Military Armed Forces

Military Armed Forces Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Military Armed Forces, Government Organization, Mawkanin.

မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း========================အခန်း - ၁၈ -*ပါလီမန်ဒီမိုကရေစီတိုက်ပွဲအသွင်နှင့် မွန်ပြည်သူ့တပ်...
01/06/2020

မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း
========================
အခန်း - ၁၈ -

*ပါလီမန်ဒီမိုကရေစီတိုက်ပွဲအသွင်နှင့် မွန်ပြည်သူ့တပ်ဦး။*
ပါလီမန်ဒီမိုကရေစီတိုက်ပွဲအသွင်သို့ မွန်ပြည်သူ့တပ်ဦးပြောင်းလာပြီးနောက် မွန်ပြည်သူ့တပ်ဦး၏ သေနင်္ဂဗျူဟာဖြစ်သော မွန်အမျိုးသားလွတ်မြောက်ရေးလုပ်ရန် အခြေခံအဆင့်ဖြစ်သော မွန်အမျိုးသားညီညွတ်ရေးအသွင်လုပ်ရန် မွန်ပြည်သူ့တပ်ဦးဌာနချုပ် ဥက္ကဌ နိုင်အောင်ထွန်း ခေါင်းဆောင်သောအဖွဲ့သည် ၁၉၅၈ - ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် မွန်တိုင်းရင်းသားအစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဆွေးနွေးရန် ရန်ကုန်မြို့သို့ တက်ရောက်လာသည်။ ၄င်းနှင့်အတူ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ နိုင်ချမ်းမွန်တို့ ပါဝင်ခဲ့သည်။ နိုင်အောင်ထွန်းတို့အဖွဲ့ကို ဟိတဂဝေသီမွန်သံဃာတော်များမှ သံဃာတော်များနှင့်တကွ ရာမညအဖွဲ့ချုပ်ဥက္ကဌ ဦးချစ်သောင်း အဖွဲ့ဝင်များ၊ တက္ကသိုလ်မွန်အသင်းမှ ကျောင်းသူကျောင်းသားများ ရန်ကုန်ဘူတာကြီး၌ လာရောက်ကြိုဆိုကြသည်။

သြဂုတ်လ (၁၈) ရက်နေ့တွင် ကျိုက်သီမွန်ကျောင်းတွင် မွန်တိုင်းရင်းသားဥက္ကဌ မွန်ဦးဖိုးချိုနှင့်တွေ့ဆုံရန် ချိန်းဆိုထားသော်လည်း မွန်ဦးဖိုးချို မလာရောက်၍ မွန်အမျိုးသားညီညွတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို (၂၁) ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်။

သြဂုတ်လ (၂၀) ရက်နေ့ ည (၈) နာရီတွင် ဝန်ကြီးချုပ်ဦးနု၏ ဖိတ်ကြားချက်အရ မွန်ပြည်သူ့တပ်ဦးမှ နိုင်အောင်ထွန်း၊ နိုင်ထွန်းသိန်း၊ နိုင်ချမ်းမွန်၊ နိုင်ငွေသိမ်းတို့သည် ဦးချစ်သောင်းနှင့်အတူ ဝင်ဒါမီယာဝန်ကြီးချုပ်ဂေဟာတွင် (၁၅) မိနစ်ခန့် ဆွေးနွေးကြသည်။ ဦးနုက မိမိအား အရေးကြီးကိစ္စများရှိပါက လာရောက်တွေ့ဆုံရန် မှာကြားသည်။

သြဂုတ်လ (၂၁) ရက်နေ့တွင် ကျိုက်သီမွန်ကျောင်းတွင် မွန်တိုင်းရင်းသားအစည်းအရုံးမှ မွန်ဦးဖိုးချို၊ အတွင်းရေးမှူး နိုင်ဘအုန်းတို့နှင့် မွန်ပြည်သူ့တပ်ဦးမှ နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း တို့တက်ရောက်သည်။ ညှိနှိုင်းဆွေးနွေးပွဲကို ဟိဂတဝေသီသံဃာအဖွဲ့မှ ဦးပဒုမ က သဘာပတိအဖြစ် ဆောင်ရွက်သည်။ ၄င်းဆွေးနွေးပွဲတွင် နိုင်အောင်ထွန်းက မွန်အမျိုးသားညီညွတ်ရေးအတွက် ယခင်က ဥပဒေအတွင်းတိုက်ပွဲတွင် မွန်တိုင်းရင်းသားအစည်းအရုံးရှိခဲ့သည်။ ယခုအခါ မွန်ပြည်သူ့တပ်ဦးလည်း ဥပဒေတွင်းတိုက်ပွဲသို့ ဝင်လာပြီးဖြစ်၍ ကွဲပြားနေသော အဖွဲ့အစည်းနှစ်ခုကို တခုတည်းစုစည်းရန် လိုပြီးထင်ကြောင်း၊ ထိုသို့ ညီညွတ်ရေးလုပ်ရာတွင် သဘောတရားခံယူချက်များကို ပထမညှိနှိုင်းရန်လိုကြောင်း တင်ပြသည်။ မွန်ဦးဖိုးချို က မွန်အဖွဲ့နှစ်ဖွဲ့ကို တဖွဲ့တည်းပေါင်းလျှင် ကောင်းမကောင်း စဉ်းစားရမည်ဖြစ်ကြောင်း နိုင်အောင်ထွန်းက အဖွဲ့နာမည်ဟောင်းများအတွက် ပြဿနာဖြစ်လျှင် နာမည်သစ်ယူသင့်က ယူရမည်ဖြစ်ကြောင်း တင်ပြရာ မွန်ဦးဖိုးချို က လက်မခံနိုင်ကြောင်း ပြောကြားသည်။ ထို့ကြောင့် နှစ်ဖွဲ့ကို တဖွဲ့ဖြစ်ရန်အတွက် သဘောတရားညှိနှိုင်းမှုစခန်းသို့မရောက်ဘဲ အဖွဲ့ချင်းပူးပေါင်းရေးမှာ ပျက်သွားသည်။

နောက်တကြိမ် သြဂုတ်လ (၃၁) ရက်နေ့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရာတွင် အဖွဲ့နှစ်ဖွဲ့ပူးပေါင်းရေးမဖြစ်၍ နိုင်အောင်ထွန်းက အမျိုးသားဘုံလုပ်ငန်းစဉ်ဖြစ်သော "နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ မွန်အမျိုးသားလွတ်မြောက်ရေး၊ မွန်ပြည်နယ်ရရှိရေး၊ ဒီမိုကရေစီရေးနှင့် ထာဝစဉ်ငြိမ်းချမ်းရေး" အတွက် ပူးတွဲလုပ်ကိုင်ရန် တင်ပြသည်။ နှစ်ဦးနှစ်ဖက်ဆွေးနွေးပြီး ဘုံလုပ်ငန်းစဉ်ကို လက်ခံကြသဖြင့် တပ်ပေါင်းစုအသွင်ဖြစ်သော မွန်ပြည်သူ့ညီညွတ်ရေး တပ်ပေါင်းစုကို ဖွဲ့စည်းရန် သဘောတူညီကြသည်။

မွန်ပြည်သူ့ညီညွတ်ရေးတပ်ပေါင်းစု၏ ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ မွန်ပြည်သူ့ညီညွတ်ရေးတပ်ပေါင်းစု၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။
ယနေ့ဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေ၊ ဗမာ့အခြေအနေနှင့် မွန်အမျိုးသားတို့၏အခြေအနေကို တိကျမှန်ကန်စွာ သုံးသပ်ပါက တမျိုးသားလုံး စုစည်းညီညွတ်ရေး ရရှိရန်မှာ အလွန်အရေးကြီးလှသည်ဟု ယူဆသည့်အတွက် မွန်အမျိုးသားအဖွဲ့အစည်းများနှင့် မွန်မျိုးချစ်ပုဂ္ဂိုလ်များပါ အောက်ပါနိုင်ငံရေးလမ်းစဉ်ကို အခြေခံပြီး (မပညတ) “မွန်ပြည်သူ့ညီညွတ်ရေးတပ်ပေါင်းစု” ကို ဖွဲ့စည်း ထူထောင်ကြပေသည်။

*ရည်ရွယ်ချက်*
+++++++++
နယ်ချဲ့ဆန့်ကျင်ရေး၊ မွန်အမျိုးသားလွတ်မြောက်ရေး၊ မွန်ပြည်နယ်ရရှိရေး၊ ဒီမိုကရေစီရေးနှင့် ထာဝစဉ် ငြိမ်းချမ်းရေး ရရှိစေရန်၊

*အင်အားစု*
+++++++++
အလုပ်သမားလူတန်းစားရှေ့ဆောင်၍ တောင်သူလယ်သမားလူတန်းစားကို အဓိကမဟာမိတ်ပြုကာ လူလတ်တန်းစားများ၊ လူမျိုးစုများ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့ ပူးပေါင်းဆောင်ရွက်သွားရန်၊
နိုင်ငံခြားလက်ဝါးကြီးအုပ်အရင်းရှင်၊ မြေရှင်ပဒေသရာဇ်ဆန့်ကျင်ရေးလုပ်ငန်းမှန်သမျှတွင် တိုင်းရင်းသားဓနရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန်၊

*(၁) လုပ်ငန်းစဉ်များ*
+++++++++
(က) အမျိုးသားရေးရာနှင့် အထွေထွေဒီမိုကရေစီရေးရာအပိုင်း
( ၁ ) အာဏာနှင့်ပြည့်စုံသော မွန်ပြည်နယ်ရရှိစေရန်၊
( ၂ ) ပြည်တွင်းစစ်ကို သူမနာကိုယ်မနာ သင်ပုန်းချေနည်းလမ်းအတိုင်း အဆုံးသတ်ရန်၊
( ၃ ) ဖိနှိပ်ချုပ်ချယ်မှုဥပဒေမှန်သမျှကို ဖျက်သိမ်း၍ ဒီမိုကရေစီအပြည့်အဝ ရရှိရန်၊
( ၄ ) ရဲနှင့်တပ်မတော်မှအပ ခါးပိုက်ဆောင်လက်ကိုင်တပ်များကို ဖျက်သိမ်းပစ်ရန်၊
( ၅ ) လူမျိုးစုတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်သည် ဒီမိုကရေစီရေးနှင့် ဆက်စပ်နေသဖြင့် ဒီမိုကရေစီရေးကို ပြည့်ဝစွာ ရရှိရေးသည် လူမျိုးတိုင်း၏ လွတ်မြောက်ရေးကို ဖြစ်စေသည်။ ထို့ကြောင့် ဒီမိုကရေစီရေး ပြည့်ဝစွာရရှိစေရန်၊
(က) လူမျိုးစုတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်အပါအဝင် အာဏာနှင့်ပြည့်စုံသော ပြည်နယ်ထူထောင်ခွင့် ရှိရမည်။
( ခ ) အာဏာမပြည့်စုံသေးသောပြည်နယ်များကို အာဏာနှင့်ပြည့်စုံသော ပြည်နယ်များအဖြစ် မြှင့်တင်ပေးရမည်။
( ဂ ) လူမျိုးတိုင်းသည် ခွဲထွက်နိုင်ခွင့်အပါအဝင် မူလအခွင့်အရေးများ ရရှိရမည်။
(ဃ) ပြည်နယ်တခုတွင် အများစုဝေးနေထိုင်လျှင် ထိုဒေသတွင် သက်ဆိုင်ရာလူမျိုးစုတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေး (Autonomous Administrative Units) များ တည်ထောင်ခွင့် ရှိစေရန်၊

*( ခ) ပြည်သူလူထုအပိုင်း *
+++++++++
(၁) အလုပ်သမားလူတန်းစားအတွက် အလုပ်လက်မဲ့ ပပျောက်စေပြီး လုပ်အားထုတ်သလောက် နေထိုင်မှုနှင့်ကာမိသော လုပ်ခရရှိရေးနှင့် လုပ်ခွင်နှင့်လုပ်ချိန်သတ်မှတ်ရေး၊ အိုစာနာ ရံပုံငွေသတ်မှတ်ပေးရေး၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် အလုပ်သမား၊ အလုပ်ရှင်ခုံပေါ်များတွင် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်နိုင်ခွင့်ရရှိစေရေးများ ပြုလုပ်ပေးရမည်။
(၂) တောင်သူလယ်သမားများအတွက် လယ်လုပ်သူတိုင်း လယ်ပိုင်ဆိုင်ရေးမူအရ လုပ်ကိုင်ဆောင်ရွက်သွားရန်၊
(၃) လူလတ်တန်းစားအတွက် လွတ်လပ်စွာရောင်းဝယ်ခွင့်နှင့် ၄င်းတို့လုပ်ငန်းများကို အာမခံပေးရန်၊
(၄) တိုင်းရင်းသားဓနရှင်များအတွက် မိမိတို့အရင်းငွေများကို တိုးမြှင့်တင်ပေးရေး၊ စက်မှုလက်မှုလုပ်ငန်းများကို ပြည်သူအကျိုးအတွက် အစိုးရ၏ကြီးကြပ်မှုအောက်တွင် ပါဝင်လုပ်ကိုင်စေရေးများ ပြုလုပ်ပေးရမည်။ ပြည်တွင်းကူးသန်းရောင်းဝယ်ရေးတွင် လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့် ရရှိစေရမည်။

*( ဂ) စာပေယဉ်ကျေးမှုအပိုင်း*
+++++++++
(၁) မွန်အမျိုးသားစာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင် ဖြန့်ချိပေးရေးများ ပြုလုပ်ပေးရမည်။
(၂) ဘာသာရေးတွင် မိမိတို့ကြိုက်နှစ်သက်ရာဘာသာကို လွတ်လပ်စွာ ကိုယ်ကွယ်ယုံကြည်နိုင်ခွင့် ရှိစေရမည်။

*(ဃ) နိုင်ငံရေးရာအပိုင်း*
+++++++++
နိုင်ငံခြားရေးတွင် တစ်ဦးနယ်မြေ၏တည်တန့်ရေးနှင့် အချုပ်အခြာအာဏာကို တစ်ဦးက ရိုသေလေးစားရေး၊ တစ်ဦး၏ပြည်တွင်းရေးကို တစ်ဦးက ဝင်ရောက်မစွက်ဖက်ရေး၊ တစ်ဦးနှင့်တစ်ဦး တူညီစွာဆက်ဆံ၍ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးများဖြစ်သော ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရေးမူ (၅) ချက်ကို လက်ခံကျင့်သုံးသွားမည်။
မွန်အမျိုးသားညီညွတ်မှုတပ်ပေါင်းစု (မပညတ) အဖွဲ့ချုပ်သည် ဖွဲ့စည်းပြီးသော်လည်း မွန်တိုင်းရင်းသာ အစည်းအရုံးမှ ပူးတွဲလုပ်ဆောင်မှုမရှိသဖြင့် ၄င်းတပ်ပေါင်းစုမှာ သေနေသည်။
=====================

*မွန်ပြည်သူ့တပ်ဦး၏ မော်လမြိုင်ညီလာခံ*
မွန်ပြည်သူ့တပ်ဦးသည် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲအသွင်တွင် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပါတီတည်ဆောက်ရေးကို ဒီမိုကရေစီတိုက်ပွဲအသွင်ဖြင့် အံဝင်ဂွင်ကျ သမာသမတ်ဖြစ်စေရန် မော်လမြိုင်မြို့ မြူနီစပယ်ခန်းမဆောင်တွင် ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ (၂၁ - ၂၂) ရက်နေ့တွင် ကေဒါပေါင်းစုံညီလာခံ ခေါ်ယူကျင်းပသည်။ ၄င်းညီလာခံကို မွန်ဒေသရှိ မွန်ပြည်သူ့တပ်ဦးကေဒါပေါင်းစုံအပြင် မွန်အမျိုးသားမြောက်မြားစွာ တက်ရောက်ကြသည်။ ပါတီတည်ဆောက်ရေးနှင့် တပ်ဦးဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ်ကို ရေးဆွဲပြီး နိုဝင်ဘာညီလာခံကြီးက -
(၁) ကေဒါဟောင်းများအား ပြန်လည်စိစစ်ရေး၊
(၂) ကေဒါအသစ်များမွေးမြူရေးအတွက် နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်ရေး၊

နိုင်ငံရေးအရလည်း မွန်အမျိုးသားလွတ်မြောက်ရေး၊ မွန်အမျိုးသားညီညွတ်ရေး၊ လူမျိုးစုံသွေးစည်းညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ထာဝစဉ်ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ကြသည်။
ယင်းညီလာခံကြီးက အမှုဆောင်အသစ် (ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ်) ကို ရွေးကောက်တင် မြှောက်ကြသည်။
◼︎ ဥက္ကဌ - နိုင်အောင်ထွန်း၊
◼︎ ဒု-ဥက္ကဌ - မွန်ဖိုးစိန် (ကမာဝက်)၊
◼︎ အထွေထွေအတွင်းရေးမှူး - နိုင်ထွန်းသိန်း၊
◼︎ တွဲဖက်အထွေထွေအတွင်းရေးမှူး - နိုင်သိမ်းမောင်၊
ဗဟိုအလုပ်အမှုဆောင်ကော်မတီများမှာ ◻︎ နိုင်ဘိုးကောင်း (ကလော့သော့)၊ ◻︎ နိုင်သာဟန် (အပေါင်)၊ ◻︎ နိုင်ငွေသိမ်း၊◻︎ နိုင်ဆိတ်နို့၊ ◻︎ နိုင်ချမ်းမွန်၊ ◻︎ နိုင်အောင်တင့်၊ ◻︎ နိုင်ကြောင် နှင့် အရံဗဟိုအလုပ်အမှုဆောင်ကော်မတီများမှာ ◻︎ နိုင်ငံရွန်း၊ ◻︎ နိုင်ကွန်ပလာ၊ ◻︎ နိုင်စိန်ကျော် (ကော့ဘိန်း) တို့ဖြစ်ကြသည်။

မွန်ပြည်သူ့တပ်ဦးသည် မော်လမြိုင်ညီလာခံအပြီးတွင် အရှိန်အဟုန်ပြင်းထန်စွာ စည်းရုံးလှုပ်ရှားရေးပြုလုပ်နေစဉ် တိုင်းပြည်အခြေအနေ ပြောင်းလဲလာသည်။ ပါလီမန်တွင် အရေးနိမ့်သွားသော တည်မြဲဖဆပလ၏ နည်းမျိုးစုံတိုက်ခိုက်မှုကြောင့်၎င်း၊ သန့်ရှင်းဖဆပလ၏ ဦးဆောင်မှုပျော့ညံ့မှုကြောင့်၎င်း မငြိမ်မသက်ဖြစ်လာသည်။

မွန်ပြည်သူ့တပ်ဦးမှ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တွင်ရှိစဉ် မွန်ပြည်သူ့တပ်ဦးရည်ရွယ်ချက်အတိုင်း လူမျိုးပေါင်းစုံချစ်ကြည်ရေးအတွက် ပြည်သူ့ရဲဘော် (ပီစီပီ)၊ အလုပ်သမားများ လယ်သမားပါတီ (ဆိုရှယ်နီ)၊ ပမညတ အမျိုးသားတပ်ပေါင်းစု၊ ပြည်သူ့တိုးတက်ရေးပါတီ စသော တိုးတက်သော နိုင်ငံရေးအဖွဲ့အစည်းများထံ သွားရောက်ကာ မွန်အမျိုးသားပြဿနာများ၊ တမျိုးသားလုံး စည်းလုံးညီညွတ်ရေးပြဿနာများကို အပြန်အလှန် အကျေအလည် တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ယခင်က တဦးအပေါ်တဦး အထင်မှားအမြင်မှားများကို ညှိနှိုင်းသဖြင့် ပိုမို၍ တဦးနှင့်တဦး နားလည်မှုရရှိသည်။

လူမျိုးစုအဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသားအဖွဲ့ချုပ်နှင့်၎င်း၊ ရခိုင်၊ ကချင်၊ ချင်း၊ ပအို့ စသော လူမျိုးစုများနှင့်၎င်း တွေ့ဆုံဆွေးနွေးကြပြီး နိုင်ငံရေးအမြင်များကို ညှိနှိုင်းကြသည်။

ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကွန်ကရက်ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းဦးစီးသော ပြည်တွင်းငြိမ့်ချမ်းရေး (၈) ဦးဆောင်ကော်မတီများနှင့် တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာများကို ဆွေးနွေးကြသည်။ ငြိမ်းချမ်းရေးသခင်ကိုယ်တော်မှိုင်းအားလည်း သွားရောက်ဂါရဝပြုကြသည်။

ဦးနုသည် အစိုးရအဖွဲ့ကို၎င်း၊ တိုင်းပြည်ကိုသော်၎င်း၊ ခေါင်းဆောင်ရန် အခက်အခဲတွေ့ရှိ၍ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ပါလီမန်တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဦးနေဝင်းအား အစိုးရအဖွဲ့ကိုခေါင်းဆောင်ရန်အတွက် အစိုးရအာဏာများ ဖိတ်ခေါ်လွှဲပေးရန်နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။ ၄င်းမိန့်ခွန်းနှင့်ပတ်သက်၍ ပမညတအမတ် သခင်ချစ်မောင်က အပြင်းအထန်ကန့်ကွက်သည်။ သခင်ချစ်မောင်က ဘုရားလောင်း ဝိဓူရပုံနှင့် ခိုင်းနှိုင်းသွား၍ ဝိဓူရသခင်ချစ်မောင်ဟု တွင်ခဲ့သည်။

ထို့နောက် ဦးနုနှင့်ဗိုလ်ချုပ်ကြီးနေဝင်းတို့ အပြန်အလှန် စာနှစ်စောင်ပေးပြီးနောက် ဦးနုတင်ပြချက်ဖြစ်သော အစိုးရအာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းက လွှဲပြောင်းယူသည်။ (၆) လအတွင်း ရွေးကောက်ပွဲပြုလုပ်ရန် သဘောတူညီကြသည်။

အောက်တိုဘာ (၂၈) ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုသည် ရာထူးမှနှုတ်ထွက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၁၁၆) အရ ဝန်ကြီးချုပ်အဖြစ် ပါလီမန်က ဗိုလ်ချုပ်ကြီးနေဝင်းအား တင်မြှောက်သည်။ (ပုဒ်မ ၁၁၆ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးသည် (၆) လမျှ တဆက်တည်း ပါလီမန်အမတ်မဟုတ်လျှင် ထိုကာလအပိုင်းအခြားကုန်ဆုံးသောအခါ အစိုးရအဖွဲ့ဝင်ဝန်ကြီးမှ ရပ်စဲရမည်။)

အောက်တိုဘာလ (၃၁) ရက်နေ့တွင် (၂၈) ရက်နေ့က ပါလီမန်အမတ်ခန့်အပ်လိုက်သော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါလီမန်တွင် မိမိအစိုးရသည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ရိုသေလေးစားပါမည်။ ရွေးကောက်ပွဲကို (၆) လအတွင်း ပြုလုပ်ပေးပြီး ပြည်သူလူထုအား အာဏာလွှဲအပ်ပေးပါမည်။ ရွေးကောက်ပွဲပြုလုပ်နိုင်အောင် ငြိမ်ဝပ်ပိပြားရေး၊ တခြားဥပဒေစိုးမိုးရေးကို အစွမ်းကုန်ကြိုးစားပါမည်။ ကွန်မြူနစ်ဖြစ်စေ၊ တခြားသူပုန်ဖြစ်စေ၊ လက်နက်ချလျှင် သက်ညှာစွာ စဉ်းစားမည်။ (သန့်ရှင်းဖဆပလမှ ထုတ်ပြန်သော သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို ၄င်းနေ့မှပင် ရုတ်သိမ်းထားသည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် မရှိတော့ပေ။) ဟူ၍ ပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
=========================

မွန်လူမျိုးတွေရဲ သူရဲကောင်းများ
01/06/2020

မွန်လူမျိုးတွေရဲ သူရဲကောင်းများ

သိသင့် သိထိုက်သော မျိုးချစ်စိတ်ဓာတ်များ
01/06/2020

သိသင့် သိထိုက်သော မျိုးချစ်စိတ်ဓာတ်များ

01/06/2020

အားပေတဲ့သူတိုင် ကံကောင်းပါစေနော်

ပူဇာစ ပူဇာနေယနံ ဆိုတဲ့ ပါဠိစကားကပူဇော်သင့် ပူဇော်ထိုက်သော ပူဂိုလ်ကြီးတစ်ယောက်ပါ
01/06/2020

ပူဇာစ ပူဇာနေယနံ ဆိုတဲ့ ပါဠိစကားက
ပူဇော်သင့် ပူဇော်ထိုက်သော ပူဂိုလ်ကြီးတစ်ယောက်ပါ

Address

Mawkanin

Website

Alerts

Be the first to know and let us send you an email when Military Armed Forces posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share