09/09/2024
MSME တွေ၊ စီးပွားရေးလုပ်ငန်းတွေသာမက NGO၊ CSO၊CBO စတဲ့ အဖွဲ့အစည်းတွေအားလုံးအတွက် အသုံးဝင်မယ့်သင်တန်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) ဖြစ်ပါတယ်။ ...
လုပ်ငန်းအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) ဆိုတာကတော့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်မှု၊ အခက်အခဲတွေကြားဆက်လက်ရပ်တည်နိုင်မှုနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေတွေအပေါ်မှာ လိုက်လျောညီထွေနိုင်မှုတို့နဲ့ သက်ဆိုင်ပါတယ်။ ဒီသင်တန်းမှာ လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) နဲ့ပက်သက်တဲ့ သဘောတရားတွေ၊ ပုံစံတွေကို တင်ပြပေးထားသလို လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲ၊အကျပ်အတည်းတွေကြားမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် မဟာဗျူဟာတွေဖြစ်တဲ့ Organizational Change နဲ့ Development processes တွေကိုလည်း ရှင်းလင်းဆွေးနွေးပေးထားပါတယ်။ ...
UNDP Myanmar ရဲ့ "eLearning Portal for MSMEs"မှာ အောက်ကလင့်ခ်လေးနှိပ်ပြီးလုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) သင်တန်းကို အခုပဲ အခမဲ့ လေ့လာနိုင်ပါတယ်။ Final test ဖြေဆိုအောင်မြင်ရင် UNDP ကပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကိုလည်း အခမဲ့ရရှိမှာ ဖြစ်ပါတယ်။
https://msmelearning.mm.undp.org/course/preview/63c77730a7ddd00ae87e86a2?fbclid=IwY2xjawFIv-pleHRuA2FlbQIxMAABHToebzGayL5ZWdQMvliJDwtTn6GwSFepC2he7z5OGDkrM-6b0m69FQT8tA_aem_99u2uzc-1vR_fQxDl_hSBA...
eLearning Portal for MSMEs (https://msmelearning.mm.undp.org/) မှာတော့ အကောင့်ဖွင့်ပြီး သင်တန်းတက်နေသူ (7200) ကျော်သွားပါပြီ။ အကောင့်မဖွင့်ရသေးတဲ့သူတွေလည်း အကောင့်ဖွင့်ပြီး မိမိစိတ်ဝင်စားတဲ့စီးပွားရေးသင်တန်းတွေကို အခုပဲ အခမဲ့တက်နိုင်ကြောင်း သတင်းကောင်းမျှဝေပေးလိုက်ပါတယ်။ အကောင့်ဖွင့်တဲ့နေရာမှာ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် ဒီလင့်ခ်လေးကိုနှိပ်ပြီး အကောင့်ဖွင့်နည်း၊ သင်တန်းရွေးချယ်တက်နည်းဗီဒီယိုကို ကြည့်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584...
UNDP Myanmar ရဲ့ "eLearning Portal for MSMEs" မှာ မြန်မာဘာသာစကားနဲ့ အခမဲ့ တက်နိုင်တဲ့ သင်တန်း (18) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/photo?fbid=439855699044039&set=a.255619310801013