မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

  • Home
  • Myanmar
  • Monyo
  • မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘဝဆိုတာကိုယ်နဲ့ထိုက်တန်တာကိုရတာမဟုတ်ဘူး ကိုယ်ယူတာပဲကိုယ်ရတာ

ယခုလိုလှူဒါန်းပေးပါသောအလှူရှင်များအားအထူးပင်ကျေးဇူးတင်လေးစားအပ်ပါသည်။
15/04/2026

ယခုလိုလှူဒါန်းပေးပါသောအလှူရှင်များအားအထူးပင်ကျေးဇူးတင်လေးစားအပ်ပါသည်။

အုတ်တွင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကြောင်း တစ်ခုလုံး တပ်ပျက်သွားပြီး စစ်သာ...
31/01/2026

အုတ်တွင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကြောင်း တစ်ခုလုံး တပ်ပျက်သွားပြီး စစ်သား ၅၀ ဦး သေဆုံးကာ လက်နက် ၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကြောင်း တစ်ခုလုံး တပ်ပျက်သွားပြီး စစ်သား ၅၀ ဦး သေဆုံးကာ လက်နက် ၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့မှ နယ်မြေရှင်းလင်းရန် ထွက်လာသော တိုင်းဗဟို ၆ အမြောက်တပ်မှ အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အုတ်တွင်းမြို့နယ်ရှိ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်း ပြောင်းချောင်းကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးခန့် သေဆုံးပြီး တပ်ပျက်ကာ ထွက်ပြေးသွားကြောင်း၊ အဆိုပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်ပါရှင်းလင်းခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါသည်။

အကြမ်းဖက် စစ်တပ်ထံမှလည်း Ma2 သေနတ် ၁ လက်၊ Ma1 သေနတ် ၂ လက် ၊ Ma3 သေနတ် ၂ လက် ၊ RPG 7 ၁ လက်၊ 60 ကွန်မန်ဒို ၁ လက်၊ 5.56 ကျည်- ၃၀၀၀ တောင့်၊ 7.62 G3 ကျည် - ၅၈၀ တောင့် ၊ ကျည်ဘောက် - ၃၂ ခု၊ RPG အဖူး- ၈ ဖူး၊ RPG ပိုယမ်းတောင့် - ၇ တောင့်၊ 60 မမ အသီး ၈ လုံး၊ 40 မမ အသီး ၁၉ လုံး၊ အီနာဂါ ၁၉ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ 14မိုင်း- ၄၂ လုံး၊ ရှေ့ထွက်မိုင်း - ၂ လုံး ၊ စကားပြောစက်- ၁ လုံး၊ စတားလင့်ဘန်း - ၁ ခု ၊ မီတာဘုတ် - ၁ ခု ၊ မီးစက် - ၁ လုံး ၊ ဓါတ်ဆီဗူး- ၂၀ ဗူး ၊ ကီးပတ်ဖုန်း - ၄ လုံး၊ဖုန်း- ၁၁ လုံး ၊ ဓါး - ၁၉ ချောင်း၊ စစ်သုံးကျောပိုးအိတ်၊ ဦးထုတ် ၁၄ လုံး၊ စစ်ဝတ်စုံများစွာတို့ကို သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၂ ကွပ်ကဲမှုဖြစ် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ 3601 တပ်ရင်း တပ်ခွဲ-4 ၊ ဗျူဟာ 22ကွပ်ကဲမှုအောက်ရှိ ဗျူဟာ ရုံးတိုက်ခိုက်‌ေရးအဖွဲ့ ၊ ပဲခူးခရိုင်တပ်ရင်း 3701 တပ်ခွဲ 2-နှင့် တပ်ရင်းရုံးအဖွဲ့၊၊သာယာဝတီခရိုင်တပ်ရင်း 3801 တပ်ရင်း တပ်ခွဲ 2,6, တပ်ရင်းရုံးတပ်ဖွဲ့၊ သာယာဝတီခရိုင် 3802 တပ်ရင်း တပ်ခွဲ 1,တပ်ခွဲ 5 BTZM ၊သာယာဝတီခရိုင် တပ်ရင်း 3803 တပ်ရင်း ၊ သာယာဝတီခရိုင်ပကဖ တပ်ဖွဲ့ 1 တပ်ခွဲ -3၊ သာယာဝတီခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပြည်ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၊ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-7 တပ်ခွဲ -1၊ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုင်းဗဟို ၆ အမြောက်တပ်မှ အင်အား ၁၂၀ ဖြင့် ပြည်-ပေါက်ခေါင်း သို့ ရောက်ရှိပြီး အင်အား ၃၀ ဖြည့်တင်းကာ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းသို့ နယ်မြေရှင်းလင်းရန် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

သာယာဝတီခရိုင်အမှတ်(၁)ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ(၃)မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်
16/12/2025

သာယာဝတီခရိုင်အမှတ်(၁)ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ(၃)မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကမ္ဘာ့နေရာအသီးသီးမှာရှိကြတဲ့တော်လှန်ရေးထောက်ပို့ညီကိုမောင်နှမများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါသည်။အရေးတော်ပုံ  အောင်ရမည်
11/12/2025

ကမ္ဘာ့နေရာအသီးသီးမှာရှိကြတဲ့တော်လှန်ရေးထောက်ပို့ညီကိုမောင်နှမများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါသည်။
အရေးတော်ပုံ အောင်ရမည်

Address

Monyo

Alerts

Be the first to know and let us send you an email when မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share