29/04/2026
🎁ကဵုဒါန်သြန်ထံက်ပၚ် သွက်ညးဒးဒုၚ်ဘဲပၟတ် ပ္ဍဲကွာန်အလှာ် ပွိုၚ်ဍုၚ်ပံၚ်🎁
🟥တ္ၚဲဏံ နူကဵုဗော်ညဳသၟဟ်မန် ပွိုၚ်ဍုၚ်ပံၚ် ဍိုက်က္ဍိုပ်တုဲ အာကဵုလဝ်ဒါန်သြန်ထံက်ပၚ် သွက်ညးဒးဒုၚ်ဘဲပၟတ် ပ္ဍဲကွာန်အလှာ် ပွိုၚ်ဍုၚ်ပံၚ်တုဲ ဒု ဥက္ကဌ ဗော်ညဳသၟဟ်မန် (ဗဟဵု) ကေုာံ ကေၚ်ကာဗဟဵု၊ ကမ္မတီဗဟဵု၊ အမာတ်ကၠတ်ထဝ်ဂမၠိုၚ် ကေုာံ ကောန်ဗော်နူပွိုၚ်ဍုၚ်ပံၚ်ဂမၠိုၚ်တိုန်စိုပ်လဝ်ရ။
ပ္ဍဲအစဳအဇန်ဝွံ နကဵု သြန်ဒါန် ကောန်ဗော်ပွိုၚ်ဍုၚ်ပံၚ် ၊ ညးတာလျိုၚ် ဗော်ညဳသၟဟ်မန်(ဗဟဵု)တအ် ဘိုၚ်ပူဗိုၚ်ပါလုပ်ကဵုလဝ်ဒါန်ကီုတုဲ မွဲသ္ၚိမ္ဂး ကဵုလဝ်သြန်ထံက်ပၚ် ၂ ကိုဋ်ဒကေဝ်ရ။
🟥ယနေ့ နေ့လည်ပိုင်းတွင် ပေါင်မြို့နယ် အလှပ်ကျေးရွာ သာယာကုန်း
ပိုင်း ကန်သာယာစုရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီက ဦးဆောင်၍ ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခဲ့ပြီး မွန်ညီညွတ်ရေးပါတီ(ဗဟို) ဒု ဥက္ကဌ(၁)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ တက်ရောက် အားပေးခဲ့ကြပါသည်။
မွန်ညီညွတ်ရေးပါတီတာဝန်ရှိသူများ စုပေါင်းထည့်ဝင်သော အလှူငွေများဖြင့် မီးဘေးသင့်အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ၂ သိန်းကျပ်စီ ထောက်ပံ့ပေးခဲ့ပါသည်။