25/05/2026
အားလုံးကို ခွန်းတောင်းပန်ပါတယ်။🙏🙏🙏🙏
ခွန်း Pageတွေကို ပြန်လိုက်ခဲ့ပေမယ်။ K3 pageအကြီးကို ပြန်မရခဲ့ပါဘူး။လက်ရှိ K Smart / Novel ခွန်း / 95K page တွေကိုတော့ ပြန်ရခဲ့ပါတယ်။
ပြောရရင် ခွန်း Page အကြောင်းတွေ နားမလည်ဘူး။ ကိုယ့် page ဘယ်လောက်တန်တယ်တောင် မသိဘူး။ ပြန်ဆယ်ရင် ခွန်းအနေနဲ့က ကိုယ်လက်လှန်းမီတဲ့ အနေအထားပဲပေါ့။ ဒါမဲ့ ကိုယ်ထင်သလိုဖြစ်မနေခဲ့ဘူး။ ခွန်း မှာ အဲ့လောက်ငွေအမောက်မရှိဘူး စာချစ်သူတို့ရယ်။ ခွန်း လစာတောင် ပြောရရင် 4သိန်းမပြည့်ဘူး။ ခွန်း တောင်းပန်ပါတယ်။ ဒီpageတွေကို လက်လွှတ်ရတော့မယ်။ pageတစ်pageဈေးတွေ အဲ့လောက်ရှိနေမယ်လည်း မထင်ခဲ့ပါဘူး။ကိုယ်က page တွေကို စေတနာနဲ့ 0 ကစခဲ့တာလေနော်။တန်ဖိုးထားတယ်။ခွန်းရင်ထဲမှာ pageေတွဟာ စာပေအနေနဲ့ အဓိပ္ပာယ်တစ်ခုရှိနေတုန်းပဲ။ ဒါပေမယ့် အခု တကယ် အားလုံးကို ခွန်းနှုတ်ဆက်ရတော့မယ်။ အားလုံးကို ခွန်းအလွန်တရာ အားနာစွာနဲ့ နှုတ်ဆက်ပါတယ်နော်။ ခွန်းမှာ အလွန်ဆုံးတတ်နိုင် pageေတွကို 3 သိန်းလောက်ပဲ တတ်နိုင်တာ ။ တကယ့်တကယ်ပေးရမယ့် ပမာဏကို ခွန်းမှာ တကယ်မရှိလို့ပါ။ စိတ်ကူးတွေ ရှိခဲ့ပေမယ့် အကောင်အထည် ဆက်မပေါ်ပေးနိုင်ခဲ့တဲ့ အတွက်တောင်းပန်ပါတယ်။🙏🙏🙏🙏🙏။ တကယ်အကြိမ်ကြိမ် တောင်းပန်ပါတယ် အားလုံးက ခွန်း လူတစ်ယောက်အပေါ် ယုံကြည်မိခဲ့တဲ့ အမှားတွေပါ။ နောက်နောင် pageကိုင်သူတွေ အနေနဲ့လည်း ခွန်းလို လူယုံသတ်လို့ မသေအောင် ဂရုစိုက်ကြပါလို့ ခွန်းမှာချင်ပါတယ်ရှင်🙏🙏🙏🙏🙏🙏🙏။ဒါ ခွန်း ဘဝမပျက်လိုက်ပေမယ့် ဝါသနာအရင်းခံဖြစ်တည်လာတဲ့ အစိတ်အပိုင်းတစ်ခုလုံး ကြေမွသွားခဲ့ရခြင်းနဲ့ စိတ်သောကနဲ့ ပြိုလဲရခြင်းတွေ ရင်းပြီး ရခဲ့တဲ့ နောင်တ အကြီးမားဆုံးတစ်ခုပါပဲ။
ခွန်း စုထားခဲ့သမျှ စာလေးတွေကို မဖျက်ပဲ တန်ဖိူးထား ဆက် လက်ခံပေးသွားမယ့် သူလေးလက်ထဲရောက်ပါစေလို့ ခွန်း ဆုတောင်းမိပါတယ် ။ အားလုံးကို စာစုpageတွေကနေ ခွန်း နှုတ်ဆက်ပါတယ်ရှင်😔😔😔😔🙏🙏🙏🙏🙏🙏🙏🙏🙏။
ခွန်း တကယ်ကို လက်ထဲမှာ အဲ့ပမာဏကိုမတတ်နိုင်ခဲ့လို့ပါရှင်။🙏🙏🙏🙏🙏🙏
စာပေလောကထဲကနေ ဒီpageတွေကိုဆက်လည်ပတ်ဖို့အတွက် ခွန်းလက်ရှိကြုံနေရတဲ့ အခက်ခဲကို ခဏကူညီစိုက်ရှင်းပေးပြီး ကူညီနိုင်သူရှိနေရင်တော့ pageတွေကို လက်လွတ်စရာတော့မရှိဘူးပေါ့နော်။ အဲ့လိုသာရှိခဲ့မယ်ဆိုရင်တော့ ခွန်းမှာ ပျော်မဆုံးပဲပေါ့ရှင် တတယ်ပါ😅😅😅။ အားလုံးကို တကယ်ချစ်တယ် နှုတ်မဆက်ချင်ပေမယ့် ခွန်းမှာ အဲ့လောက်ကြီးမတတ်နိုင်လို့ပါ။ ခွန်း ခတ္တာ ကြွယ် လို့ အသိမှတ်ပြုပေးကြသူတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်။ စာအရှည်ကြီးထပ် liveလွင့်ပြီးအားရပါးရသာ ငိုချရင်ဖွင့်ပစ်ချင်ပါတယ်။နောက်နောင် ဒါမျိုးအဖြစ်မျိုး မဖြစ်အောင် သင်ခန်းစာယူသွားပါ့မယ်😊😊။