01/06/2026
၁.၆.၂၀၂၆ ရက်နေ့၊ ၀၉ ၃၀ အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ သာစည်လမ်းတွင် သစ်ပင်လဲကျ၍ လမ်းဘေးတွင်ရပ်ထားသော ယာဉ်ပေါ်တွင်ပိမိနေကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အောင်ချမ်းသာအရန်မီးသတ်စခန်း၊ ရုံးကြီးအရန်မီးသတ်စခန်း၊ ဒေါနခြံအရန်မီးသတ်စခန်း၊ နန္ဒဝန်အရန်မီးသတ်စခန်းနှင့် မြို့သစ်အရန်မီးသတ်စခန်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် Myanmar Rescuse အသင်း၊ မေတ္တာစေရာပရဟိတအသင်းတို့နှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။