Mogok CDM Support Committee

Mogok CDM Support Committee မိုးကုတ်မြို့CDM ထောက်ပံ့ရေးကော်မတီ

✊✊✊
16/06/2021

✊✊✊

ပညာရေး၀န်ထမ်းသူရဲကောင်းများအတွက်....
14/05/2021

ပညာရေး၀န်ထမ်းသူရဲကောင်းများအတွက်....

21/04/2021

အကိုတို့ အမတို့ ခင်ဗျား...

အခုဆိုရင် လကုန်ရက် နီးကပ်လာပြီဖြစ်တဲ့အတွက် CDM လုပ်နေတဲ့ ပြည်သူ့၀န်ထမ်းတွေကို ချီးမြှင့်​ငွေပေးဖို့ အချိန်ကျရောက်လို့ လာပါတော့မယ်။
လစဥ်လတိုင်းမှာ CDM လုပ်တဲ့ ၀န်ထမ်းဦးရေ များလာတာနဲ့အမျှ ပြည်သူ့ဘက်က စေတနာ လည်းပိုပိုပြီး လိုလာမှာအမှန်ပါပဲ။
ပြည်သူ​တွေအတူတူ CDM ကိုလှူကြရ​အောင်ပါ။

ဘယ်သူ့၀န်ထမ်းလဲ၊ ပြည်သူ့၀န်ထမ်း!

​အရေးတော်ပုံအောင်ရမည်။

Mogok CDM Support Committee မှ ကူညီထောက်ပံထားသော ဌာနများ၊ ဝန်ထမ်းအရေအတွက်နှင့် ငွေပမာဏ ဖြစ်ပါသည်။ အလှူခံပေးကြသော လူငယ်မျ...
04/04/2021

Mogok CDM Support Committee မှ
ကူညီထောက်ပံထားသော ဌာနများ၊ ဝန်ထမ်းအရေအတွက်နှင့် ငွေပမာဏ ဖြစ်ပါသည်။

အလှူခံပေးကြသော လူငယ်များနှင့်လူကြီးမိဘများ 🤝🤝

ပါဝင်လှူဒါန်းကြသော အလှူရှင်များ🙏🙏🙏

အကြမ်းဖက်သောင်းကျန်းသူများကို ဆန့်ကျင်၍ ယခုလထိ CDM မှာ ပူးပေါင်းပါဝင်‌ပေး ကြသော ပြည်သူ့ဝန်ထမ်းများ 💪💪💪

တစ်ယောက်စီတိုင်းကို ဂုဏ်ယူပါတယ်ဗျ
များစွာကျေးဇူးတင်ပါတယ်ဗျ

မိုးကုတ်မြို့မှ ပြည်သူများက CDM သူရဲကောင်းများအား မတရားဖိအားပေးနေသော လူသတ်စစ်တပ်အလိုတော်ရိများကို ဦးစားပေးဖော်ထုတ်အရေးယူ...
31/03/2021

မိုးကုတ်မြို့မှ ပြည်သူများက CDM သူရဲကောင်းများအား မတရားဖိအားပေးနေသော လူသတ်စစ်တပ်အလိုတော်ရိများကို ဦးစားပေးဖော်ထုတ်အရေးယူသွားမည်ဖြစ်သည်။ မတရားဖိအားပေးခြင်းခံရသော CDM သူရဲကောင်းများအနေဖြင့်ဖိအားပေးသော စာ၊ SMS ၊ Call Record အစရှိသည့် မှတ်တမ်းများ ကို ယခု Mogok CDM Support Committee page Chatbox မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမ္မတရုံးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၅/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်)
=================

CDM ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း။

(၁) CDM (Civil Disobedience Movement) သည် စစ်အာဏာရှင်ဖြုတ်ချရေးတွင် အထူးပင်ထိရောက် သော လက်နက်တစ်ခုအဖြစ် အောင်မြင်လျက်ရှိပါသည်။

(၂) ယနေ့ မတ်လ (၃၁) ရက် ည (၁၂) နာရီ အချိန်သည် CDM ပြုလုပ်မည့်သူများ CDM ပြုလုပ်နိုင်ရန် နောက်ဆုံးသတ်မှတ်ထားသောအချိန် ဖြစ်သည်။

(၃) ဧပြီလ ပထမပတ်အတွင်း ညီညွတ်သော ပြည်သူ့အစိုးရ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

(၄) စစ်အာဏာရှင်၏ အောက်တွင် အလုပ်မလုပ်လိုသဖြင့် အလုပ်ထွက်လာသူ၊ နှုတ်ထွက်စာတင်ပြီး အလုပ် ဆက်မလုပ်သူများကိုလည်း CDM အဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။

(၅) ပြည်သူ့အစိုးရ ပေါ်ပေါက်လာချိန်တွင် စစ်အာဏာရှင်နှင့် ဆက်လက်ပူးပေါင်းနေသူများ၊ စစ်အာဏာရှင်၏ အစေခံများ၊ CDM မပြုလုပ်သူများသည် ပြည်သူ့အစိုးရကို ဆန့်ကျင်ပုန်ကန်သူများအဖြစ် မှတ်ယူမည်ဖြစ်သည်။

(၆) အဆိုပါ CDM မပြုလုပ်သူများ၊ စစ်အာဏာရှင်၏ လက်ပါးစေများ၊ စစ်အာဏာရှင်၏ လက်ကိုင်တုတ်များ၊ စစ်အာဏာရှင်နှင့် ပူးပေါင်းသူများကို ပြည်သူ့အစိုးရ သက်ဆိုင်ရာဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ပြင်းထန် စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

(၇) ဒေသဆိုင်ရာ CDM အောင်မြင်ရေးအဖွဲ့အနေဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

13/03/2021

CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက်

• CDM တွင် ပါဝင်သော ပြည်သူ့ဝန်ထမ်းကောင်းများအား အကြမ်းဖက်အုပ်စုမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ခြင်း၊ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပိုမိုများပြားလာသည်ကို သိရှိကြမည်ဖြစ်ပါသည်။

• ပြည်သူ့ဝန်ထမ်းများအား လက်နက်အားကိုး ခြိမ်းခြောက်ဖမ်းဆီးခြင်းများ၊ အသက်အန္တရာယ်စိုးရိမ်ရခြင်းများ ရှိလာနိုင်ပါသဖြင့် မိမိတို့လုံခြုံရေးကို ပိုမိုအလေးထားဂရုစိုက်ကြရန်နှင့် ဖြစ်နိုင်ပါက မိမိတို့အတွက် လုံခြုံစိတ်ချရသော နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

အရေးတော်ပုံအောင်ရမည်

12/03/2021
သူပုန်အားပေးမလား ပြည်သူနဲ့ပူးပေါင်းမလား?
11/03/2021

သူပုန်အားပေးမလား ပြည်သူနဲ့ပူးပေါင်းမလား?

CDM တွင်ပါ၀င်ကြသောပြည်သူ၀န်ထမ်းများစာရင်းကို CRPH ထံတိုက်ရိုက်တင်သွင်းနိုင်ပါပြီ....https://cdm.crphmyanmar.org/အပေါ်ကလင...
08/03/2021

CDM တွင်ပါ၀င်ကြသောပြည်သူ၀န်ထမ်းများစာရင်းကို CRPH ထံတိုက်ရိုက်တင်သွင်းနိုင်ပါပြီ....

https://cdm.crphmyanmar.org/

အပေါ်ကလင့်ခ်ကနေ တဆင့်ခြင်းဖြည့်သွားရုံပါပဲ။ ကိုယ့်Personal Dataမလုံခြုံမှာကိုစိတ်ပူစရာမလိုဘဲ ကိုယ်တိုင်စာရင်းသွင်းလို့ရပါပြီ။

အရေးတော်ပုံအောင်ရမည်။

(နီးစပ်ရာပြန်လည်မျှဝေပေးကြပါ)

Mogok CDM Support Committee မှ ကူညီထောက်ပံထားသော ဌာနများ၊ ဝန်ထမ်းအရေအတွက်နှင့် ငွေပမာဏ ဖြစ်ပါသည်။ အလှူခံပေးကြသော လူငယ်မျ...
07/03/2021

Mogok CDM Support Committee မှ ကူညီထောက်ပံထားသော ဌာနများ၊ ဝန်ထမ်းအရေအတွက်နှင့် ငွေပမာဏ ဖြစ်ပါသည်။

အလှူခံပေးကြသော လူငယ်များ 🤝🤝🤝

ပါဝင်လှူဒါန်းကြသော အလှူရှင်များ🙏🙏🙏

CDM မှာ ပါဝင်ပူးပေါင်းကြသော ပြည်သူ့ဝန်ထမ်းများ 💪💪💪

တယောက်စီတိုင်းကို ဂုဏ်ယူပါတယ်ဗျ ကျေးဇူးတင်ပါတယ်ဗျ

" #ယဥ်ကျေးမှုသစ်ပေါ်ထွန်းခြင်း.  .။ "'   မနေ့ညက လိုင်းသုံးနေတုန်း ကျနော်တို့ရဲ့ GC ထဲမှာ မက်ဆေချ်တစ်ခုဝင်လာတယ်ဗျ။မန္တလေး...
06/03/2021

" #ယဥ်ကျေးမှုသစ်ပေါ်ထွန်းခြင်း. .။ "'

မနေ့ညက လိုင်းသုံးနေတုန်း ကျနော်တို့ရဲ့ GC ထဲမှာ မက်ဆေချ်တစ်ခုဝင်လာတယ်ဗျ။

မန္တလေးကအဆုတ်ဆေးရုံကြီးရဲ့ CDM ရဲဘော်ရဲဘက်တွေရဲ့ အခက်အခဲတွေအကြောင်းပါ။ကံအားလျော်စွာပဲ Mogok CDM Support Committee. ရဲ့ ကော်မတီဝင်ငါးယောက်လောက်က လိုင်းပေါ် မှာရှိနေတော့ GC ထဲကို ဝင်လိုက်ကြပါတယ်။

လိုအပ်ချက်ကို အဆက်အသွယ်သုံးခုလောက်မှာ ချက်ချင်းစုံစမ်း၊အတည်ပြုလိုက်ကြပါတယ်။လူဦးရေက ၇၄ ယောက်မို့ ကူညီကြရမယ့်
ငွေပမာဏကမနည်းပါဘူး။

ပထမဆုံး တစ်ဦးကိုတစ်သိန်းနှုန်းလှူဖို့ကော်မတီထဲကငွေက်ို ခဏသုံးထားပါ၊ငွေလွှဲလမ်း​ကြောင်းအဆင်ပြေတာနဲ့ ချက်ချင်ပြန်ဖြည့်ပေးဖို့ အလှူရှင်တစ်ဦးက ကတိပြုကြောင်း ပြန်ကြားရေးတာဝန်ခံလူငယ်လေးက သတင်းပေးပါတယ်။

သိပ်မကြာခင်မှာပဲ နောက်တစ်ယောက်က သူ့အဆက်အသွယ်ဆီက ၇၄ ဦးအတွက် တစ်သိန်းစီလှူမယ့်အကြောင်း သတင်းပေးပါတယ်။ အဲဒါနဲ့​ေ မန္တလေးမှာရောက်နေတဲ့ကော်မတီဝင်လူငယ်လေးနဲ့ ငွေလွှဲလမ်းကြောင်းချက်ချင်းချိတ်ပြီး စီစဥ်လိုက်ကြပါတယ်။

တစ်ယောက်ကို နှစ်သိန်းနှုန်းနဲ့ ဒီမနက်မှာပဲ ကူညီလိုက်ကြပါပြီ။

ကျနော့်စိတ်ထဲမှာ သိပ်အားရတဲ့အချက်က အရင်ကအသုံးများတဲ့ Generation Gap ဆိုတာကြီးရှိမနေပဲ တစ်သားတည်းဖြစ်နေတာရယ် လူငယ်တွေရဲ့ တာဝန်ယူနိုင်စွမ်းရယ်ပါပဲ။

သူတို့က နည်းပညာက်ို ထိရောက်အောင်အသုံးချနိုင်လို့ အခုဆုံးဖြတ်ချက်နဲ့ငွေကြေးပမာဏကို ဆယ့်ငါးမိနစ်အတွင်း အပြီးသတ်အောင်လုပ်ကိုင်နိုင်ခဲ့ကြတာကလည်း ကျနော့်အတွက် အံသြစရာ Speed & Effective nessပါပဲ။

ပညာပြည့်ဝ နှလုံးသားလှသူများပေါ်ထွန်းပါစေ။

Photo. Crd. .

Address

Mogok

Telephone

+959764571021

Website

Alerts

Be the first to know and let us send you an email when Mogok CDM Support Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share