်စုကို အသုံးချပြီး ပြည်သူလူထုကို လမ်းလွှဲလေ့ရှိတယ်။

တနေ​နေရာရာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရင် သူတို့ ဘာလုပ်ကြသလဲ?
သူတို့ဟာ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှူတွေ ကျူးလွန်နေချိန်မှာ
သူတို့ဟာ ရေပေါ်ဆီတွေ အသုံးချပြီး မန္တလေးသိန်းဇော်တို့ အောင်ဇမ္ဗူတို့ စမ်းရေမိုးတို့ ပွဲလမ်းသဘင်တွေ ကျင်းပတာတွေ
ဇော်မင်းထွန်းတို့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ပေါက်ကရတွေ မေးဖြေနေတာတွေ
ဆယ်လီတစ်ယောက် ထပြီး ပေါက်ကရ လုပ်ကြတာတွေ
သူတို့ဘက်က ဘောမအနုပညာရှင်တွေရဲ့ သတင်းတွေ
သူတို့ဘက်က ဘောမတွေရဲ့ ရှိူးပွဲတွေ
သူတို့ဘက်က ဆိုင်ဖွင့်ပွဲမှာ ဘောမအနုပညာရှင်တွေရဲ့ အင်တာဗျူးတွ
ဘာသာရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းတခုခု တက်လာတာမျိုးတွေ
စသဖြင့် တစ်ခုမဟုတ် တစ်ခု တက်လာတာမျိုးတွေ ရှိတယ်။

ကျနော်တို့တတွေဟာ အဲဒီရယ်စရာပေါက်ကရသတင်းတွေ၊ ဆယ်လီဆယ်တလီတို့ ဘောမအနုပညာတို့ရဲ့အလင်းအမှောင် သတင်းတွေကို လှောင်ပြောင်တဲ့ သဘောနဲ့ ရှယ်လေ့ရှိကြတယ်။

အဲဒီလို သူတို့ဘက်က သတင်းတွေကို လှောင်​​ပြောင်တဲ့သဘောနဲ့ ရှယ်နေချိန်မှာ ကျနော်တို့ဘက်ရဲ့ တနေနေရာရာမှာ ပြည်သူလူထုတွေ ဗုံးကြဲခံရ သတ်ဖြတ်ခံရ၊ ရွာတွေ မီးရှို့ခံနေကြရတယ်။
အဲဒီသတင်းတွေဟာ ခင်ဗျားတို့ လှောင်ပြောင်တဲ့သဘောနဲ့ ရှယ်နေတဲ့ သတင်းတွေက ဖုံးသွားလေ့ ရှိတယ်။
တချိုလည်း ဒီအချိန်မှာ သတိထားမိကြပါပြီ။ တချို့လည်း သတိမထားမိသေးဘဲ ဆက်လက်ရှယ်နေကြတုန်းပါ။
ကျနော်တို့တတွေ သူတို့ရဲ့ ဘာသတင်းဖြစ်ဖြစ် မရှယ်​​ဘဲ နေကြရအောင်...
ကျနော်တို့တတွေ ကျနော်တို့ဘက်မှာ ကျနော်တို့ လုပ်ပေးနိုင်သမျှ လုပ်ပေးကြရအောင်...
ကျနော်တို့တတွေ ကျနော်တို့သတင်းတွေ မရှယ်နိုင်ဘူး။ မရှယ်နိုင်တဲ့အခြေအနေဖြစ်နေရင် ဘာမှ မလုပ်ခြင်းဖြင့် ကူညီရအောင်...
ကျနော်တို့ကြောင့် ကျနော်တို့ပြည်သူလူထုရဲ့ စစ်ဘေးသတင်းတွေ မဖုံးစေချင်ဘူး....
ကျနော်တို့ လူမှုကွန်ယက် ဒလန် မဖြစ်အောင် နေကြရအောင်...

#သျှောင်ကြီးဗွေ
#လူမှုကွန်ယက်ဒလန်မဖြစ်စေနဲ့

ငါတို့တွေ ခံယူချက်ရှိရှိ နဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေအကောင်အထည်ဖော်နေတဲ့အချိန်မှာ ကြုံလာသမျှ အခက်အခဲတွေ အဆင်မပြေမှုတွ...
20/06/2026

ငါတို့တွေ ခံယူချက်ရှိရှိ နဲ့ ရည်ရွယ်ချက်
ရည်မှန်းချက်တွေအကောင်အထည်ဖော်နေတဲ့အချိန်မှာ

ကြုံလာသမျှ အခက်အခဲတွေ အဆင်မပြေမှုတွေ
ပင်ပန်းမှုတွေ နာကျင်မှုတွေကို တာဝန်ဆိုတဲ့
အရာတွေနဲ့ ကျော်ဖြတ်နေတယ်

အဆင့်ဆင့်ပေးအပ်လာသော တာဝန်ကို ဘယ််လိုပီးမြှောက်အောင်လုပ်ဆောင်ရမလဲ ဆိုတာကို မိမိကိုယ်တိုင်က
သင်ယူ လေ့လာထားတဲ့ ပညာရပ်တွေနဲ့ ဖြတ်ထိုးဉာဏ်သုံးပြီး လုပ်ဆောင်ရမှာဖြစ်တယ်

အဆင့်အဆင့်ပေးလာတဲ့ တာဝန်ကို မိမိကိုယ့်တိုင်ကလက်ခံယူပြီးလျှင် အဲ့ဒီတာဝန်အပေါ်မှာ တာဝန်ကြေခြင်းဆိုတာထပ် တာဝန်အပေါ်မှာ ယခုလုပ်ဆောင်နေတာထပ် ပိုပြီး ကောင်းအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိရတယ်မိမိကိုယ့်တိုင်က မြင့်တင်လုပ်ဆောင်နိုင်ရမယ်

လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိရမယ်
ငါတို့တွေတာဝန်အပေါ်အလေးအနက်ထားရမယ်

ဒါမှ ငါတို့ရဲ့တာဝန်ဆိုတာအဓိပ္ပါယ် ပိုရှိမှာ
ငါတို့တွေအရင်ကထပ်ပိုကြိုးစာရမယ့်ဆိုတာ
ရင်း ၅ ရဲဘော်ရဲဘက်တွေ မမေ့နဲ့

ပင်ပန်းရင်ခနနား အကြာကြီးနားလို့မရဘူး
စိတ်ဓာတ်ကျလို့ရတယ် စိတ်ပျတ်လို့ မရဘူး
လိုအပ်တာပြန်လည်ပြင်ဆင် ပြီးရင်
အရင်ကထပ်ပြီး ကြိုးစားကြမယ် 💪💪💪

မကြောင် နဲ့ မယောင် နဲ့
စည်းလုံးညီညွှတ်စွာ အလုပ်နဲ့သက်သေပြကြ

#မန္တလေးခရိုင်၊အမှတ်(၅)တပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

🌹 ပိတ်ပင် တားဆီမှု့တွေထဲကနေ မဖြစ်ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းသည် အောင်နိုင်ခြင်း 🌹မနက်ဖြန် အမေစုရဲ့ ၈၁ နှစ် ပြည့်မွေးနေ...
18/06/2026

🌹 ပိတ်ပင် တားဆီမှု့တွေထဲကနေ မဖြစ်ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းသည် အောင်နိုင်ခြင်း 🌹

မနက်ဖြန် အမေစုရဲ့ ၈၁ နှစ် ပြည့်မွေးနေ့အတွက် အမေစုကို ချစ်ခင်လေးစားကြတဲ့ ပြည်သူအားလုံး ပန်း ပန်ပြီး အမေအတွင် ဂုဏ်ပြုမွေးနေ့ပွဲ ကျင်းပြဖို့ နိုးဆော်ထားတာရှိပါတယ် ။

ဒီမွေးနေ့ ပွဲလေးမှာ မဖြစ်ဖြစ်အောင် မရရအောင် ပါဝင်ကြမယ် ။

အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်း နှာပေါက်မှာ ဖမ်းနေပါတယ် ။

ဘာတွေကို ဖမ်းနေလဲ ဆိုရင် နှင်းဆီတွေကို ဖမ်းနေပါတယ် ဗျ ။

အကြမ်းဖက် စစ်တပ်က ဘယ်လိုပဲ ပိတ်ပင်ပိတ်ပင် ကျန်တော်တို့ ခေါင်းမှာ နှင်းဆီတွေနဲ့ .....

🌹 သတိထားမယ်

🌹 သတိပြုမယ်

🌹 ပန်းပန်မယ်

... မနက်ဖြန် 🌹

“တပ်နေလဲပျော်၊ တိုက်ပွဲလဲတော်” ဆိုတာ စစ်တပ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ အခြေခံသဘောတရားပါ။ တပ်နေရင်း ပျော်ရွှင်န...
16/06/2026

“တပ်နေလဲပျော်၊ တိုက်ပွဲလဲတော်” ဆိုတာ စစ်တပ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ အခြေခံသဘောတရားပါ။ တပ်နေရင်း ပျော်ရွှင်နိုင်ခြင်း၊ စည်းကမ်းရှိခြင်း၊ ယုံကြည်မှုရှိခြင်း မရှိရင် တိုက်ပွဲအချိန်မှာ တော်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

တပ်နေရင်း ပျော်ရွှင်ဖို့အတွက် အဓိကလိုအပ်တာက စည်းလုံးမှု၊ ယုံကြည်မှု၊ တာဝန်ယူမှုပါ။ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိရမယ်။ အခက်အခဲရှိရင် အတူတကွ ဖြေရှင်းနိုင်ရမယ်။ စိတ်ဓာတ်ကောင်းမွန်တဲ့ တပ်ဖွဲ့တစ်ခုဟာ တိုက်ပွဲမဝင်ခင်ကတည်းက အောင်မြင်ဖို့ အခြေခံတည်ဆောက်ပြီးသား ဖြစ်နေပါပြီ။

ခေါင်းဆောင်မှုအပိုင်းကတော့ အလွန်အရေးကြီးပါတယ်။ ခေါင်းဆောင်က လမ်းညွှန်သူသာမက စံနမူနာပြသူ ဖြစ်ရမယ်။ စကားနဲ့မဟုတ်ဘဲ လက်တွေ့အလုပ်နဲ့ ပြသနိုင်ရမယ်။ တပ်သားတွေရဲ့ စိတ်ခံစားချက်၊ အခက်အခဲ၊ လိုအပ်ချက်တွေကို နားထောင်နိုင်ရမယ်။ မျှတမှုရှိရမယ်။ ခေါင်းဆောင်က မတည်ငြိမ်ရင် တပ်တစ်ခုလုံး မတည်ငြိမ်နိုင်ပါဘူး။ ခေါင်းဆောင်က ရဲရင့်မှ တပ်သားတွေ ရဲရင့်လာမယ်။ ခေါင်းဆောင်က တာဝန်ယူမှ တပ်သားတွေ တာဝန်ယူလာမယ်။

အမိန့်နာခံမှုကလည်း စစ်ဘက်အဖွဲ့အစည်းတစ်ခုအတွက် အခြေခံအုတ်မြစ်ပါ။ အမိန့်တစ်ခု ထွက်လာတဲ့အခါ တိတိကျကျ၊ အချိန်မီ လုပ်ဆောင်နိုင်ရမယ်။ မလိုလားအပ်တဲ့ ဆွေးနွေးမှု၊ စိတ်ကွဲမှုတွေ မရှိရပါဘူး။ သို့သော် အမိန့်နာခံမှုဆိုတာ မစဉ်းစားဘဲ လုပ်တာမဟုတ်ပါဘူး။ စည်းကမ်းနဲ့ တာဝန်ယူမှုအပေါ် အခြေခံထားတဲ့ နာခံမှုဖြစ်ရမယ်။ အမိန့်နာခံမှုက တပ်ကို စည်းလုံးစေပြီး တိုက်ပွဲအတွင်း ဆုံးဖြတ်ချက်တွေကို မြန်ဆန်ထိရောက်စေပါတယ်။

အကျဉ်းချုပ်ပြောရရင် —
တပ်နေလဲပျော်ဖို့ စည်းလုံးမှုလိုအပ်တယ်။
တိုက်ပွဲလဲတော်ဖို့ လေ့ကျင့်မှုနဲ့ စိတ်ဓာတ်လိုအပ်တယ်။
အားလုံးကို ခိုင်မာစေဖို့ ခေါင်းဆောင်မှုက အဓိကပါ။
အမိန့်နာခံမှုကတော့ အောင်မြင်မှုရဲ့ အခြေခံစည်းကမ်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ လက်နက်ကို ကိုင်ထားတာ အာဏာရှင်ဖြစ်ဖို့မဟုတ်ဘူး။
ပြည်သူကို ကာကွယ်ဖို့ ဖြစ်တယ်။

ထို့ကြောင့်
တပ်နေရင် စည်းကမ်းရှိရမယ်
တိုက်ပွဲဝင်ရင် တည်ငြိမ်ရမယ်
ခေါင်းဆောင်ကို ယုံကြည်ရမယ်
အမိန့်ကို နာခံရမယ်

တပ်နေလဲပျော်
တိုက်ပွဲလဲတော်
စည်းကမ်းရှိ
ညီညွတ်ကြ

ကျွန်ုပ်တို့ရဲ့ အောင်ပွဲဟာ စည်းကမ်း၊ ညီညွတ်မှု၊ ခေါင်းဆောင်မှုကနေ စတင်တယ်။

အားလုံး စိတ်ဓာတ်ခိုင်မာစွာ ဆက်လက်တာဝန်
ထမ်းဆောင်ကြပါစို့။

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မန္တလေးခရိုင်၊အမှတ်(၅)တပ်ရင်း
#အမရပူရမြို့နယ်ပကဖ

Address

Amarapura
Mandalay
P14705

Alerts

Be the first to know and let us send you an email when မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category