မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန

  • Home
  • Myanmar
  • Monywa
  • မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန

မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန, Fire station, Monywa.

7.9.2026၊ 09:00အချိန်၊ မုံရွာမြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)...
07/09/2026

7.9.2026၊ 09:00အချိန်၊ မုံရွာမြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါသည်။

၁.၉.၂၀၂၆ ရက်နေ့၊ ၁၁ ၀၀ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘေ...
01/09/2026

၁.၉.၂၀၂၆ ရက်နေ့၊ ၁၁ ၀၀ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်နေသော သင်္ဘော(၁)စီး ကိုယ်ထည်အတွင်းမှ မီး‌လောင်နေကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်/မြို့နယ်/နယ်မြေ/အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရုံးကြီးလူငယ်ပရဟိတအသင်းတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၃ ၀၀ အချိန် မီးငြိမ်းပါသည်။
#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါကမီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ

#191
#မြို့နယ်မီးသတ်ဦးစီးမှူးရုံး
#၀၉ ၇၉၀၈၄၃၂၃၄
#မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး
#၀၉ ၉၅၄၂၀၄၇၁၇/ ၀၉ ၇၅၇၁၁၆၀၀၇/
၀၉ ၂၆၆၀၄၀၈၄၁/ ၀၉ ၂၆၅၁၄၅၅၉၀/
၀၉ ၇၉၄၇၉၄၆၆၂/ ၀၉ ၇၅၀၇၂၆၃၈၃/
၀၉ ၉၆၅၀၁၁၀၄၉/ ၀၉ ၄၀၀၄၆၁၈၆၂/
၀၉ ၉၇၈၈၂၈၈၇၄/ ၀၉ ၂၅၈၀၀၈၆၀၃/
၀၉ ၉၄၀၇၀၀၄၉၁/ ၀၉ ၇၇၄၃၈၀၀၃၄/
၀၉ ၉၆၄၆၁၂၃၁၀/ ၀၉ ၉၅၅၄၀၅၇၇၃

၃၀.၈.၂၀၂၆ ရက်နေ့၊ ၂၃ ၀၅ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းတွင် မီးလောင်မှုဖ...
30/08/2026

၃၀.၈.၂၀၂၆ ရက်နေ့၊ ၂၃ ၀၅ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ရန်ကင်းရပ်ကွက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒေါနခြံရပ်ကွက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သလ္လာရပ်ကွက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြို့သစ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နန္ဒဝန်ရပ်ကွက်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကံသာဦးရပ်ကွက်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ MyanmarRescue ပရဟိတအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ သုခဟိတ ပရဟိတအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ လူငယ်အားမာန် ပရဟိတအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ ပေးဆပ်သူ ပရဟိတအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ ရုံးကြီးလူငယ် ပရဟိတအသင်းမှ သူနာတင်ယာဉ်(၁)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၃ ၂၅ အချိန် မီးငြိမ်းပါသည်။
#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါကမီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ

#191
#မြို့နယ်မီးသတ်ဦးစီးမှူးရုံး
#၀၉ ၇၉၀၈၄၃၂၃၄
#မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး
#၀၉ ၉၅၄၂၀၄၇၁၇/ ၀၉ ၇၅၇၁၁၆၀၀၇/
၀၉ ၂၆၆၀၄၀၈၄၁/ ၀၉ ၂၆၅၁၄၅၅၉၀/
၀၉ ၇၉၄၇၉၄၆၆၂/ ၀၉ ၇၅၀၇၂၆၃၈၃/
၀၉ ၉၆၅၀၁၁၀၄၉/ ၀၉ ၄၀၀၄၆၁၈၆၂/
၀၉ ၉၇၈၈၂၈၈၇၄/ ၀၉ ၂၅၈၀၀၈၆၀၃/
၀၉ ၉၄၀၇၀၀၄၉၁/ ၀၉ ၇၇၄၃၈၀၀၃၄/
၀၉ ၉၆၄၆၁၂၃၁၀/ ၀၉ ၉၅၅၄၀၅၇၇၃

22.8.2026၊ 08:50 အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ အောင်သပြေလမ်းတွင် နေအိမ်ပေါ်သို့ သစ်ပင်လဲက...
23/08/2026

22.8.2026၊ 08:50 အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ အောင်သပြေလမ်းတွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သလ္လာအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး 10:55 အချိန်၊ မုံရွာတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးတွင် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မုံရွာတောင်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်မှုဇုန်အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

19.8.2026၊ 10:00အချိန်၊ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ မဉ္ဇူ Preschool ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား မြို့နယ်မီးသတ်...
19/08/2026

19.8.2026၊ 10:00အချိန်၊ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ မဉ္ဇူ Preschool ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်မှဦး‌ဆောင်၍ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးခြင်းဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

18.8.2026၊ 09:30အချိန်၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ စံထိပ်တန်း ကိုယ်ပိုင်အလယ်တန်းကျောင်းနှင့် မုံရွာတောင်ရပ်ကွက်ရှိ H...
19/08/2026

18.8.2026၊ 09:30အချိန်၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ စံထိပ်တန်း ကိုယ်ပိုင်အလယ်တန်းကျောင်းနှင့် မုံရွာတောင်ရပ်ကွက်ရှိ HCIS International School တို့အား Fire Safety Certificate (FSC)ရရှိရေးအ တွက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

16.8.2026၊ 09:00အချိန်၊ မုံရွာမြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင် ဦးဆော...
17/08/2026

16.8.2026၊ 09:00အချိန်၊ မုံရွာမြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင် ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လစဉ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။

၁၇.၈.၂၀၂၆ ရက်နေ့ ၀၈:၀၀ အချိန်၊ မုံရွာမြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်မီး သတ်ဦးစီးမှူး ဦးဇင်မိုအောင...
17/08/2026

၁၇.၈.၂၀၂၆ ရက်နေ့ ၀၈:၀၀ အချိန်၊ မုံရွာမြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်မီး သတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ‌ ဒေါ်ယမင်းထက်တို့မှ ဦးဆောင်၍ တပ်ဖွဲ့ဝင်များ/မိသားစုဝင်များ မိသားစုဆန္ဒဖော်ထုတ်ဆွေးနွေးပွဲ (၈/၂၀၂၆) (ဒါဘာ) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပြီး တပ်ဖွဲ့ဝင်/ မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ပေးအပ်ခဲ့ပါသည်။

17.8.2026၊ 10:00အချိန်၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ Bright Minds ကိုယ်ပိုင်မူလတန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်း...
17/08/2026

17.8.2026၊ 10:00အချိန်၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ Bright Minds ကိုယ်ပိုင်မူလတန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်မှဦး‌ဆောင်၍ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးခြင်းဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

13.8.2026၊b17:00အချိန်တွင် မုံရွာမြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ မြို့နယ်စည်း/ထိမ်း‌ကော်မတီ ဥက္ကဌ ဦး ဆောင်၍ ဝတ်ရွတ်အဖွဲ့မှ ...
13/08/2026

13.8.2026၊b17:00အချိန်တွင် မုံရွာမြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ မြို့နယ်စည်း/ထိမ်း‌ကော်မတီ ဥက္ကဌ ဦး ဆောင်၍ ဝတ်ရွတ်အဖွဲ့မှ မင်္ဂလသုတ်၊ ဝဋ္ဋသုတ်နှင့် ပဌာန်းဒေသနာတော်များရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
ယနေ့အာဟာရဒါနကုသိုလ်ရှင်ဒေါ်ဌေးဌေးဝင်း မိသားစုမှကုသိုလ်ပြုပါသည်။

Address

Monywa

Website

Alerts

Be the first to know and let us send you an email when မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category