06/02/2022
" အလုပ်ကို ကောင်းချင်ရင် ကောင်းကောင်းလုပ်မှ ရမယ်။
ကံကောင်းဖို့ဆိုရင် အလုပ်ကောင်းမှာ
ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ဘာလုပ်လုပ် ကောင်းကောင်းလုပ်ပါ။
ပိုက်ဆံ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ
ကောင်းကောင်းလုပ်ဖို့ လိုတယ်ဆ်ိုပြီး ခေါင်းထဲ စွဲထားပါ "
အလုပ်ကောင်းဖို့၊ ကံကောင်းဖို့ဆိုပြီး
ဘုရားမှာ ဆုတောင်းနေလို့မရပါဘူး။
ယတြာချေ နေလို့ မရပါဘူး။
ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ စေတနာထား၊
လေ့လာသင်ယူ ကြိုးစား
ပြန်လည် မသုံးချပါ၊ ကိုယ်လုပ်တဲ့ အလုပ် ချစ်ပါ၊
အကောင်းဆုံးဖြစ်အောင် လုပ်ပါ၊ အလုပ်ကောင်းလာပါလိမ့်မယ်။
ကံကောင်းချင် လူတွေအပေါ် စေတနာထား၊
မေတ္တာထား၊ ကူညီဆောင်ရွက်၊
မိဘ ကို အကောင်းဖြစ်အောင်
ပြုစုစောင့်ရှောက် ကံကောင်းလာလိမ့်မယ်။
" လူအများစုက ငါ့ဘ၀က ကံဆိုးပါတယ်။
ဘာလုပ်လုပ် အဆင်မပြေဘူး၊
သူများတွေများကံကောင်းလိုက်ကြတာ၊
ကံကြမ္မာက ငါ့ကို မျက်နှာသာ မပေးဘူး။
ကံဆိုးလိုက်တာ ထိုင်ပြီးပဲ၊ ညည်းငြူနေကြတယ်။ "
ဘာမှ မလုပ်ပါပဲ၊ ဘာကိုမှ မကြိုးစား မလုပ်ဆောင်ပါပဲ
ဘာကံမှ ကောင်းလာမှ မဟုတ်ပါဘူး။
ဘာလို့လဲ လူအများစုက အလုပ်တစ်ခု
လုပ်ရင် လိုချင် တက်မက်တဲ့ စိတ်နဲ့လုပ်ကြတယ်။
ကိုယ့်ဘက်က ဘာလုပ်ပေးမလဲ၊
ဘယ်လိုအကောင်းဆုံး လုပ်ပေးမလဲ မတွေးဘူး၊ မစဉ်းစားဘူး။
တစ်ချို့ ဘုရားမှာ ဆုတောင်းရင်တောင်
" ဘာရရပါလို၏၊ ညာရရပါလို၏၊ ဘာဖြစ်ရပါလို၏ "
ဆုတောင်းတွေ စုံနေတာပဲ။
အမြဲတမ်း ရရပါလို၏ တွေက များနေတယ်။
ဘာလုပ်ပေးရပါလို၏ ဆိုတာ မပါသလောက်ပါပဲ။
နည်းနည်းပေးပြီး များများပြန်တောင်းတဲ့ သူကများနေတယ်။
*အရှင်ဘုရား တပည့်တော် ငပျင်းတစ်ယောက်ပါဘုရား၊
ဒါပေမဲ့ ဒီလကုန်မိုးယံမှာထိုးထားတဲ့ ထီပေါက်ရပါလို၏။
လျှောက်ထားတဲ့ အလုပ်မှာလည်း ရာထူးကြီးကြီးနဲ့
လစာများများရရပါလို၏ တပည့်တော်ကို မစပေးတော်မူပါ*
ဆုတောင်းနေလို့ရနိုင်မလား။
အများကြီးလုပ်စရာမလိုပါဘူး။
ရှိတာလေးကိုပဲ သေသေချာချာလုပ်ပါ။
အများကြီးမတတ်ပါဘူး၊ တတ်တာလေးကိုပဲ
သေသေချာချာလုပ်ပါ။
အများကြီးမသိပါဘူး၊ သိတာလေးကိုပဲ
သေသေချာချာလုပ်ပါ။ အကောင်းဆုံးဖြစ်အောင်
လုပ်ပေးလိုက်ပါ၊ လုပ်ပေးနိုင်သမျှ
အကုန်လုပ်ပေးလိုက်ပါ။ ကံကောင်းလာပါလိမ့်မယ်။
(Katha Land)