02/09/2026
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အတွင်းရှိ မူးမြစ်ကမ်းအနီးမှ ရေဘေးသင့် ကျေးရွာတစ်ခုအား ဆရာမ ရွှေဂျူးမှ တစ်ဆင့် "ဓမ္မဘက်တော်သားများအဖွဲ့ (Sydney)" မှ ကူညီလှူဒါန်းငွေ သိန်း (၂၀)ကျပ်တိတိအား ကျွန်တော်တို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လက်ခံရရှိခဲ့ပါသည် ။
ကူညီလှူဒါန်းငွေ သိန်း (၂၀) ကျပ်အား အိမ်ထောင်စု (၁၄၀) စာ အတွက် စားနပ်ရိက္ခာများအား ကျနော်တို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အလှူရှင်များကိုယ်စား သွားရောက် ကူညီလှူဒါန်းပေးခဲ့ပါသည်။
ယခုလို ကူညီလှူဒါန်းပေးပါသော ဓမ္မဘက်တော်သားများ အဖွဲ့ (Syndey) နှင့် ဆရာမ ရွှေဂျူးအား ပြည်သူများကိုယ်စား ကျွန်တော်တို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ 🙏🙏🙏
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)