LUCKY ONE Logistics

LUCKY ONE Logistics Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LUCKY ONE Logistics, No-167, 60st bet: 37st and 38st, mdy, Mandalay.

We transport goods and service duty clearance from China to all places of Myanmar
OUR MISSION
- To provide the best services by serving the innovative transportation for the needs of customers.

23/06/2026

23-06-2026- 10:30AM
Exchange rate

Alipay: ယွမ် → 653 ( 153 )
Wechatpay: ယွမ် → 651 ( 153.5 )

23/06/2026

နှစ်တွေသာ ကုန်သွားတယ် အခြေမပြောင်းလဲသော မိမိ 🥲

ကုန်သွယ်ရေး Trade နယ်ပယ်မှာ CO ဆိုတာဘာလဲ Part -1ကုန်သွယ်ရေး Trade နယ်ပယ်မှာ CO ဆိုတာ Certificate of Origin မူရင်းဒေသသက်သ...
18/05/2026

ကုန်သွယ်ရေး Trade နယ်ပယ်မှာ CO ဆိုတာဘာလဲ Part -1

ကုန်သွယ်ရေး Trade နယ်ပယ်မှာ CO ဆိုတာ Certificate of Origin မူရင်းဒေသသက်သေခံလက်မှတ်ကို ဆိုလိုတာဖြစ်ပါတယ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြုလုပ်တဲ့အခါ မိမိတင်ပို့လိုက်တဲ့ ကုန်ပစ္စည်းဟာ ဘယ်နိုင်ငံမှာ ထုတ်လုပ်တာလဲဆိုတာကို တရားဝင် အတည်ပြုပေးတဲ့ စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။

နိုင်ငံအချင်းချင်း ချုပ်ဆိုထားတဲ့ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များ FTAအရ သွင်းကုန်ခွန် သက်သာခွင့်ရဖို့အတွက် CO က အဓိက လိုအပ်ပါတယ် ဥပမာ အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်လျှင် Form D ကို သုံးပြီး အခွန်လျှော့ပေါ့ခွင့် ရယူနိုင်ပါတယ်။Import လုပ်တဲ့သူအတွက် အခွန် (Customs Duty) 3% ပေးရမည့်အစား CO (Form D) ရှိရင် 0% ပဲ ပေးရတာမျိုး ဖြစ်နိုင်လို့ ကုန်ကျစရိတ် အများကြီး သက်သာစေပါတယ်ပြီးတော့ နိုင်ငံတကာ ဘဏ်လုပ်ငန်း Trade Finance တွေမှာ ပစ္စည်းရဲ့ အရင်းအမြစ်ကို ယုံကြည်စိတ်ချရဖို့ CO ကို မဖြစ်မနေ တောင်းဆိုလေ့ရှိပါတယ် နောက် အချို့နိုင်ငံတွေက ကုန်ပစ္စည်း အရေအတွက် ကန့်သတ်ထားတဲ့အခါ CO ရှိမှသာ တင်သွင်းခွင့် ရတတ်ပါတယ်။

အချို့နိုင်ငံတွေဟာ အချို့သောနိုင်ငံတွေကလာတဲ့ ကုန်ပစ္စည်းတွေကို ပိတ်ပင်ထားတာ ဒါမှမဟုတ် ပမာဏ ကန့်သတ်ထားတာမျိုး ရှိတတ်ပါတယ်။ အဲဒီအခါမှာ ပစ္စည်းဟာ ပိတ်ပင်ထားတဲ့နိုင်ငံက မဟုတ်ကြောင်း သက်သေပြဖို့ CO ကို သုံးရပါတယ် ပြီးတော့ အစိုးရတွေအနေနဲ့ ဘယ်နိုင်ငံကနေ ဘာပစ္စည်းတွေ ဘယ်လောက်ဝင်နေလဲဆိုတာကို တိတိကျကျ သိရှိနိုင်ဖို့အတွက် CO ကို ကြည့်ပြီး စာရင်းပြုစုပါတယ်။

COမှာ ဆိုရင် Non-Preferential CO အမျိုးအစားဖြစ်ပြီး အခွန်လျှော့ပေါ့ခွင့် မရသော်လည်း ပစ္စည်းရဲ့ မူရင်းဒေသကို သက်သေပြဖို့အတွက်သာ သုံးပါတယ် ဒါကိုတော့ စက်မှုလက်မှုနဲ့ကုန်သည်အသင်းချုပ် UMFCCIက ထုပ်ပေးပါတယ် နောက်တမျိုးဖြစ်တဲ့Preferential CO ဒါကတော့ FTA သဘောတူညီချက်ရှိတဲ့ နိုင်ငံတွေကြားမှာ အခွန်သက်သာခွင့် ရရှိဖို့အတွက် အထူးထုတ်ပေးတဲ့ လက်မှတ်တွေဖြစ်ပါတယ် ဒါကိုတော့စီးပွားကူးသန်းက ထုပ်ပေးမှာဖြစ်ပါတယ်။

Tradeမှာ အပြန်အလှန်သက်သာခွင့်ရှိသော CO ဖြစ်တဲ့ ဥပမာ ကိုယ်နိုင်ငံသွင်းရင် ဒီပစ္စည်းကိုကိုကိုယ်ကလည်း အခွန်လျော့ပေးရမယ် တခြားအဲ့နိုင်ငံတွေကိုပို့ရင်လည်း အဲ့နိုင်ငံကလည်း အခွန်လျော့ပေးရမယ် စသဖြင့်အပြန်အလှန်လျော့ပေးရတာမျိုးဖြစ်ပါတယ် မြန်မာနိုင်ငံမှာ ဒီလိုအပြန်အလှန်ပေးရတဲ့ Form ၈မျိုးရှိပါတယ် ဘာတွေလဲဆိုတော့

1 - AFTA (ATIGA Form-D)ဆိုတဲ့ အာဆီယံ အဖွဲ့ဝင် (၁၀) နိုင်ငံအတွက်ဖြစ်ပြီး

2 - ASEAN - China FTA (Form-E) ဆိုတဲ့ အာဆီယံ (၁၀) နိုင်ငံနှင့် တရုတ်နိုင်ငံအတွက်

3 - ASEAN - Korea FTA (Form-AK) ဖြစ်တဲအာဆီယံ (၁၀) နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအတွက်

4 - ASEAN - Japan CEP (Form-AJ)ကတော့ အာဆီယံ (၁၀) နိုင်ငံနှင့် ဂျပန်နိုင်ငံ

5 - ASEAN - Australia & New Zealand FTA (Form-AANZ)ဆိုတဲ့ အာဆီယံ (၁၀) နိုင်ငံ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံ

6 - ASEAN - India FTA (Form-AI) အာဆီယံ (၁၀) နိုင်ငံနှင့် အိန္ဒိယနိုင်ငံ

7 - ASEAN - Hong Kong (China) FTA (Form-AHK) အာဆီယံ (၁၀) နိုင်ငံနှင့် ဟောင်ကောင် (တရုတ်)

8 - Regional Comprehensive Economic Partnership FTA (Form RCEP) အာဆီယံ (၁၀) နိုင်ငံနှင့် ကိုရီးယား၊ ဂျပန်၊ တရုတ်၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံများစတဲ့အပြန်အလှန်သက်သာမှုအတွက် ဒီ form ၈မျိုးကို သုံးရမှာဖြစ်ပါတယ်။

နောက်form တစ်မျိုးက တစ်ဖက်သတ် အကောက်ခွန်သက်သာကင်းလွတ်ခွင့်ပေးထားတဲ့formတွေက ကိုယ်နိုင်ငံဘက်ကပေးဖို့မလိုပါဘူး တခြားနိုင်ငံတွေက မြန်မာနိုင်ငံအတွက် အထူးပေးထားတာမျိုးဖြစ်ပါတယ် ဒီအတွက် form ၄မျိုးရှိပါတယ် ဘာတွေလဲဆိူတော့

1 - Form-A ဆိုတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ US ၊ Japan ၊UK ၊ Canada၊ Australia ၊Switzerland စတဲ့ ကမ္ဘာပေါ်မှာ GSP အခွင့်အရေးပေးတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံပေါင်း (၃၉) နိုင်ငံ ဆိုတဲ့အဲဒီနိုင်ငံတွေက တစ်နိုင်ငံချင်းစီ သီးသန့်စည်းမျဉ်းတွေနဲ့ မဟုတ်ဘဲ အုပ်စုဖွဲ့ပြီး အစီအစဉ် (၁၂) ခု (12 Schemes) အဖြစ် ခွဲပြီး အခွင့်အရေးပေးတာ ဖြစ်ပါတယ်။နောက်

2 -Preferential Treatment for LDCs from Korea (Form-Korea)ဆိုတဲ့ Korea ကပေးတာဖြစ်ပါတယ်။

3 - Duty-Free Tariff Preference (DFTP Scheme) from India (Form-DFTP)ဆိုတဲ့ indiaကပေးတာဖြစ်ပါတယ်။

4 - Duty-Free Treatment Granted by China (Form-China)ဆိုတဲ့ တရုတ်ကပေးတာဖြစ်ပါတယ်။
စတဲ့ ကိုယ်ကပေးစရာမလိုပဲ သူတို့ကပဲပေးတဲ့ ၄မျိုးရှိပါတယ်။

နောက် Part - 2မှာ ဘယ်လိုပစ္စည်းတွေ ဘယ်လိုတွေထုပ်မှ CO ရတယ်ဆိုတာကို ဆက်ပြီးပြောပြပေးပါ့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Crd Myint Maung Maung Tun

Address

No-167, 60st Bet: 37st And 38st, Mdy
Mandalay

Alerts

Be the first to know and let us send you an email when LUCKY ONE Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to LUCKY ONE Logistics:

Shortcuts

Share