Lotus

Lotus Lotus Purified drinking water

⚡'တန်ဆောင်' မှာ 'မီးတိုင်'🪔 ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်...
04/11/2025

⚡'တန်ဆောင်' မှာ 'မီးတိုင်'🪔 ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတစ်ဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ရွယ်သော တန်ဆောင်မုန်းလပြည့်နေ့မှာ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပါစေကြောင်း Lotus ရေသန့် မိသားစုနှင့် Max-DMyanmar မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် 🙏🙏🙏
#တန်ဆောင်မုန်း #လပြည့်နေ့

မကြာခင်မှာ ကျရောက်တော့မည့် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ✨သီတင်းကျွတ်မီးအလင်းများ တောက်ပလင်းမြွက်သည့် အခါသမယ...
04/10/2025

မကြာခင်မှာ ကျရောက်တော့မည့် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)
✨သီတင်းကျွတ်မီးအလင်းများ တောက်ပလင်းမြွက်သည့် အခါသမယမှာ၊

🌸 မီးတိုင်များကို တောက်ပလင်းမြွက်စွာ လှူဒါန်းကြမယ်
🌸 မိဘများ၊ သားသမီးများ အတူတကွ တရားနာကြမယ်
🌸 ဗုဒ္ဓဘုရားစင်အရှေ့၌ ဆီမီးများပူဇော်မှုဖြင့် အလှူတော်ပြုလုပ်ကြမယ်

သီတင်းကျွတ်ညတိုင်း မီးလင်းရောင်ထွန်းသလို၊
မိသားစုတိုင်းရဲ့ စိတ်များလည်း အလင်း‌ရောင် တောက်ပ၊ သန့်ရှင်းကြပါစေ။

​သီတင်းကျွတ်တွင်
​မိဘပြည်သူများ
​စိတ်ချမ်းသာ ကိုယ်ချမ်းသာ ပြည့်စုံပါစေကြောင်း
Lotus & Max-DMyanmar မိသားစု မှ
​ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏

မိုးအေးအေးလေးမှာ ကော်ဖီသောက်ဖို့ပဲ စဉ်းစားနေတာလား❔❓ရေသောက်ဖို့လည်း မမေ့ပါနဲ့တနေ့တာလုံး လှုပ်ရှားရုန်းကန်နေရတဲ့အချိန်မှာ ...
06/08/2025

မိုးအေးအေးလေးမှာ ကော်ဖီသောက်ဖို့ပဲ စဉ်းစားနေတာလား❔❓
ရေသောက်ဖို့လည်း မမေ့ပါနဲ့
တနေ့တာလုံး လှုပ်ရှားရုန်းကန်နေရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့မေ့နေတတ်ကြတယ်
သစ်ပင်တွေကြီးထွားနိုင်ဖို့ အပင်လေး ကိုယ်တိုင်ကလည်း ကြိုးစားရသလို သူ့ကိုအားဖြစ်မယ့် ရေကလည်း အဓိကအရင်းမြစ်ပါပဲ ။
🫧ညဘက် အိပ်ရာမဝင်ခင်မှာ ရေသောက်ပေးတာက
စိတ်ခံစားမှု ကောင်းစေတယ်

ရေဓာတ်ပြည့်ဝနေမှုက စိတ်ခံစားမှုကောင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးတဲ့အခါ ပင်ပန်းနွမ်းနယ်တာ၊ စိတ်ပူပန်တာ၊ စိတ်ဖိစီးတာ၊ စိတ်ခံစားမှု ပြောင်းလဲတာ၊ ခေါင်းကိုက်တာ။ တက်ကြွလန်းဆန်းမှု မရှိတာ၊ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းတာမျိုးတွေ ခံစားရ‌စေနိုင်ပါတယ်။

ဒါကြောင့် အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ကို ရေဓာတ်ဆုံးရှုံးတာမျိုး မဖြစ်စေဖို့ ရေဓာတ်ဖြည့်တင်းမှုအနေနဲ့ အိပ်ရာမဝင်ခင် နာရီဝက်၊ ၁နာရီလောက်အလို ရေသောက်ပါ။

ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်နိုင်ဖို့ ရေကို လိုအပ်ပါတယ်။ အသည်း နဲ့ ကျောက်ကပ်တို့က အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့ အဓိက တာဝန်ယူထားပြီး ဒီအစိတ်အပိုင်းတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ရေကို လုံလောက်ပြည့်ဝစွာ ရရှိဖို့ လိုပါမယ်။

စိတ်အမောတွေဖြေလျော့ပြီး သင့်ခန္ဓာကိုယ်လေး ကျန်းမာစေဖို့ အခုပဲ ရေထသောက်လိုက်ပါ

💚ချစ်ခြင်းများစွာဖြင့်

ယနေ့ကြရောက်သော တန်ဆောင်မုန်းလပြည့် ဆေးပေါင်းခသောနေ့လေးမှာ ၇ရက်သားသမီးများအားလုံးဘေးရန်အပေါင်းရောဂါဘယ ကင်းရှင်းပြီးစိတ်၏ခ...
27/11/2023

ယနေ့ကြရောက်သော တန်ဆောင်မုန်းလပြည့် ဆေးပေါင်းခသောနေ့လေးမှာ ၇ရက်သားသမီးများအားလုံးဘေးရန်အပေါင်းရောဂါဘယ ကင်းရှင်းပြီး
စိတ်၏ချမ်းသာ ကိုယ်၏ချမ်းသာခြင်းများပြည့်စုံပါစေကြောင်း Lotus မိသားစုများမှ ဆုမွန်ကောင်းမေတ္တာပို့သပေးအပ်လိုက်ပါတယ်
# ပျော်ရွှင်စရာတန်ဆောင်တိုင်ကာလလေးကိုဖြတ်သန်းပိုင်ဆိုင်နိုင်ကြပါစေ🙏🤍

28/10/2023
🌕သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့           မြတ်စွာဘုရားရှင်ဟာ ဝါတွင်းတစ်တွင်းလုံး နတ်ပြည်မှာ နတ်တွေကို အဘိဓမ္မာတရား...
28/10/2023

🌕သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

မြတ်စွာဘုရားရှင်ဟာ ဝါတွင်းတစ်တွင်းလုံး နတ်ပြည်မှာ နတ်တွေကို အဘိဓမ္မာတရားကိုဟော ခဲ့တာ သီတင်းကျွတ်လပြည့်နေ့မှာ ပြီးလို့လူ့ပြည်ကိုပြန်လာခဲ့တဲ့နေ့လေးလဲဖြစ်သလိုမြတ်စွာဘုရား လူပြည်ပြန်လာတဲ့ အချိန်မှာ မြတ်စွာဘုရားကို ကြိုဆို ပူဇော်သောအားဖြင့် ဆီမီးတွေ ထွန်းညှိပူဇော်ခြင်း၊နဲ့ မေမေ ဖေဖေ ဘိုးဘိုး၊ ဘွားဘွားနဲ့သက်ကြီးဝါကြီးများကိုကန်တော့ခြင်းများပြုလုပ်သောကာလလေးတစ်ခုဖြစ်ပါတယ်။
မြန်မာပြည်သူပြည်သားများအားလုံးလဲသီတင်းကျွတ်လပြည့် အခါသမယနေ့လေးမှာစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့
ပြည့်စုံပါစေကြောင်း Lotus မိသားစုများမှ ဆုမွန်ကောင်းမေတ္တာပို့သပေးလိုက်ပါတယ်🙏
#သီတင်းကျွတ်လပြည့်
#အဘိဓမ္မာအခါတော်နေ့

 #တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့-----------           မြန်မာ့တစ်ဆယ့်နှစ်လအနက် တော်သလင်းလပြည့်နေ့သည် ဂရုဓမ္မအခါတော်နေ့...
29/09/2023

#တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့
-----------
မြန်မာ့တစ်ဆယ့်နှစ်လအနက် တော်သလင်းလပြည့်နေ့သည် ဂရုဓမ္မအခါတော်နေ့ဟု ထင်ရှားသောလပြည့်နေ့ဖြစ်၏။ ဂေါတမမြတ်စွာဘုရားသည် ဂရုဓမ္မဇာတ်တော်ကို ဟောကြားခြင်းအား အကြောင်းပြု၍ တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်များ သတ်မှတ်ကျင်းပကြသည်။
ဂရုဓမ္မ၏အဓိပ္ပာယ်မှာ ငါးပါးသီလ စောင့်ထိန်းခြင်းဟု ရရှိ၏။ သူတော်ကောင်းတို့အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့်လည်း ဂရုဓမ္မသီလဟု ခေါ်ဆိုပါသည်။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသီဟုခေါ်သည်။
---------
LOTUS
🌷🌷🌷

💧 WATER is LIFE 🌿---------လူသားများရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၆၀%နဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာကနေ ရေကို တ...
17/09/2023

💧 WATER is LIFE 🌿
---------
လူသားများရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၆၀%နဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာကနေ ရေကို တချိန်လုံး စွန့်ထုတ်နေပါတယ်။ ဆီးများ ချွေးများအနေနဲ့ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့အတွက် လုံလောက်တဲ့ ရေပမာဏကို သောက်သုံးဖို့ လိုအပ်ပါတယ်။ တနေ့တာ ရေပမာဏကို ဘယ်လောက်သောက်သုံးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ချက်မျိုးစုံ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ရေများများသောက်ကြဖို့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

ရေများများသောက်ကြဖို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ကြည့်လိုက်ရအောင်နော်။

ရေသောက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ စွမ်းအင်ပမာဏနဲ့ ဦးနှောက်လုပ်ငန်းတွေကို ထိခိုက်နိုင်သလား
လူအများယုံကြည်ချက်ကြတာကတော့ ရေဓာတ်ကို ပြည့်ဝစွာ မရရင် စွမ်းအင်ကုန်ခမ်းပြီး ဦးနှောက်ရဲ့ လုပ်ငန်းတွေလည်း ထိခိုက်လာမှာပဲ ဖြစ်ပါတယ်။ ဒီအယူအဆကို ထောက်ခံမှု ပြုထားတဲ့ သုတေသနတွေလည်း ရှိပါတယ်။ သုတေသနတခုမှာဆိုရင် လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်မှာ ရေဓာတ် ၁.၃၆% ဆုံးရှုံးသူများဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်မှုဖြစ်စေပြီး ခေါင်းကိုက်လာတတ်ပါတယ်။ နောက်ထပ် လေ့လာချက်တွေအရ လေ့ကျင့်ခန်း ဒါမှမဟုတ် အပူချိန်ကြောင့် အသင့်အတင့်ရေဓာတ်ဆုံးရှုံးခြင်း (ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁ မှ ၃ %) ဖြစ်ရင် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁% ဆိုတာဟာ အတော်လေး သိသာတဲ့ပမာဏဖြစ်ပြီး အလွန်အမင်း ချွေးထွက်ရင် ဖြစ်တတ်ပါတယ်။

💧 ရေသောက်ခြင်းဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်သလား
ရေများများသောက်ရင် ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေခြင်း၊ အစားနည်းစေခြင်း စတာတွေကြောင့် ကိုယ်အလေးချိန်ကျစေတယ်လို့ ဆိုကြပါတယ်။ သုတေသနတွေအရ ရေ ၁၇အောင်စ (၅၀၀ မီလီလီတာ)ကို သောက်သုံးရင် ဇီဝဖြစ်ပျက်မှု ၂၄ ကနေ ၃၀%ထိ ယာယီ မြင့်တက်လာတယ်လို့ သိရပါတယ်။ သုတေသီများရဲ့ အဆိုအရ တနေ့တည်းမှာ ရေ ၆၈ အောင်စ (၂လီတာ) သောက်သုံးရင် ၉၆ ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေသောက်လိုက်တဲ့အခါ အေးမြသွားတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို ပြန်တက်လာအောင် မြှင့်တင်ရာကနေ ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစာမစားခင် နာရီဝက်လောက်ကြိုပြီး ရေသောက်ခြင်းဟာ စားသောက်ခြင်းကနေ ရလာမယ့် ကယ်လိုရီဓာတ်တွေကို လျော့နည်းစေပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ ဖြစ်ပါတယ်။

ခြုံကြည့်မယ်ဆိုရင် ရေကို ပုံမှန်သောက်ပေးခြင်းဟာ (အထူးသဖြင့် အစားမစားမီ) ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုပါတယ်။

ရေသောက်ခြင်းကနေ ဘာအကျိုးကျေးဇူးတွေ ရသေးလဲ
ရေကိုများများသောက်ခြင်းအးဖြင့် အောက်ပါပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။

💧 ဝမ်းချုပ်ခြင်း။ ရေများများသောက်ရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

🌿 ကင်ဆာ။ သုတေသနအချို့အရ ရေများများသောက်သူများဟာ ဆီးအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ လျော့ကျတယ်လို့ ဆိုထားပါတယ်။

🌿 ဆီးကျောက်တည်ခြင်း။ ရေများများသောက်တဲ့အခါ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်။

🌿 ဝက်ခြံအပါအဝင် အရေပြားပြဿနာများ။ ရေသောက်တဲ့အခါ အရေပြားကို ရေဓာတ်ပြည့်ဝစေပြီး ဝက်ခြံပေါက်ခြင်းကိုလည်း လျှော့ချနိုင်ပါတယ်။

💧 တခြားအရည်တွေကိုရော ထည့်တွက်နိုင်သလား
ခန္ဓာကိုယ်ရဲ့ တနေ့တာရေလိုအပ်ချက်ဆိုတာ ရိုးရိုးရေတမျိုးတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ တခြားသော အဖျော်ယမကာများနဲ့ အစားအသောက်တွေ အားလုံး အကျုံးဝင်ပါတယ်။ အချိုရည်၊ သစ်သီးဖျော်ရည် စတာတွေအပြင် အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ အသီးအရွက်တွေကလည်း ရေဓာတ်ကို ပေးနိုင်ပါတယ်။

💧 ရေကို ဘယ်လိုသောက်ရမလဲ
လူတယောက်ဟာ တနေ့တာမှာ ရေဘယ်လောက်လိုအပ်သလဲဆိုတာ အတိအကျ ပြောပြဖို့ ခက်ပါတယ်။ လူတဦးချင်းစီပေါ် မူတည်ပါတယ်။ ကောင်းတာကတော့ ရေဆာပြီ ဆိုတာနဲ့ ရေသောက်ပါ။ ရာသီဥတုပူပြင်းချိန်၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ပိုသောက်ပါ။
----------
LOTUS Purified Drinking Water 20 လီတာ ရေဗူးများကို အိမ်သုံး ၊ ရုံးသုံး အတွက် ဖြန့်ချိပေးနိုင်သော #✨ အရောင်းကိုယ်စားလှယ်တော်ကြီးများအတွက် အထူး ခံစားခွင့်များ
*-*-*-*-*-*-*-*-*-*--
🎖️ တစ်နှစ်ရောင်းအား ပေါ်မူတည်၍ အများနဲ့ မတူတဲ့ Promotion Gift များ Commission များ
🎖️အများထက် သက်သာတဲ့ ဈေးနှုန်း
🎖️ ရေသန့်ဖြန့်ဝေမှု မှန်ကန်မြန်ဆန်ခြင်း
🎖️Brand စစ်စစ်တစ်ခုဖြစ်တာကြောင့် ယုံကြည်စွာ ရေရှည်လက်တွဲနိုင်ခြင်း
🎖️​သောက်ရေသန့်၏ သန့်စင်မှုအဆင့်မြင့်မားခြင်းကြောင့် နေ့စဉ်သောက်သုံးသူများထံမှ နာမည်ကောင်းရခြင်း
တို့ကို အထူးအာမခံပါတယ် ခင်ဗျာ
Lotus သောက်ရေသန့် ဖြန့်ချိရေး ...............
ရုံး - No.16, 3rd Floor, Zayawaddy(Baho) Street, San Chaung Township., Yangon, Myanmar . 01 525 853
ရေသန့်စက်ရုံ - အမှတ် ၆၆၄-B ၊ စစ်စီးတော(၁)လမ်း ၊ ကွမ်းခြံကုန်းကျေးရွာ ၊ သန်လျင်မြို့နယ် ၊ ရန်ကုန်တိုင်း ။
Hot Line: 09775015014, 09775015019, 017525853
Experience the Purity. Embrace the Nature. Choose LOTUS Purified Drinking Water. 🌿💧

LOTUS Purified Drinking Water 20 လီတာ ရေဗူးများကို အိမ်သုံး ၊ ရုံးသုံး အတွက် ဖြန့်ချိပေးနိုင်သော  #✨ အရောင်းကိုယ်စားလှယ်...
10/09/2023

LOTUS Purified Drinking Water 20 လီတာ ရေဗူးများကို အိမ်သုံး ၊ ရုံးသုံး အတွက် ဖြန့်ချိပေးနိုင်သော #✨ အရောင်းကိုယ်စားလှယ်တော်ကြီးများအတွက် အထူး ခံစားခွင့်များ
*-*-*-*-*-*-*-*-*-*--
🎖️ တစ်နှစ်ရောင်းအား ပေါ်မူတည်၍ အများနဲ့ မတူတဲ့ Promotion Gift များ Commission များ
🎖️အများထက် သက်သာတဲ့ ဈေးနှုန်း
🎖️ ရေသန့်ဖြန့်ဝေမှု မှန်ကန်မြန်ဆန်ခြင်း
🎖️Brand စစ်စစ်တစ်ခုဖြစ်တာကြောင့် ယုံကြည်စွာ ရေရှည်လက်တွဲနိုင်ခြင်း
🎖️​သောက်ရေသန့်၏ သန့်စင်မှုအဆင့်မြင့်မားခြင်းကြောင့် နေ့စဉ်သောက်သုံးသူများထံမှ နာမည်ကောင်းရခြင်း
တို့ကို အထူးအာမခံပါတယ် ခင်ဗျာ
Lotus သောက်ရေသန့် ဖြန့်ချိရေး ...............
ရုံး - No.16, 3rd Floor, Zayawaddy(Baho) Street, San Chaung Township., Yangon, Myanmar . 01 525 853
ရေသန့်စက်ရုံ - အမှတ် ၆၆၄-B ၊ စစ်စီးတော(၁)လမ်း ၊ ကွမ်းခြံကုန်းကျေးရွာ ၊ သန်လျင်မြို့နယ် ၊ ရန်ကုန်တိုင်း ။
Hot Line: 09775015014, 09775015019, 017525853
Experience the Purity. Embrace the Nature. Choose LOTUS Purified Drinking Water. 🌿💧

08/09/2023

✨ ရေကနေ ငွေဖြစ်ဖို့ LOTUS နဲ့ လက်တွဲကြပါစို့
*-*-*-*-*-*-*-*-**
LOTUS Purified Drinking Water 20 လီတာ ရေဗူးများကို ရန်ကုန် နှင့် သန်လျင် မြို့တွင်း အိမ်သုံး ၊ ရုံးသုံး အတွက် ဖြန့်ချိပေးနိုင်သော #အရောင်းကိုယ်စားလှယ် မိတ်ဆွေအသစ်များကို ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။
*-*-*-*-*-*-*-*-*-*--
✨ အရောင်းကိုယ်စားလှယ်တော်ကြီးများအတွက် အထူး ခံစားခွင့်များ
🎖️ တစ်နှစ်ရောင်းအား ပေါ်မူတည်၍ အများနဲ့ မတူတဲ့ Promotion Gift များ Commission များ
🎖️အများထက် သက်သာတဲ့ ဈေးနှုန်း
🎖️ ရေသန့်ဖြန့်ဝေမှု မှန်ကန်မြန်ဆန်ခြင်း
🎖️Brand စစ်စစ်တစ်ခုဖြစ်တာကြောင့် ယုံကြည်စွာ ရေရှည်လက်တွဲနိုင်ခြင်း
🎖️​သောက်ရေသန့်၏ သန့်စင်မှုအဆင့်မြင့်မားခြင်းကြောင့် နေ့စဉ်သောက်သုံးသူများထံမှ နာမည်ကောင်းရခြင်း
တို့ကို အထူးအာမခံပါတယ် ခင်ဗျာ
Lotus သောက်ရေသန့် ဖြန့်ချိရေး ...............
ရုံး - No.16, 3rd Floor, Zayawaddy(Baho) Street, San Chaung Township., Yangon, Myanmar . 01 525 853
ရေသန့်စက်ရုံ - အမှတ် ၆၆၄-B ၊ စစ်စီးတော(၁)လမ်း ၊ ကွမ်းခြံကုန်းကျေးရွာ ၊ သန်လျင်မြို့နယ် ၊ ရန်ကုန်တိုင်း ။
Hot Line : 09775015014, 09775015019, 017525853

အကောင်းဆုံး ရေသောက်ချိန်များ-------------ရေကို ဘယ်အချိန်သောက်ရင် အကောင်းဆုံးလဲဖြစ်မလဲ၊ ဘယ်အချိန်သောက်သောက် မရဘူးလား၊ ရေဆ...
02/09/2023

အကောင်းဆုံး ရေသောက်ချိန်များ
-------------
ရေကို ဘယ်အချိန်သောက်ရင် အကောင်းဆုံးလဲဖြစ်မလဲ၊ ဘယ်အချိန်သောက်သောက် မရဘူးလား၊ ရေဆာတိုင်းသောက်ရင်ရော ဘာဖြစ်မလဲ။ ဘယ်အချိန်မဆို သောက်လို့ရပါတယ်။ ဒါပေမယ့် သူ့အချိန်နဲ့သူ အကျိုးသက်ရောက်
မှုလေးတွေတော့ ကွာသွားကြပါတယ်။

(၁) အစာမစားခင် နာရီဝက်ခန့် ရေတစ်ခွက် ကြိုသောက်ထားလျှင် အစာကြေညက်စေမည်။

(၂) ရေမချိုးခင် ရေတစ်ခွက် အရင်သောက်ပေးလျှင် သွေးခုန်နှုန်းမှန်စေ၍ နှလုံးအားကောင်းလာစေမည်။

(၃) ညဖက်တစ်ရေးနိုးလာသည့်အခါ ရေတစ်ခွက်သောက်ပေးလျှင် ခြေသလုံး ကြွက်သားများအားကောင်းစေ၍ ကြွက်တက်ခြင်းကို ကာကွယ်ပေးစေမည်။

(၄) ညမအိပ်ခင် ရေတစ်ခွက်သောက်ပေးလျှင် နှလုံးနှင့်အကြောများကို အားကောင်းစေ၍ နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးမည်။

(၅) မနက်အိပ်ယာထချိန် ရေတစ်ခွက်(သို့မဟုတ်) နှစ်ခွက်ခန့် သောက်ပေး ပါက တစ်ညလုံး ငြိမ်သက်နေသည့် ဝမ်းတွင်းမှာ ကလီစာများ၊ အူများကို ပြန်လည်သက်ဝင် လှုပ်ရှားစေပြီး အူသိမ်အူမများထဲမှ အညစ်အကြေးများအားလုံးကို ဆေးကျော
သန့်စင်ပေးမည်။

ရေကို ဘယ်အချိန်မှာ မသောက်သင့်သလဲ

ထမင်းစားနေစဉ်မှာ ရေအေးကိုမသောက်သင့်ပါ။ ရေအေးဆိုသည်မှာ ရေခဲရေ၊ ရိုးရိုးရေ နှစ်မျိုးစလုံးပါဝင်ပါသည်။ အကြောင်းမှာ ထမင်းဟင်းထဲမှာပါတဲ့ အပူဓါတ်နဲ့ အနွေးဓါတ်တွေကို ရေအေးက ဖျက်ဆီးနိုင်ပြီး ဟင်းထဲမှာပါတဲ့ အဆီများကို ရွံ ့စေးများအဖြင့်ပြောင်းလဲစေကာ ခဲစေပြီး အူကင်ဆာများကို ဖြစ်စေနိုင်လို့ပါပဲ။ ထမင်းစားနေစဉ် အစာအိမ်ထဲက အက်ဆစ်ထွက်ရှိမှုကို ရေအေးသောက်လိုက်သည့်အတွက် အပူအအေးဓါတ်ကို မမျှတမှုဖြစ်စေပြီး အစာကိုခဲပျစ်စေပါတယ်။ ထို့ကြောင့် ထမင်းစားနေစဉ်မှာ ရေအေးကို မသောက်ပဲ ရေနွေးကြမ်း၊ ရေနွေးဖြူ ၊ ဟင်းချိုပူပူနွေးနွေးများကိုသာ သောက်သုံးကြဖို ့အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးသတင်းများက မကြာခဏ တိုက်တွန်း ဖော်ပြလေ့ရှိပါတယ်။
အသက်ကိုညာဏ်စောင့်ဆိုသည့်စကားအတိုင်း ကျန်းမာရေးအသိများဖြင့် ကိုယ့်အသက်ကိုယ်ကို စောင့်ထိန်းနိုင်ကြပါစေ။
------
LOTUS Purified Drinking Water 20 လီတာ ရေဗူးများကို အိမ်သုံး ၊ ရုံးသုံး အတွက် ဖြန့်ချိပေးနိုင်သော #✨ အရောင်းကိုယ်စားလှယ်တော်ကြီးများအတွက် အထူး ခံစားခွင့်များ
*-*-*-*-*-*-*-*-*-*--
🎖️ တစ်နှစ်ရောင်းအား ပေါ်မူတည်၍ အများနဲ့ မတူတဲ့ Promotion Gift များ Commission များ
🎖️အများထက် သက်သာတဲ့ ဈေးနှုန်း
🎖️ ရေသန့်ဖြန့်ဝေမှု မှန်ကန်မြန်ဆန်ခြင်း
🎖️Brand စစ်စစ်တစ်ခုဖြစ်တာကြောင့် ယုံကြည်စွာ ရေရှည်လက်တွဲနိုင်ခြင်း
🎖️​သောက်ရေသန့်၏ သန့်စင်မှုအဆင့်မြင့်မားခြင်းကြောင့် နေ့စဉ်သောက်သုံးသူများထံမှ နာမည်ကောင်းရခြင်း
တို့ကို အထူးအာမခံပါတယ် ခင်ဗျာ
Lotus သောက်ရေသန့် ဖြန့်ချိရေး ...............
ရုံး - No.16, 3rd Floor, Zayawaddy(Baho) Street, San Chaung Township., Yangon, Myanmar . 01 525 853
ရေသန့်စက်ရုံ - အမှတ် ၆၆၄-B ၊ စစ်စီးတော(၁)လမ်း ၊ ကွမ်းခြံကုန်းကျေးရွာ ၊ သန်လျင်မြို့နယ် ၊ ရန်ကုန်တိုင်း ။
Hot Line: 09775015014, 09775015019, 017525853
Experience the Purity. Embrace the Nature. Choose LOTUS Purified Drinking Water. 🌿💧

🌕 ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🌕--------------------မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ သာသနာတော်သက္ကရာဇ် ၂၅၆၇ ခုနှစ်၊ ခရစ်သက္...
31/08/2023

🌕 ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🌕
--------------------
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ သာသနာတော်သက္ကရာဇ် ၂၅၆၇ ခုနှစ်၊ ခရစ်သက္ကရာဇ် ၃၁.၈.၂၀၂၃ ၊ကြာသပတေးနေ့တွင် ကျရောက်သော .....
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ မှာ မြန်မာပြည်သူ/သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း Lotus မိသားစု မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏🏻
#ဝါခေါင်လပြည့်
#မေတ္တာအခါတော်နေ့

Address

Mogaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959799666309

Website

Alerts

Be the first to know and let us send you an email when Lotus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share