25/08/2026
🌳 တောတွင်းခရီး စက်ဘီးစီး 🚴🏻♂️
သစ်ပင်ကြီးများ ဝန်းရံထားတဲ့ တောတွင်းလမ်းကြောင်းများအတိုင်း စက်ဘီးစီးနင်းရင်း အေးမြသန့်ရှင်းသော တောင်ပေါ်လေကို ရှူရှိုက်ခံစားခြင်း၊ သစ်ရွက်များ လှုပ်ရှားသံနှင့် သဘာဝ၏ အေးချမ်းသောအသံများကို နားဆင်ခြင်းတို့ဖြင့် နေ့စဉ်ဘဝရဲ့ အလုပ်များနဲ့ စိတ်ဖိစီးမှုများမှ ခဏတာ အနားယူနိုင်မယ့် အတွေ့အကြုံသစ်တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။ 🍃🚴🏻♀️
လမ်းကြောင်းအတိုင်း စီးနင်းသွားရင်း လှည့်ကွေ့တိုင်းတွင် မတူညီတဲ့ သဘာဝအလှတွေကို တွေ့မြင်
ခံစားရမှာဖြစ်ပြီး၊ အတက်အဆင်းများနဲ့ သဘာဝ
လမ်းကြောင်းတွေက စွန့်စားမှုအရသာကို ပိုမိုခံစားရစေမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ စိမ်းလန်းတဲ့ သစ်ပင်များနဲ့ သဘာဝပတ်ဝန်းကျင်ကြားမှာ စက်ဘီးစီးနင်းခြင်းက ကိုယ်လက်လှုပ်ရှားမှုသာမက စိတ်ကိုပါ လန်းဆန်းအေးချမ်းစေမယ့် အတွေ့အကြုံတစ်ခု ဖြစ်လာနိုင်ပါတယ်။ 🌿🚴🏻♂️
သဘာဝနဲ့အတူ စီးနင်းရင်း ခံစားချက်အသစ်တွေ၊ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ဖို့ မကြာမီမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပြင်ဦးလွင် အတွင်းရှိ တောတွင်းစက်ဘီးစီးလမ်းကြောင်းမှာ လာရောက်စီးနင်းခွင့်ရရှိတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်…။ ✨