K3 Online Novels

K3 Online Novels 📖Tg Channel - https://t.me/k3onlinenovels6
(464)

လူတွေကို လွယ်လွယ် မယုံမိပါစေနဲ့ . . .လူတိုင်းကိုလည်း ကိုယ့်စိတ်လို မအောင့်မေ့ပါနဲ့ . . .ယုံလွယ်တတ်ခြင်းဟာ မိမိရဲ့ ရိုးသာ...
16/08/2026

လူတွေကို လွယ်လွယ် မယုံမိပါစေနဲ့ . . .

လူတိုင်းကိုလည်း ကိုယ့်စိတ်လို မအောင့်မေ့ပါနဲ့ . . .

ယုံလွယ်တတ်ခြင်းဟာ မိမိရဲ့ ရိုးသားမှုအစစ်အမှန်ကို ပေါ်လွင်ထင်ရှားအောင် ဖော်ပြနေတာနဲ့ အတူတူပါပဲ . . .

ဘယ်လောက်ပဲ ရိုးသားနေပါစေ ကောက်ကျစ်ယုတ်မာသူနဲ့ တွေ့ရတဲ့အခါ ကျားရှေ့ရောက်တဲ့ သားကောင်ပမာ မညှာမတာ အစားခံရတော့မှာပါ . . .

ကိုယ့်ရဲ့ အားနာတတ်မှု လိုက်ရောတတ်မှု နားလည်ပေးတတ်မှု ၊ သည်းခံနိုင်မှုတွေဟာ ကောက်ကျစ်ယုတ်မာသူတွေအတွက် လမ်းဖွင့်ပေးထားသလို ဖြစ်နေတတ်တယ် . ..

သူတို့မှာ မိဘဆရာဆိုတာ မရှိ . . . သူငယ်ချင်းမိတ်ဆွေကောင်း မထား ဇနီးမယား သမီးသားကိုတောင် မထောက် .

အရှက်အကြောက် ကင်းမဲ့ပြီး ကျီးတစ်ကောင်ပမာ မိမိအစာအတွက်သာ အလေးအနက်ထားသူတွေ ဖြစ်ကြပါတယ် . . .

ဒါကြောင့် လူတစ်ယောက်ရဲ့ ကောက်ကျစ်ယုတ်မာမှုကို

မိမိရဲ့ရိုးသားမှုနဲ့ ဘယ်လိုမှ အနိုင်ယူလို့ မရတတ်ပါဘူး . . . ..

ဝေးဝေးရှောင် မမြင်အောင်တိမ်း မိမိကိုယ်ကို အကောင်းဆုံး ထိမ်းခြင်းဖြင့် အန္တရာယ် ကင်းဝေးနိုင်ပါစေ . . .

လောကမှာ ယုံလွယ်တတ်ခြင်းဟာ မိမိကိုယ်ကို သားကောင်လို့ ကြွေးကြော်နေသလို ပါပဲ ..

ကောက်ကျစ်ယုတ်မာတဲ့ မုဆိုးနဲ့တွေ့တဲ့အခါ အလွယ်တကူ ဖမ်းစားခံရတတ်တယ် . . .

တစ်ခါတစ်ရံ

ကိုယ်ယုံကြည်စိတ်အချရဆုံး သူတွေက ကိုယ့်ကို အနီးကပ် အန္တရာယ်ပေးမယ့်သူ ဖြစ်နေတတ်တယ်ဆိုတာ သတိကြီးကြီးထားပါ၊၊

❤️🌹

အပိုင်း(၂)အိမ်ရဲ့ဘေးက ရေကန်ငယ်လေးအနားထိုင်နေတဲ့ မိုင်မိုင်းရဲ့မျက်နှာလေးက ငိုချတော့မယောင်ဖြစ်နေသည်။ငယ်ငယ်တုန်းကတည်းက ဒယ်...
08/08/2026

အပိုင်း(၂)

အိမ်ရဲ့ဘေးက ရေကန်ငယ်လေးအနားထိုင်နေတဲ့ မိုင်မိုင်းရဲ့မျက်နှာလေးက ငိုချတော့မယောင်ဖြစ်နေသည်။

ငယ်ငယ်တုန်းကတည်းက ဒယ်ဒီ့ဆီကအချစ်ကိုမရခဲ့ဘူးပါ။သူငယ်ချင်းတွေကို သူတို့ဒယ်ဒီတွေ ကျောင်းလာကြိုတိုင်းမှာ၊ကျောင်းပိတ်ရက် ကစားကွင်းကိုခေါ်သွားတိုင်း...အဲဒီလိုအခိုက်အတန့်မျိုးကို မိုင်မိုင်းလည်းရချင်ပေမဲ့ ဒယ်ဒီကတော့မိုင်မိုင်းကို ဥပေက္ခာပြုထားခဲ့သည်။လက်ချောင်းတွေကို ဆုပ်ကိုင်ဖို့ကြိုးစားလိုက်ချိန်တိုင်း ဖယ်ချတတ်တဲ့ဒယ်ဒီ၊မိုင်မိုင်းကိုဆို မျက်နှာတင်းတင်းနဲ့ဆူငေါက်ခဲ့တဲ့ဒယ်ဒီက...မိုင်မိုင်းရဲ့ဒယ်ဒီမဟုတ်ဘူးဆိုတာကို အရင်အိမ်ကမပြောင်းခင်မှာသိခဲ့ရသည်။ ဒယ်ဒီ့ဆီက အချစ်မခံရလို့ ငိုခဲ့ရသလို၊သမီးအရင်းမဟုတ်လို့ ဒယ်ဒီက မိုင်မိုင်းကိုမုန်းနေတာ သိခဲ့ရတုန်းကလည်း ...အကြာကြီးငိုခဲ့ရသည်။

မာမီကရော...ဟင့်အင်း မာမီကလည်း မိုင်မိုင်းကိုကြင်ကြင်နာနာပွေ့ဖက်မပေးခဲ့ပါဘူး။ ဒယ်ဒီနဲ့မာမီရန်ဖြစ်တိုင်း ဒါကမိုင်မိုင်းကြောင့်ဆိုပြီး အိမ်ကနေထွက်သွားတတ်တာကြောင့်... အိမ်မှာ မိုင်မိုင်းတစ်ယောက်တည်းသာ။

"ကောင်မလေး..."

ထိုစဥ်တစ်ဖက်ခြံက ခပ်တိုးတိုးခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့၊မနေ့ကတွေ့ခဲ့တဲ့ ဦးဦးဖြစ်နေသည်။

"ဦးဦး"

"အင်း ဒီနားခဏလာဦး"

"ဟုတ်ကဲ့..."

သူ့ကိုမြင်တာနဲ့ ကြည်လင်စွာပြုံးပြလာပြီး၊ လှစ်ခနဲထပြေးလာတဲ့ ကောင်မလေးကို သူသနားနေမိသည်။

မနေ့က ကျယ်လောင်တဲ့ရန်ဖြစ်သံတွေကို သူကြားခဲ့ပြီးဖြစ်သလို၊အသံကိုခန့်မှန်းရသလောက်ဆို အိမ်တွင်းအကြမ်းဖက်မှုဆိုတာ သေချာသလောက်ပင်။

သို့သော် သူ့အနေနဲ့က ..သူ့ရဲ့အမှုသည်လည်းမဟုတ်၊ရင်းနှီးနေတဲ့သူတွေလည်းမဟုတ်တဲ့ အိမ်တွင်းရေးဆိုတော့ ဝင်ရောက်စွက်ဖက်ဖို့လည်း အခွင့်မသာခဲ့ပါ။ဒါပေမဲ့လည်း သူနဲ့ တွေ့ခဲ့တဲ့ကလေးမလေးကိုတော့ စိုးရိမ်နေခဲ့မိပါသည်။

"ဦးဦး ... ဘာကိစ္စလဲဟင်"

"မင်းမိဘတွေရော"

"အပြင်ထွက်သွားကြတယ်"

"မနေ့ညကလည်း တစ်အိမ်လုံးမှောင်နေတာပဲ။ထွက်သွားပြီး ပြန်မလာကြဘူးလား"

"ဦးဦးက ဘယ်လိုသိတာလဲဟင်"

သတိထားမေးလာတဲ့ ကောင်မလေးကြောင့် သူတစ်ခဏတော့ကြောင်သွား၏။စူးစမ်းသလို ကြည့်နေတဲ့ပုံစံကြောင့်...မလုံမလဲဖြစ်ကာ...

"ချောင်းကြည့်တာ၊ခိုးကြည့်တာမဟုတ်ပါဘူး။အိမ်နီးနားချင်းဆိုတော့ အသံတွေက ကြားနေရတယ်မလား"

"အာ ဟုတ်သားပဲ"

"မနက်စာရော စားပြီးပြီလား။ကျောင်းမသွားရဘူးလား။ညနေစာတောင် စားရသေးရဲ့လားကွာ"

"မိုင်မိုင်းဗိုက်မဆာပါဘူး"

လိမ္မာမှုနဲ့ကျင့်သားရနေတဲ့ ကလေးတစ်ယောက်ရဲ့ ဖြေသိမ့်ရာလို့ မှတ်ချက်ပြုလိုက်၏။

ထိုခဏ ကျောနောက်မှာဝှက်ထားတဲ့ လက်ကိုမြင်လိုက်ရသည်နှင့်...စေရာနေရေးက မျက်မှောင်ကြုတ်မိသည်။ လက်ကောက်ဝတ်ကာ ရောင်နေပြီး၊ညိုမဲနေသည်မှာ မနေ့ကကြားရတဲ့အသံတွေနဲ့ ဆက်နွယ်နေမှာပင်။

"ကလေးကိုပါ အကြမ်းဖက်ထားတာပဲ"

"ဟင်"

"မေးတာတွေလည်း မဖြေဘူး။
ခြံတံခါးဖွင့်ထားလား"

"ဟုတ်ကဲ့"

"အိုခေ ... ခဏစောင့်"

စိတ်မြန်သူက ...နေရာမှချက်ချင်းထွက်လာပြီး၊အိမ်အတွင်းမှ ဆေးသေတ္တာနှင့် စားစရာတချို့ကို ယူကာ...ခြေလှမ်းကျဲကြီးတို့က တစ်ဖက်ခြံဝင်းဆီကို ဦးတည်လာ၏။

စောက်ရေးမပါတာ။ကလေးတစ်ယောက်ကို မွေးထားပြီး တာဝန်ကျေပြီထင်နေကြတာလား။ ရိုက်နှက်ဆုံးမရအောင်က ...ကလေးကြည့်တော့ဖြင့် လိမ္မာပြီး၊နုနုအိအိလေးကို။

တစ်ဖက်ခြံထဲ သူဝင်လာတော့ ခြံတံခါးက ဖွင့်လျက်သားဖြစ်နေသည်။မနေ့ညနေကတည်းက ရှေ့ဆင့်၊နောက်ဆင့်ထွက်သွားတဲ့ ၂ယောက်က...ကျန်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့လုံခြုံရေးကိုတောင် ဂရုစိုက်ဖို့အတွေးမရှိဘူးပဲ။ သူတစ်ပါးအတွင်းရေးကိုဝင်မပါဖို့စိတ်ကူးမရှိပေမဲ့...မျက်စိရှေ့ မြင်နေမှတော့ မနေနိုင်မထိုင်နိုင်ဝင်ပါမိပြန်သည်။

သူရောက်သွားတော့ ကလေးရဲ့ မျက်ဝန်းပြာတွေက ဝိုင်းစက်နေပြီး၊အံ့သြတကြီးဖြစ်နေပုံပင်။

"လူမမြင်ဖူးဘူးလား"

"ဦးဦးက မိုင်မိုင်းဆီအလည်လာတာလား"

"အလည်လာတာမဟုတ်...ထားပါတော့ အလည်လာတယ်ပဲ"

ကလေးမလေးရဲ့လက်ကိုသေချာကြည့်ပြီး...

"ဒဏ်ရာက လက်တစ်ဖက်တည်းလား"

"ဟို..."

"ပြောပါ ပွင့်ပွင့်လင်းလင်း"

"ဦးဦးက အကုန်သိနေတာလား"

"လက်တစ်ဖက်တည်းနာတာလား။
ဆေးလိမ်းပေးမယ်"

"ဟုတ်ကဲ့...လက်တစ်ဖက်တည်းပါ"

"လာ ... ဟိုမှာသွားထိုင်မယ်"

ခြံထဲက ခုံတန်းရှည်မှာထိုင်ကြဖို့အတွက် ဦးဆောင်ပြီးခေါ်သွားတဲ့ စေရာနေရေးက ...မသိရင် သူ့အိမ်သူ့နေရာလိုပင်။

နေရာမှာ အကျအနထိုင်ပြီးမှ ဆေးသေတ္တာကိုဖွင့်ပြီး၊ရောင်နေတဲ့လက်ကို ဆေးလိမ်းပေးလိုက်၏။

"ကလေးဆိုတော့ ဆော့ကစားရင်း ဆေးတွေပေကုန်မှာစိုးလို့ ... ဆေးတိတ်ကပ်ပေးမယ်"

"မိုင်မိုင်းက အဲလောက်ကြီးမဆော့တော့ပါဘူး"

"တိတ်..."

"ဦးဦးကလည်း..."

"ဗိုက်ဆာနေရင် ... မုန့်ယူလာတယ် စားတော့။ကြိုက်၊မကြိုက်တော့မသိဘူး ရှိတာယူလာတာ"

"ကျေးဇူးတင်ပါတယ် ဦးဦး။မိုင်မိုင်းက စားလို့ရတာ အကုန်စားပါတယ်"

သူနဲ့တွေ့တိုင်း ပြုံးရယ်နေတဲ့ကလေးက၊အခုလည်း သူ့ပုံစံလေးအတိုင်း ခပ်ပြုံးပြုံးပင်။ သူ့အနေနဲ့ ဒီအခြေအနေကို ပထမဆုံးအကြိမ်ကြုံဖူးပေမဲ့...ကလေးကတော့ ခဏတိုင်းကြုံဖူးပြီး နေသားကျနေသလိုပါပဲ။တခြား14နှစ်အရွယ်ကလေးတွေဖြစ်တတ်သလို အစားအသောက်ကို ဂျေးများတာလည်းမရှိဘဲ...ယူလာပေးတာကိုပဲ စား၏။

"ဘယ်လောက်တောင်ဆိုးတဲ့အခြေအနေတွေနဲ့ ကြုံဖူးလို့...ရသလောက်လေးနဲ့ ရောင့်ရဲနေတတ်ရတာလဲ"

"ဟင် ဦးဦး။ဘာပြောတာလဲ"

"ဘာမှမဟုတ်ဘူး"

ခပ်တိုးတိုးစကားသံကိုရပ်၍ ဆေးလိမ်းပေးခြင်းကို လက်စသတ်ကာ၊ထိုပတ်တီးတိတ်ရဲ့အပေါ်မှ တိမ်ပုံလေးတွေပါတဲ့ အနာကပ်ပလာစတာလေးကိုကပ်ပေးလိုက်သည်။
ကလေးရဲ့ ဒဏ်ရာကိုတောင် ဂရုစိုက်မပေးနိုင်ရအောင် မိဘဖြစ်တဲ့ သူတို့ကဘာတွေအလုပ်ရှုပ်နေလို့လဲ။

"ဟေးမိုင်မိုင်း"

"ဟုတ် ဦးဦး"

"ဗိုက်ဆာရင် ...ဟိုဘက်အိမ်ကို လာလို့ရတယ်။အချိန်မရွေး"

"ဟုတ်ကဲ့"

"ကျောင်းမသွားဘူးလား"

"အရင်ကျောင်းက ထွက်ခဲ့တာ ဦးဦး။
မာမီက အိမ်ပြောင်းပြီးမှ အနီးနားကကျောင်းကို ပို့ပေးမယ်တဲ့။ဒါပေမဲ့ ကျောင်းတက်ဖို့တော့ ဘာမှမပြောသေးဘူးရယ်"

အနီးနားမှာ ကျောင်းမရှိတာကိုသိတဲ့
စေရာနေရေးက သက်ပြင်းချ၏။ဘယ်အခြေအနေကို ဦးတည်နေသလဲဆိုတာ သူရိပ်မိလိုက်ပါသည်။

ထို့ကြောင့် ကလေးရဲ့ပခုံးကိုပုတ်ကာ...။

"ကျောင်းတက်ချင်လား"

"ဟုတ် တက်ချင်တယ် ဦးဦး"

"အရင်ကျောင်းမှာတုန်းက ပညာရေးအခြေအနေဘယ်လိုလဲ"

"မိုင်မိုင်းက VWO (Pre-university education) တက်နေတာဦးဦး။Gymnasium: Atheneum သင်ရိုးနဲ့"

"ဘုရားရေ ...မင်းက geniusလေးပဲကွ"

သူ့စကားကြောင့် ကလေးက အသံထွက်သည်အထိရယ်နေ၏။

နယ်သာလန်ရဲ့ပညာရေးစနစ်မှာ
မူလတန်းပညာရေး (Primary Education - Basisonderwijs)ကို ၄နှစ်မှ ၁၂နှစ်အထိ သင်ယူကြပြီး....အထက်တန်းပညာရေး (Secondary Education - Voortgezet Onderwijs)ကိုတော့ မူလတန်း Group8 ပြီးဆုံးချိန်မှာ ကျောင်းသားရဲ့ စာပေသင်ယူနိုင်စွမ်း၊စာမေးပွဲအမှတ်တွေကို အကဲဖြတ်ပြီး
​အထက်တန်းအဆင့်ကို ၃မျိုးခွဲထားသည်။

​VMBO (Pre-vocational secondary education)မှာတော့ ၄နှစ်တက်ရောက်ရပြီး၊ နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်၊လက်တွေ့လုပ်ငန်းခွင်တွေအကြောင်းကို သင်ကြားပေးသည်။

​HAVO (Senior general secondary education)အဆင့်သမားတွေကတော့ ၅ နှစ်တက်ရောက်ရပြီး Universities of Applied Sciences - HBO လိုမျိုး နာမည်ကြီးတက္ကသိုလ်များကိုတက်ရောက်ရဖို့ ကြိုတင်ပြင်ဆင်ပေးပြီး၊လက်တွေ့ပေါင်းစပ်ထားတဲ့ အထက်တန်းပညာသင်စနစ်ဖြစ်သည်။

VWO (Pre-university education)အမြင့်ဆုံးအဆင့်ကိုတော့ ၆နှစ်သင်ယူရပြီး VWOပညာရေးက နယ်သာလန်နိုင်ငံရဲ့ အထက်တန်းပညာရေးမှာ အမြင့်ဆုံးနဲ့ အခက်ခဲဆုံး အဆင့်ဖြစ်သည်။သုတေသန တက္ကသိုလ်ကြီးများကိုဝင်ရောက်နိုင်ဖို့၊သိပ္ပံနဲ့ သီအိုရီပိုင်းဆိုင်ရာတို့ကို သင်ကြားပေးတဲ့ အဆင့်မြင့် အထက်တန်းပညာရေး ဖြစ်သည်။ထိုထဲမှာမှ ​Atheneumနှင့်​Gymnasium: Atheneum သင်ရိုး ၂ခုပြန်ခွဲပြီး...Gymnasium: Atheneumကတော့ ရှေးဟောင်းလက်တင် နှင့် ဂရိဘာသာစကားများကိုပါ မဖြစ်မနေ တွဲဖက်သင်ယူရသော VWO ရဲ့အမြင့်ဆုံးလမ်းကြောင်းဖြစ်၏။

"မင်းက သိပ်တော်တဲ့ကလေးပဲ"

VWO (Pre-university education)မှာ Gymnasium: Atheneum သင်ရိုးနဲ့ ပညာသင်ယူနေတဲ့ ကလေးတစ်ယောက်ကို မချီးကျူးဘဲမနေနိုင်တာကြောင့်၊ ကလေးရဲ့ ခေါင်းကိုပင် ဖွဖွပွတ်ပေးလိုက်၏။

"ကြီးလာရင် သိပ္ပံပညာရှင်ကြီးလုပ်မှာလား။
ကိုယ်တောင် Atheneumသင်ရိုးပဲသင်ခဲ့ရတာ"

"မိုင်မိုင်းက Digital Artistလုပ်မှာ ဦးဦး"

"VWOတက်နေတဲ့ကျောင်းသူက Artistလုပ်မှာတဲ့လား။စာတော်တဲ့ကလေးတွေက ခေါင်းမာတာတော့ ပြဿနာပဲ"

"ဟီးဟီး... "

သူပါအတူတူလိုက်ပြုံးမိပေမဲ့...ဒီကလေးရဲ့ ဘဝအခြေအနေကိုတွေးမိတော့ အပြုံးတို့က ရပ်တန့်သွား၏။

ဒီလောက်ထက်မြတ်တဲ့ကလေးမျိုးမွေးထားတာတောင် သောက်မိဘတွေက တန်ဖိုးထားပြီး၊မမွေးမြူချင်ကြဘူး။

"ဦးဦး"

"ဟင်"

"ဦးဦးတို့အိမ်ထဲမှာ ဒေစီပန်းခင်းကြီးမြင်ခဲ့တယ်"

"အွန်းဟွန်... အဲဒါဘာဖြစ်လဲ"

"မိုင်မိုင်းလာကြည့်လို့ရလားဟင်"

"ရတယ်...အိမ်က တစ်ယောက်ကိုပြောထားလိုက်မယ်"

"အိမ်ကတစ်ယောက်ဆိုတော့ ဦးဦးရဲ့ဇနီးလား"

"ဘယ်က ဇနီးလဲ။လူပျိုလေးပါ။
ချစ်သူတောင် တစ်ခါမှထားဖူးတာမဟုတ်ဘူး။ အီစီကလီလည်းမရှိဘူး။ အမှုတွဲတွေနဲ့ ခေါင်းကိုက်နေလို့ ရှုပ်ရှုပ်ယှက်ယှက်တွေကို အာရုံထဲကို မထည့်နိုင်တာ"

ထိုအခါ ဟေးမိုင်မိုင်းက မျက်နှာငယ်လေးဖြစ်သွား၏။

"ဒါဆို မိုင်မိုင်းကလည်း အရှုပ်ထုတ်ဖြစ်နေမှာပေါ့နော်"

"မဖြစ်ပါဘူး။ကိုယ်ပြောတဲ့ ရှုပ်ရှုပ်ယှက်ယှက်ဆိုတာ...အမှုတွဲတွေ။ ဟေးမိုင်မိုင်းမပါဘူး"

ပြောပြီးမှ ကိုယ့်စကားကိုသတိထားမိ၏။
ဒီစကားသာ သူ့ဒယ်ဒီကြားရင်တော့...အဲဒီရှုပ်ရှုပ်ယှက်ယှက်တွေကိုကြိုက်လို့ မင်းငါ့အိမ်ကထွက်သွားတာလေဆိုပြီး သွေးတက်လောက်ရောပေါ့။

"ဒါဆို ပန်းခင်းကြီးဆီလာခဲ့မယ်နော်"

"အိုခေ..."

"မုန့်အတွက်ရော၊ဆေးလိမ်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဦးဦးရှင့်"

"မလိုပါဘူး။ဗိုက်ဆာရင်သာ လာခဲ့ဖို့
မမေ့နဲ့"

"ဟုတ်...ပြန်တော့နော် ဦးဦး"

"ဘာရယ်... !"

"ပြန်တော့လေ"

"ကောင်းကွာ"

"ဦးဦးအလုပ်နောက်ကျမှာစိုးလို့ပါ"

"ဟုတ်ပါပြီ။ဟုတ်ပါပြီ"

အနုနည်းနဲ့နှင်ထုတ်လေတော့ ပစ္စည်းတွေသိမ်းပြီး ပြန်ရသူက စေရာနေရေးသည်သာ။

ကိုယ့်ခြေထောက်ကြီးက ခြေရှည်ပြီးလာချင်တာကို။ဒီခြေထောက်ကြီးနဲ့ပဲလာ၊ဒီခြေထောက်ကြီးနဲ့ပဲပြန်ရပေါ့။

"ဦးဦး ဘိုင့်..."

တံခါးနားအထိလိုက်ပို့ပြီးနောက်...သူ ပြန်နှုတ်ဆက်တာကိုပင် မစောင့်တော့ဘဲ၊ အထဲကို ပြန်လှည့်ဝင်သွား၏။

"ခံပေါ့... အမှတ်မှမရှိတာကို မင်း"

သူ့အနေအထားနဲ့ လူရှိန်အောင် ဟိတ်ဟန်တွေထုတ်ပြီး၊စည်းခြားဖို့ စိတ်ကူးထားပေမဲ့...တကယ်တမ်း အဲလိုလုပ်ခံလိုက်ရသူက ကိုယ်တိုင်ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေသည်။

::::::::

"ဒီကိုလာခဲ့စမ်း ဟေးမိုင်မိုင်း"

ညနေပိုင်းလောက်မှ အိမ်ကိုပြန်ရောက်လာတဲ့ဒယ်ဒီက... ဆိုဖာပေါ်ထိုင်ရင်း မိုင်မိုင်းကိုခေါ်သည်။

"နင့်မာမီရော"

"မိုင်မိုင်းမသိဘူး ဒယ်ဒီ"

"သိတာ ဘာရှိလဲ။သွား ရေတစ်ခွက်ယူလာခဲ့"

"ဟုတ်ကဲ့"

ထို့နောက် စားပွဲပေါ်ခြေထောက်တွေကို ဆန့်တင်ရင်း...အိတ်ကပ်ထဲက အထုပ်တချို့ကို ထုတ်ယူလိုက်၏။

ထိုအထုပ်ငယ်လေးတွေက အပြင်ပိုင်းမှာ သကြားလုံးထုပ်ကလေးတွေနှင့် ဆင်တူပေမဲ့၊ တကယ်တမ်းတော့ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးတချို့သာ။

ဒီအိမ်ဟာလည်း သူ့နာမည်နဲ့မရှိသည့်အပြင်၊ ပိုင်ဆိုင်တာဘာမှမရှိတော့တဲ့သူ့အတွက် လောင်းကစားကြွေးကိုဆပ်ဖို့...သူငွေချေးခဲ့တဲ့ ဂိုဏ်းကခိုင်းသမျှကိုလုပ်ရတော့သည်။ ဒီလိုမှမလုပ်ရင် အသက်သေမှာဖြစ်တဲ့အတွက်...ကိုယ့်အသက်ကိုတော့ ကမ္ဘာသူကနှမြော၏။

"ဒယ်ဒီ...ဒီမှာပါ"

"အေး ပေးစမ်း"

ရေငတ်လွန်းတာမို့ ရေကိုတစ်ခါတည်းအကုန်မော့သောက်လိုက်၏။သူရောင်းနေတဲ့ ဆေးရဲ့အာနိသင်ထဲကတချို့က အလွန်အမင်းရေငတ်ခြင်းဖြစ်သည်။

"ထိုင်စမ်းပါဦး ဟေးမိုင်မိုင်း"

"ဟုတ်ကဲ့..."

"မင်းအရင်ကျောင်းမှာ ယောကျာ်းလေး သူငယ်ချင်းတွေရှိလား"

"ဟို..."

"ရှိလား"

"မရှိဘူး ဒယ်ဒီ"

"သူငယ်ချင်းမဟုတ်ဘဲ သိနေတဲ့အသိတွေရော"

"အဲလိုတော့ ရှိပါတယ်"

"ကောင်းတယ်။သူတို့နဲ့ အဆက်အသွယ်ရလား။မရလည်းဖြစ်ပါတယ်...အဲဒီကျောင်းကို ပြန်သွားရင် သူတို့တွေနဲ့ တွေ့ကိုတွေ့ရမှာပဲ"

ခေါင်းငုံ့ထားတဲ့ မိုင်မိုင်းက...သူ့ဒယ်ဒီကို အရိပ်အခြေအနေအကဲခတ်နေသည်။

ထိုအချိန်မှာပဲ ကမ္ဘာသူက သူ့လက်ထဲက အထုပ်လေး၁ထုပ်ကို မိုင်မိုင်းဆီပေး၏။

"ယူထား...ဒါဘာလဲသိလား"

"မသိဘူး ဒယ်ဒီ"

ကမ္ဘာသူက ညစ်ကျယ်ကျယ်ပြုံးလိုက်၏။

"ဒါက ဆေး၁မျိုးပဲ။ဒီဆေးကိုသုံးရင် ဉာဏ်ကောင်းလာမယ်၊ပညာရေးမှာ ထူးချွန်လာမယ်။မင်းသူငယ်ချင်းတွေကို ဒီဆေးမမျှဝေချင်ဘူးလား။ဒယ်ဒီက မင်းကို အလုပ်ပေးချင်လို့ပါ"

လက်ထဲရောက်လာတဲ့ ဆေးထုပ်ကို ဟေးမိုင်မိုင်းကသေချာကြည့်နေသည်။ တရားဝင်ရောင်းချခွင့်ပြုထားတဲ့ RVG Numberပါ၊မပါကိုစစ်သည်။

"RVG Numberမပါဘူး ဒယ်ဒီ။
ဒီဆေးက တရားဝင်မဟုတ်ဘူး"

"ဟေးမိုင်မိုင်း... နင်လျှောက်မပြောနဲ့"

"ဒါက ဘာတွေလဲဒယ်ဒီ။ဒယ်ဒီက ဒါတွေကို ကလေးတွေဆီရောင်းနေတာလား"

"နင့်ပါးစပ်ကိုပိတ်ထားစမ်း။မလုပ်ပေးနိုင်ရင် ငြိမ်ငြိမ်နေ...ဘယ်သူ့မှလျှောက်မပြောနဲ့"

"ဒါပေမဲ့..."

"အေး တစ်ယောက်ယောက်သာ ဒါကိုသိသွားရင် နင့်ကိုသတ်မယ်"

"အဲဒါမူးယစ်ဆေးတွေမလား ဒယ်ဒီ။ဒယ်ဒီဘာကြောင့် ဒီလိုတွေလုပ်နေရတာလဲ"

"နင်နဲ့နင့်မာမီကြောင့်ပဲပေါ့။အသုံးမကျတဲ့ ကောင်မတွေ...တစ်ယောက်မှသုံးစားမရဘူး တောက် !! "

မိုင်မိုင်းဆီရွယ်လာတဲ့လက်ကြောင့်
အထိတ်အလန့်ဖြင့် ခန္ဓာကိုယ်ကိုကျုံ့ကာ...မျက်လုံးမှိတ်ထားလိုက်၏။

ဒုန်း...
"တောက် ! လုပ်ရင်လည်း သေတော့မယ် မသေချင်ရင် ပါးစပ်ပိတ်ထား ဟေးမိုင်မိုင်း"

ဒယ်ဒီ့ဒေါသက ဘေးရှိစားပွဲကိုရောက်သွားပြီး၊အခန်းတွင်းကိုဝင်သွားသည်။

သို့တိုင် မိုင်မိုင်းရဲ့ကိုယ်လေးက အ​ထိတ်တလန့်ဖြင့်တုန်ယင်နေပြီး၊ရှိုက်သံတချို့ ထွက်လာခဲ့ပြီ။

To Be Continued : Part - 3

အပိုင်း(၁)တိမ်စိုင်ဖွေးဖွေးတို့နှင့် ကောင်းကင်ပြာ၊ဖြေးညှင်းစွာတိုက်ခတ်နေတဲ့လေ​ပြည်အေးအေးနှင့် ကျူးလစ်ပန်းစိုက်ခင်းတွေရှိ...
04/08/2026

အပိုင်း(၁)

တိမ်စိုင်ဖွေးဖွေးတို့နှင့် ကောင်းကင်ပြာ၊ဖြေးညှင်းစွာတိုက်ခတ်နေတဲ့လေ​ပြည်အေးအေးနှင့် ကျူးလစ်ပန်းစိုက်ခင်းတွေရှိတဲ့ မြင်ကွင်းဟာ...နေ့စဥ်တကွမြင်တွေ့နေရတဲ့မြင်ကွင်းဆိုပေမဲ့ "စေရာနေရေး"အဖို့ ရိုးအီသွားခြင်းလည်းမရှိခဲ့ပါ။

ဖြတ်သန်းလာခဲ့တဲ့လမ်းတစ်လျှောက်မှာရှိတဲ့အိမ်လေးတွေက အရောင်အသွေးစုံလင်သလို ...ကျူးလစ်ပန်းစိုက်ခင်းတို့ကလည်း ရောင်စုံနှင့်ပနံ့သင့်တာမို့ ထိုမြင်ကွင်းတို့က မြင်တဲ့လူတိုင်းရဲ့စိတ်အာရုံကိုဖမ်းစားထားနိုင်လောက်မည်။

Amsterdamကလှသည်။အလှစုံသည်။
ပန်းရနံ့တို့ကိုသယ်ဆောင်လာတဲ့ လေပြည်တို့ကြောင့် စိတ်အစုံကကြည်လင်သွား၏။ကားမှန်ပြတင်းပေါက်ကိုဖွင့်လျက် လက်တစ်ဖက်ကို အပြင်ဆန့်ထုတ်ကာ သဘာဝရဲ့အာဟာရဖြစ်တဲ့ လေပြည်တို့ကိုရှုရှိုက်လိုက်မိ၏ ။

သူနေတဲ့နေရာဟာ ကျူးလစ်ပန်းစိုက်ခင်းတွေ၊ လေရဟတ်တွေရှိတဲ့ Amsterdam။
အလုပ်ရုံးနဲ့အိမ်က ဝေးပေမဲ့ ...သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်းတ​လိမ့်လိမ့်မောင်းနှင်လာတဲ့ ကားက...မြို့ရဲ့မြောက်ဘက်အစွန်မှာရှိတဲ့နေအိမ်တစ်ခုရဲ့ရှေ့မှာရပ်၏။

ဒီနေ့က အလုပ်များလွန်းတဲ့ ရုံးဖွင့်ရက်ဖြစ်တာကြောင့် ...ပုံမှန်နေ့တွေထက် နောက်ကျတဲ့ ရုံးဆင်းချိန်မှာအိမ်ပြန်ရောက်လာသည်ကြောင့် ခြံတံခါးလာဖွင့်ပေးမယ့် Tomက ရှိမနေပါ။ထို့ကြောင့် ကားကိုစက်ရပ်ပြီး ခြံတံခါးကိုသော့ဖွင့်ဝင်လာရ၏။

အိမ်ရှေ့မှာစိုက်ထားတဲ့ ဒေစီပန်းခင်းကြီးကိုကျေနပ်စွာကြည့်ရင်း ဖြတ်ကျော်ကာ
သူ့ရဲ့နေအိမ်လေးရှိတဲ့နေရာဆီကို။

"ဟာ Mr.Ray ... ပြန်လာပြီလား"

ပန်းတွေရေလောင်းဖို့ပြင်နေတဲ့ Tomက
သူ့ကိုမြင်သည်နှင့် အလောတကြီးပြေးကြိုလာသည်။

"ကျွန်တော်မသိလိုက်လို့ ခြံတံခါးလာဖွင့်မပေးမိတာ"

"ရပါတယ် Tom...ရုံးမှာ အမှုသည်နဲ့ ဆွေးနွေးတာ ကြာသွားလို့ ပြန်လာချိန်နောက်ကျသွားတယ်"

"Mr.Ray...တစ်ခုခုသောက်ဦးမလား"

"လုပ်ပါဦး... ချိုချိုအေးအေးလေးတော့
သောက်ချင်မိသား"

"ကွက်တိပေါ့ဗျာ။ပန်းသီးစိမ်းဖျော်ရည်
ရှိတယ်...ခဏစောင့်နော်"

သူခေါင်းညိတ်ပြလိုက်သည်နှင့် Tomက အနောက်ဘက်မီးဖိုခန်းဆီ ခပ်သွက်သွက်ပြေးသွား၏။

စေရာနေရေးကတော့ အနားယူဖို့ ဧည့်ခန်းဆီကိုအသွား... မှန်ထဲက သူ့ပုံရိပ်က မျက်လုံးထောင့်မှာပေါ်လာသည်။နေ့စဥ်နှင့်တကွရှိနေတဲ့ များပြားလှသော အမှုတွဲတွေကြားမှာပဲ အချိန်ကုန်ဆုံးနေရတဲ့ULFO Law Firmရဲ့ 25နှစ်အရွယ် Junior Associate တစ်ယောက်အနေနဲ့ ...များပြားတဲ့တာဝန်တွေကြား နစ်မြုပ်နေရတာကြောင့် ဒီရက်ပိုင်းသူ့ကိုယ်သူ ဂရုမစိုက်နိုင်ဖြစ်သွားတာပဲ။ မအားမလပ်ဖြစ်နေရခြင်းက ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တော့တဲ့အထိပါ။

သက်ပြင်းချမိ၍ လည်ပင်းက နက်ခ်တိုင်ကိုဖြေလျှော့လိုက်သည်။နဖူးထက်က ဆံစတွေကိုပင့်တင်ရင်း ဆိုဖာကိုမှီထိုင်ချလိုက်၏။ ထိုတော့မှပဲ အသက်ရှူချောင်သွားသလို ခံစားရသည်။

"ရပါပြီ...Mr.Ray ဖျော်ရည်အေးအေးလေးကိုအရင်သောက်လိုက်ပါဦး"

အသံနှင့်အတူ အနားရောက်လာသူထံမှ
မွှေးပျံ့တဲ့ ပန်းသီးစိမ်းရနံ့လည်း အတူတူပါလာသည်။

"ကျေးဇူးပါ Tom"

"မလိုပါဘူးဗျာ။ဒါနဲ့...Mr.Rayအတွက် သတင်းကောင်းပြောပြဖို့ရှိတယ်"

"ဘာများလဲ Tomရဲ့..."

"Mr.Rayရဲ့ ဒေစီတွေကို လာလာတောင်းတတ်တဲ့ မိန်းကလေးတို့ညီအစ်မက အိမ်ပြောင်းသွားပြီလေ။အဲ...ဒါပေမဲ့ လူသစ်တွေတော့ ချက်ချင်းရောက်လာပြီ"

"ဟုတ်လား... အကူအညီလိုတာရှိရင်
Tomကူညီပေးလိုက်ပါဗျ"

"ဟုတ်ကဲ့ ကျွန်တော်နေ့ခင်းကသွားမေးပါသေးတယ်။အမျိုးသမီးဖြစ်သူကတော့ Netherlandsဖွားပဲဗျ...အမျိုးသားကတော့ Netherlandsအခြေစိုက်Myanmarနိုင်ငံသားတဲ့"

"သြော် ကိုယ့်မာမီကလည်း မြန်မာနိုင်ငံသားပဲလေ"

မာမီဆိုတဲ့မှတ်ဉာဏ်ကို တူးဆွလိုက်မိသည်နှင့်၊စေရာနေရေးရဲ့ မှတ်ဉာဏ်ထက်က ကြည်လင်မှုတွေပျောက်သွား၏။

စေရာနေရေး(Ray)လို့အမည်ရတဲ့ သူက
Netherlandsနိုင်ငံသား ဖခင်နဲ့၊
Myanmar နိုင်ငံသူ မိခင်ဖြစ်သူရဲ့
တစ်ဦးတည်းသောသားဖြစ်သည်။
ဒါကြောင့် သူကအဓိကဘာသာစကားဖြစ်တဲ့ Dutchဘာသာစကား၊ English ဘာသာစကားတို့ကို ကျွမ်းကျင်ယုံသာမကဘဲ...Myanmarဘာသာစကား၊Franceနှင့်Japanစကားကို အနည်းအကျဥ်းပြောတတ်သေးသည်။

broken familyမှာ ကြီးပြင်းလာတဲ့ စေရာနေရေးက မိခင်ဖြစ်သူနှင့် မရင်းနှီးတာကြောင့်၊ Myanmarဘာသာစကားကို သင်ကြားပေးခြင်းမခံခဲ့ရပေမဲ့...သူငယ်ချင်းဖြစ်သူ မဟော်သစ်လွင်နှင့်နေသာတည်ကြည်တို့၏ မိဘတွေကတော့Netherlands,Myanmar
ဖက်စပ်ကပြားများဖြစ်ကြသည်ကြောင့်၊ သူတို့မိသားစုဝင်တွေထံမှ ဘာသာစကားကို သင်ယူခဲ့ရ၏။

:::::::::::

သူ့ရဲ့ကိုယ်ပိုင်အခန်းထဲပြန်ရောက်သည်နှင့် စေရာနေရေးက ပြတင်းပေါက်လိုက်ကာစကို လှပ်ကာ...တစ်ဖက်ခြံထဲက အရိပ်အယောင်ကိုအကဲခတ်လိုက်၏။

အရင်မိသားစုတုန်းကတော့ သူ့ရဲ့ဒေစီပန်းခင်းကြီးကို အမှိုက်ဖြစ်အောင်ဖြုန်းတီးကြတာမို့...သူ့အနေနဲ့အမြင်မကြည်စရာကိစ္စတွေဖြစ်ထားခဲ့တာကြောင့်၊အခု အိမ်နီးချင်းကိုတော့ သီးသန့်နေတတ်တဲ့လူတွေဖြစ်ပါစေလို့ အတွေးရောက်နေမိသည်။ မအားလပ်တဲ့လူမို့...သာမန်မကျတဲ့ ရောထွေးခြင်းတွေကိုလည်း သဘောမကျပါ။။

အနားယူချိန်ပြီးသည်နှင့် သူက အဝတ်အစားတို့ကို ချွတ်လိုက်သည်။မှန်ထဲမှာ ထင်ဟပ်နေတဲ့ တောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကြောင့်၊ ကိုယ့်ခန္ဓာကိုယ်ကို စိတ်ကျေနပ်မှုအပြည့်ရှိပါ၏။ ရင်အုပ်ကြွက်သား၊လက်မောင်းကြွက်သားစိုင်တို့က ... ဝါဝင်းတဲ့အသားအရည်အောက်မှာ နေရာတကျရှိနေပါသည်။

ရေချိုးသန့်စင်ပြီးမှ ပေါ့ပေါ့ပါးပါး ရှပ်လက်တိုနှင့်၊ချည်ဘောင်းဘီကိုဝတ်၍ ခြံထဲလမ်းလျှောက်ဆင်းလာကာ လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်နေစဥ်မှာပဲ... ခပ်တိုးတိုးအသံလေးတစ်ခုက နားထဲဝင်လာတာကြောင့်၊အသံလာရာကို ကြည့်မိသည်။

"ဦးလေးကြီး... ဟို ဦးလေးကြီး"

"ဦးလေးကြီး...ကိုယ့်ကိုခေါ်နေတာလား"

"ဟုတ်ကဲ့...ဒီနားမှာ မိုင်မိုင်းနဲ့ဦးလေးကြီး နှစ်ယောက်ထဲရှိတာလေ"

သူ့ခါးလောက်အထိမြင့်တဲ့ အဖြူရောင်သစ်သားခြံစည်းရိုးနားမှာ ရပ်နေတဲ့၊
အဖြူရောင်ဆံပင်တွေနဲ့ကောင်မလေး ငယ်ငယ်လေး။နုဖက်နေတဲ့ အသားအရည်တို့နှင့် မျက်ဝန်းပြာလေးတွေကြောင့်... မြင်မြင်ချင်းမှာပဲ တိမ်စိုင်လုံးလေးနဲ့တူတယ်ဆိုတဲ့ မှတ်ချက်သာပြုမိ၏။

ထိုကောင်မလေးကလည်း သူ့ကိုခဏတာအကဲခတ်နေပြီးမှ...နှစ်ခြိုက်စွာပြုံးပြလာသည်။

"ပြော... ဘာကိစ္စလဲ"

"မိုင်မိုင်းတို့က ဒီဘက်အိမ်ကိုပြောင်းလာတာပါ ဦးလေး"

"​...."

"အသက်က 14နှစ်ရှိပါပြီ။နာမည်အရင်းက ဟေးမိုင်မိုင်းပါ။အိမ်နီးနားချင်းဖြစ်သွားပြီဆိုတော့ မိုင်မိုင်းကိုစောင့်ရှောက်ပေးပါဦး ဦးလေးကြီးရှင့်"

ခါးကိုင်းကာ သူ့ကိုယ်သူမိတ်ဆက်နေတဲ့
ကလေးမလေးကြောင့် သူပြုံးမိသွား၏။

"ဦးလေးကြီးကရောဟင်"

"ဘာကိုလဲ"

"အသက်နဲ့နာမည်လေ"

"အသက်က 25နှစ်။နာမည်အရင်းက စေရာနေရေး...Ray။ပြီးတော့ ကိုယ့်အရွယ်က ဦးလေးကြီးမဟုတ်သေးပါဘူး"

ဒါက လိမ်ညာခြင်းမဟုတ်ပါ။Law Firmမှာဆို သူကအသက်အငယ်ဆုံးရှေ့နေပဲလေ။

"ဒါပေမဲ့ မိုင်မိုင်းက14နှစ်ပဲရှိသေးတာ"

ဒါကလည်း လိမ်ညာခြင်းမဟုတ်ပါဘူး။အသက်အရွယ်ကွာခြားနေခြင်းကသက်ပြင်းချလျက် လက်ခံလိုက်ရတဲ့အမှန်တရားပဲ။အသက်14နှစ်အရွယ် ကလေးလေးက၊25နှစ်အရွယ်ကို ဦးလေးကြီးခေါ်တာပဲလေ။

"ဒီအိမ်မှာ မိုင်မိုင်းနဲ့ရွယ်တူကလေးရှိလား"

"မရှိဘူး"

"အဖော်ရမလားလို့ မိတ်ဖွဲ့ဖို့လာတာ။
မိုင်မိုင်းမှာ သူငယ်ချင်းမရှိသေးလို့ရယ်"

"အရင်နေတဲ့အိမ်မှာရော သူငယ်ချင်းမရှိဘူးလား"

"ကျောင်းမှာတော့ရှိပေမဲ့...အခုမရှိတော့ဘူး"

"ခက်တာပဲ။ဒီနားမှာလည်း ကလေးမရှိဘူး"

"ရပါတယ်။တစ်ယောက်တည်းလည်း နေတတ်ပါတယ်"

ပြုံးစစမျက်နှာလေးနဲ့ ခပ်တိုးတိုးပြောလိုက်တဲ့စကားသံရဲ့အဆုံးမှာ သူရဲ့ဖုံးကွယ်ထားတဲ့ ကရုဏာစိတ်လေးက ထကြွလာသည်။ တကယ်တော့ သူဟာ ကလေးချစ်တတ်တဲ့ လူတစ်ယောက်လေ။အငယ်လေးထရီဇာမေတစ်ယောက်Amsterdamမှာမရှိတော့ကတည်းက သူ့မှာစနောက်ချော့မြူစရာ ကလေးမရှိတော့တာကြာခဲ့ပါပြီ။

မျက်နှာငယ်လေးဖြစ်နေတဲ့ ကလေးငယ်ကို နှစ်သိမ့်ချော့မြူပေးချင်ပေမဲ့၊သူ့ရဲ့ ပြတ်တောင်းတောင်းစကားသံကပဲ ထုံးစံမပြတ်ထွက်လာခဲ့၏။

"သူငယ်ချင်းရမှာပါ။မင်းနဲ့ရွယ်တူမရှိပေမဲ့
ကစားဖော်လိုရင်... အင်း အိမ်မှာ ကြောင်တစ်ကောင်ရှိတယ်"

" ဟုတ် ...မိုင်မိုင်းလည်း ကစားဖော်ရချင်တယ်။ဒယ်ဒီနဲ့မာမီက အတူတူကစားပေးဖို့ အချိန်မရှိဘူးတဲ့။ဦးဦးမှာရော အချိန်ရှိလားဟင်။အာ ... ဦးလေးကြီးလို့ခေါ်တာ မကြိုက်ဘူးထင်လို့ ဦးဦးလို့ခေါ်တာပါ"

"ကြိုက်သလိုခေါ်ပါ...အဆင်ပြေသလို"

"ဦးဦးမှာအချိန်ရှိလားဟင်"

"ရှိတယ်"

"ဒါဆို အတူကစားပေးလို့ရတာပေါ့နော်"

"အင်း"

"မိုင်မိုင်းနားမလည်တဲ့စာတွေရှိရင်လည်း လာမေးမယ်နော်"

"ဟုတ်ပါပြီ"

"ဦးဦးက သိပ်ပြီးသဘောကောင်းတာပဲ။
မိုင်မိုင်းခင်သွားပြီ။ဒါဆို မိုင်မိုင်းတို့ သူငယ်ချင်းဖြစ်သွားပြီနော်"

ပြုံးရယ်နေတဲ့ တိမ်စိုင်လုံးလိုကလေးမလေးက အဖော်လိုချင်ပုံရတာကြောင့်...သူ့အနေနဲ့ အဖော်မလုပ်ပေးနိုင်စရာအကြောင်းမရှိပါ။

"မိုင်မိုင်း... ဟေးမိုင်မိုင်း"

"အာ ... မာမီလာပြီ"

"ဒီကိုရောက်နေတာကို ...လာခဲ့ အိမ်ထဲဝင်။
အပြင်မထွက်နဲ့လို့ပြောထားတာကို မှတ်ထားမှပေါ့ ဟေးမိုင်မိုင်းရဲ့"

အနားကိုအလျင်အမြန်ရောက်လာသူက၊
မတ်တပ်ရပ်လျက်ရှိနေတဲ့ သူ့ကို တစ်ချက်သာဝေ့ကြည့်လာပြီး၊ အဖက်မလုပ် ဘာစကားမှမပြောဘဲ...ကလေးမလေး လက်ကိုသာ တင်းတင်းကျပ်ကျပ်ဆွဲ၍ခေါ်သွား၏။

ထိုအရာကိုမျက်မှောင်ကြုတ်ကာကြည့်ရင်း
အလိုမကျဖြစ်မိကာ...

"ခဏလေး အပြင်ထွက်တာ ဘာဖြစ်မှာကြောင့်လဲ။ကလေးကို ဆွဲခေါ်သွားတာကလည်း ကြမ်းတမ်းလိုက်တာ"

ကြမ်းတမ်းသည့်အပြုအမှုကြောင့် စိတ်ပျက်လက်ပျက်ဆိုမိရင်း...ခေါင်းခါလျက် ထိုခြံစည်ရိုးအနားကနေထွက်လာလိုက်သည်။

အလုပ်တွေများလွန်းလို့၊ဇယားရှုပ်ရမယ့်
အရာတွေနဲ့ ဝေးဝေးကင်းကင်းနေတာပဲ ကောင်းပါတယ်လေ။

::::::::

"မင်းရဲ့သမီးကို ငါကဘာကိစ္စကြည့်နေမှာလဲ Oriana...မင်းမွေးထားတာပဲ မင်းကြည့်နေပေါ့ကွ"

"ငါအပြင်ခဏထွက်သွားတုန်းမို့ နင့်ကို ကြည့်ခိုင်းထားတာလေ ကမ္ဘာသူ။မင်းရဲ့သမီးလို့ ပြောရအောင် နင့်ရဲ့သမီးရောမဟုတ်ဘူးလား"

"ဘာကို ငါ့ရဲ့သမီးလဲ။မင်းနောက်လင်နဲ့ မွေးထားတဲ့သမီးက ငါ့ရဲ့သမီးဖြစ်လာဖို့ အကြောင်းကိုမရှိတာ။မင်းဖောက်ပြန်ချင်တိုင်းဖောက်ပြန်ပြီးမှ ဒီကလေးကို ငါ့ကလေးလို့ ခေါင်းစဥ်မတပ်နဲ့"

Orianaရဲ့ မျက်နှာချောချောက ရုပ်ဆိုးစွာ မဲ့ကျသွား၏။

"နင်လည်း ငါနဲ့အတူတူပါပဲ ကမ္ဘာသူရယ်။
နင်ကိုယ်တိုင်ရော မဖောက်ပြန်လို့လား။နင်နဲ့ အဲဒီမိန်းမ ဘယ်အခြေအနေထိရောက်နေလဲဆိုတာ ငါမသိဘူးထင်နေလား"

ကမ္ဘာသူ ကမိန်းမလိုက်စားသလို၊မူးယစ်ဆေးနဲ့၊လောင်းကစားကိုစွဲလမ်းနေသူသာ။

Orianaရဲ့ဖခင်က အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်း၁ခုရဲ့ပိုင်ရှင်... ကမ္ဘာသူကတော့ ထိုလုပ်ငန်းနဲ့ ပါတနာကုမ္ပဏီကမန်နေဂျာတစ်ယောက်သာ။
နိုင်ငံခြားသားဆိုပေမဲ့ အလုပ်လုပ်တာတိကျပြီး၊Orianaကို ချစ်မြတ်နိုးတဲ့သူမို့.... ဖခင်ကိုယ်တိုင်က Orianaကို ကမ္ဘာသူနဲ့ပေးစားခဲ့တာဖြစ်သည်။

သို့သော် ကမ္ဘာသူဟာ ဖခင်ဖြစ်သူထင်သလို လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ ဖခင်သေဆုံးပြီးလို့လုပ်ငန်းကို ကမ္ဘာသူဆက်ခံချိန်မှာသိခဲ့ရသည်။ကမ္ဘာသူဆိုတဲ့ လူက လူယုတ်မာ၊သူ့ဘဝတိုးတက်ဖို့ Orianaနဲ့လက်ထပ်ပြီး... နောက်ကွယ်မှာတော့ သူ့ရဲ့အချစ်ဦးမိန်းမကိုထောက်ပံ့နေတဲ့လူ။

သူ့ရဲ့ ရူးသွပ်စွာချမ်းသာချင်အောင်...စွဲလမ်းနေတဲ့ ရှယ်ယာကစားခြင်းကြောင့်၊ လုပ်ငန်းတစ်ခုလုံးပြိုလဲသွားလို့ သူမဖခင်ရဲ့အမွေအိမ်ကြီးကို ရောင်းခဲ့ရတဲ့အထိဖြစ်လာတာတောင်
ကမ္ဘာသူဆိုတဲ့လူက သူ့အပြစ်မရှိဘူးလို့မှတ်ယူထားသည်။

"ဘာဖြစ်လဲ...ဖောက်ပြန်တော့ ဘာဖြစ်လဲ။ မင်းလည်းဖောက်ပြန်သလို...ငါလည်း ဖောက်ပြန်တာပဲလေ"

"နောက်ဆုံးတော့ နင်လည်းဖောက်ပြန်တာကို ဝန်ခံလိုက်ပြီပဲ။ရွံစရာကောင်းလိုက်တာ။ နင် ဖောက်ပြန်လို့ရတယ်...ဒါပေမဲ့ ဟေးမိုင်မိုင်းက စာချုပ်စာတမ်းအရ နင့်သမီးဖြစ်နေတုန်းပဲ။နင်သူ့ကို တာဝန်မယူလို့မရဘူး"

"မင်းကို ဖျက်ချလိုက်ဖို့ ငါပြောသားပဲ။
ဇယားရှည်ပြီးမွေးတာ မင်းပဲလေ"

ကြားနေရသည့်စကားတို့ကြောင့် မိုင်မိုင်းနားကို ပိတ်ထားသည်။ဒယ်ဒီနဲ့မာမီရန်ဖြစ်တိုင်း အလားတူစကားမျိုးတွေကိုကြားရလေ့ရှိပေမဲ့ ကြားရတိုင်းမှာလည်း...မိုင်မိုင်ရဲ့ သေးငယ်တဲ့နှလုံးသားလေးက အောင့်သက်နာကျင်လာတတ်သည်။

"မမွေးလို့ရမလား...အနည်းဆုံးတော့
သူက လူသားကလေးပဲလေ"

မိခင်တစ်ယောက်ဖြစ်တာမို့ Oriana (အော်ရီယာနာ)ကိုယ်တိုင်လည်း မိုင်မိုင်းကိုချစ်တဲ့စိတ်အနည်းငယ်ရှိနေပါသေးသည်။ဒါကြောင့်လည်း သူမက ..ဒီနေရာမှာရှိနေသေးတာပါ။

သို့သော် ဟေးမိုင်မိုင်းမွေးလာလို့ သူမဘဝမှာ ကောင်းတဲ့အရာ ရှိမလာတာမို့ ကလေးအပေါ်ဂရုစိုက်ခြင်းမျိုးမရှိခဲ့တာတော့အမှန်ပါ။မတော်တဆအမှားကြောင့်ရခဲ့တဲ့ကိုယ်ဝန်မို့ ဖျက်ချဖို့အထိ စဥ်းစားခဲ့သေးပေမဲ့ မလုပ်ဘဲ...ရှင်သန်ခွင့်ပေးခဲ့တာမို့... အခုလိုဂရုမစိုက်တာကိုလည်း အော်ရီယာနာ့ကိုအပြစ်တင်လို့မရဘူးလို့ သူမကထင်သည်။ဒီကလေးကို အခုချိန်ထိ ကျွေးမွေးလာတာနဲ့တင်တာဝန်ကျေပြီမလား။

"မင်းစိတ်နဲ့မင်းမွေးထားတာ...ငါ့ကို တာဝန်ယူခိုင်းမနေနဲ့ Oriana။တစ်ခုတော့ရှိတယ် မင်းရဲ့ဒီအိမ်ကို ငါ့နာမည်နဲ့လွဲလိုက်...ဒါဆိုရင် မင်းရဲ့သမီးအပေါ်ကောင်းပေးဖို့ ငါစဥ်းစားမယ်"

"အဟား ... ရူးသွပ်မှုကြီးပဲ။နင် ဒီကလေးကို၊ဒီအိမ်နဲ့လဲရအောင် တန်တယ်ထင်လို့လား"

"လင်ငယ်ကို ခေါ်နေဖို့အိမ်ဖို့ မတန်တာလား Orianaရဲ့။ငါအစကတည်းကသိသားပဲ။
မင်း ဒီအိမ်ကိုဝယ်တာ မင်းရဲ့လင်ငယ် ဂျွန်နဲ့ အတူတူနေဖို့ဆိုတာလေ။စိတ်မကောင်းစရာပဲ...ငါက ကွာရှင်းမပေးဘဲ လင်ငယ်ကို အိမ်ပေါ်တင်ထားပြီး၊ငါ့ဘက်က တရားစွဲလိုက်ရင် ပိုင်ဆိုင်မှုတွေက ငါ့အပိုင်ဖြစ်လာမှာနော်"

ဂရုမစိုက်သလိုမျက်နှာပေးနဲ့ပြောနေတဲ့ လူကို အော်ရီယာနာသည်းခံစိတ်ကုန်ဆုံးလာ၏။

"သွား​ေ/သ/လိုက်...​ေ/ခွး/သား"

ဝုန်း...

"နင်လည်း ဒီပိုင်ဆိုင်မှုတွေကိုရမယ်မထင်နဲ့"

စားပွဲပေါ်က မီးအိမ်ရဲ့လွင့်စင်သွားမှုက ထောင့်အကွယ်မှာရပ်နေတဲ့ မိုင်မိုင်းခြေထောက်နားအထိရောက်လာသည်။

"မင်းက ရမ်းကားချင်တယ်ပေါ့။
သေချင်လို့လား အော်ရီယာနာ"

ဖြော/င်း/...
အားပြင်းတဲ့ လ/က်/ဝါး တစ်ချက်က အော်ရီယာနာရဲ့ပါး/ပြင်ပေါ်ကျရောက်၏။

"​ေ/ခွး/သား...နင်ကများ ငါ့ကို"

ဖြော/င်း...
ပြန်တွန်းလှန်ဖို့ရွယ်လိုက်ပေမဲ့ ကမ္ဘာသူရဲ့ အင်အားကိုမယှဥ်နိုင်သူက ထပ်မံအရိုက်ခံရ၏။

ကြားနေရသည့်အသံတို့ကြောင့် မိုင်မိုင်ရဲ့ လက်ဖျားလေးတွေတုန်ရီကာ...ပါးစပ်ကို လက်ဖြင့်အုပ်၍ ရှိုက်ငိုနေမိသည်။

ထိုရို/က်/နှ/က်/နှိ/ပ်/စ/က်/မှုမျိုးကို ခံရဖူးကတည်းက၊ဒယ်ဒီ့ကို သေမတတ်ကြောက်ပါသည်။ဒယ်ဒီက ဒေါသထွက်လာရင် မိုင်မိုင်းကိုပါ ရိုက်ဖူးတာကြောင့်...ဝင်တားချင်ပေမဲ့ ခြေထောက်တစ်စုံက လေးကန်နေ၏။

"ကမ္ဘာသူ... နင် လူယုတ်မာ"

ဖြော/င်း...
"အေး ယုတ်မာတော့ ဘာဖြစ်လဲဟာ"

ဝုန်း...
တစ်ခုခုပြိုကျသွားတဲ့ အသံကျယ်ကြီးနဲ့အတူ... မာမီက ခွေလျက်လဲကျသွားပြီး၊ စူးရဲတဲ့မျက်ဝန်းတစ်စုံက မိုင်မိုင်းရှိရာကိုရောက်လာ၏။

"ဒယ်... ဒယ်ဒီ"

"သြော် နင်က ဒီမှာပုန်းနေတာကို"

သန်မာတဲ့လက်က မိုင်မိုင်းရဲ့သေးသွယ်တဲ့ လက်ကို အားပြင်းပြင်းနဲ့ တရွတ်တိုက်ဆွဲခေါ်သွား၏။

"ဒယ်ဒီ...မ...မရို/က်/ပါနဲ့"

"သွားစမ်း"

အားထည့်ကာ တွန်းလိုက်သည်ကြောင့်၊
မိုင်မိုင်းက နောက်ကိုလဲကျသွား၏။

"နင်တို့၂ယောက်စလုံး အချိုးမပြေရင်
အသက်ရှင်ဖို့ မတွေးနဲ့။တောက်... ဘယ်လိုဟာတွေလဲမသိ"

ဒယ်ဒီဟာ ဒေါသတကြီးနှင့် အိမ်အပြင်ကို ထွက်သွားတယ်ဆိုရင်ပဲ သူမက နေရာမှ ခပ်မြန်မြန်ထ၏။ထောက်လျက်လဲကျတာကြောင့် နာကျင်သွားသည့် လက်ကို ဂရုမစိုက်ဘဲ.. မာမီ့အနားကိုသွားသည်။မိုင်မိုင်းမှာ အားကိုးရာက မာမီပဲရှိတာမဟုတ်လား။

"မာမီ...မာမီနာနေလား"

"မထိနဲ့...ဒါတွေ နင့်ကြောင့်ဖြစ်ရတာ"

ပြန်ပြီးတွန်းထုတ်ခံလိုက်ရတာကြောင့်
ကူကယ်ရာမဲ့သွားတဲ့ မိုင်မိုင်းရဲ့မျက်ဝန်းပြာလေးတွေမှာ...မျက်ရည်ကြည်တို့ပြည့်လာသည်။

"နင့်ကြောင့် ဟေးမိုင်မိုင်း...နင်မွေးလာခဲ့လို့။
ဘာကြောင့်များ လူဖြစ်လာခဲ့ရတာလဲ"

ရှိုက်ကြီးတငင်ငိုနေတဲ့ မာမီ့ကိုကြည့်ရင်း
မိုင်မိုင်းကိုယ်တိုင်လည်း နာကျင်လာသည်။
တွန့်ဆုတ်စွာဖြင့် ထောင့်တစ်နေရာကိုတိုးသွားပြီး၊ဒူး၂ဖက်ကိုပိုက်ကာ အသံတိတ်ရှိုက်ငိုမိ၏။

မိုင်မိုင်းက မာမီ့အနားမှာပဲနေချင်ခဲ့တာပါ။

To Be Continued : Part - 2

"ဒါက ဘာလဲ နော်ပိုးရုံ...စာသင်ချိန်မှာ မင်းတစ်ယောက်ထဲ ဂနာမငြိမ်ဖြစ်နေတာနော်။ပြစမ်း... မင်းလက်ထဲက ဘာစာလဲ"​"ဟင့်အင်း ဆရာ......
02/08/2026

"ဒါက ဘာလဲ နော်ပိုးရုံ...
စာသင်ချိန်မှာ မင်းတစ်ယောက်ထဲ ဂနာမငြိမ်ဖြစ်နေတာနော်။
ပြစမ်း... မင်းလက်ထဲက ဘာစာလဲ"

​"ဟင့်အင်း ဆရာ... အနော် မရည်ရွယ်ပါဘူး၊ ဒါက ဘယ်သူ့စာမှန်း အနော် မသိပါဘူး"

​"တောက်... ဒါဆို ပြစမ်းပါကွ။ မင်း မဟုတ်တာလုပ်ထားလို့ ငါ့ကို ဆင်ခြေလာမပေးနဲ့"

​ကျောင်းခန်းထဲမှာ အော်ငေါက်ခံလိုက်ရသည်မို့ အနော့်မျက်ရည်တွေ စီးကျလာသည်။ အစ်ကိုက အနော့်လက်ထဲမှ စာကို ဆွဲယူကြည့်သည်။ ပန်းစည်းလေးက အစ်ကို့လက်ချက်ကြောင့် ကြမ်းပြင်ပေါ် အစိပ်စိပ်အမွှာမွှာ ကျနေပါပြီ။ တစ်ခန်းလုံးရဲ့ အကြည့်တွေက အနော်ဆီသာ ရောက်ရှိနေပြီး ကြည့်နေကြတဲ့ မျက်လုံးတွေက အနော်အတွက် အင်မတန် ရှက်ရွံ့စရာ ဖြစ်ရပါတော့သည်။

​"အဟက်... ရည်းစားစာပဲ...
ဘာလဲ... တစ်ရက်တည်းတွေ့ပြီး တစ်ဘဝလုံး ချစ်မိသွားတယ် ဆိုလားပဲ။
ဘာလဲ... မင်းဘက်က ရေလာမြောင်းပေး ဘယ်လောက်ထိတောင် လုပ်ထားပြီမို့လဲ...
ရှင်းပြစမ်းပါဦး"

​"ရှင်... ဟင့်အင်း၊ အနော် မသိပါဘူး"

​အနော် ခေါင်းသာ အသွင်သွင် ရမ်းခါမိပါသည်။ စာထဲမှာ ဘာစာတွေ ရေးထားမှန်း မသိပေမယ့် အစ်ကိုကတော့ ဖတ်လိုက်သူမို့ မျက်နှာ သိသိသာသာ ပျက်နေသည်။ တစ်ခန်းလုံးရဲ့ အကြည့်တွေကို ရင်ဆိုင်ဖို့ အနော် ရှက်ရွံ့ခဲ့ရပါသည်။ အရွယ်ရောက်ပြီသား အနော့်ကို ဘာလို့ အစ်ကိုက နားမလည်ပေးရတာလဲ။ ပြီးတော့ တစ်ခန်းလုံးရှေ့မှာ အစ်ကိုက အနော့်ကို အရှက်ရအောင် အော်ငေါက်နေပါသည်တကား။

​"ညနေကျမှ မင်းနဲ့ငါ တွေ့မယ် နော်ပိုးရုံ။ ကျောင်းတက်တာ တစ်လမပြည့်သေးဘူး၊ ဘယ်ကမှန်းမသိတဲ့ အီစီကလီတွေက များနေပြီ...တောက်!"
​"ဒီနေ့ နားမယ်... တစ်ခန်းလုံး စကားမပြောကြနဲ့"

​အစ်ကိုက အနော့်ကို ဒေါသတကြီးဆို၍ ကျောင်းသူကျောင်းသားတွေကို ပြန်ပြောကာ စာအုပ်ကိုယူ၍ ကျောင်းခန်းထဲမှ ထွက်သွားသည်။ အစ်ကို ထွက်သွားသည်နဲ့ ကျောင်းသူကျောင်းသားတွေ အချင်းချင်း တီးတိုးပြောကြလေတော့သည်။
​သစ်ကတော့ အနော့်လက်လေးကို ဆုပ်ကိုင်၍ နှိပ်သိမ့်ရှာသည်။ သစ်ပြောပုံအရ ကျောင်းသူတွေက အနော်နဲ့ဆရာကို တစ်ခုခု ပတ်သက်နေမှန်း ရိပ်မိသွားပြီတဲ့။
​ဆရာက ဘာလို့ မဆင်ခြင်ခဲ့ရတာလဲ။ အနော် အမှားလုပ်ထားရင်တောင် အိမ်ရောက်မှ ဆူလို့ရပါသည်လေ။ အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက်ကို လူမြင်ကွင်းမှာ ဆူတော့ တစ်ခြားသူတွေ ရိပ်မိကုန်ကြရောပေါ့။ တကယ်ဆို အထက်တန်းကျောင်းတုန်းကလို ဆူလို့မှ မရလေဘဲ။

​"ပိုးရုံ... ငိုနေတာလား။
မငိုပါနဲ့တော့ဟာ... ဒါက ငါ့အမှားတွေပါ"

​"အင်း... ရပါတယ်သစ်ရယ်၊ အနော့်အမှားတွေလည်း ပါပါတယ်။ ပြီးတော့ အနော်က ဆရာ့အိမ်မှာ နေရတာပါ..."

​"ငါ ရိပ်မိပါတယ် အနော်... ဆရာ စာသင်တဲ့နေ့ကတည်းက နင့်ကိုပဲ ကြည့်ကြည့်နေတာ၊ ငါဖြင့် မျက်နှာတောင် ပူသွားတယ်။ ခုကိစ္စကလည်း ဆရာက နင့်ကို သဝန်တိုလို့ပဲ နေမှာ"

​"အို... မဟုတ်တာ။ ဆရာက အနော့်အကိုလိုပါပဲ"

​"အဲ့ဒါ နင့်ဘက်ကလေ... ဆရာက နင့်ကို ချစ်နေတာ သိလား"

​"မဟုတ်တာ..."

​သစ့်စကားကို အနော် ပြာပြာသလဲ ငြင်း၍ စိတ်ထဲတွင်လည်း မလှုံမလဲ ဖြစ်ရသည်။ သစ်က အမြင်နဲ့ ထင်နေပေမယ့် ဖြစ်မှမဖြစ်နိုင်တာ။ အနော်နဲ့ အစ်ကိုက မောင်နှမလိုပါပဲ။ ပြီးတော့ အနော့်ကို အရာရာ ဆူနေတဲ့ အစ်ကိုက ချစ်နေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ။

®_________®

​ညနေ ကျောင်းဆင်းတော့ အစ်ကို့ကားက ကျောင်းရှေ့မှာ ရပ်ထားသည်။ ကားကိုမှီ၍ မျက်မှောင်ကုပ်ကာ စောင့်နေတဲ့ အစ်ကို့ကို အနော် အဝေးကနေ လှမ်းမြင်ရပါသည်
​ခါတိုင်း အိမ်ပြန်ချိန်ဆို သစ်တို့နဲ့ မဟုတ်ရင် အိမ်က လွှတ်တဲ့ ဒရိုင်ဘာနဲ့ လိုက်နေကျပါ။ ခုတော့ အစ်ကိုက အသိမပေးဘဲ ရောက်လာချေပြီ။

​သစ်က အလိုက်တသိ နှုတ်ဆက်၍ အနော့်ဘေးမှ ရှောင်ထွက်သွားသည်။ အနော် အစ်ကို့နား မရောက်ခင် အစ်ကိုက အနော့်နား ခြေလှမ်းကျဲများဖြင့် ရောက်လာကာ အနော့်လက်ကို အတင်းဆွဲ၍ ကားတံခါးကိုဖွင့်ကာ ကားထဲ အတင်းဆွဲသွင်းသည်။
​အပြုအမူတွေက ကြမ်းတမ်းလွန်း၍ အနော် လက်တစ်ထောင်ဆစ်လေးနဲ့ ကားတံခါး ဆောင့်မိသွားပြီး တစ်စစ်စစ်နာလာသည်မို့ မျက်ရည်တွေပါ ဝဲလာရသည်။ အနည်းငယ် လန်သွားတဲ့ လက်ကျည်စလေးကို ဆွဲဖုံး၍ ဝမ်းနည်းစိတ်ကို တင်းခံထား၍ မရတော့ပါ။

​အစ်ကိုက အနော့်ဘေး မောင်းသူနေရာ ဝင်ထိုင်ကာ ရုတ်တရက်ကြီး ကားစတီယာရင်ကို ပိတ်ထုသည်။

​အနော် ကိုယ်လေးတွန့်ကာ လန့်သွားပေမယ့် ဘာမှလည်း မပြောရဲခဲ့ပါ။ အစ်ကို့ဒေါသ သိပ်ကြီးမှန်း မေမေမျိုးက အရင်ကတည်းက ပြောပြထားဖူးသည်လေ။

​"တောက်... ကလေးကကျေကောင်တွေ..."

​အစ်ကို့မျက်နှာက နီရဲခက်ထန်နေကာ တစ်ခုခုကို ဒေါသဖြစ်နေပုံပါပဲ။ ကလေးကကျေကောင်တဲ့... အနော်ကို ပြောတာ ဟုတ်မည်မထင်၊ ဒါဆိုရင် အနော်ကို စာပေးတဲ့လူကိုလား။

​တန်ခိုးပြည့်စုံ မျက်ခုံးကြီးကျုံ့၍ လည်ပင်းကြောတွေပင် အလိုလို ထောင်တက်လာသည်။ သူမကို တစ်ခြားသူ ပေးတဲ့စာကို ဖတ်ဖတ်ချင်း ဖြစ်နေခဲ့တဲ့ ဒေါသက ခုထိ မပြေသေးပါ။

​မိုးမခကျော်တဲ့...
သူ့စုံစမ်းချက်အရ ဒီကျောင်းကပင် သူမနဲ့လည်း ရင်းနှီးနေပုံရကာ သာမန်အဆင့်ထက်ပင် ပိုချင်နေပုံ။ သူမဟာ အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက်ပေမယ့် သူ သဘောမကျပါ။ သူ့လက်အောက်မှာနေရင် သူ့စကားကို နာခံရမည်၊ ဘယ်ကလေးကောင်နဲ့မှ မပတ်သက်စေချင်ပါ။ ဒါက သူ့ရဲ့ချမှတ်ထားတဲ့ စည်းမျဉ်းပဲ။

​"အိမ်ပြန်မယ် နော်ပိုးရုံ... မေမေကို ဒီကိစ္စ မသိစေနဲ့။ပြီးတော့ မင်း အဲ့ဒီအကောင်နဲ့ ပတ်သက်ရဲရင် ပတ်သက်ကြည့်..."

​"ဟင့်...မေမေမျိုးက အနော့်ကို မချုပ်ချယ်ဘူး။ ပြီးတော့ အနော် ရည်းစားဘာညာ ထားနေတာလည်း မဟုတ်ဘူး၊ ဒါပေမယ့် အစ်ကို... အနော့်ကို အရှက်ရအောင် လုပ်တယ်..."

​"ဘာ... ဘယ်လို၊ ငါက မင်းကို အရှက်ရအောင် လုပ်တယ်ဟုတ်လား။ ပြန်ပြောစမ်းပါဦး"

​"တကယ်ဆို အနော်က အရွယ်ရောက်ပြီးသားသူပဲ။ အနော် မဟုတ်တာ လုပ်နေတာလည်း မဟုတ်ဘူး၊ အနော့်အရွယ် မိန်းကလေးတွေဆို ကြင်ယာဖက် ရှိနေကြပြီလေ"

​"ဘာ..."
​"မင်း... မင်း... တော်တော် စကားတတ်နေပါလား။ ငါ ဘာပြောထားလဲ ဟမ်း..."

​အနော် ခံပြင်းလွန်း၍ အစ်ကို့ကို ပြန်ပြောမိလိုက်ချိန် အစ်ကိုက အနော့်ပခုံးနှစ်ဖက်ကို မညာမတာ ကိုင်၍ အနော့်မျက်နှာနဲ့ နီးစေသည်။ ဒေါသဖြစ်နေသော အစ်ကို့မျက်နှာက တည်တံ့နေကာ အနော့်ကိုလည်း ခပ်စူးစူး ကြည့်သည်။ အနော် မျက်လွှာလေး အလိုလို ချမိသွားပြီး အစ်ကို့ကို ပြန်ပြောဖို့ ခွန်အားတွေ မဲ့လာခဲ့ပါတော့သည်။

​" မင်းက ငါ့ကိုတောင် အာခံတတ်နေပြီပေါ့။ အဟွန်း... ခုတလော မင်း အချိုတွေ ပြောင်းနေတယ်နော် နော်ပိုးရုံ။ ဘာလဲ... မင်း အဲ့ဒီအကောင်နဲ့ ဘယ်အဆင့်ထိ ရောက်နေပြီလဲ"

​"ဟင့်အင်း... အနော် ဘာကိုမှ မဟုတ်တာ လုပ်မထားပါဘူး။ အနော် အရွယ်ရောက်နေပေမယ့် ဘယ်သူ့ကိုမှ ရေလာမြောင်းပေး မလုပ်ခဲ့ဘူး၊ ရည်းစားထားဖို့လည်း အနော် မစဉ်းစားဖူးခဲ့ပါဘူး"

​"ကောင်းပြီလေ... မင်းစကား မင်းတည်ပါ ငယ်ပါသေးတယ် နော်ပိုးရုံ။ မင်းတို့အရွယ်က စာကိုသာ အာရုံစိုက်ရမယ့်အရွယ်..."

​"ဟုတ်ကဲ့ပါ ရှင့်"

​အစ်ကိုက စိတ်ပြေသွားသလို ချော့ပြောတော့ အနော် မျက်လွှာလေးသာချ၍ ခေါင်းငြိမ့်လိုက်သည်။ ခုနက အနော် အစ်ကို့ကို စကားများမှားသွားခဲ့ပြီလား။
​အစ်ကိုကတော့ ကားကူရှင်ကို ခဏမှီကာ ကားကို စတင်မောင်းထွက်တော့သည်။ အနော်မှာတော့ အစ်ကို့ကို အားနာစိတ်က တားမရခဲ့ပါ။ အစ်ကိုဟာ အနော့်အပေါ် အရာရာ စိုးရိမ်ပေးသည်။ ခုလည်း အနော် ရည်းစားမထားစေဘဲ စာကိုသာ အာရုံစိုက်ရမည်တဲ့။ အနော့်ပညာရေးကိုပါ အစ်ကိုက တွေးပူပေးနေသည်လေ။

​*****************

​အိမ်ပြန်ရောက်တော့ မေမေက သူမလေးကို နန်းကြီးသုပ် လုပ်ထားတယ်ဆိုပြီး မီးဖိုခန်းဘက် ခေါ်သွားသည်။ သူက နန်းကြီးသုပ် မကြိုက်၍ မေမေက ခေါက်ဆွဲကြော်ထားပေးသည်ဟု ဆိုသော်လည်း သူ စားချင်စိတ်မရှိတာကြောင့် ငြင်းကာ အိမ်ပေါ်ထပ်ကို တန်းတက်ခဲ့သည်။

​အရင်ဆုံး ဆိုဖာမှာထိုင်ကာ ခဏနား၍ နှဖူးကို လက်တင်ထားလိုက်သည်။ ညနေက သူ့ရင်ထဲ ဘာလို့ သူမကို မကြည်မဖြူ ဖြစ်နေရတာလဲ။ သူမကို မကြည်ဖြူတာတော့ မဟုတ်ပါ... သူမလေး သူစိမ်းယောက်ျားတစ်ယောက်နဲ့ ပတ်သက်သွားမှာကို စိတ်က လက်မခံနိုင်လို့ပင်။

​သူမကို သူစိမ်းသူက ဖက်တာ၊ နမ်းတာ၊ ဂရုစိုက်တာ... ထိုမြင်ကွင်းကို သူ မမြင်ချင်ပါ။ သူမကို ချစ်မိနေလို့ဆိုတာ မသေချာပေမယ့် သူ့စိတ်ကိုလည်း သူ မသိခဲ့ပါဘူး။
​ညနေစောင်းဘက် ဖြစ်ပေမယ့် သူ မျက်လုံးစုံမှိတ်၍ အိပ်မိသွားပါသည်။ နေ့လယ်က ကိုယ်ပင်ပန်းတာရော စိတ်ပင်ပန်းတာရော ပေါင်းစုံက ဒီညနေတော့ အိပ်မောကျနေသည်မှာ အသေအချာပင်။

®_

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when K3 Online Novels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to K3 Online Novels:

Shortcuts

Share

Category