May Myo Fire Station

May Myo Fire Station Keep Our Country Free From Fire Disaster
(1)

၂၉.၃.၂၀၂၆ ရက်နေ့၊ ၁၃ ၀၆ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ အမှိုက်ပုံမီးလောင်မှုဖြစ...
29/03/2026

၂၉.၃.၂၀၂၆ ရက်နေ့၊ ၁၃ ၀၆ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ အမှိုက်ပုံမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး သန္တိသုခလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ ပြင်ဦးလွင်လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update : : ၃၀.၃.၂၀၂၆ ရက်နေ့ ၀၃:၀၀နာရီ အချိနိတွင် မီးထိန်းနိုင်ပြီး ၀၆:၁၅ တွင် မီးလုံးဝငြိမ်းခဲ့ပါသည်။

(၁၃.၃.၂၀၂၆)ရက်နေ့ (၁၆ ၃၅ )အချိန် မြို့နယ်မီးသတ်စခန်းမှ(၃)မိုင်ခန့်အကွာတွင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၉)၊ ငါးရံ့ကျ...
13/03/2026

(၁၃.၃.၂၀၂၆)ရက်နေ့ (၁၆ ၃၅ )အချိန် မြို့နယ်မီးသတ်စခန်းမှ(၃)မိုင်ခန့်အကွာတွင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၉)၊ ငါးရံ့ကျောင်းတွင် ကားမီးလောင်နေကြောင်း သတင်းရရှိ၍ ခရိုင် ၊ မြို့နယ် မီးသတ်မှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ငြိမ်းသတ်ခဲ့ရာ (၁၆ ၄၅)အချိန် မီးငြိမ်းခဲ့ပါသည်။

၃၀.၁.၂၀၂၆ ရက်နေ့၊ ၂၃ ၂၉ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၇)၊ အနော်ရထာလမ်းတွင် လူနေအိမ်...
30/01/2026

၃၀.၁.၂၀၂၆ ရက်နေ့၊ ၂၃ ၂၉ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၇)၊ အနော်ရထာလမ်းတွင် လူနေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင် ၊မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွါငြှိမ်းသတ်ခဲ့ရာ ၂၃ ၄၀ အချိန်မီးငြိမ်းပါသည်။
MFSD

၂၂.၁.၂၀၂၆ ရက်နေ့၊  ၁၃ ၂၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းက...
22/01/2026

၂၂.၁.၂၀၂၆ ရက်နေ့၊ ၁၃ ၂၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပါသည်။
Update ၁၃:၃၈ မီးငြိမ်းပါသည်။(လူထိခိုက်မှု မရှိပါ)

၂၁.၁၂.၂၀၂၅ ရက်နေ့၊ ၁၂ ၄၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ မန္တလေး-လာရှိုးလမ်းမကြီးဘေး...
21/12/2025

၂၁.၁၂.၂၀၂၅ ရက်နေ့၊ ၁၂ ၄၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ မန္တလေး-လာရှိုးလမ်းမကြီးဘေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂ ၅၃ အချိန် မီးငြိမ်းပါသည်။

#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
https://t.me/mmfsdchannel191

https://www.tiktok.com/?_r=1&_t=ZS-92AyWxQt6Yi

https://t.me/mmfsdchannel191https://www.tiktok.com/?_r=1&_t=ZS-92AyWxQt6Yiပြင်ဦးလွင်မြို့နယ်အတွင်းရှိ၊မိဘပြည်သူများအနေဖြ...
13/12/2025

https://t.me/mmfsdchannel191

https://www.tiktok.com/?_r=1&_t=ZS-92AyWxQt6Yi

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ၊မိဘပြည်သူများအနေဖြင့် Telegram Channel / Tiktok Acc များတွင်လည်း အရေးပေါ်သတင်းများအား ဝင်ရောက်ဖတ်ရှုနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

(၁၂.၁၂.၂၀၂၅)ရက်နေ့၊ (၁၈:၁၂)အချိန် ပြင်ဦးလွင်မြို့နယ်၊ ရက်ကွက်ကြီး(၁)၊ ရွှေညောင်ပင်လမ်းရှိ လူနေအိမ်(၁)လုံး၊ မီးလောင်နေကြေ...
12/12/2025

(၁၂.၁၂.၂၀၂၅)ရက်နေ့၊ (၁၈:၁၂)အချိန် ပြင်ဦးလွင်မြို့နယ်၊ ရက်ကွက်ကြီး(၁)၊ ရွှေညောင်ပင်လမ်းရှိ လူနေအိမ်(၁)လုံး၊ မီးလောင်နေကြောင်းသတင်းရ၍ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်း၊ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့စည်းများဖြင့် ငြှိမ်းသတ်ခဲ့ရာ(၁၈:၂၇)တွင် မီးငြိမ်းခဲ့ပါသည်။

(၉.၁၂.၂၀၂၅)ရက်နေ့ (၀၉ ၀၀)နာရီအချိန်မှ (၁၁ ၀၀)နာရီအချိန်ထိ ရကက(၆)၊ စုပေါင်းရုံးအတွင်း (၂၈-၁၂-၂၀၂၅)ရက်နေ့တွင်ကျင်းပမည့် ပါ...
09/12/2025

(၉.၁၂.၂၀၂၅)ရက်နေ့ (၀၉ ၀၀)နာရီအချိန်မှ (၁၁ ၀၀)နာရီအချိန်ထိ ရကက(၆)၊ စုပေါင်းရုံးအတွင်း (၂၈-၁၂-၂၀၂၅)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲရုံများ၏ မီးဘေးလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အရန်မီးသတ်အဖွဲ့ဝင် (၁၇၉) ဦးအား ယူနီဖောင်း(အင်္ကျီ၊ ဦးထုပ်၊ ခါးပတ်၊ ဖိနပ်)ထုတ်ပေးခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းထုတ်ပေးခြင်းအခမ်းအနားတွင် မစအ(ပဥလ) ဥက္ကဌ ဦးတင်အောင်လွင်မှ ယူနီဖောင်းဝတ်စုံပေးအပ်ခြင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ‌ဦးကျော်ဆန်းမှ ယူနီဖောင်းဝတ်စုံပေးအပ်ခြင်းများဆောင်ရွက်ခဲ့ခြင်း၊
အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စုပေါင်းရုံးအလံတိုင်တန်းစီကွင်းအတွင်း တန်းစီ၊လူစစ်ဆေးခြင်းများဆောင်ရွက်ပြီး မစအဥက္ကဌ ဦးတင်အောင်လွင်မှ ရွေးကောက်ပွဲတွင် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များအပေါ် စနစ်တကျ‌ထမ်းဆောင်စေရေး မှာကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်းအောင်မှ မီးငြှိမ်းသတ်ခြင်းဆိုင်ရာ ဟောပြောသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်အားလုံး၏ ယူနီဖောင်းကုန်ကျစရိတ်အား မစအ(ပဥလ)အဖွဲ့မှ စီမံဆောင်ရွက်ပေးအပ်ခဲ့ပါကြောင်း ဖော်ပြလိုက်ပါသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိဘပြည်သူများခမျာ....။ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါ၍ မီးလောင်မှု၊မီးလှန့်မှုများမဖြစ...
09/12/2025

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိဘပြည်သူများခမျာ....။
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါ၍ မီးလောင်မှု၊မီးလှန့်မှုများမဖြစ်ပွားလေအောင် အောက်ဖော်ပြပါ အချက်များလိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်.........။
(၁) လျှပ်စစ်အသုံးပြု၍ ချက်ပြုတ်ပြီးချိန်တိုင်းတွင် ပလပ်များကို သေချာစွာဖြုတ်ထားရန်။
(၂)ဖုန်း၊ကွန်ပျူတာ၊လပ်တော့ပ်စသည့် လျှပ်စစ်ပစ္စည်းများအား အားသွင်းလျက်အသုံးပြုခြင်း၊ တစ်ညလုံး အားသွင်း၍ အိပ်စက်ခြင်းများမပြုလုပ်ကြရန်။
(၃)မိမိခြံဝင်းအတွင်းအမှိုက်များကို မီးရှို့သည့်အခါ မီးပွားများလွင့်စင်၍ မီးလောင်မှုမဖြစ်ရလေအောင် စနစ်တကျ ထိန်းရှို့ကြရန်။
(၄)Gas မီးဖိုများအသုံးပြု၍ ချက်ပြုတ်ပြီးစီးချိန်တိုင်းတွင် Gas အိုးရှိတပ်ဆင်ထားသောဘားများအား သေချာစွာ ပိတ်ထားခဲ့ကြရန်။
(5)ထင်း၊မီးသွေး အသုံးပြု၍ ချက်ပြုတ်ပြီးစီးချိန်တိုင်းတွင်လည်း မီးပွား၊မီးစများကျ၍ မီးလောင်မှုမဖြစ်ပေါ်စေရန် သေချာဂရုစိုက်၍ အသုံးပြုကြရန်။
(6)သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များအား ထမင်းဟင်းချက်ပြုတ်စေခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏နေအိမ်တွင်လူစောင့်မရှိပါက ထမင်းပေါင်းအိုး၊ရေနွေးအိုး၊‌ရေခဲသေတ္တာ၊aircon၊ဖုန်း စသည့်လျှပ်စစ်ပစ္စည်းများအားတပ်ဆင်ထားခဲ့ခြင်းများမပြုလုပ်ကြရန်။
(7)အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သော မီးချိတ်၊မီးကပ်၊ရေ၊သဲ၊DCP မီးသတ်ဆေးဗူးများ အသင့်ထားရှိကြရန်။
(8)မိမိနေအိမ်နှင့်ပတ်ဝန်းကျင်တွေ အရေးပေါ်တစုံတရာ ဖြစ်ပွားလာခဲ့ပါက
အရေးပေါ်မီးသတ်ဖုန်းနံပါတ် (၁၉၁)သို့လည်းကောင်း၊ မြို့နယ်မီးသတ်စခန်း (၀၈၅-၂၀၂၂၃၂၃)သို့လည်းကောင်း၊
ခရိုင်မီးသတ်စခန်း(၀၈၅-၂၀၂၉၉၄၃)သို့လည်းကောင်း အမြန်ဆုံးအကြောင်းကြားဆက်သွယ်ကြပါရန် တိုက်တွန်း‌နှိုးဆော်အပ်ပါသည် ခမျာ။

(၂၅.၁၁.၂၀၂၅)ရက်နေ့ (၁၃:၅၆)အချိန် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ (၄)မိုင်ခန့်အကွာ၊ညောင်နီ‌ကျေးရွာ၊ UTH ဆီဆိုင်အနီး၊ မြို...
25/11/2025

(၂၅.၁၁.၂၀၂၅)ရက်နေ့ (၁၃:၅၆)အချိန် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ (၄)မိုင်ခန့်အကွာ၊ညောင်နီ‌ကျေးရွာ၊ UTH ဆီဆိုင်အနီး၊ မြို့ရှောင်လမ်းတွင် ယာဉ်တိမ်းမှောက်၍ ညပ်နေကြောင်း သတင်းရ၍ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊သန္တိသုခလူမှုကူညီ ရေးအသင်း၊ပြင်ဦးလွင်လူမှုကူညီရေးအသင်းတို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ကျား(၁)ဦး(မစိုးရိမ်ရ)လူနာအား သန္တိသုခလူမှုကူညီရေးအသင်းကားဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါသည်။

နိုင်ငံပေါင်း(၁၇)နိုင်ငံဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအနက်မှ ပထမဆုနှင့်၊တတိယဆုခူးဆွတ်၍ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ပါသော မြန်မာနိုင်ငံ...
22/11/2025

နိုင်ငံပေါင်း(၁၇)နိုင်ငံဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအနက်မှ ပထမဆုနှင့်၊တတိယဆုခူးဆွတ်၍ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ပါသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များအား လေးစားဂုဏ်ပြုအပ်ပါသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိမိဘပြည်သူများသို့****ပြင်ဦးလွင်မြို့နယ်အတွင်း စုပေါင်းပိုင်အိမ်ယာ၊ဟိုတယ်၊မိုတယ်၊တည်းခိုခန်းမျ...
13/11/2025

ပြင်ဦးလွင်မြို့နယ်အတွင်းရှိမိဘပြည်သူများသို့****
ပြင်ဦးလွင်မြို့နယ်အတွင်း စုပေါင်းပိုင်အိမ်ယာ၊ဟိုတယ်၊မိုတယ်၊တည်းခိုခန်းများ၊အခြားလုပ်ငန်းရပ်များအား မီးဘေးလုံခြုံရေးဆိုင်ရာစစ်ဆေးခြင်းများနှင့် မီးသတိပေးရေးဆိုင်ရာလုပ်ငန်းတို့ကို အောက်ဖော်ပြပါ Pageတွင် ဝင်ရောက်ကြည့်ရှူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
https://www.facebook.com/share/1B8qPnYCsF/

Address

Maymyo

Alerts

Be the first to know and let us send you an email when May Myo Fire Station posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share