Mandalar Hospital

Mandalar Hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalar Hospital, 33rd Street, Between 68th and 69th Streets, Mandalay.
(306)

အထက်မြန်မာပြည်၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော 𝐉𝐨𝐢𝐧𝐭 𝐂𝐨𝐦𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 (𝐉𝐂𝐈) အသိအမှတ်ပြုလက်မှတ်ရ နိုင်ငံတကာအဆင့်မီ “မန္တလာဆေးရုံ”

ဖုန်း- 09 423 343 640, 09 423 343 641

🏥 “မန္တလာဆေးရုံ” တွင် ကျင်းပပြုလုပ်ခဲ့သော Mass Casualty Incident (MCI) Drill 2026 ၏ အမှတ်တရပုံရိပ်များ 📸အရေးပေါ်အခြေအနေမ...
07/08/2026

🏥 “မန္တလာဆေးရုံ” တွင် ကျင်းပပြုလုပ်ခဲ့သော Mass Casualty Incident (MCI) Drill 2026 ၏ အမှတ်တရပုံရိပ်များ 📸

အရေးပေါ်အခြေအနေများတွင် လူနာတိုင်းကို မြန်ဆန်စွာစနစ်တကျနှင့် ထိရောက်အောင် ကူညီစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ မန္တလာဆေးရုံ၌ Mass Casualty Incident (MCI) Drill 2026 ကို အောင်မြင်စွာ လေ့ကျင့်
ဆောင်ရွက်ခဲ့ပါတယ်။

အရေးပေါ်အခြေအနေတစ်ရပ်ကို လက်တွေ့ဖြစ်စဉ်သဖွယ် Simulation ပြုလုပ်ကာ ဆေးရုံ၏ Executive Management နှင့် ဌာနအသီးသီးမှ ဝန်ထမ်းများ အချင်းချင်း ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခိုက်အတန့် ပုံရိပ်လေးများကို မှတ်တမ်းတင်ပါရစေရှင်…🤳

🏥 “မန္တလာဆေးရုံ” ဟာ လူနာဘေးကင်းရေးနှင့် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အမြဲအသင့်ရှိနေပါတယ်။ ❤️

🤝 Be Prepared Together. Respond Together. Protect Every Patient.

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

🤱 မိခင်တစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးအချိန်ဖြစ်တဲ့ မီးဖွားချိန်ဟာ လုံခြုံမှု၊ ယုံကြည်မှုနဲ့ ကျွမ်းကျင်တဲ့ စောင့်ရှောက်မှ...
07/08/2026

🤱 မိခင်တစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးအချိန်ဖြစ်တဲ့ မီးဖွားချိန်ဟာ လုံခြုံမှု၊ ယုံကြည်မှုနဲ့ ကျွမ်းကျင်တဲ့ စောင့်ရှောက်မှုတွေ အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။

ဒီလို အဖိုးတန်တဲ့နေ့ရက်မှာ မိခင်နဲ့ ရင်သွေးလေး နှစ်ဦးလုံးကို လိုအပ်သော အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိဖို့အတွက် “မန္တလာဆေးရုံ” ၏ Maternity Package (ကလေးမွေးဖွားခြင်း အစီအစဉ်)ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။

🤔ဘာကြောင့် “မန္တလာဆေးရုံ” ရဲ့ Maternity Packages ကိုရွေးချယ်သင့်လဲ?

✔️ ကျွမ်းကျင်အတွေ့အကြုံပြည့်ဝသော သားဖွားမီးယပ်အထူးကုဆရာဝန်များမှ အနီးကပ်စောင့်ရှောက်၍ မီးဖွားပေးခြင်း

✔️ မီးဖွားချိန်မတိုင်မီမှ စ၍ မီးဖွားပြီးနောက်အထိ မိခင်နှင့် ရင်သွေးငယ်အတွက် ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခြင်း

✔️ သန့်ရှင်းလုံခြုံပြီး နွေးထွေးသော ဆေးရုံပတ်ဝန်းကျင်တွင် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ခြင်း

✔️ Package တစ်ခုတည်းဖြင့် လိုအပ်သော ဝန်ဆောင်မှုများကို အဆင်ပြေပြေ ရရှိနိုင်သဖြင့် အချိန်နှင့် ကုန်ကျစရိတ်ကိုလည်း စီမံရလွယ်ကူခြင်း တို့ကြောင့် ရွေးချယ်သင့်ပါတယ်ရှင်…😍

🤱 မေမေတို့ရဲ့ ဘဝအဖိုးတန်ဆုံးနေ့ရက်ကို စိတ်ချလက်ချ၊ ယုံကြည်စွာ ဖြတ်သန်းနိုင်ဖို့ “မန္တလာဆေးရုံ” က အမြဲတမ်း အနားမှာ ရှိနေမှာပါ။ 😍

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

🙏 ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ မင်္ဂလာအခါသမယ 🙏ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ “ဝါဆိုလပြည့် ဓ...
29/07/2026

🙏 ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ မင်္ဂလာအခါသမယ 🙏

ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ “ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့” ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်မှ ဗောဓိဉာဏ်တော် ရရှိပြီးနောက် ပထမဆုံးအကြိမ် ဓမ္မစင်္ကြာတရားတော် ကို ဟောကြားတော်မူခဲ့သည့်နေ့ဖြစ်သလို၊ သံဃာတော်များအစပြု ပေါ်ပေါက်လာခဲ့သော နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။

ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားရှင်အား အာရုံပြုကာ သံဃာတော်အရှင်သူမြတ်များအား သင်္ကန်း၊ ပရိက္ခရာများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ကြည်ညိုသဒ္ဓါဖြင့် ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိကြပါသည်။

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် ခုနှစ်ရက်သား၊ သမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ကုသိုလ်ကောင်းမှုများ တိုးပွား၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ရရှိပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်၍ ငြိမ်းချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း “မန္တလာဆေးရုံ မိသားစု” မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

“ သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ ”

“မန္တလေးမြို့”

🏥 လိပ်စာ - ၃၃ လမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

📣 Job Vacancy Announcement, We’re Hiring 📣  🏥 “မန္တလာဆေးရုံလုပ်ငန်းစု”၏ Construction Project တွင်တာဝန်ထမ်းဆောင်ရန် အောက်...
28/07/2026

📣 Job Vacancy Announcement, We’re Hiring 📣

🏥 “မန္တလာဆေးရုံလုပ်ငန်းစု”၏ Construction Project တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာ အတွက် ခေါ်ယူလျက်ရှိပါသည်။

💼 Security (လုံခြုံရေး) - 3 Posts

✅ Benefit Package
• Attractive Salary
• Medical Benefit
• Leave as per organization's policy
• Loyalty Bonus based on service year
• Personal and Professional Development

▶️ Apply by sending your CV form to the email below 👇

📧 Email : [email protected]

📞 Phone & Viber : 09 799 529 965

🔔 ကျန်းမာရေးဗဟုသုတ ဉာဏ်စမ်းမေးခွန်းဖြေဆိုပြီး ဖုန်းဘေလ် (၁၀၀၀၀) ကျပ်ရယူပါ 🔔🏥 “မန္တလာဆေးရုံ”မှ ကျန်းမာရေးနှင့်ပတ်သက်သော ဗ...
27/07/2026

🔔 ကျန်းမာရေးဗဟုသုတ ဉာဏ်စမ်းမေးခွန်းဖြေဆိုပြီး ဖုန်းဘေလ် (၁၀၀၀၀) ကျပ်ရယူပါ 🔔

🏥 “မန္တလာဆေးရုံ”မှ ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတ​များကို အပတ်စဉ်မျှဝေပေးသွားမှာ ဖြစ်ပြီး ယခုအပတ်မှာတော့ “သွေးအားနည်းရောဂါရဲ့ အဖြစ်များဆုံး လက္ခဏာက ဘာလဲ”ဆိုတဲ့မေးခွန်းရဲ့ အဖြေကို Comment မန့်ပြီး Public ဖြင့် share ပေးဖို့ လိုအပ်ပါတယ်ရှင့်။

📅 လာမယ့်အပတ်အတွင်းမှာ အဖြေမှန်လေးကို Comment မှာ ပြန်လည်ဖြေကြားပေးသွားမှာပါနော်။

အဖြေမှန်ပြီး ယခု Post ကို Share ထားသူများထဲမှ (၁) ဦးအား မဲနှိုက်ရွေးချယ်ပြီး “ဖုန်းဘေလ်/ Kpay 10000 ကျပ်” လက်ဆောင်ပေးသွားမှာဖြစ်တာကြောင့် အခုပဲ အဖြေမှန်ကို ဝင်ရောက်ခန့်မှန်းဖြေဆိုပြီး ဖုန်းဘေလ်ရယူလိုက်ပါ။ 😍

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 940 070 097, 09 941 860 655

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

📣 Mandalar Hospital Customer Service Hotline Numbers Updated ☎️ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ၊ မြန်ဆန်၊ အဆင်ပ...
27/07/2026

📣 Mandalar Hospital Customer Service Hotline Numbers Updated ☎️

ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ၊ မြန်ဆန်၊ အဆင်ပြေစွာ ရယူနိုင်စေရန်အတွက် မန္တလာဆေးရုံ (Mandalar Hospital) ၏ Customer Service Hotline Numbers များကို အောက်ပါအတိုင်း Update ပြုလုပ်ထားကြောင်း အသိပေးအပ်ပါသည်။ 📢

📞 Customer Service Hotline Numbers

☎️ 09-423 343 640
☎️ 09-423 343 641
☎️ 09-9400 700 97

💁‍♀️ အောက်ပါဝန်ဆောင်မှုများအတွက် Customer Service Team သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

✅ အထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းကြိုတင်ရယူလိုခြင်း

✅ အထူးကုဆရာဝန်ကြီးများ၏ ဆေးကုသမှုအစီအစဉ်များနှင့် OPD Schedule များကို စုံစမ်းမေးမြန်းလိုခြင်း

✅ ကျန်းမာရေးစစ်ဆေးမှုများ (Health Check-up) နှင့် အခြားဝန်ဆောင်မှုများအကြောင်း အချက်အလက်များ သိရှိလိုခြင်း

✅ အရေးပေါ်ကျန်းမာရေးအကူအညီများ လိုအပ်
သည့်အခါ ဆက်သွယ်အကူအညီတောင်းယူလိုခြင်း

✅ ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်သော အကြံပြုချက်များ၊ မေးမြန်းချက်များနှင့် အကြံအဉာဏ်များ ပေးပို့လိုခြင်းအတွက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။😍

🏥 “မန္တလာဆေးရုံ” Customer Service Team မှ လူနာများနှင့် မိသားစုဝင်များ၏ လိုအပ်ချက်များကို ဂရုတစိုက် နားထောင်ပေးပြီး မြန်ဆန်၊ တိကျ၊ နွေးထွေးသော ဝန်ဆောင်မှုများ ပေးနိုင်ရန် အမြဲအသင့်ရှိနေပါသည်။

🏥 Mandalar Hospital သည် JCI Accredited Hospital အဖြစ် နိုင်ငံတကာအဆင့်မီ လူနာဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် လူနာတိုင်း၏ ကျန်းမာရေးလိုအပ်ချက်များကို ယုံကြည်စိတ်ချစွာ ဖြည့်ဆည်းကုသပေးလျက်ရှိပါသည်။

“ သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ ”

“မန္တလေးမြို့”

🏥 လိပ်စာ - ၃၃ လမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။






📣 Job Vacancy Announcement, We’re Hiring 📣  🏥 မန္တလေးမြို့, မန္တလာဆေးရုံတွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ...
27/07/2026

📣 Job Vacancy Announcement, We’re Hiring 📣

🏥 မန္တလေးမြို့, မန္တလာဆေးရုံတွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိပါသည်။

💼 Patient Care Assistant (Medical Imaging Department) - 2 Posts

✅ Job Requirement
➢ အထက်တန်းအောင်မြင်ပြီးသူ (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရထားသူဖြစ်ရမည်။
➢ Nurse Aid, Pharmacist Aid နှင့်ပက်သက်၍ certificate ရရှိထားသူဖြစ်ရမည်။
➢ ဓာတ်မှန်ဌာနတွင် အလုပ်လုပ်ဖူးသော အတွေ့အကြုံရှိရမည်။ (အတွေ့အကြုံမရှိသေးသူများလည်း စိတ်ပါဝင်စားပါက လျှောက်ထားနိုင်ပါသည်။)
➢ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

✅ Benefit Package
➢ Attractive Salary
➢ Medical Benefit
➢ Leave as per organization’s policy
➢ Loyalty Bonus based on service year
➢ Personal & Professional Development

▶️ Apply by sending your CV form to the email below 👇

Email : [email protected]

Phone & Viber: 09799529965

📣 Job Vacancy Announcement, We’re Hiring 📣  🏥 မန္တလေးမြို့, မန္တလာဆေးရုံတွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ...
27/07/2026

📣 Job Vacancy Announcement, We’re Hiring 📣

🏥 မန္တလေးမြို့, မန္တလာဆေးရုံတွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိပါသည်။


💼 Assistant Manager (Human Resources)

✅ Job Requirements
• Master Degree or Bachelor Degree holder in Business Administration, Healthcare Administration or Human Resources Management
• Prior working experience in healthcare industry or similar field would be an advantage
• Must have 5 years of working experience
• Must have at least 2 years of experience in managerial role
• Familiarity with HRIS systems would be an advantage
• Ability to communicate effectively with people within a multinational environment.
• Experience of deploying and managing change in a multi-dimensional matrix environment will be an advantage.

✅ Benefit Package:
• Attractive Salary
• Medical Benefit
• Leave as per organization's policy
• Loyalty Bonus based on service year
• Personal and Professional Development

▶️ Apply by sending your CV form to the email below 👇

Email : [email protected]

Phone & Viber: 09799529965

📣 We are hiring 📣
23/07/2026

📣 We are hiring 📣

🔔 Job Vacancy Announcement, We’re Hiring 🔔

🏥 “မန္တလာဆေးရုံ ” မှ အသစ်ထပ်မံဖွင့်လှစ်ထားသည့် “အထူးကုဆေးခန်းအသစ်” (New Specialist OPD Center)တွင် တာဝန်ထမ်း ဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူ လျက်ရှိပါသည်။

💼 Medical Officer - 5 Posts

✅ Benefit Package
• Attractive Salary
• Medical Benefit
• Leave as per organization's policy
• Loyalty Bonus
• Personal and Professional Development

▶️ Apply by sending your CV form to the email below 👇

Email : [email protected]

Phone & Viber: 09799529965

🩺 ဆီးချိုနှင့် ဟော်မုန်းရောဂါများကို စောစီးစွာ သိရှိကုသပြီး သင့်ကျန်းမာရေးကို ကာကွယ်လိုက်ပါ။ဆီးချိုနှင့် ဟော်မုန်းရောဂါမ...
23/07/2026

🩺 ဆီးချိုနှင့် ဟော်မုန်းရောဂါများကို စောစီးစွာ သိရှိကုသပြီး သင့်ကျန်းမာရေးကို ကာကွယ်လိုက်ပါ။

ဆီးချိုနှင့် ဟော်မုန်းရောဂါများသည် နာတာရှည်ဖြစ်ပွားနိုင်သော ရောဂါများဖြစ်ပြီး စောစီးစွာ စစ်ဆေးကုသခြင်းကသာ နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်ပါတယ်။

အဖြစ်များသော ဆီးချိုနှင့် ဟော်မုန်းရောဂါများဖြစ်တဲ့-

🔹 အင်ဆူလင် မထုတ်နိုင်ခြင်း (Type 1 Diabetes)
🔹 အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်ခြင်း (Type 2 Diabetes)
🔹 ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားသော ဆီးချိုရောဂါ (Gestational Diabetes)
🔹 သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း (Hyperthyroidism)
🔹 သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း (Hypothyroidism)
🔹 သိုင်းရွိုက်ဂလင်း ကြီးခြင်း (Goiter) စတဲ့ ဆီးချိုနှင့် ဟော်မုန်းရောဂါများကို မထိန်းချုပ်ဘဲထားမယ်ဆိုရင်…

❗ နှလုံးနှင့် သွေးကြောရောဂါများ
❗ ကျောက်ကပ်ထိခိုက်ခြင်း
❗ မျက်စိအမြင်အာရုံ ထိခိုက်ခြင်း
❗ အာရုံကြောပျက်စီးခြင်း
❗ သွေးတိုး၊ သွေးအဆီဓာတ် မမှန်ခြင်းနှင့် အခြားနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးကို ကာကွယ်ဖို့အတွက် စောစီးစွာ စစ်ဆေးခြင်း၊ တိကျသော ရောဂါရှာဖွေစစ်ဆေးမှုများနှင့် အထူးကုဆရာဝန်ကြီး၏ ကုသမှုကို ခံယူခြင်းက အရေးကြီးဆုံးဖြစ်ပါတယ်။

🏥 “မန္တလာဆေးရုံ”တွင် အထွေထွေရောဂါ၊ ဆီးချိုနှင့်ဟော်မုန်းရောဂါဆိုင်ရာ အထူးကုသမားတော်ကြီး

👨‍⚕️ တွဲဖက်ပါမောက္ခ ဒေါက်တာ ရာပြည့် နှင့် လာရောက် ပြသနိုင်ပါပြီ။

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

Address

33rd Street, Between 68th And 69th Streets
Mandalay

Alerts

Be the first to know and let us send you an email when Mandalar Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mandalar Hospital:

Shortcuts

Share