Now & Forever

Now & Forever Reading gives us exactly and rightly business to be success

12/10/2025

မဖြောင့်ရင်မလောက်ဘူး ကွယ့်
ရိုးအဖို့မလိုပေမယ့် ရိုးသားစေချင်တယ်
ရဲတင်းဖို့မလိုပေမယ့် ရဲရင့်စေချင်တယ်
ခက်ထန်ဖို့မလိုပေမယ့် ထက်မြတ်စေချင်တယ်
ပျော့ညံ့တဲ့စိတ်ထားမရှိစေချင်ဘူး ကလေးရယ်
နူးညံ့သိမ်မွေ့တဲ့စိတ်နှလုံးသားနဲ့အေးချမ်းပါစေ
ကျန်းမာဖို့ချမ်းသာဖို့ထက် ပျော်ရွှင်စေချင်တယ်
နွေးထွေးတဲ့မေတ္တာရပ်ဝန်းလေးမှာပျော်ရွှင်ခြင်းတို့ဝန်းရံခလျက် သစ္စာတရားတို့တည်ပါစေကွယ်🤎

ချစ်ခြင်းမေတ္တာစေတနာဟူသည်........
ပျော်ရွှင်စွာစံစားရတဲ့ဘဝမှာသုခနဲ့ပြည့်နေစေချင်တာပါပဲ... ကလေးရေ
ဘယ်လိုအချိန်မှာမဆို...မခံစားနေရစေချင်ပါဘူး🤎

31/05/2025
31/05/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

တစ်ယောက်တည်းနေရတာကြိုက်သူတွေကို Autophile လို့ခေါ်ပါတယ် သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ပေးတတ်ပေမယ့် သီချင်းလေးနားထောင်ရ...
31/05/2025

တစ်ယောက်တည်းနေရတာကြိုက်သူတွေကို
Autophile လို့ခေါ်ပါတယ်

သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ပေးတတ်ပေမယ့်
သီချင်းလေးနားထောင်ရင်း
လွတ်လွတ်လပ်လပ် နေရတာ ပိုကြိုက်ကြတယ်

အပြင်လူတွေဘက်ကကြည့်ရင်
သူ အထီးကျန်နေလား
သူတစ်ယောက်တည်းမလား
ပြောကြ၊တွေးကြပေမယ့် Autophile တွေက
တကယ်ပျော်တတ်သူတွေပါ

အပြင်ထွက်ရတာမကြိုက်တာမဟုတ်ဖူး
လူရှုပ်တာသဘောမကျတာပါ

တစ်ယောက်တည်းလျှောက်သွားမယ်
စားချင်တဲ့မုန့်တွေ စားမယ်
တစ်နေရာကို ငေးရင် ငေးနေမယ်..
ကောင်းကင်ပြာကို ရင်ဖွင့်ချင် ရင်ဖွင့်နေကြတာ
ကိုယ်တိုင်ဖန်တီးရတဲ့ပျော်ရွှင်မှုမလို့
ဘယ်သူမှလုယူမှာ မကြောက်ရဘူးပေါ့

စကားလေးတစ်ခွန်းရှိတယ်..

I am alone but not lonely.
တစ်ယောက်တည်းပါ ဒါပေမယ့် အထီးမကျန်ပါဘူး

Credit/
Photo- precious

💛 စိတ်ညစ်နေတဲ့အခါ◻️ ကိုယ့်ကို ပျော်ရွှင်စေသူတွေကို◻️ ကျေးဇူးတင်ပါ💛အခက်အခဲတွေနဲ့ ကြုံနေချိန်မှာ◻️ ကိုယ့်ကို ကူညီတတ်သူတွေက...
16/08/2022

💛 စိတ်ညစ်နေတဲ့အခါ
◻️ ကိုယ့်ကို ပျော်ရွှင်စေသူတွေကို
◻️ ကျေးဇူးတင်ပါ

💛အခက်အခဲတွေနဲ့ ကြုံနေချိန်မှာ
◻️ ကိုယ့်ကို ကူညီတတ်သူတွေကို
◻️တန္ဘိုးထားပါ

💛 ဖြေရှင်းရခက်တဲ့ ပြသနာတွေကြား
◻️ စိတ်တွေ မွန်းကျ ပ်နေချိန်မှာ
◻️ ကိုယ်နဲ့ အမြဲအတူ ရှိနေသူတွေကို
◻️ အသိအမှတ်ပြုပါ

💛 ကိုယ်ရဲ့ အားနည်းချက်တွေကို
◻️ နားလည်ခွင့်လွှတ် ပေးနိုင်တဲ့ သူတွေနဲ့
◻️ လက်တွဲပါ

💛 လဲကျ သူကို ထူပေးတတ်တဲ့ လက်ကို
◻️ဆွဲပါ
◻️ ရေနစ်သူကို ဝါးထိုးကူတဲ့ လက်ကို
◻️ရှောင်ပါ

💛 ကိုယ့်ဆီက ဘာကိုမှ ပြန်မမျှော်လင့်ပဲ
◻️ ဖြူ ဖြူ စင်စင်ပေးဆပ်တတ်သူတွေရဲ့
◻️ စေတနာကို
◻️ အလေးအနက်ထားပါ

💛 တစ်ချို့သူတွေကို
◻️ ကိုယ်ပေါင်း စိတ်ခွာ ဆက်ဆံပါ

💛 တစ်ချို့သူတွေကို
◻️ စိတ်ပေါင်း ကိုယ်ခွာ ဆက်ဆံပါ

💛 အပေါင်းအသင်းတွေ အများကြီးထဲမှာ
◻️ မိတ်ဆွေကောင်းကို မြင်အောင်ကြည့်ပါ

💯 မိတ်ဆွေ ကောင်းတွေ အများကြီးထဲမှာ 💯

💛ကိုယ် ရင်ဖွင့်ချင်တဲ့အခါ

◻️ နားထောင်ပေးမယ့် နားတစ်စုံရယ်
◻️ ယုံကြည်ရတဲ့ နှုတ်ခမ်း တစ်စုံရယ်...ကို
◻️ ရှာဖွေပါ..။

ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင် ကိုယ်ထပ်ဖြည့်ချင်တဲ့အရာကရောင့်ရဲတတ်တဲ့စိတ် ဖြစ်ပြီးလျှံကျချင်တဲ့ အရာက မေတ္တာတရားပါ ။အဝေးကြီးက ...
15/08/2022

ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင်
ကိုယ်ထပ်ဖြည့်ချင်တဲ့အရာက
ရောင့်ရဲတတ်တဲ့စိတ် ဖြစ်ပြီး
လျှံကျချင်တဲ့ အရာက မေတ္တာတရားပါ ။

အဝေးကြီးက လရောင်မှ
လှတာ မဟုတ်ပါဘူး ။
ကိုယ့်ရင်ထဲ 'သာ' တဲ့ကြယ်လေးတွေလည်း
ကျေနပ်ကြည်နူးတတ်တဲ့စိတ်နဲ့ဆို
တစ်ကိုယ်စာတော့ လင်းပါတယ် ။

အများကြီးတော့
မျှော်လင့်မထားတာအမှန်ပါ ။
မနက်ဖြန်ဆိုတာက
မတည်မြဲတတ်ဘူးလေ ။

ပြောင်းလဲတတ်တဲ့အရာတွေကို
အလိုက်သင့် လက်ခံ
ပြိုလဲတတ်တဲ့ သဘောတွေကို
အပြုံးမပျက် စောင့်ကြည့်
ငြိတွယ်တတ်တဲ့ နှောင်ကြိုးတွေကို
ဖြည်းဖြည်းချင်း ဖြေလျှော့ရင်း

လောကဓံ အရိုက်အခတ်တွေကို
သတိရိုးတံလေးနဲ့ ပြန်ပြန်မတ်နေရတယ် ။

နေချိန်မှာ
အတ္တကင်းကင်းနဲ့ ကြိုးကြိုးစားစား ပွင့်ဝေခဲ့ဖို့ ၊

သေချိန်မှာ
ရနံ့သင်းသင်းနဲ့ ရိုးရိုးသားသား လွင့်ကြွေခဲ့ဖို့ ။
credit
________အေးရိပ်

တချိန် ငါ့သမီးလေးကို ပြောပြရမယ်👸ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲတချိန် သမီးလေး သိဖို့...
14/06/2021

တချိန် ငါ့သမီးလေးကို ပြောပြရမယ်👸

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ
ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

တချိန် သမီးလေး သိဖို့

"ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်"တဲ့
ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား....😃

၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးက
သိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလို
အန္တရာယ်များလိုက်တာလို့
တွေးရင်လည်းတွေးလို့ရနိုင်တာကိုး....

သမီးတို့အနေနဲ့
ယောက်ျားနောက်လိုက်သွားရုံနဲ့
အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေ
ထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့
ခပ်လွယ်လွယ်တွေးလိုက်တာတွေ
သိပ်များနေပြီလားလို့လည်းတွေးမိပါ့...

ခုခေတ် ယောက်ျားတွေ(အများစု)က
အတွေးအမြင်တွေ ပြောင်းကုန်ကြတာ
သမီးတို့မသိသေးတာလား?

ယောက်ျားတွေက
အလုပ်ရှိတဲ့မိန်းကလေး
ကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကို
ပိုသဘောကျကြတယ်ဆိုတာ...

ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှ
ပိုသဘောကျကြတယ်ဆိုတာ...

အလုပ်လုပ်တတ် စီးပွားရှာတတ်
အမြင်ကျယ်တဲ့ မိန်းကလေးကိုမှ
ပိုတွဲချင်ကြတယ်ဆိုတာ..

သူတို့ကိုအစစအရာရာ သိပ်မမှီခိုတဲ့
အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှ
တန်ဖိုးပိုထားကြတယ်ဆိုတာ...

ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ...

ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီး
အိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့်
မိန်းကလေးမျိုးကို
သိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်း
ပြောပြချင်သေးတယ်
(တချို့တွေကိုဆိုလိုတာနော်
အားလုံးလို့မပြောဘူး)

ခုခေတ်ယောက္ခမတွေကရော.....

အိမ်ပေါ်တက်လာတဲ့ချွေးမကို ဘယ်လိုကြိုဆိုကြသလဲ
ဘာပညာမှမတတ် ဘာအလုပ်မှမလုပ်တတ်
ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းကလေးမျိုးကို
ဝမ်းသာအားရ ကြိုဆိုမယ့် ယောက္ခမမျိုး
သိပ်ကိုရှားသွားပြီဆိုတာ ငါ့သမီးတို့သိပါလေစ...

အိမ်ထောင်မပြုခင်
လူ့လောကအတွက် အခက်အခဲတွေတွေ့ရင်
ရင်ဆိုင်နိုင်အောင်
မိဘတွေက လက်နက်မျိုးစုံ
တပ်ဆင်ပေးနေတာကို ငါ့သမီးတို့သိပါလေစ...

ရော့ ပညာလက်နက်
ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ်
လင်မျက်နှာ ယောက္ခမမျက်နှာ
ကြည့်စရာမလိုဘူး

ရော့ အတွေးအခေါ်လက်နက်
ဘယ်ဟာအကောင်း ဘယ်ဟာအဆိုး
ငါခွဲခြားနိုင်တယ်

ရော့ အလုပ်အကိုင်လက်နက်
ငါ့မှာ အလုပ်အကိုင်ရှိတယ်
အသိုင်းအဝိုင်းရှိတယ်
ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်

အဲဒီလိုလက်နက်တွေပါသွားတော့
ပိုမကောင်းဘူးလား

မွေးရာပါလက်နက်ဟာ
တစ်ဘဝလုံးအတွက်
အာမခံချက်မရှိဘူးဆိုတာ
ငါ့သမီးတို့ကို ပြောပြမယ့်သူမရှိဘူးလား...

ပညာကမစုံ အတွေ့အကြုံကမရင့်ကျက်
အလုပ်အကိုင်ကမရှိနဲ့ လင်ယူလိုက်ရုံနဲ့
ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့...
လင်ယူလိုက်မှ
ဒုက္ခတွေစတာဆိုတာ ပြောပြချင်လိုက်တာ...

တကယ်လို့များ
သမီးလေးတို့ ရွေးချယ်လိုက်တဲ့ ယောက်ျားဟာ
ကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး ကျန်တဲ့အချိန်မှာ
ဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကို
မျှဝေခံစားဖော်မရတဲ့ ယောက်ျားမျိုးဆိုရင်...
လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီး
သူ့ကိုပါ ရှာကျွေးနေရရင်
ငါ့သမီးတို့ အလကားနေအလကား
လင်တစ်ယောက် အဖက်တင်နေမှာပေါ့...

ကဲ.... ဘဝက ထင်သလောက်လွယ်သေးလား?

လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှ
လောကကြီးထဲ ထွက်လိုက်စမ်းပါ...

ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးဟာ
ကမ္ဘာပေါ်မှာ အလှဆုံးပဲ

ကိုယ်ရပ်တည်ဖို့အတွက်
ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ မိန်းကလေးဟာ
ကမ္ဘာပေါ်မှာ အလှဆုံးပဲ

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ
ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

ငါ့သမီးတွေ
ကမ္ဘာ့အလှဆုံးမိန်းကလေးတွေဖြစ်ကြစမ်းပါ

❀ စာပေချစ်သူများကို အစဉ်လေးစားလျှက် ❀

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်


❤️စုလျားရစ်ပတ် လက်ထပ်ကြတဲ့အခါ ❤️အခန်း (၂)🌺လက်ထပ်ခြင်းအတွက် တွန်းအားများ🌺🍀လက်ထပ်ခြင်းနောက်ပိုင်း ကိစ္စတွေကို မဆက်ခင် လက်မထ...
10/01/2021

❤️စုလျားရစ်ပတ် လက်ထပ်ကြတဲ့အခါ ❤️

အခန်း (၂)

🌺လက်ထပ်ခြင်းအတွက် တွန်းအားများ🌺

🍀လက်ထပ်ခြင်းနောက်ပိုင်း ကိစ္စတွေကို မဆက်ခင် လက်မထပ်ခင် အခြေအနေတွေနဲ့ လက်ထပ်ဖြစ်ဖို့တွန်းအားတွေအကြောင်းကို ပြောချင်ပါသေးတယ် ။

☘️လူတွေ ဘာ့ကြောင့် လက်ထပ်ဖြစ်သွားတာလဲ ?

လက်ထပ်ကြတဲ့ လူတွေမှာ လက်ထပ်ဖြစ်ဖို့အတွက် တွန်းအားကိုယ်စီရှိတတ်ကြပါတယ် ။

၁။ အချစ်ရဲ့ တွန်းအား

၂။ ဘဝအခြေအနေရဲ့တွန်းအား

၃။ အရွယ်ရဲ့တွန်းအား

၎။ လူမှုပါတ်ဝန်းကျင်ရဲ့တွန်းအား

၅။ ရည်းစားဟောင်းကို မေ့ချင်တဲ့တွန်းအား

၆။ မိသားစုဘဝကို တည်တည်ငြိမ်ငြိမ်တည်ဆောက်ချင်တဲ့တွန်းအား
ရယ်လို့ အကြမ်းဖျင်း ခွဲခြားကြည့်လို့ရပါတယ် ။

☘️၁။ အချစ်ရဲ့တွန်းအား

တချို့က ကိုယ်ချစ်တဲ့သူနဲ့အတူနေချင်လို့ လက်ထပ်ချင်တာ ၊ကိုယ်ချစ်တဲ့သူနဲ့အတူ ဘဝခရီးကို အေးအတူပူအမျှ ဖြတ်သန်းချင်တာ ၊ဘဝမှာ ဘယ်လို အခက်အခဲတွေပဲ ကြုံရ ကြုံရ ၊ဘယ်လောက်ပဲ ပင်ပန်းရပါစေ ကိုယ်ချစ်တဲ့သူနဲ့သာအတူရှိမယ်ဆိုရင် အားလုံးကို အပြုံးမပျက်ရင်ဆိုင်နိုင်မယ့်သတ္တိမျိုးတွေ ပြောင်ဝင်းတောက်ပနေတော့တာ ။ အချစ်စိတ်ကြောင့်ပဲ လက်ထပ်ချင်ကြတာပါ ။

ဒါပေမဲ့ အချစ်ဆိုတာကလည်း တစ်မျိုးတစ်စားတည်း ရှိတတ်တာမဟုတ်ပါဘူး ။ အချစ်တွေဟာ ရောထွေးနေတတ်ပါတယ် ။ ဒါကို ကာယကံရှင်ကိုယ်တိုင်ကလည်း သေချာခွဲခြားပြီး မသိကြပါဘူး ။

တချို့အချစ်တွေက မွှန်တဲ့အချစ်မျိုးပါ ။ တနည်းအားဖြင်း တဏှာပေမဘက်ကိုအားသာတဲ့အချစ်မျိုးပေါ့ ။ အထိအတွေ့ အယုအယအပြုအစုမှာ သာယာမိန်းမောတွယ်ငြိပြီး ဖြစ်ချင်ရာဖြစ် ရှေ့မကြည့်နောက်မကြည့် အတူနေလိုက်ချင်တဲ့အချစ်မျိုးပါ ။ ဒီလိုစုံတွဲတွေဟာ လောလောဆယ် အတူနေရဖို့သာ အရေးကြီးပြီး မိသားစုဘဝအတွက် ဘာplanမှ မရှိတတ်ပါဘူး ။ အညားလွယ်သလို အကွဲလည်း လွဲတဲ့ စုံတွဲမျိုးတွေပေါ့ ။ အိမ်ထောင်ဘက်ကနေ ရန်ဘက်လည်းဖြစ်သွားနိုင်တာမျိုးပေါ့ ။တွယ်ငြိတပ်မက်ခြင်းကို မိသားစု သံယောဇဉ်တွေ နားလည်စာနာမှုတွေနဲ့ထပ်ပြီး မွှန်းမံနိုင်ရင်တော့လည်း မြဲသွားနိုင်ပါတယ် ။

တချို့အချစ်တွေကတော့ အပြန်အလှန်နားလည်မှုတွေ ၊စာနာမှုတွေ ၊ရဲဘော်ရဲဘက်စိတ်မျိုးတွေနဲ့ ဘဝခရီးကိုအတူလက်တွဲတည်ဆောက်ချင်ကြတာမျိုးပါ ။ သူတို့မှာတော့ family planလည်းရှိတတ်ကြပါတယ် ။

တကယ်တော့ လူတော်တော်များများဟာ ချစ်တယ်လို့သာ ဆိုကြပေမဲ့ အချစ်ဆိုတာကို ရေရေရာရာ နားမလည်ကြပါဘူး ။ အားလုံးဟာ ဝေဝေဝါးဝါးပါပဲ ။ကိုယ်ဟာ သူ့ကို ဘယ်လိုအချစ်မျိုးနဲ့ချစ်တာလဲဆိုတာ ရေရေရာရာ မသိကြသူတွေလည်းရှိတတ်ကြပါတယ် ။

တချို့က အားနာငဲ့ညှာတာကို အချစ်လို့ထင်ပြီး လက်ထပ်လိုက်ကြတယ်။ တချို့က သနားတာကို အချစ်လို့ထင်ပြီး လက်ထပ်လိုက်ကြတယ် ။တချို့က အထင်ကြီးတာကို အချစ်လို့ထင်ပြီးလက်ထပ်လိုက်ကြတယ် ။တချို့က အားကိုးတွယ်ငြိတာကို အချစ်လို့ထင်ပြီး လက်ထပ်လိုက်တယ် ။တချို့က ကျေးဇူးတင်မိတာကို အချစ်လို့ထင်ပြီးလက်ထပ်လိုက်တယ်။ တချို့ကကျတော့ သံယောဇဉ်ကြီးတဲ့ကာလတွေရှည်ကြာလာတဲ့အခါ ချစ်တယ်လို့ယူဆပြီး လက်ထပ်လိုက်ကြတယ် ။ တချို့ကကျတော့ သဘောကျတာကို အချစ်လို့ထင်ပြီးလက်ထပ်လိုက်ကြတယ် ။

တကယ်တော့လေ အချစ်ဆိုတာ သူ့ကိုမြင်ရတွေ့ရမှရယ်မဟုတ် ၊သူ့အကြောင်းတွေးလိုက်ရုံနဲ့တောင် စိတ်ချမ်းသာပြီး စိတ်ခွန်အားရှိသွားတာ ၊ကမ္ဘာ့တစ်နေရာရာမှာ သူလည်းသူ့ဘဝနဲ့သူ ၊ကိုယ်လည်း ကိုယ့်ဘဝနဲ့ကိုယ် သီးခြားရှင်သန်နေကြရချိန်မှာတောင် သူရှိနေတယ်ဆိုတဲ့အသိက ကိုယ့်ရှင်သန်မှုကိုအဓိပ္ပာယ်ရှိစေတာ၊ သူ့အတွက်ဆို ဘာမဆိုလုပ်ပေးချင်ပြီး သူနဲ့ပတ်သက်သမျှ ဘာကိုမဆိုလက်ခံပေးနိုင်တာမျိုးပါ ။

ဒါပေမဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့စိတ်နေစိတ်ထား အကျင့်စရိုက်ရိုက်အပေါ်မူတည်ပြီး အချစ်ကို သတ်မှတ်ခံယူပုံချင်းမတူညီကြပါဘူး ။

ဘယ်လိုအချစ်မျိုးနဲ့လက်ထပ်သူတွေကတော့ အိမ်ထောင်ရေးမှာ မမြဲဘူး မပျော်ရွှင်ဘူး ၊ ဘယ်လိုအချစ်မျိုးနဲ့လက်ထပ်မှ မြဲမယ်ပျော်မယ်ဆိုတဲ့ ပုံသေနည်းလည်း မရှိပါဘူး ။ ကိုယ့်အိမ်ထောင်ရေးနေ့ရက်အချိန်တွေမှာ ကိုယ်ဘယ်လိုစိတ်ထား ၊ဘယ်လိုအတွေးအခေါ်၊ ဘယ်လိုအပြုအမူတွေနဲ့ ဖြတ်သန်းသွားမှာလဲ ဆိုတာရယ် ၊ကိုယ်ဖန်တီးလို့မရနိုင်တဲ့ ကံကြမ္မာရယ်ကပဲ ကိုယ့်ရဲ့ အိမ်ထောင်ရေးဘဝ လှပခြင်း မလှပခြင်းကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ် ။

☘️၂။ ဘဝအခြေအနေရဲ့တွန်းအား

တချို့တွေကတော့ ဘဝအခြေအနေကိုက တစ်ယောက်ယောက်ရဲ့အရိပ်ကို မှီခိုပြီးနေလိုက်ရမှ ဘဝလုံခြုံမှုအရိပ်အမိုးရမယ် ။ ငွေရေးကြေးရေး နေရေးထိုင်ရေးကအစ သူ့ကိုမှီခိုလိုက်ရမှ တင့်တောင့်တင့်တယ်လေး တည်ငြိမ်သွားမယ် ၊ ဒါမှ မဟုတ်ရင်ရင်လည်း စိတ်ပိုင်းဆိုင်ရာအားဖြင့် မှီခိုအားကိုးရာလိုအပ်တယ် ၊ စသဖြင့် ဘဝအခြေအနေတွေက တွန်းအားပေးတဲ့အခါ မှာလည်း လက်ထပ်ဖြစ်သွားနိုင်ပါတယ် ။

☘️၃။အရွယ်ရဲ့တွန်းအား

တချို့လူတွေဟာ အိမ်ထောင်ပြုမယ့်အသက်အရွယ်ကိုရောက်လာတဲ့အခါ မှာပဲဖြစ်ဖြစ် အိမ်ထောင်ပြုရမယ့်အသက်အရွယ်ကို ကျော်လွန်လာရင်ပဲဖြစ်ဖြစ် ငါတော့ အသက်ကြီးနေပြီ ဒါ့ထက်ကြီးနေရင်တော့ သားသမီးနဲ့အသက်ကွာပြီး generation gap ဖြစ်တော့မှာပဲ စသဖြင့်စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ် ။ ဒါဟာလည်းလက်ထပ်ဖြစ်ဖို့တွန်းအားတစ်ခုဖြစ်သွားတတ်ပါတယ် ။

☘️၄ ။ လူမှုပါတ်ဝန်းကျင်ရဲ့တွန်းအား

တချို့ လူတွေဟာ ကိုယ့်ဘာသာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ရင်း၊ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေရင်း အချိန်တွေ ကုန်လို့ကုန်သွားမှန်းမသိလိုက်ကြဘူး ။ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပြီလို့လည်း မယူဆဘူး ၊ ဒါပေမယ့် ပါတ်ဝန်းကျင်က လူတွေက လူပျိုကြီး ဘယ်တော့စားရမှာလဲတို့ အပျိုကြီး ဘယ်တော့ စားရမှာလဲတို့ ခဏခဏပြောတဲ့အခါ ပြောမယ် ၊မိဘတွေက အိမ်ထောင်ပြုဖို့တိုက်တွန်းချင်တိုက်တွန်းမယ် ၊

တခါက နယ်က လူငယ်လေးတစ်ယောက်ဟာ ရန်ကုန်ရောက်လာပြီး အလုပ်လုပ်တယ် သူ့ဘဝလည်း မြင့်မားလာတယ် ၊အမြင်လည်းကျယ်လာတယ် ၊အိမ်ထောင်ပြုဖို့ကိစ္စကို မစဉ်းစားအားသေးဘူး ၊လုပ်ချင်တဲ့အလုပ်တွေ အများကြီးရှိသေးတယ် ၊သင်ချင်တဲ့ပညာတွေလည်း သင်ရဦးမယ် ၊သူ့ပါတ်ဝန်းကျင်က လူငယ်တွေဟာလည်း သူ့လိုပဲဆိုတော့ သူအိမ်ထောင်မပြုသေးတာဟာ သူ့ပါတ်ဝန်းကျင်မှာ ဘာမှ ထူးခြားမနေဘူး ။ ဒါပေမဲ့သူ့မြို့လေးကို သူပြန်သွားတော့ သူ့အရွယ် လူငယ်တွေဟာ အိမ်ထောင်ကျလို့ကလေးတွေတောင်ရနေပြီ ၊ အဲ့ဒီတော့ အဲ့ဒီ့ပါတ်ဝန်းကျင်မှာ သူဟာ ထူးဆန်းသွားတယ် ၊သူအိမ်ထောင်မကျသေးတာကပဲ လိုအပ်ချက်ကြီးလိုလို အားနည်းချက်ကြီးလိုလိုနဲ့ ၊ လူကြီး သူမတွေကလည်း သူ့ကို အိမ်ထောင်မပြုသေးဘူးလားမေးကြတယ် ၊အိမ်ထောင်ပြုသင့်ပြီဖြစ်ကြောင်းနားချကြတယ် ၊ သူကပဲ လွတ်လွတ်လပ်လပ်ပွေချင်ရှုပ်ချင်သေးလို့ အိမ်ထောင်မပြုချင်တာလို့အထင်ရောက်ချင်ရောက်မယ် ၊ရွယ်တူသူငယ်ချင်းကလေးအဖေတွေကလည်း မင်းခုထိအိမ်ထောင်မပြုဘဲ ဘယ်လိုနေနိုင်သလဲလို့ကလိချင်ကလိမယ် ၊ အပျော်အပါး လိုက်စားနေလို့ အိမ်ထောင်မပြုဘဲ နေနိုင်တာလို့ ယူဆချင်ယူဆမယ် ။ တချို့သူတွေဟာ အိမ်ထောင်ပြုနိုင်ခြင်းကို သူတို့ရဲ့အောင်မြင်မှုတစ်ခုလို ဝံ့ကြွားတတ်သေးတာကိုး ။ အဲ့ဒီတော့ သူတို့လိုမပြုရသေးသူမှာ အရှုံးသမားကြီးကို ဖြစ်လို့ ။ အဲ့ဒီလို ပါတ်ဝန်းကျင်က အိမ်ထောင်ပြုဖို့တွန်းအားပေးတဲ့ပါတ်ဝန်းကျင်ပါပဲ ။ ဒါပေမယ့် ဒါဟာ ကိုယ်နဲ့အတွေးအခေါ်အယူအဆ ပညာ အရည်အချင်း ဘဝအနေအထားကွာဟတဲ့ပါတ်ဝန်းကျင်မို့ သူတို့ရဲ့တွန်းအားက ကိုယ့်အပေါ်သက်ရောက်ချင်မှ သက်ရောက်ပါလိမ့်မယ် ။ သူလိုကိုယ်လို ပါတ်ဝန်းကျင်က လယ်ဗယ်တူသူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ပြုသွားပြီဆိုရင်တော့ အဲ့ဒီ့လိုပါတ်ဝန်းကျင်ရဲ့တွန်းအား ၊ ပြီးတော့ မိဘတွေရဲ့ဆန္ဒ.. စတာတွေက ကိုယ့်အပေါ်သက်ရောက်လာပါလိမ့်မယ်။

ကျမတို့ မြန်မာ့လူမှုဝန်းကျင်ဟာ အကောင်းမြင်စကားလုံးနဲ့ပြောရရင် နွေးထွေးဖေးမခြင်း ၊အဆိုးမြင်စကားလုံးနဲ့ပြောရရင် စွက်ဖက်ခြင်း ဆိုတဲ့ အလေ့အထလေးတွေ လွှမ်းမိုးတတ်တဲ့ လူမှုပါတ်ဝန်းကျင်ဖြစ်ပါတယ် ။ အဲ့ဒီ့တော့ ကိုယ့်ပါတ်ဝန်းကျင်မှာ အိမ်ထောင်ပြုချိန်ရောက်နေတဲ့ အပျို လူပျို တွေရှိနေကြရင်ပဲ သူတို့ ဘာ့ကြောင့်အိမ်ထောင်မပြုသေးတာပါလိမ့်လို့ တွေးမိသွားတတ်တယ်၊ မေးမိသွားတတ်တယ် ၊အိမ်ထောင်ပြုဖို့ တိုက်တွန်းမိတတ်ကြတယ် ။ လူကြီးမိဘတွေရဲ့ မိဘတို့ ဝတ္တရား ၅ ပါးထဲမှာကိုက ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်ဆိုပြီး သားသမီးတွေကို အိမ်ထောင်ချပေးခြင်းဟာ ၅ခုမြောက်နောက်ဆုံးဝတ္တရားအဖြစ် ပါဝင်နေတော့တာကိုး ။ မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်သားသမီး အိမ်ထောင်ကျမှ အခြေတကျဖြစ်တယ်လို့ ယူဆပြီး စိတ်အေးတတ်ကြတာတယ် ။ အဲ့ဒီလို ကိုယ့်မိဘရဲ့ဆန္ဒနဲ့ကိုယ့်ပါတ်ဝန်းကျင်ရဲ့သဘောထားတွေကလည်း ကိုယ့်အပေါ် မသိမသာပဲဖြစ်ဖြစ်ရိုက်ခတ်ခံရတတ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာကတော့ ကိုယ့်ဘဝကို သူတစ်ပါးရဲ့သဘောဆန္ဒတွေ လွှမ်းမိုးခြင်းမခံရဖို့ပါပဲ ။ ကိုယ့်ဘဝဟာ ကိုယ်ပိုင်တာမို့ ကိုယ့်ပါတ်ဝန်းကျင်မှာ ဘယ်လို တွန်းအားတွေ ရှိနေရှိနေ ကိုယ့်ရဲ့ကိုယ်ပိုင်သဘောထား ကိုယ်ပိုင် ခံစားချက် ကိုယ်ပိုင် အသိဉာဏ်နဲ့ ကိုယ့်အိမ်ထောင်ရေးကိစ္စကို လွတ်လပ်စွာ ဆုံးဖြတ်ကြရမှာဖြစ်ပါတယ် ။

☘️၅။ ရည်းစားဟောင်းကို မေ့ချင်တဲ့တွန်းအား

ရည်းစားဟောင်းကိုမေ့ဖို့ရည်းစားသစ်လိုအပ်တယ်ဆိုတာကိုက ရည်းစားဟောင်းကို အရှုံးပေးလိုက်ရတာနဲ့အတူတူပါပဲ ။ သူ့ကိုမေ့ဖို့ ကိုယ့်ကိုကိုယ်ရော ကိုယ့်အိမ်ထောင်ဘက်ကိုပါ စတေးရတယ်ဆိုတာဟာ ကိုယ်ကတော်တော်ညံ့ပြီး သူက တော်တော် အင်အားတကြီး ကိုယ့်ကို လွှမ်းမိုးထားနိုင်လို့ပေါ့ ။ ရည်းစားဟောင်းကိုရွဲ့ပြီး လက်ထပ်လိုက်မှ ကိုယ်ကအနိုင်ရသွားတယ်ထင်တာဟာ တော်တော်လေးသေးသိမ်ကလေးဆန်တဲ့ အယူအဆပါပဲ ။ အချစ်ကိစ္စမှာ အနိုင်အရှုံးဆိုတာ မရှိပါဘူး ။ သူများအမြင်မှာ နိုင်တယ်ထင်ရတိုင်းလည်း အနိုင်ရတာမဟုတ်ပါဘူး ။ အချစ်ကိစ္စကို အနိုင်အရှုံးတွက်ချက်နေတာဟာ ကလေးဆန်တာပဲ ။ တချို့တွေကတော့ ရည်းစားဟောင်းကို ဒဏ်ခတ်တဲ့အနေနဲ့ ကိုယ်မချစ်နိုင်သူတစ်ယောက်ကို လက်ထပ်လိုက်တယ် ။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ ရည်းစားဟောင်းကို ဒဏ်ခတ်ရာမရောက်ဘဲ ကိုယ့်ကိုယ်ကိုယ်ရော အပြစ်မရှိတဲ့ကိုယ့်အိမ်ထောင်ဘက်ကိုရော ကိုယ့်အနာဂါတ်ကိုပါ ဒဏ်ခတ်လိုက်သလိုဖြစ်သွားတယ် ။ဒီတွန်းအားကြောင့်လက်ထပ်လိုက်ပေမယ့်လည်း ပျော်ရွှင်တဲ့ မိသားစုဘဝကို ရသွားတဲ့သူတွေလည်းရှိသလို ကိုယ့်အိမ်ထောင်ဘက်ကိုလည်း ချစ်မလာ ၊ကိုယ့်ရည်းစားဟောင်းကိုလည်းမေ့မရဘဲ တသက်လုံး မပျော်မရွှင် ရှင်သန်နေထိုင်သွားရသူတွေလည်းရှိတတ်ပါတယ် ။

☘️၆ ။ မိသားစုဘဝ တည်ဆောက်ချင်တဲ့တွန်းအား

တချို့တွေကတော့ အိမ်ထောင်ပြုသင့်တဲ့အရွယ်မှာ အိမ်ထောင်ပြုပြီး တည်ငြိမ်တဲ့မိသားစုဘဝကို တည်ဆောက်ချင်ကြတယ် ။ ကိုယ်ငယ်စဉ်က မိဘတွေရဲ့အိမ်ထောင်ရေးအဆင်မပြေမှုတွေ ကို မြင်တွေ့လာရသူတွေ ၊broken familyက လာသူတွေမှာတော့ နှစ်မျိုးနှစ်စားကွဲပြားသွားတတ်ပါတယ် ။ တချို့က ကိုယ်အိမ်ထောင်ပြုရင် ကိုယ့်မိဘတွေလိုဖြစ်မှာကြောက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိလို့ အိမ်ထောင်ပြုဖို့မရဲဘူး ။ တချို့တွေကတော့ ကိုယ့်မိဘတွေတည်ဆောက်မပေးနိုင်တဲ့မိသားစုမျိုးကို ကိုယ့်လက်ထက်မှာ တည်ဆောက်မယ်လို့ အားခဲတတ်ကြတယ် ။ တကယ်တမ်းအိမ်ထောင်ကျသွားတဲ့အခါမှာလည်း နှစ်မျိုးကွဲသွားတယ် ၊ တချို့က ကိုယ့်မိဘလိုမဖြစ်အောင် သာသာယာယာတည်ဆောက်သွားနိုင်တယ် ၊ တချို့ကတော့ မိဘတွေကြောင့်ရခဲ့တဲ့စိတ်ဒဏ်ရာတွေဟာ အိမ်ထောင်ဘက်အပေါ်မှာပါ ဝန်သွားပိစေပြီး ကိုယ့်အိမ်ထောင်ဘက်က ကိုယ့်ဒဏ်ရာကိုနားလည်မပေးနိုင်တဲ့အခါ ကိုယ့်မိသားစုဘဝဟာလည်း ကိုယ့်မိဘတွေတုန်းကလိုပဲ ပြန်ဖြစ်သွားတတ်ပါတယ် ။

ဘယ်လို တွန်းအားတွေ ကြောင့်ပဲ အိမ်ထောင်ပြုပြု နောက်ကနေတွန်းထည့်လိုက်လို့ ကိုယ်ပြုတ်ကျသွားတဲ့နေရာဟာ ဆူးခလုတ်တွေပြည့်နေတဲ့ချောက်နက်နက်မဖြစ်အောင်တော့ ကိုယ့်နှလုံးသားကို ဉာဏ်ပညာချွန်းကလေးအုပ်ပြီး ထိန်းကွပ်ကြရမှာပါပဲ ။

ပုညခင်
၉.၁.၂၀၂၀

❤️ စုလျားရစ်ပတ်လက်ထပ်ကြတဲ့အခါ❤️(လက်ထပ်ခြင်းဆိုင်ရာအတွေးအမြင်စာစုများ )🌿အခန်း (၁)အိမ်ထောင်ပြုတယ်ဆိုတာ ပျော်စရာကောင်းတဲ့ကိ...
10/01/2021

❤️ စုလျားရစ်ပတ်လက်ထပ်ကြတဲ့အခါ❤️

(လက်ထပ်ခြင်းဆိုင်ရာအတွေးအမြင်စာစုများ )

🌿အခန်း (၁)

အိမ်ထောင်ပြုတယ်ဆိုတာ ပျော်စရာကောင်းတဲ့ကိစ္စလို့ လူအများစုက မှတ်ယူကြပါတယ် ။ အများစုသောရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာလည်း ချစ်သူနှစ်ယောက်ရဲ့ ပန်းတိုင်ဟာ လက်ထပ်ခြင်းပါပဲ။ ချစ်သူအချင်းချင်း ဝေးကွာသွားလို့ လွမ်းဆွေးတသခံစားကြရတဲ့အခန်းတွေမှာ ပရိသတ်ကပါ ရင်တနင့်နင့်နဲ့ခံစားကြရတယ် ။ မင်းသမီးနဲ့မင်းသား ပြန်လည်ဆုံတွေ့ လက်ထပ်ပေါင်းသင်းကြရတဲ့အခါ ပရိသတ်လည်း ကြည်နူးပျော်ရွှင်ကြရတယ် ။ ကျမတို့တွေလည်း ကိုယ်တိုင် အိမ်ထောင်ရေးကို နဖူးတွေ့ဒူးတွေ့မကြုံခင် အထိ ဒီလို ဇာတ်လမ်းတွေထဲမှာ မျောပါခံစားခဲ့ ကြဖူးမှာပါ ။ မင်္ဂလာဆောင် အခန်းအနားအတွက် ပြင်ဆင်ရတာဟာလည်းပျော်ရွှင်စရာ ၊pre wedding ဓါတ်ပုံတွေကို တတ်နိုင်ရင်တတ်နိုင်သလို မြန်မာပြည်တစ်ပတ်တင်မက ကမ္ဘာအနှံ့ထိ သွားရောက်ရိုက်ကူးရတာကလည်း ပျော်စရာ ၊ မင်္ဂလာဦးညကို ဖြတ်သန်းရတာ ၊ ဟန်းနီးမွန်းထွက်ရတာကလည်း ပျော်စရာ.. ၊အို.. ကိုယ်ချစ်တဲ့သူနဲ့ စုလျားရစ်ပတ် လက်ထပ်ပြီး အတူနေခွင့်ရတာလောက် ပျော်စရာ ကောင်းတာ ဘာရှိဦးမလဲ။

တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်သူနှစ်ဦးအတူနေခွင့်ရတာထက် အများကြီးပိုပြီးလေးနက်ပါတယ် ။ ဒီနေရာမှာ မျိုးဆက်ချန်ထားခြင်းတို့ ၊လူ့ဘဝရဲ့တာဝန်ကိုထမ်းဆောင်ခြင်းတို့ လို ပုံသေနည်းစကားလုံးတွေကို မသုံးစွဲချင်ပါဘူး ။ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါမှာ ဒီပုံသေနည်းတွေကို ထည့်စဉ်းစားတဲ့ သူ ဘယ်လောက်ရှိမှာမို့လဲ။ သေချာတာက လတ်လတ်ဆတ်ဆတ် လက်ထပ်ကြတဲ့သူ အများစုဟာ အတိတ်နဲ့အနာဂါတ်ကို သိပ်မစဉ်းစားကြဘဲ ပစ္စုပ္ပန်ကိုသာ တည့်တည့်ရှုတတ်ကြပါတယ် ။ ကိုယ်ကြိုမမြင်နိုင်တဲ့ ရှေ့ရေးအတွက် ပူပင်နေမယ့်အစား ပစ္စပ္ပုန်က ပျော်ရွှင်မှုကိုပေါ့ပေါ့ပါးပါးခံစားခြင်းဟာလည်း မှားတယ်လို့မဆိုနိုင်ပါဘူး ။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ စစ်ပွဲတစ်ခုလိုပါပဲ ။ရန်သူ့စခန်းကိုသိမ်းပိုက်ရရှိလို့ ပျော်ရွှင်ကျေနပ်ရတာမျိုးလည်း ကြုံနိုင်သလို မထင်မှတ်တဲ့နေရာကနေ ခြုံခိုတိုက်ခိုက်ခံရတာမျိုးလည်း ကြုံရနိုင်တယ် ။ကိုယ်က နယ်မြေဘယ်လောက်ကျွမ်းကျွမ်း တစ်ခါတလေ မျက်စေ့လည်လမ်းမှားပြီး မိုင်းနင်းမိသလိုအဖြစ်မျိုးလည်း ကြုံရနိုင်တယ် ၊ စစ်ချီရင်း လမ်းဘေးက လှပသာယာတဲ့ပန်းခင်းတွေကိုမြင်တွေ့ရလို့ကြည်နူးအမောပြေနိုင်သလို ပန်းခင်းရဲ့ရနံ့နဲ့အလှမှာ နစ်မျောမိလို့ရန်သူ့အငိုက်မိကျဆုံးရတာမျိုးလည်းဖြစ်နိုင်တယ် ၊ တကယ်တော့အိမ်ထောင်ရေးတစ်ခု အထစ်အငေါ့မရှိစင်းလုံးချောဖြစ်နိုင်ဖို့ဆိုတာ စစ်ပွဲတစ်ခုမှာ အနိုင်ရဖို့ ခက်ခဲတာထက်ပိုပြီး ခက်ခဲတတ်ပါတယ် ။

❤️စီနီယာတွေက အမှန်ပြောသလား

အိမ်ထောင်မပြုရသေးတဲ့လူတော်တော်များများဟာ ကိုယ့်ထက်အရင် အိမ်ထောင်ပြုနှင့်ကြသူတွေရဲ့အတွေ့အကြုံတွေ ခံစားချက်တွေကို သိချင်တတ်ကြတယ် ။ အဲ့ဒီမှာ စပြီး မှားတော့တာပါပဲ ။ စီနီယာတွေထဲမှာလည်း အမျိုးမျိုးကွဲပြားခြားနားတတ်ကြတာကိုး ။

၁။ လူကြီးမိဘများ

တချို့ ရှေးရိုးစွဲ လူကြီးမိဘတွေဟာ သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေ ခံစားချက်တွေကို ထွေလီကာလီ ထုတ်ပြောပြလေ့မရှိကြပါဘူး ။ အရေးကြီးတာက သားတို့ သမီးတို့ အိုအောင်မင်းအောင် ပေါင်းကြပါစေပေါ့ ။ ရှေးရိုးစွဲလူကြီးတွေအတွက်တော့ အိမ်ထောင်ကွဲတာဟာ ရှက်စရာ ၊ငါတို့မျိုးရိုးထဲ မှာ အိမ်ထောင်ပျက်တစ်ခုလပ်မရှိဘူး ၊ဒီတော့ သဘောက မင်းတို့ပျော်ပျော်မပျော်ပျော် တစ်သက်လုံးအတူနေကြ ။ အိမ်ထောင်မြဲအောင် သားသမီးယူကြ ။ သားသမီးရှိမှ အိမ်ထောင်မြဲမယ် ။ ဒီလိုစကားတွေပဲ ပြောတတ်တဲ့လူကြီးမိဘတွေဟာ သားသမီးတွေရဲ့အိမ်ထောင်သည်ဘဝမှာ သတိပြုစရာစကားလေးတွေကို လက်တွေ့ကျကျမှာကြားလိုက်ဖို့မေ့လျော့တတ်ကြတယ်

တချို့လူကြီးမိဘတွေကျတော့ သားသမီးတွေ သူတို့ဘဝကိုသူတို့ဖြတ်သန်းရင်း တဖြည်းဖြည်းရင့်ကျက်လာမယ် ၊သူတို့ဘာသာသိလာလိမ့်မယ်လို့သာသဘောထားပြီး ဘာကိုမှ ကြိုမပြောလိုက်ကြဘူး

၂။ရင်းနှီးတဲ့သူငယ်ချင်းတွေ

သူတို့ဆီကလည်း အမှန်ကို သေချာသိရလိမ့်မယ်လို့မမျှော်လင့်စေချင်ဘူး ၊ တချို့ဆို ကိုယ့်စိတ်ကိုယ်တောင် ကိုယ်သေချာသိတာမဟုတ်ဘူး ၊ တစ်ခါတလေ သူတို့စိတ်မှာ အလိုမကျ မသာယာချိန်နဲ့ကြုံရင် အိမ်ထောင်ရေးဆိုတာ စိတ်ပျက်စရာကြီး ငရဲကျနေသလိုပဲလို့ထင်ရအောင်ပြောလိမ့်မယ် ။ အဲ့ဒီ့အချိန်မှာ သူတို့ပြောတာအဟုတ်မှတ်မိရင် အိမ်ထောင်ပြုချင်စိတ်တောင်ရှိတော့မယ်မထင်ဘူး ၊ သူတို့ချင်း ပြန်အဆင်ပြေပြီး သာယာပျော်ရွှင်နေတဲ့အချိန်ကျရင်တော့ သူတို့ပြောခဲ့တဲ့စကားတွေကို မေ့သွားပြီ ၊ အိမ်ထောင်ရေးဆိုတာ အဲ့ဒီ့လောက် စိတ်ပျက်စရာ မဟုတ်ပါဘူး ခုလိုလေးတွေလည်းပျော်စရာရှိတယ်လို့ လာပြင်ပြောမှာမဟုတ်တော့ဘူး ။ သူတို့စိတ်အခန့်မသင့်ချိန်ပြောတဲ့စကားကို အဟုတ်ထင်မိသူသာ ရူးပေရော့ပဲ ။

တချို့ကျတော့ သူတို့ချင်း သိပ်အဆင်ပြေပျော်ရွှင်နေပါတယ်ဆိုတဲ့ အပြုအမူတွေ အပြောအဆိုတွေ ကို အမြဲပြသနေတတ်ကြတယ် ။ fbပေါ်မှာ အမြဲတတွဲတွဲသာယာပျော်ရွှင်ကယုကယင်လုပ်ပြမယ် ၊ အမှတ်တရတွေ ဖန်တီးပြမယ် ၊လူသိရှင်ကြားလက်ဆောင်တွေ ပေးကြမယ် ။တကယ်တမ်းတော့ပျော်ချင်မှလည်း ပျော်မယ် ။ ဒါပေမယ့် တချို့က ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်ခြင်းဟာ ဂုဏ်ဒြပ်တစ်ခုလို့ ယူဆကြတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာရှိအောင် ကိုယ့်အိမ်ထောင်ရေးဟာ အဖုအထစ်မရှိသိပ်ကို သာယာပါတယ်လို့ လူတကာအထင်ရောက်အောင် စိတ်ကူးယဉ်နန်းတော်တစ်ခုတည်ဆောက်ပြထားမယ် ၊ အလိုမကျတာတွေ မပျော်ရွှင်တာတွေကိုတော့ ဖုံးကွယ်ထားမယ် ၊ အဲ့ဒါကို အဟုတ်မှတ်ပြီး အားကျမိရင်လည်း ရူးပေရော့ပဲ ။

၃။ အိမ်ထောင်ရေး အကြံပေးတို့၏စကားလုံးများ

တချို့ အိမ်ထောင်ရေးအကြံပေးစာတွေ ရေးကြတာတွေကို အားကိုးတကြီးဖတ်မိကြတာတွေလည်းရှိမယ် ။ အိမ်ထောင်ရေးဆိုတာ သူများပေးတဲ့အကြံနဲ့ ဘယ်တော့မှထပ်တူကျတာမဟုတ်ပါဘူး ။ တချို့သောအကြံပေးသူတွေဟာ သူတို့ဘဝနဲ့နှီးနွယ်ပတ်သက်တဲ့အတွေ့အကြုံတွေထဲကရတဲ့အတွေးအခေါ်တွေကို ပြောလေ့ရှိကြတယ် ။ သူ့ပါတ်ဝန်းကျင်နဲ့ ကိုယ့်ပါတ်ဝန်းကျင် ၊သူ့ဘဝဖြတ်သန်းမှုနဲ့ကိုယ့်ဘဝဖြတ်သန်းမှု ထပ်တူမကျနိုင်တဲ့အတွက် သူတို့ပေးတဲ့အကြံတိုင်းဟာလည်း ကိုယ့်အတွက် ကွက်တိကျကျအသုံးဝင်မှာမဟုတ်ပါဘူး ။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ ကိုယ်တိုင်သင်ယူမှသိရတဲ့ သင်ခန်းစာတစ်ခုပါ ။သင်ယူရင်းနဲ့မှ ဘယ်နေရာလေးကတော့ဘယ်လိုလေးခက်တယ် ၊ဘယ်နေရာလေးကတော့ ဘယ်လိုလေး လွယ်တယ် စသဖြင့် သိလာသိလာရင်း ခက်ခဲတဲ့အခါ ကြိုးစားသင်ယူလိုက် ၊လွယ်ကူတဲ့အခါ ပေါ့ပါးပျော်ရွှင်လိုက်နဲ့ တစ်သက်လုံးသင်ယူနေရတာမျိုးပါ ။ အတန်းပညာသင်ခန်းစာကမှ ကိုယ်လိုချင်တဲ့ ဘွဲ့ဒီဂရီတွေ ရသွားရင် ရပ်နားလိုက်လို့ ရသေးတယ် အိမ်ထောင်ရေးကတော့ မသေမချင်းသင်ယူရတာမျိုးပါ ။

တစ်မိသားနဲ့တစ်မိသား ဘယ်လိုအကြောင်းကြောင့်ပဲ ပေါင်းဖက် ပေါင်းဖက် တစ်သက်လုံး အဖုအထစ်မရှိ အဆင်ပြေသာယာဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ ။ လွယ်လွယ်နဲ့တော့စံပယ်တွေ ဘယ်ပွင့်ပါ့မလဲလေ ။ စံပယ်တွေ လှလှ ပပ ပွင့်ဖူးဝေဆာဖို့အတွက်တော့ နှလုံးသားနဲ့ ဉာဏ်ပညာနဲ့ ပြုစုပျိုးထောင်ကြရမှာပေါ့ ။

အရေးကြီးတာကတော့ ကိုယ်မျှော်လင့်ထားသလိုစံပယ်တွေ ပွင့်မလာလို့ပဲဖြစ်ဖြစ် ပွင့်ပြီးစံပယ်တွေ ကြွေကျမြေခရတဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်ရင်ဆိုင်နိုင်ဖို့ပါပဲ။

ပြီးတော့ အရေးကြီးဆုံးက စံပယ်တွေ ဝေတုန်းဝေခိုက် ပျော်ရတဲ့အခိုက်အတံ့လေးကိုလည်း တန်ဖိုးထားပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ပါပဲ။

ကဲ..စံပယ်တွေပွင့်ဝေအောင် ကျမတို့ဘယ်နည်းဘယ်ပုံ ပြုစုပျိုးထောင်ကြမှာလဲ ။
......။
ဆက်ရန်..👉
ဆရာမ ပုညခင်

အိမ်ထောင်ရေး သာယာပျော်ရွှင်ရခြင်း ( ၁၀ ) ချက် **********************************************၁။  နှစ်ဦးသား တစ်ပြိုက်နက် ဒေ...
10/01/2021

အိမ်ထောင်ရေး သာယာပျော်ရွှင်ရခြင်း ( ၁၀ ) ချက်
**********************************************

၁။ နှစ်ဦးသား တစ်ပြိုက်နက် ဒေါသပေါက်ကွဲခြင်း ကိုရှောင်ကြဉ်ပါ

၂။ အော်ဟစ်ငေါက်ငမ်းခြင်း ကို သေရေးရှင်ရေးမှ အပ မပြုရ

၃။ အချေအတင် ငြင်းခုံစရာရှိလာလျှင် သင့်ကြင်ဖော်ကို အနိုင်ပေးလိုက်ပါ။

၎။ ဝေဖန်ထောက်ပြစရာ ရှိလာလျှင် ချိုသာနူးညံ့စွာပြောပါ။

၅။ အတိတ်က အမှားများကို ပြန်ပြောပြစ်တင်ရှုံ့ချခြင်း မပြုပါနှင့်။

၆။ မိမိကြင်ဖော်ကို ဂရုစိုက်ကြင်နာနေစဉ် အခြားအရာများကို ခေတ္တလစ်လျူရှုထားပါ။

၇။ ပြသနာတစ်ခု ကို ကျေလည် အဖြေထွက်သည်အထိ မရှင်းဘဲ ရှောင်ဖယ် အိပ်စက် မသွားရ။

၈။ နေ့စဉ် မိမိကြင်ဖော် ကို နူးညံ့သိမ်မွေ့ ကြင်နာစွာ ပြောဆို အလေးပေးပါ။

၉။ အမှားတစ်စုံတရာ ပြုမိခဲ့သော် မိမိအမှားအတွက် ဝန်ခံပါ။ အပြစ်ခွင့်လွှတ်ဖို့ရန် တောင်းဆိုပါ။

၁၀။ စကားများ ရန်ဖြစ်ခဲ့သည် ရှိသော် ဒေါသအလျှောက် စကားများများ နာကျင်အောင် ပြောမိသူက အမှားပိုများတတ်သည် ကို အစဉ်သတိပြုပါ။

စိတ်နေသဘောထား နှင့် အလေ့အကျင့်ကောင်းများသည် အောင်မြင်ခြင်း ၊ သာယာခြင်း များ၏ သော့ချက်ဖြစ်သည်။



အသက်ကြီးလာတာနဲ့ အမျှစိတ်တူကိုယ်တူပေါင်းနိုင်သင်းနိုင်တဲ့သူငယ်ချင်း မိတ်ဆွေဆိုတာတဖြေးဖြေးချင်းနည်းပါးသွားတယ်ဆိုတာပါပဲ...လ...
19/12/2020

အသက်ကြီးလာတာနဲ့ အမျှ
စိတ်တူကိုယ်တူပေါင်းနိုင်သင်းနိုင်တဲ့
သူငယ်ချင်း မိတ်ဆွေဆိုတာ
တဖြေးဖြေးချင်းနည်းပါးသွားတယ်ဆိုတာပါပဲ...

လူလတ်ပိုင်းရောက်လာတဲ့အခါ...

တချို့ကို ကိုယ်ကမကြိုက်လို့ ဆက်မပေါင်းဖြစ်တော့ဘူး
တချို့က ကိုယ့်ကိုသဘောမကျလို့
ထပ်ပြီး လာမပေါင်းကြတော့ဘူး ။...

တချို့ကြတော့လည်း...
သူ့ဘက်ကိုယ့်ဘက်
နှစ်ဖက်စလုံးက အမြင်မတူလို့
ခပ်တန်းတန်းဖြစ်သွားကြတယ်...

တချို့တွေကြတော့လည်း
ကိုယ့်ရှေ့ကြချိုပြ ကွယ်ရာကြအပုပ်ချကြတယ်
တချို့တွေလည်း မေးထူးခေါ်ပြော
တချို့တွေက အလုပ်သဘော
တချို့တွေလည်း ဘာသတင်းမှမကြားရတော့ဘဲ
အစအနတွေ ပျောက်သွားကြတယ် ။...

လူတွေနည်းနည်းသွားကြတာတော့
သတိထားမိတယ်

ဘဝရဲ့သင်ခန်းစာတွေကြောင့်
ဘယ်သူကတော့
အပေါ်ယံပဲပေါင်းလို့ရမယ်...
ဘယ်သူကတော့
အတွင်းကျကျ ပေါင်းလို့ရတယ်ဆိုတာ
သိလာလို့လည်း ဖြစ်မယ်ထင်တယ်...

ဘာကိုမှ ဖုံးကွယ်ထားစရာမလိုဘဲ
သူ့အကြောင်းကို ကိုယ်ကအကုန်သိ
ကိုယ့်အကြောင်းလည်း သူအကုန်သိ
တွေ့လိုက်ရင် ပျော်သွားတဲ့သူ
ဖုန်းပြောလိုက်ရင် ရင်ထဲပေါ့သွားတဲ့သူဆိုတာတော့
တော်တော်ရှားသွားတယ်
ဆယ်ယောက် မပြည့်ချင်တော့ဘူး။...

သာရေးနာရေး မသွားမဖြစ်သွားရမယ့်သူ
အရေးအကြောင်းဆို ပထမဆုံး ဖုန်းဆက်တိုင်ပင်ရမယ့်သူ
တစ်ခုခုအတွက်အမြဲ readyဖြစ်နေရမယ့်သူဆိုတာ
ပိုပြီးရှားသွားပါပြီ။...

အရေးအကြောင်းဆို
အကြောင်းအမျိုးမျိုးပြပြီး ရှောင်တတ်သူတွေ...
လိုမှလာပြီး မလိုရင် ပျောက်နေတတ်သူတွေ...
ရယူခြင်းတွေသာ အမြဲရှိပြီး
ဘာတစ်ခုမှ ပေးဖူးတာမရှိတဲ့သူတွေ...
နောက်ကျောကို ဓားနဲ့ထိုးဖို့စောင့်နေတဲ့သူတွေ
ကိုယ်လဲကျမှာကို စောင့်နေတဲ့သူတွေ...

ကိုယ်အဆင်ပြေမှာ...
ကိုယ်ပျော်ရွှင်နေတာကို
မလိုချင်မမြင်ချင်တဲ့သူတွေရှိနေမှန်း
တဖြေးဖြေးချင်း သိလာတော့
သူတို့နားက အသာလေးထွက်လာလိုက်တယ်
အပြုံးလေးနဲ့ လမ်းခွဲခဲ့တယ်...
တချို့လည်း သူတို့လိပ်ပြာသူတို့မလုံလို့
ကိုယ့်ဘေးက ခွာသွားတယ် ။...

အသက်ကြီးလာတော့
လူများပြီးပွဲမစည်တဲ့ဘဝကို
စိတ်ကုန်လာတာလည်းပါတယ်
အရည်အသွေးရှိတဲ့သူအနည်းငယ်
ကိုယ့်ကိုချစ်တဲ့သူ
ကိုယ်ကလည်းချစ်တဲ့သူတွေနဲ့
ဘဝကို သပ်သပ်ရပ်ရပ် အေးအေးဆေးဆေးနဲ့
တိတ်တိတ်ဆိတ်ဆိတ်နေရတာကို
ပိုသဘောကျလာတယ် ။...

စီးပွားရေးအရ လူမှုရေးအရ
လူအသစ်တွေနဲ့ ထပ်ထပ်ပြီးဆက်ဆံနေရပေမယ့်
ကိုယ့်စိတ်ထဲယုံကြည်ရတဲ့လူအသစ်ဆိုတာ
တစ်နှစ်နေလို့ တစ်ယောက်ထပ်မတိုးတော့ဘူး

ကောက်ကျစ်လွန်းတဲ့မြေခွေးတွေကြားမှာ
ကိုယ့်နားရှိတဲ့သိုးတွေကို ပိုပြီး တန်ဖိုးထားလာမိတယ်

လူအများကြီးနဲ့လူမှုရေးကောင်းတယ်ထင်ရပေမယ့်
တကယ့်အရေးဆို
ကိုယ့်နားကျန်ခဲ့တဲ့လူဆိုတာ
၅ယောက်အပြင်မပိုဘူးဆိုတာ
ဘဝကသင်ကြားပေးတော့
"မိတ်ဆွေစစ်"ဟာဘာလဲဆိုတာသိလာတယ်

ဟုတ်ကဲ့
သူတို့မှာမိတ်ဆွေတွေအများကြီးနဲ့
လူမှုရေး အောင်မြင်ကြပါတယ်...
လူများပြီး ပွဲစည်ကြပါတယ်....

ကျွန်တော့်ဆီမှာတော့ လူနည်းပါတယ်
ဒါပေမယ့် ပွဲလေးတော့လှပါတယ်
ကိုယ့်ဘေးနားကလူတွေဟာ
နည်းသည်များသည် Quantity နဲ့မဟုတ်ဘဲ
ကောင်းသည်ဆိုးသည် Qualityနဲ့သာ
ဆုံးဖြတ်ရွေးချယ်ပြီး ပေါင်းသင်းထားတာမို့
မိတ်ဆွေစစ်အနည်းငယ်နဲ့
ရှင်သန်နေထိုင်ရတာ အဆင်ပြေပါတယ်

မိတ်ဆွေတို့လည်း
မိတ်ဆွေတို့ဘဝမှာ
qualityရှိတဲ့ မိတ်ဆွေကောင်းတွေနဲ့သာဆုံတွေ့ပြီး
အဆင်ပြေနိုင်ကြပါစေ ။....😊😍😍

credit to original writer

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Now & Forever posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category