Chin Defence Force - Mindat

Chin Defence Force - Mindat ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်
(1)

02/08/2026
28/07/2026

"မပြည့်စုံမှုကြားမှာ ကာကွယ်ရမဲ့အရာတွေအများကြီးရှိတယ်...''

-ရှေ့ တန်းစစ်မြေပြင်မှရဲဘော်များအတွက် လိုအပ်သောရိက္ခာပစ္စည်းများထောက်ပံ့ပေးနိုင်ရန် ''ရိက္ခာ '' Campaign တွင်တတ်နိုင်သမျှပါဝင်အားဖြည့်ပေးကြပါ💪🏻💪🏻💪🏻

/CPAFundraising
#အရေးပေါ်အခြေအနေ
#ရိက္ခာcampaign

20/07/2026

ကျွန်တော်တို့ ဇာတိမြေ ဒီမြို့လေး၊ ညဘက်ဆိုရင် ငြိမ်းချမ်းစွာ အိပ်စက်နိုင်တဲ့ ဒီညတွေ
အေးချမ်းမှုရဲ့ နောက်ကွယ်မှာ ကိုယ့်အသက်ကို ပဓာနမထားဘဲ မြို့ကို အသေခံ ကာကွယ်ပေးနေတဲ့ ရဲဘော်တွေရှိပါတယ်။ သူတို့ရဲ့ ပခုံးပေါ်မှာ ကျွန်တော်တို့အားလုံးရဲ့ လုံခြုံရေး ဝန်ထုပ်ဝန်ပိုးတွေ ရှိနေတယ်။ သူတို့ စားသောက်ဖို့၊ ဆေးဝါးကုသဖို့နဲ့ လိုအပ်တဲ့ အထောက်အပံ့တွေအတွက် ကျွန်တော်တို့ အတူတူ ဝိုင်းကူကြရအောင်။
​ပြည်တွင်းမှာရှိနေတဲ့သူဖြစ်စေ၊ ပြည်ပရောက်နေတဲ့သူဖြစ်စေ... ကျွန်တော်တို့ရဲ့ တတ်နိုင်သလောက်လေး ပံ့ပိုးမှုတွေဟာ သူတို့အတွက် အကြီးမားဆုံးသော ခွန်အားတွေပါ။
​သူတို့က ကျွန်တော်တို့ကို ကာကွယ်ပေးသလို၊ ကျွန်တော်တို့က သူတို့ရဲ့ ကျောထောက်နောက်ခံဖြစ်ပေးကြရအောင်။

-ရှေ့ တန်းစစ်မြေပြင်မှရဲဘော်များအတွက် လိုအပ်သောရိက္ခာပစ္စည်းများထောက်ပံ့ပေးနိုင်ရန် ''ရိက္ခာ '' Campaign တွင်တတ်နိုင်သမျှပါဝင်အားဖြည့်ပေးကြပါ💪🏻💪🏻💪🏻

/CPAFundraising
#အရေးပေါ်အခြေအနေ
#ရိက္ခာcampaign

https://www.facebook.com/share/p/1BmUUv6mgN/
18/07/2026

https://www.facebook.com/share/p/1BmUUv6mgN/

ချင်းပြည်နယ်တောင်ပိုင်း ကို ပြန်ထိန်းချုပ်ဖို့
ရန်သူစကစများဘက်က လေကြောင်းအင်အား မြေပြင်အင်အား အမြောက်အများနဲ့ ထိုးစစ်ဆင်လာတာ မိဘပြည်သူများအသိဖြစ်ပါတယ်

ချမ်းအေးလှတဲ့ ချင်းတောင်ရဲ့မိုးရာသီကြားမှာ ကျွန်တော်တို့ ရဲ့ CPAရဲဘော်များနဲ့တကွ မဟာမိတ်ရဲဘော်တွေဟာ
အရပ်လေးမျက်နှာက ထိုးစစ်ဆင်လာတဲ့
ရန်သူစစ်ကြောင်းတွေ ကို နေ့ရောညပါ ခုခံလျက်ရှိပါတယ်

နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေတာ
အခုဆိုရင် တလ ကျော်ခဲ့ပါပြီ

ရန်သူဘက်ကလည်း နောက်ထပ်စကစတပ်သားအင်အားအမြောက်အများ
ချင်းတောင်ဘက်ကို ထပ်မံစေလွှတ်နေပါတယ်

ကျွန်တော်တို့ CPA နဲ့မဟာမိတ်ညီနောင်များ
အနေနဲ့ ချင်းပြည်နယ်တောင်ပိုင်း
ရန်သူစကစလက်ထဲကို ပြန်မရောက်ရေးအတွက် အပြင်းအထန်ခုခံလျက်ရှိရာ

လက်ရှိအချိန်မှာ ရိက္ခာဆေးဝါးကစလို့
အဖက်ဖက်မှာ လိုအပ်ချက်တွေများနေပြီ
ဖြစ်ပါတယ်

ရှေ့တန်း မှာတိုက်ပွဲဝင်လျက်ရှိတဲ့
ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေအတွက်

“ရိက္ခာ” Fundraising campaign ကို

CPU/ CPA ထောက်ပို့ဌာန က ဦးဆောင်ပြီး ပြုလုပ်လျက်ရှိပါတယ်

Campaign ကာလအနေနဲ့
16.7.2026 မှ 15.8.2026 အတွင်း
တစ်လတိတိ သတ်မှတ်ထားပြီးတော့

Campaign target အနေနဲ့ ဆန်အိတ်ရေ ၂၀၀၀ သတ်မှတ်ထားပါတယ်
(ဆန်အိတ်တစ်အိတ်ကို မြန်မာငွေ 150000 mmk ဖြစ်ပါတယ်)

ရန်သူ့လက်ထဲကို ချင်းပြည်နယ်တောင်ပိုင်း
ပြန်မရောက်အောင် ခုခံနိုင်မယ်လို့
ကျွန်တော်တို့အားလုံးယုံကြည်ပါတယ်

မိဘပြည်သူများလည်း ရိက္ခာcampaign မှာပါဝင်ခြင်းအားဖြင့် ကျွန်တော်တို့နဲ့အတူတူ
တိုက်ပွဲဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်

#ရိက္ခာcampaign
#ချင်းပြည်နယ်တောင်ပိုင်းအရေးပေါ်အခြေအနေ

ချင်းပြည်သူ့အစည်းအရုံး(Chin People’s Union)/ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက်က...
12/01/2026

ချင်းပြည်သူ့အစည်းအရုံး(Chin People’s Union)/ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် ၁/၂၀၂၆

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီပထမအကြိမ်ညီလာခံထုတ်ပြန်ကြေညာချက်အမှတ်(၁/၂၀၂၆)၂၀၂၆ ခုနှစ်၊ဇန်နာဝါရီလ ၉ ရက်
09/01/2026

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ
ပထမအကြိမ်ညီလာခံ
ထုတ်ပြန်ကြေညာချက်အမှတ်(၁/၂၀၂၆)
၂၀၂၆ ခုနှစ်၊ဇန်နာဝါရီလ ၉ ရက်

ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက် ရက်စွဲ၊ ၂၀၂၅ခုနှစ်၊ ဒီဇင...
30/12/2025

ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

ရက်စွဲ၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်

လေ​ကြောင်းတိုက်ခိုက်မှုအားထုတ်ပြန်ခြင်းဒီဇင်ဘာလ ၂၅ ၊၂၀၂၅၁။ အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ ညနေ ၅:၂၀ အချိန်တွင် မင်းတပ်မြို့တ...
25/12/2025

လေ​ကြောင်းတိုက်ခိုက်မှုအားထုတ်ပြန်ခြင်း

ဒီဇင်ဘာလ ၂၅ ၊၂၀၂၅

၁။ အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ ညနေ ၅:၂၀ အချိန်တွင် မင်းတပ်မြို့တစ်နေရာအား
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

၂။ ထိုသို့တိုက်ခိုက်မှုကြောင့် ပြည်သူနေ နေအိမ် (၇) လုံးထိခိုက်ပျက်စီးခဲ့ကြောင်းထုတ်ပြန်အပ်ပါသည်။

CDF-Mindat ( သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန)

Address

Mindat

Alerts

Be the first to know and let us send you an email when Chin Defence Force - Mindat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category