Mogok ruby-land

Mogok ruby-land This page is for mogok people and people who are interested in mogok .We have to post news&photos about mogok .So please join with as. Think you ..

Mogok Silence StrikeDrone ဖြစ်ရိုက်ကူထားသော မိုးကုတ်မြို့  စစ်အာဏာရှင်ကျဆုံးရေး တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်နေတဲ့မြင်ကွင်း...
24/03/2021

Mogok Silence Strike

Drone ဖြစ်ရိုက်ကူထားသော မိုးကုတ်မြို့ စစ်အာဏာရှင်ကျဆုံးရေး တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်နေတဲ့မြင်ကွင်း

Photo Credit

45ရက်မြောက်အာဏာရှင်ဆန့်ကျင်ရေးမိုးကုတ်သပိတ်အောင်မြင်စွာပြီးဆုံး 23.3.2021.                          အရေးတော်ပုံမုချအောင်...
23/03/2021

45ရက်မြောက်အာဏာရှင်ဆန့်ကျင်ရေးမိုးကုတ်သပိတ်အောင်မြင်စွာပြီးဆုံး 23.3.2021. အရေးတော်ပုံမုချအောင်ရမည်။
Photo Credit

Media အားနည်းတဲ့မိုးကုတ်ကိုဝန်းရံပေးကြပါအုံးရှ🙏🏻🙏🏻ဖမ်းခေါ်သွားနေပြီမျက်ရည်ရို တွေသုံးနေတယ်ရိုက်နေတယ် ၊ ပစ်နေတယ်  မတရားတွ...
11/03/2021

Media အားနည်းတဲ့မိုးကုတ်ကိုဝန်းရံပေးကြပါအုံးရှ🙏🏻🙏🏻
ဖမ်းခေါ်သွားနေပြီ
မျက်ရည်ရို တွေသုံးနေတယ်
ရိုက်နေတယ် ၊ ပစ်နေတယ်
မတရားတွေလုပ်နေတယ် ရဲတွေ စစ်တပ်တွေ ယုတ်မာနေတယ်

18-2-2021 day12 (Mogok)၁၂ ရက် မြောက်နေ့အဖြစ်မိုးကုတ်ပြည်သူလူထုမှငြိမ်းချမ်းစွာဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိပါသည်။
18/02/2021

18-2-2021 day12 (Mogok)
၁၂ ရက် မြောက်နေ့အဖြစ်မိုးကုတ်ပြည်သူလူထုမှ
ငြိမ်းချမ်းစွာဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိပါသည်။

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၁.၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ..မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မ...
18/12/2020

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၁.၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ..
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြိုတင်သတင်းရထားသည့် ယာဉ်အမျိုးအစား/ အရောင်/ နံပါတ်တို့အရ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မိုင်းရယ်ဘက်မှ မိုးကုတ်ဘက်သို့ ဆန်းကျော်ဦး မောင်းနှင်လာသည့် ISUZU ၆ ဘီး မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူ ၂၇ ဒသမ ၃၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများအား မိုင်းရယ်မှ မိုးကုတ်သို့ သယ်ဆောင်ရာတွင် တာဝန်ခံသယ် ဆောင်လာသည့် ဆန်းမင်းနိုင် မောင်းနှင်ပြီး စိုင်းမင်းသူ လိုက်ပါလာည့် AD VAN အမျိုးအစား မော်တော်ယာဉ်ဖြင့် ရှေ့မှမောင်းနှင်သွားကြောင်းသိရသဖြင့် ဆက်လက်စိစစ်ရန် ညနေ ၆ နာရီခန့် တွင် မိုးကုတ်မြို့၊ ကင်းချောင်းရေတံခွန်ရှေ့တွင် ဖမ်းဆီးရမိခဲ့သဖြင့် ဆန်းကျော်ဦး(၄၆)နှစ်၊ ဆန်းမင်းနိုင် (၂၆)နှစ်၊ စိုင်းမင်းသူ(၃၁)နှစ်တို့အား ဉပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် စိုင်းမင်းသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂,၀၀၀ ပြားနှင့် ဘိန်းဖြူ သုည ဒသမ ၂ ကီလို ဖမ်းဆီးရမိသည့်အမှုမှ ၎င်းမူးယစ် ဆေးဝါးများသယ်ဆောင်သူ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။..
ရဲဇာနည်
Credit by #မှုခင်း သတင်းဂျာနယ်

. 💙.  ကမ္ဘာကျော်တဲ့မြို့   💙တောင်ပြာတန်းတွေ. အောက်ကအေးချမ်း  သာယာလှတဲ့ကမ္ဘာမှာ  အထင်ကရကျော်ကျောက်သံ ပတ္တမြားတွေ ပျော်တဲ့...
28/11/2020

. 💙. ကမ္ဘာကျော်တဲ့မြို့ 💙

တောင်ပြာတန်းတွေ. အောက်က
အေးချမ်း သာယာလှတဲ့
ကမ္ဘာမှာ အထင်ကရကျော်
ကျောက်သံ ပတ္တမြားတွေ ပျော်တဲ့မြို့...

ဆောင်းလမှာ.. မေးခိုက်ချမ်း
ချယ်ရီတွေလည်း . ပွင့်ဝေလန်း
မိုးလင်းလို့မှ... နေမလာ
နေကြာတွေ . တစ်တောင်လုံးဝါတဲု့မြို့...

ကထိန်ခါ အလှူပွဲ
ပျော်ရွှင်စွာလည်း တီးမှုတ်နွှဲ
မိရိုးဖလာ.. အိုးစည်သံတွေ
ဗုံချမ်ဗုံလို့.. ညံတဲ့မြို့...

စကားချိုဝဲ.. မြို့သူသားလည်း
ဖော်ရွေစိတ်ထား. ဖြူနှလုံးသားနဲ့..
နေညိုရီချမ်း. ကန်ပတ်လမ်းမှာ
ဆိုင်ကယ်စီးလည်း.. ကြမ်းတဲ့မြို့..

မလွှဲသာပေ... အဝေးမှာနေလည်း
ရင်မှာတမ်းတ . အမြဲလွမ်းရသည်
တစ်နေ့အမှန်. ပြန်မယ်အဟုတ်
ကိုယ့်ကိုမွေးထုတ်.. ချစ်နဲ့မိုးကုတ်မြို့လေးဆီ.. 💙💙

ကလောင်အမည်.. တောင်ပေါ်သူ (မိုးကုတ်)
photo Crd

Address

Mogok
Mogok
05091

Telephone

+959797127560

Website

Alerts

Be the first to know and let us send you an email when Mogok ruby-land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category