21 BAGAN - People Defense Force

21 BAGAN - People Defense Force Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 21 BAGAN - People Defense Force, Government Organization, Mandalay.

Local PDF

အရေးတော်ပုံ အောင်သည်အထိ ပြည်သူနှင့်အတူ တစ်သားတည်း ရပ်တည်သွားမည်။

ကျွန်ုပ်တို့ဆီမှ ထောက်ခံချက်ဖြင့် ထောက်ပို့တပ်သားအဖြစ် ကျွန်ုပ်တို့နှင့်အတူ တော်လှန်ရေးမှာ ပါဝင်ပြီး စစ်ကောင်စီကို တွန်းလှန်နိုင်ပါသည်။

19/07/2026

19 ဇူလိူင် အမေ့နိူင်


အာဇာနည်နေ့ ဒို့မမေ့
(၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်
အာဇာနည်ခေါင်းဆောင် ၉ ဦးနဲ့တကွ
​​ေခ​တ်အဆက်ဆက် တရားမျှတမူအတွက်
လွတ်လပ်မှုအတွက် တော်လှန်တိုက်ပွဲဝင်ရင်း
ကျဆုံးခဲ့ရသော
အာဇာနည်သူရဲကောင်းအပေါင်းတို့အား
ဂုဏ်ပြုဦးညွှတ်ခြင်းအခမ်းအနား ။



#ပုဂံညောင်ဦး

19/06/2026

ယနေ့ဇွန်(၁၉)ရက်နေ့မှာကျရောက်သော အမေစုရဲ့ (81)နှစ်ပြည့် မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင် အသက်ရာကျော်ရှည်ပါစေ။ဘေးအန္တရာယ်ကင်းရှင်းပြီး အကျဉ်းကျခံနေရမှုမှ အမြန်ဆုံးလွတ်မြောက်ပြီး မိဘပြည်သူတွေနဲ့အတူ ငြိမ်းချမ်းစွာပြန်လည်ဆုံစည်းနိုင်ပါစေလို့ 21 Bagan တပ်ဖွဲ့ ရဲဘော်များမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။



#ပုဂံညောင်ဦး
#ငါ့သရောက်

တောင်သာမြို့နယ်အတွင်းဝင်ရောက်လာသော စကစ အင်းအား (၃၀၀)ခန့်ပါသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း မိမိတို့တော်လှန်...
10/06/2026

တောင်သာမြို့နယ်အတွင်းဝင်ရောက်လာသော စကစ အင်းအား (၃၀၀)ခန့်ပါသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း မိမိတို့တော်လှန်ရေး တပ်ဖွဲ့များမှ သိမ်းပိုက်ရရှိခဲ့သော စစ်ကောင်စီတပ်သားများ၏ ပစ္စည်းများ။

(တိုက်ပွဲသတင်းအား ဖျက်ချသွားခြင်းကြောင့် ပြန်လည်တင်ပြခြင်းသာဖြစ်သည်)


#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ

သတင်းထုတ်ပြန်ချက်။    ။ရက်စွဲ ။၂၀၂၆ ခုနှစ်၊ဇွန်လ ၃ ရက်၁ ။ မန္တလေးတိုင်းဒေသကြီး၊ငါ့သရောက်မြို့နယ်မှ တောင်သာမြို့နယ်အတွင်း...
03/06/2026

သတင်းထုတ်ပြန်ချက်။ ။

ရက်စွဲ ။၂၀၂၆ ခုနှစ်၊ဇွန်လ ၃ ရက်

၁ ။ မန္တလေးတိုင်းဒေသကြီး၊ငါ့သရောက်မြို့နယ်မှ တောင်သာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးကာ ပြည်သူ့အိုးအိမ်များကို ​မီးရှို့ဖျက်စီးနေသော စကစ အင်အား ၃၀၀ ပါ စစ်ကြောင်းကို ၂၀၂၆ ခုနှစ် ၊ မေလ ၃၁ ရက်နေ့ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ကျွန်ုပ်တို့ 21 Bagan တပ်ဖွဲ့နှင့် မဟာမိတ်တပ်များက လမ်းမှ ဖြတ်၍ တိုက်ခိုက်ရာ စစ်ခွေးများ အများအပြား သေခဲ့ပြီး ခဲယမ်းတစ်ချို့နှင့်စစ်အသုံးအဆောင်များသိမ်းဆည်းရမိခဲ့သည်။

၂။ ၎င်းစစ်ကြောင်းမှာအထိနာခဲ့သဖြင့် ညနေ ၆ နာရီ ၂၀မိနစ် ခန့်မှစ၍ Y-12 အမျိုးအစား တိုက်ခိုက်ရေး လေယာဥ်ဖြင့် ၇နာရီ ၁၀ မိနစ်ခန့်ထိ တော်လှန်ရေး တပ်ဖွဲ့များရှိရာနေရာများကို လှည့်ပတ်ကင်းထောက်ခဲ့ပြီး ည ၇နာရီ ၅၃ မိနစ်ခန့်အချိန်တွင် Fighter အမျိုးအစား တိုက်ခိုက်ရေးယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်ပြုလုပ်ခဲ့သည်။ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှာ ထိခိုက်မှု မရှိိခဲ့သော်လည်း ပြည်သူ ၃ ဦးနှင့် အိမ်မွေး တိရိစ္ဆာန်များ ထိခိုက်မှု ရှိခဲ့သည်။

၃။ ထိုအထိနာသော စစ်ကြောင်းမှာ တောင်သာနယ်တစ်နေရာ တော်လှန်ရေးတပ်စခန်းတစ်ခုကို မီးရှို့်ဖျက်စီးပြီး ထွက်လာစဥ် ကျွန်ုပ်တို့ မဟာမိတ်တပ်များမှာ ထပ်မံတိုက်ခိုက်ရာ ခွေးများ အတုံးအရုံး ထပ်မံသေခဲ့သည်။ ၎င်းစစ်ကြောင်းမှ သေဆုံးသူခွေးအလောင်းများကို အိမ်တွေထဲထည့်ကာ မီးရှို့သွားကြောင်း သိရသည်။ ထိုတိုက်ပွဲတွင်လဲ မိမိတို့ တော်လှန်ရေးတပ်များမှာ စစ်ခွေးများ၏ အသုံးအဆောင် ပစ္စည်းများနှင့် ခဲယမ်း အနည်းငယ်ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

၄။ စကစစစ်ကြောင်းသည် အပစ်မဲ့ပြည်သူ ၃ ဦးထပ်မနည်း မီးရှို့သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းများကိုတွေ့ရှိခဲ့ရပြီး ပျောက်ဆုံးနေ့သည် ပြည်သူများလဲရှိနေသည်။ ပြည်သူများအနေဖြင့် စစ်ရေးတင်းမာနေသောအချိန်တွင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ထားသော စည်းကမ်းချက်မှာအား လိုက်နာပေးကြရန် အထူးလိုအပ်ပါသည်။

၅။ အင်အား ၃၀၀ ခန့်ပါသော ၎င်းစစ်ကြောင်းကို

၁။ 21 Bagan People Defense Force
၂။ ပုဂံဂဠုန်ပြောက်ကျားတပ်ဖွဲ့
၃။ Popa Guerilla Force (ပုပ္ပါးပြောက်ကျားတပ်ဖွဲ့)
၄။ မြင်းခြံခရိုင်တပ်ရင်း(၃) နှင့်
၅။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)

တို့မှ အတူတကွ ပူးပေါင်း တိုက်ခိုက်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ

Photo: : (စစ်ခွေးများထံမှ ရရှိထားသော ပစ္စည်းတစ်ချို့)

သတင်းထုတ်ပြန်ချက်ရက်စွဲ။၂၀၂၆ခုနှစ် ၊မေလ ၂၈ ရက်၁။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ  ငါ့သရောက်မြို့နယ်အတွင်း စစ်ကြေ...
28/05/2026

သတင်းထုတ်ပြန်ချက်

ရက်စွဲ။၂၀၂၆ခုနှစ် ၊မေလ ၂၈ ရက်

၁။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ ငါ့သရောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီ စစ်ကြောင်းမှ စစ်သားတဦးကို ၂၆.၅.၂၀၂၆ရက်နေ့တွင် မိမိတို့ရှေ့တန်းတော်လှန်ရေး ရဲဘော်များမှ လက်ရအရှင်ဖမ်းဆီးရမိခဲ့ပါသည်။

၂။ ယခုဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သား မျိုးထက်ဇော်၊ ကိုယ်ပိုင်နံပတ် (ပစ-၁၇၇၅၈၅) နှင့်အတူ MA -1 သေနတ် ၁လတ်၊ ကျည် ၁၀၀၊ ဘောက် ၄ဘောက်၊ ၆၀မမ ၁ဖူးတို့ကို ၎င်းနှင့်အတူသိမ်းဆည်းရရှိခဲ့ပါသည်။

၃။ ယခု လုပ်ဆောင်မှုကို မိမိတို့ 21 BAGAN - People Defense Force ၊ ပခုက္ကူခရိုင် Localတပ်ရင်း(PDLB)၊ Earthquake People's Defense Force ၊ Bagan Garuda Force ၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့-DYTနှင့် Badassess Burma Force တို့မှပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။



#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
Highlight ⊕

16/05/2026

သတင်းထုတ်ပြန်ချက်

၂၀၂၆ခုနှစ်၊ မေလ ၁၆ရက်

၁။ ၂၀၂၆ခုနှစ်၊မေလ၁၃ရက်နေ့တွင် မ‌န္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား (၁၂၀) ခန့်ပါစစ်ကောင်စီ စစ်ကြောင်းနှင့် ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတနေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
၂။ ထိတွေ့တိုက်ပွဲ (၂ )ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး (၃ )နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ (၄)ယောက် သေဆုံးပြီး အထိအခိုက်များနိုင်ပါသည်။ စစ်ကောင်စီဘက်မှ ကျည်အနည်းငယ်နှင့် စစ်အသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့ပါသည်။
၃။ အဆိုပါတိုက်ခိုက်မှုကို 21Bagan-People Defense Force၊ ပခုက္ကူခရိုင်Localတပ်ရင်း(PDLB) ၊ Good Brothers၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT နှင့် Bagan Garuda Force တို့မှ ပူးပေါင်း‌လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

မိဘပြည်သူများ အနေဖြင့်လဲ ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေများကို သတိရှိဖို့ အနူးညွှန့်ပန်ကြားအပ်ပါသည်။


#ပုဂံညောင်ဦးတပ်ပေါင်းစု

#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
Highlight ⊕

05/05/2026

ကျွန်ုပ်တို့ 21 Bagan တပ်ဖွဲ့နှင့်အတူ တိုက်ပွဲများကို အတူတကွ ပူးပေါင်းပြီး ပါဝင်ခဲ့ကြသော မဟာမိတ်တပ်ဖွဲ့များနှင့် ရဲဘော်ရဲဘော်များအားလုံးကို အထူးလေးစာလျှက်



#ပုဂံညောင်ဦးတပ်ပေါင်းစု
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
Highlight ⊕

❤ ရဲဘော်ရဲဘက် ဆိုတာထက် ❤ 🤍ငါတို့ဟာ ညီကိုတွေဆို ပိုမှန်မယ် 🤍  #ပုဂံညောင်ဦးတပ်ပေါင်းစု Highlight ⊕
30/04/2026

❤ ရဲဘော်ရဲဘက် ဆိုတာထက် ❤
🤍ငါတို့ဟာ ညီကိုတွေဆို ပိုမှန်မယ် 🤍


#ပုဂံညောင်ဦးတပ်ပေါင်းစု

Highlight ⊕

💪
19/04/2026

💪

ရန်သူက လက်နက်ကိုကြောက်တာမဟုတ်ဘူးစည်းလုံးမှုကို ကြောက်တာ 💪
19/03/2026

ရန်သူက လက်နက်ကိုကြောက်တာမဟုတ်ဘူး

စည်းလုံးမှုကို ကြောက်တာ 💪

ပုဂံညောင်ဦး Local တပ်ပေါင်းစု ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာချက်။

#ပုဂံညောင်ဦးlocalတပ်ပေါင်းစု

#တပ်ပေါင်းစု
21 BAGAN - People Defense Force
Secret Force (ပုဂံ/ဂဠုန်တပ်)
Warrior Force
#ဒေါင်းရင်သွေးပျောက်ကြားတပ်ဖွဲ့ (DYT)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 21 BAGAN - People Defense Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share