Door2Door Online Library

Door2Door Online Library ခေတ်ကာလ အ​ခြေအ​နေအရပုံစံ​ပြောင်းထားတဲ့ စာအုပ်ဆိုင်​လေး​ပေါ့.... Door2Door Online Library လေးကို Meiktila မြို့အတွင်းပဲ ငှားလို့ရပါမယ်နော်...

လူဆိုတာ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရှေ့ဆက်သွားနေရတာမျိုးပါ။ ဘဝမှာ ပိုင်ဆိုင်ရတာတွေ၊ ဆုံးရှုံးရတာတွေ၊ ရှိနေခြင်းတွ...
26/11/2023

လူဆိုတာ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရှေ့ဆက်သွားနေရတာမျိုးပါ။ ဘဝမှာ ပိုင်ဆိုင်ရတာတွေ၊ ဆုံးရှုံးရတာတွေ၊ ရှိနေခြင်းတွေ၊ မရှိနေခြင်းတွေ အားလုံးကို ကိုယ်တိုင်တာဝန်ယူပြီး အချိန်ရဲ့ အရွေ့အတိုင်း ဆက်သွားနေရတာပါပဲ။

အဲ့ဒီလမ်းမှာ စာတွေ၊ ကဗျာတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ ဟာ ဘေးကနေ မသိမသာကော သိသိသာသာကော ရှိနေတတ်ကြပါတယ်။

အတိုင်းအတာတစ်ခုထိ စိတ်လုံခြုံမှုကို ပေးကြတယ်။

ဒါကိုက ဘဝမှာနေပျော်ခွင့်တစ်ခုလို ဖြစ်လာတတ်ကြပါတယ်။

D2D

The Fall by Albert Camusဘာသာပြန်- တော်ကောင်းမင်း~ အားလပ်ရက်တွေမှာ ဖတ်ဖို့ ~စာရေးခြင်းနည်းစနစ် အမျိုးမျိုးရှိကြမှာပါ။ဘယ်လ...
23/11/2023

The Fall by Albert Camus

ဘာသာပြန်- တော်ကောင်းမင်း

~ အားလပ်ရက်တွေမှာ ဖတ်ဖို့ ~

စာရေးခြင်းနည်းစနစ် အမျိုးမျိုးရှိကြမှာပါ။
ဘယ်လိုဆိုဆို ကိုယ်ကြိုက်တဲ့စာရေးနည်း ဆိုတာတော့ ရှိတတ်ကြတယ်။ ကိုယ်တိုင်ကတော့ ဘယ်လိုတွေဆို ကြိုက်လည်းဆို အကြောင်းအရာတစ်ခုကနေ ဆက်စပ်ရေးသွားတာမျိုးကို နှစ်နှစ်ခြိုက်ခြိုက်ကို ကြိုက်နှစ်သက်တယ်ဆိုရမှာပါပဲ။

ဒီစာအုပ်ကို စလှန်ဖတ်မိမိခြင်း နှစ်မျက်နှာလောက်မှာ ကိုယ်နဲ့တော့ အတော်ကိုက်ဦးမယ့်စာအုပ်ပဲလို့ ကောက်ချက်ချလိုက်မိတယ်။

အခုမှ အစပဲ ရှိသေးတော့ ဘာမှတော့ရေရေရာရာမပြောနိုင်သေးပေးမယ့် ရေးထားတဲ့ နည်းစနစ်ကတော့.. ကိုယ့်အကြိုက်နဲ့ကိုက်တယ်ဆိုတာ သေချာပါတယ်။

D2D
စာဖတ်ပါ။

ကောင်းတယ် မကောင်းဘူးဟာ ကျွန်တော်တို့အထဲကဖြစ်တာပဲ။ ကောင်းလို့ ကောင်းတာနဲ့ မကောင်းလို့ ကောင်းတာပဲ ကွာတယ်။မြင့်သန်း | ရောရေ...
20/11/2023

ကောင်းတယ် မကောင်းဘူးဟာ ကျွန်တော်တို့အထဲကဖြစ်တာပဲ။ ကောင်းလို့ ကောင်းတာနဲ့ မကောင်းလို့ ကောင်းတာပဲ ကွာတယ်။

မြင့်သန်း | ရောရောယောင်ယောင်မောင်ဘမောင် မှ


ဆရာညီပုလေး ကောင်းရာသုဂတိလားပါစေ။မိသားစုနဲ့ထပ်တူ ဝမ်းနည်းရကြောင်းပါ။D2D၂၁.၆.၂၀၂၃
21/06/2023

ဆရာညီပုလေး ကောင်းရာသုဂတိလားပါစေ။
မိသားစုနဲ့ထပ်တူ ဝမ်းနည်းရကြောင်းပါ။

D2D
၂၁.၆.၂၀၂၃

အချိန်တန်ရင်တော့ သူ့အလိုလိုတစ်ခုမဟုတ်တစ်ခုခု ဖြစ်သွားပါလိမ့်မယ်လို့မတွေးကြပါနဲ့လား။ကေဇဝင်း  /2023
11/04/2023

အချိန်တန်ရင်တော့ သူ့အလိုလို
တစ်ခုမဟုတ်တစ်ခုခု ဖြစ်သွားပါလိမ့်မယ်လို့
မတွေးကြပါနဲ့လား။

ကေဇဝင်း


/2023

လွမ်းစရာ....လွမ်းစရာ 💛
08/04/2023

လွမ်းစရာ....လွမ်းစရာ 💛

စာအုပ်တွေ တစ်ဝကြီးဖတ်ရင်း နှစ်ကူးအကြို မြန်မာမုန့်လေးတွေ လာပို့ပေးမယ့်... Door2Door ရဲ့ အစီအစဉ်
________________________________________________

မကြာခင်ရောက်လာတော့မယ့် သင်္ကြန်အားလပ်ရက်တွေမှာ အိမ်မှာပဲ အနားယူမယ့်သူတွေအတွက် စာများများပိုဖတ်နိုင်ကြဖို့ အစီအစဉ်လေး တစ်ခု လုပ်ထားပါတယ်။

အဲ့တာကတော့ စာအုပ်အများကြီးကို ငှားရမ်းခ သက်သာအောင် နဲ့ အချိန်အများကြီး ဖတ်နိုင်အောင်လို့ပဲ ဖြစ်ပါတယ်။

ပုံမှန်လို စာအုပ်တစ်အုပ်ကို ငှားခ (၅၀၀)ကျပ်အစား ကိုယ်ကြိုက်တဲ့စာအုပ် (၆)အုပ် ကို ငှားခ (၂၀၀၀)ကျပ်တည်းနဲ့ ငှားနိုင်မှာပဲဖြစ်ပါတယ်။ အထူအပါး ရယ်လို့ မခွဲထားတဲ့ အတွက် ပိုပြီး အဆင်ပြေ သက်သာပါလိမ့်မယ်။

ဖတ်ရမယ့် အချိန်တွေကလည်း ပုံမှန်လို တစ်ပတ်အတွင်းမဟုတ်ဘဲ ၂ပတ် (၁၄ရက်)လောက် ဖတ်ရှု့နိုင်မှာဖြစ်လို့ အခုလို အားလပ်ရက်တွေကို ကောင်းကောင်းအသုံးချနိုင်မှာပဲဖြစ်ပါတယ်။

အခုလာမယ့် 09.04.2022(စနေနေ့) မှာ.. ငှားရမ်းထားတဲ့ စာအုပ်တွေကို လာပို့ပေးမှာဖြစ်ပြီး 23.04.2022( စနေနေ့)မှ သာ စာအုပ်တွေကို ပြန်လာ သိမ်းမှာဖြစ်လို့ အေးဆေးဖတ်ရှု့နိုင်ပါတယ်ရှင်။

ဉာဏ်ပညာနဲ့ ရှေ့ကို ရွေ့တဲ့ ခေတ်တစ်ခုကို ခပ်မြန်မြန် သွားနိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက် စာတွေ ရွေးချယ်ဖတ်ကြဖို့ ဆန္ဒပြုရင်း

ချစ်ခြင်းအားဖြင့်

Door2Door Online Library- Meiktila

အရေးကြီးတာက တစ်ခုခု တစ်ယောက်ယောက် တစ်နေရာရာမှာ စစ်စစ်မှန်မှန် ရူးနှမ်းခဲ့ဖူးဖို့ပါပဲ။ အဲဒီရူးနှမ်းမှုကပဲ ခင်ဗျားတို့ရဲ့ ...
03/04/2023

အရေးကြီးတာက တစ်ခုခု တစ်ယောက်ယောက် တစ်နေရာရာမှာ စစ်စစ်မှန်မှန် ရူးနှမ်းခဲ့ဖူးဖို့ပါပဲ။ အဲဒီရူးနှမ်းမှုကပဲ ခင်ဗျားတို့ရဲ့ နှလုံးသားတွေ ချောက်ကမ်းပါးဆီ တရွေ့ရွေ့တိုးသွားမယ်ကြံတိုင်း လှမ်းဆွဲ ပါလိမ့်မယ်၊ ထိုးဟောင်ပါလိမ့်မယ်၊ ငိုယိုတောင်းပန်ပါလိမ့်မယ်။ ကယ်တင်ခြင်းခံရမှု ကို အမြဲ ယုံကြည်ပါ။ ဘာကြောင့်လဲဆိုတော့ ကယ်တင်ခြင်းဆိုတာ ဘယ်သောအခါမှ မရှိလို့ပါပဲ။

ဆစ်ခ်


D2D

မာရီယာ ။မင်းနာမည်ကို မေ့သွားမှာ ငါစိုးတယ် ၊ညရဲ့ဒုက္ခထဲ မွေးဖွားလာခဲ့ပြီးကြီးမြတ်မှုအရာဘုရားသခင်ကို တုပနိုင်တဲ့စကားတစ်လုံ...
21/03/2023

မာရီယာ ။
မင်းနာမည်ကို မေ့သွားမှာ ငါစိုးတယ် ၊
ညရဲ့ဒုက္ခထဲ မွေးဖွားလာခဲ့ပြီး
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး ။
မင်းကိုယ်ခန္ဓာကို
ငါ စောင့်ရှောက်မယ် - ချစ်မယ် ၊
စစ်ပွဲမှာ
ကျိုးပြတ်ခဲ့ရတဲ့ ၊
လိုသူမဲ့တဲ့ ပိုင်သူမဲ့တဲ့
စစ်သားဟာ
သူ့ရဲ့တချောင်းထဲ ခြေထောက်ကို
စောင့်ရှောက်သလိုမျိုး

ဘောင်းဘီဝတ်မိုးတိမ်/ မောင်သာနိုး

photo credit goes to Hanreality

March21| ကမ္ဘာ့ကဗျာနေ့

05/03/2023

Holiday be like:

Feb1|2023
01/02/2023

Feb1|2023

စောက်ရေးမပါတဲ့အဲ့ဒီနှစ်တွေမှာ
ငါဟာ ဘာမှဖြစ်ဖြစ်မြောက်မြောက်
မဖြစ်ခဲ့တာကိုဂုဏ်ယူနေမိတယ်

-အောင်ခင်မြင့်
-တကယ်မရှိသောနှစ်များ မှ

ညဘက်ဆိုရင် အလံကို အောက်ဘက်ဘာကြောင့် ပြန်ချရတာလဲ ဆိုတာကို ကျွန်တော်မသိဘူး။ ညဘက် မှောင်လာတဲ့အခါမှာလည်း နိုင်ငံတော်ဟာဆက်ရှိ...
28/01/2023

ညဘက်ဆိုရင် အလံကို အောက်ဘက်ဘာကြောင့် ပြန်ချရတာလဲ ဆိုတာကို ကျွန်တော်မသိဘူး။ ညဘက် မှောင်လာတဲ့အခါမှာလည်း နိုင်ငံတော်ဟာဆက်ရှိနေတာပဲမဟုတ်ဘူးလား။ ဆောက်လုပ်ရေးလုပ်သားတွေ၊ တက္ကဆီမောင်းသမားတွေ၊ အရက်ဆိုင်က ဘားမယ်လေးတွေ၊ မီးသတ်သမားတွေ၊ ညစောင့်အလုပ်သမားတွေ.သူတို့လို ညဘက် အလုပ်လုပ်ကြတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ ညဘက်ဆိုရင် အလံကြီးသိမ်းလိုက်တာဟာ သူတို့အပေါ်မတရားသလိုပဲ။ အဲ့ဒီအချက်ကို ကျွန်တော် ကလွဲလို့ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တိတိပပကြီး တွေ့ရှိသတိထားမိတာမျိုးမဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားကို ဖြတ်သန်းသွားတဲ့ တစ်စုံတစ်ရာ သော အကြောင်းအရာမျိုးလိုပါပဲ။



#မိုးသက်ဟန်(ဘာသာပြန်)
#နော်ဝေဂျီယန်ဝုဒ်

D2D

Happy New Year Our Readersနှစ်တစ်နှစ်ရဲ့ အစ ပထမဆုံးရက်မှာ စဖတ်ဖြစ်ခဲ့တဲ့စာရေးဆရာ ညီထက် ရဲ့ " ခင်ဗျားမကြားဖူးတဲ့ စာရေးဆရာ...
01/01/2023

Happy New Year Our Readers

နှစ်တစ်နှစ်ရဲ့ အစ ပထမဆုံးရက်မှာ စဖတ်ဖြစ်ခဲ့တဲ့
စာရေးဆရာ ညီထက် ရဲ့ " ခင်ဗျားမကြားဖူးတဲ့ စာရေးဆရာ "

ကိုညီထက်ကို သိတာသိပ်မဝေးလွန်းတဲ့ ကာလ တစ်ခုထဲမှာပဲ။ အကြောင်းကလည်း10A ကြောင့်ပဲ ဖြစ်မယ်ထင်မိတယ်။ ကိုညီထက် က စာပေဖတ်ရှု့ခြင်းအားဖြင့်ကော ဖတ်ထားတဲ့ စာအုပ်တွေကို အတွင်းကျကျ ခံစားသက်ဝင်မှုမှာကော အင်မတန် အားကျဖို့ကောင်းတဲ့ လူတစ်ယောက်လို့ ထင်မိတယ်။ တစ်ခါက သူရေးခဲ့တဲ့ စာလေးတစ်ခုဆို အရမ်းနှစ်လိုသဘောကျလွန်းလို့ ကိုယ့် noteထဲ မှာ ကူးထားလေ့ရှိတယ်။

(ဒါကလည်း ကြိုက်တဲ့ ကဗျာတွေ စာပေသီအိုရီနဲ့ ပတ်သက်တာတွေ ကောက်နုတ်ချက်တွေ အဲ့တာတွေဆို onlineမှာ မြင်လိုက်ဖတ်လိုက်ရုံတစ်ခေါက်တည်းနဲ့ အားမရတတ်တော့ ကြိုက်တဲ့စာတွေကို သိမ်းပြီး ခဏခဏ ပြန်ဖတ်တတ်တာမျိုးဖြစ်လို့ပါပဲ။)

ခုချိန်ခါများ ဘယ်လိုစာအုပ်တွေ ဖတ်ရတာ ကြိုက်နှစ်သက်လည်းမေးရင် Personallyလေးစားရတဲ့ သူတွေရဲ့ သူတို့ဘဝထဲက ဆင့်ကဲပြောင်းလဲလာတဲ့ အခြေအနေအရပ်ရပ်ကို ဖတ်ရှု့ရတာ အရသာ ဖြစ်တယ်လို့ပြောမိမှာပဲ။

ကိုယ့်အတွက်ဆို ဒီစာအုပ်က " အား " ဖြစ်စေတယ်။ ဘယ်လို အားဖြစ်တာလဲဆိုရင်တော့ ကိုယ့်အရပ်ဒေသမှာ ဥာဏ်ပညာနဲ့ တွန်းတဲ့ လူမှုပတ်ဝန်းကျင်လေးတစ်ခု ဖြစ်စေချင်တဲ့ စိတ် ပို ဖြစ်လာတာပါပဲ။

ဖတ်နေရင်း သဘောကျမိတဲ့ ဖတ်လက်စထဲက...စာသားတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

" ဘာပဲလုပ်လုပ်ပါ အခြေအနေ အချိန်အခါကို သိနားလည်တဲ့ အသိဥာဏ်တော့ ရှိရလိမ့်မယ်။ "

အများကြီး တာ သွားတယ် ဒီအခြေအနေကြီးမှာပေါ့။

Door2Door Online Library

#ညီထက်
#ခင်ဗျားမကြားဖူးတဲ့စာရေးဆရာ

10A Publishing House မှာ ဝယ်ယူနိုင်ပါတယ်။

Address

Meiktila
05181

Alerts

Be the first to know and let us send you an email when Door2Door Online Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Door2Door Online Library:

Share

Category