Monywa Peacock Defence Force

Monywa Peacock Defence Force ArmedForce

ကျွန်တော်တို့ Monywa Peacock Defence Force Logo ကိုအသုံးပြုပီးတော့ လိမ်လည်အလူုခံနေသည်ကိုစီစစ်တွေရှိခဲ့ပါသည်။ကျွန်တော်တို...
16/09/2023

ကျွန်တော်တို့ Monywa Peacock Defence Force Logo ကိုအသုံးပြုပီးတော့ လိမ်လည်အလူုခံနေသည်ကိုစီစစ်တွေရှိခဲ့ပါသည်။ကျွန်တော်တို့ Monywa Peacock Defence Force လာရောက်လူုတန်းကျသော မိဘပြည်သူများအနေဖြင့် Page ရဲ့ messenger တွင်တိုက်ရိုက်လာရောက်ဆက်သွယ်လူုတန်းပီးတော့ ဂုဏ်ပြုလွှာထုတ်ပေးခိုင်းပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။

ရက်စွဲ။ ။ (၁၁)ရက်၊ စက်တင်ဘာလ၊ (၂၀၂၃)ခုနှစ်စစ်အာဏာရှင်ဆန်ကျင်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံတိ...
11/09/2023

ရက်စွဲ။ ။ (၁၁)ရက်၊ စက်တင်ဘာလ၊ (၂၀၂၃)ခုနှစ်

စစ်အာဏာရှင်ဆန်ကျင်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အမှတ်(၁)စစ်ဒေသ၊မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၃) တပ်စု(၁) ဖစ်သော Monywa Peacock Defence Force ထုတ်လုပ်ရေးစခန်းအား စက်တင်ဘာလ (၆)ရက်၊၂၀၂၃ခုနှစ်၊ မနက်(၆:၀၀) အချိန်ခန့်တွင် ၀င်ရောက်စီးနင်းခံရပြီး ကိုယ်ပိုင်နံပါတ်12711208 ရဲဘော်ဖိုးသင်္ကြန်(ခ)အောင်ခန့်ကျော် အသက် (၁၉)နှစ် နှင့် Monywa Peacock ထုတ်လုပ်ရေးစခန်းအား လာရောက်ထုတ်လုပ်သော Monywa King Defence Force မှ ရဲဘော်(၃)ဦး မြင့်မြတ်စွာကျဆုံးခဲ့ပါသည်။
ကျွန်ုပ်တို့ Monywa Peacock ရဲဘော်များမှ ၁၀ ရက်၊ စက်တင်ဘာလ၊၂၀၂၃ ခုနှစ် ကျဆုံးအာဇာနည်သူရဲကောင်း(၄)ဦးအား ရေစက်ကျရက်လည်ဆွမ်းကပ်ပရိတ်တရားနာ ပြုလုပ်ခဲ့ပါသည်။ဤကောင်းမူကုသိုလ်အသီးသီးအား ကျဆုံးသွားသောအာဇာနည်သူရဲကောင်းရဲဘော်(၄)ဦးမှ ရောက်ရာအရပ်ကနေ သာဓုခေါ်နိုင်ပါစေ။

ဝမ်းနည်းကြောင်းထုတ်ပြန်ခြင်းရက်စွဲ။ ။ (၉)ရက်၊ စက်တင်ဘာလ၊ (၂၀၂၃)ခုနှစ်စစ်အာဏာရှင်ဆန်ကျင်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်...
09/09/2023

ဝမ်းနည်းကြောင်းထုတ်ပြန်ခြင်း

ရက်စွဲ။ ။ (၉)ရက်၊ စက်တင်ဘာလ၊ (၂၀၂၃)ခုနှစ်

စစ်အာဏာရှင်ဆန်ကျင်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အမှတ်(၁)စစ်ဒေသ၊မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၃) တပ်စု(၁) ဖစ်သော Monywa Peacock Defence Force ထုတ်လုပ်ရေးစခန်းအား စက်တင်ဘာလ (၆)ရက်၊၂၀၂၃ခုနှစ်၊ မနက်(၆:၀၀) အချိန်ခန့်တွင် ၀င်ရောက်စီးနင်းခံရပြီး ကိုယ်ပိုင်နံပါတ်12711208 ရဲဘော်ဖိုးသင်္ကြန်(ခ)အောင်ခန့်ကျော် အသက် (၁၉)နှစ် နှင့် Monywa Peacock ထုတ်လုပ်ရေးစခန်းအား လာရောက်ထုတ်လုပ်သော Monywa King Defence Force မှ ရဲဘော်(၃)ဦး မြင့်မြတ်စွာကျဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးထောက်ပို့ရဲဘော်တစ်ဦးလဲပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။
ကျွန်ုပ်တို့ Monywa Peacock Defence Force အနေဖြင့် ကျန်ရစ်သူမိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်း ပူဆွေးလျက် အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု မှတ်တမ်း တင်ပြီး ကျဆုံးသွားသော ရဲဘော် ဖိုးသင်္ကြန်(ခ)အောင်ခန့်ကျော်နှင့် Monywa King Defence Force မှ ရဲဘော်(၃)ဦး တို့ ၏ စွန့်လွှတ် အနစ်နာခံမှု အပေါ် လေးစားသောအားဖြင့် စစ်အာဏာရှင် အမြစ်ဖျက်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းများမှာ ကျွန်ုပ်တို့ Monywa Peacock Defence Force မှ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။။တော်လှန်ရေးရဲဘော် အာဇာနည်သူရဲကောင်း ဖိုးသင်္ကြန်(ခ)အောင်ခန့်ကျော် နှင့် Monywa King Defence Force မှ ရဲဘော် (၃)ဦးတို့အာဏာရှင်တွေမရှိတဲ့တစ်နေရာမှာ ငြိမ်းချမ်းစွာ အနားယူပါလော့၊
ကောင်းရာသုဂတိလားပါစေ။

တိုက်ပွဲသတင်းထုတ်ပြန်ချက်ရက်စွဲ။                            ။      20.8.202317•8•2023 - 3:45 PM  စစ်ကိုင်းမြို့မှ ထွက်လာ...
20/08/2023

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ရက်စွဲ။ ။ 20.8.2023

17•8•2023 - 3:45 PM စစ်ကိုင်းမြို့မှ ထွက်လာသော စခများလိုက်ပါလာသည့် စခတွဲကား ၁၆ စီးပါ ယာဥ်တန်းကို ကျွန်ုပ်တို့ Monywa Peacock Defence Force မဟာမိတ်ညီနောင်များနှင့် မြင်းမူ ချောင်းဦး လမ်းမကြီး၏ နေရာ၂ ခုတွင် ပွိုင့် ၂ နေရာခင်းပြီး Titeခိုက်ခဲ့ပါသည်။

ဖြစ်စဉ်မှာ 3:45 PM အချိန်တွင် စစ်ကိုင်းမြို့မှ မုံရွာ သို့ ထွက်ခွာလာသော စခ များလိုက်ပါလာသည့် ၁၆ စီးပါ ယာဥ်တန်းကို ကင်းပုန်းထူထပ်စွာ ချထားသည့် မုံရွာ စစ်ကိုင်း လမ်းမကြီး ၏ ဘေးဝဲရာ နေရာ၂ ခုကို ၁ နေရာတွင် ၅ လုံး (၃) ခိုင် ပဒေသာအုန်းသီးများခင်းပြီး ၂ ပွိုင့် ၂ နေရာအသီးသီး ခင်းပြီး စခများ ပါသော ၁၆ စီးတန်း၏ ၂ စီးမြောက်ကားကို ၅ လုံး (၂) ခိုင် ပဒေသာအုန်းသီးများဖြင့် မြင်းမူမြို့နယ်အဝင် မှ နွေးနွေးထွေးထွေးကြိုဆိုလိုက်ပါတယ်။ ၎င်း အချိန်တွင် တွဲကားများပေါ်မှ ခွေးဝဲစားများကကြောက်လန့်တကြား ရမ်းသန်း Pyitခတ်သံများကြောင့် ကင်းပုန်းချထားသည့် စခများမှ အလန့်တကြား ရမ်းသန်းPyitခတ်ပါသည်။

၎င်းအချိန်တွင် ကျွန်တော်တို့၏ ဒုတိယမြောက် ပဒေသာ ၅ လုံးတွဲ ၁ ခိုင်ဖြင့် အသင့်စောင့် နေသော ရဲဘော်များမှ ၄ စီးမြောက်ကားကို ဆက်လက် ဧည့်ခံ ပေးခဲ့ပါသည်။ စခများမှ ကြောက်လန့်တကြား ရမ်းသန်းPyitခတ်သော်လည်း မိဘပြည်သူများ ပို့သသောမေတ္တာများကြောင့် ကျွန်တော်တို့ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်။

ထိုMine ဆွဲ Titeခိုက်မှုတွင်

ကျွန်ုပ်တို့ Monywa Peacock Defence Force တို့နှင့်အတူမုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း
-မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း တပ်ခွဲ (၂)
-Pantagram - ငါးထောင့်ကြယ်
-Myintmu Local Defence Force
-Myanmar Islamlc Commando PDF ၊ စသည့်မဟာမိတ်အဖွဲ့များမှ ပူးပေါင်းMine ဆွဲTiteခိုက်ခဲ့သည်။ စခ အထိအခိုက်စာရင်းကို မသိရသေးပါ ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်။

#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#အရေးတော်ပုံအောင်ရမည်။

ယမ်းချက်ပြီး ခွေးသက် မယ်ဗျ
06/07/2023

ယမ်းချက်ပြီး
ခွေးသက် မယ်ဗျ

မှတ်တမ်းတင်ဂုဏ်ပြုခြင်း 🙏🙏🙏_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ Mon...
28/06/2023

မှတ်တမ်းတင်ဂုဏ်ပြုခြင်း 🙏🙏🙏
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Monywa Peacock Defence Force - MP တပ်ဖွဲ့သို့ မြန်မာပြည် ဒီမိုကရေစီရရှိရေး၊ ဖက်ဆစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် လူ့အခွင့်အရေး ပြန်လည်ထွန်းကားရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသည့်ရဲဘော်များ အသုံးပြုနိုင်ရန်အတွက် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အလှူငွေများ ကိုလက်ခံရရှိခဲ့ပါသည်။ ထောက်ပံ့ပေးခြင်းအား အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ Monywa Peacock Defence Force - MP ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်အာဏာရှင်စနစ် တော်လှန်ရေးလုပ်ငန်းများအား ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမည်ဟု ကတိပြုပါသည်။ထောက်ပံ့ပေးခြင်းအား အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🙏🙏🙏

တိုက်ပွဲသတင်း ထုတ်ပြန်ကြေငြာချက်                                                             ရက်စွဲ။ ။ ၄.၆.၂၀၂၃         ...
04/06/2023

တိုက်ပွဲသတင်း ထုတ်ပြန်ကြေငြာချက်

ရက်စွဲ။ ။ ၄.၆.၂၀၂၃

၄.၆.၂၀၂၃ည(တနင်္ဂနွေ) 3:05 အချိန်ခန့် တွင် မုံရွာ- မန္တလေး အမြန်လမ်းမကြီး
ခင်မွန် - မြေနဲ ကြားတနေရာ အကြမ်းဖက်စခများ တင်ဆောင်လာသော ခွေးကားကြီး ၂စီးပါ ယာဉ်တန်းမှ ၂စီးမြောက် ‌ခွေးကား အား အညာအုံးသီး၃ လုံးတွဲ ၂ ခိုင်ဖြင့် ဧည့်ခံ ခဲ့ပါသည်။
အနည်းဆုံး ခွေး၁၀ ခန့် ​ထိခိုက်နိုင်ပြီး အတည်ပြုရန် စုံစမ်းဆဲ ဖြစ်ပါသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျွန်ုပ်တို့
Peacock Defence Force
#မုံရွာခရိုင်အမှတ်၁၁တပ်ရင်း (People's Defense Force - South Monywa)
# #မုံရွာခရိုင်အမှတ်၁၁တပ်ရင်း တပ်ခွဲ ၃(Forces Our History)

ညီနောင်အဖွဲများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ညီနောင်အဖွဲ့ဝင်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#အရေးတော်ပုံအောင်ပြီ


#ဗိုလ်ငယ်သွေး

31/05/2023

၂၀၂၃ခုနှစ်၊ မေလ (၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ စစ်ရေးသတင်းထုတ်ပြန်ကြေငြာချက်

မုံရွာ-မန္တလေး လမ်းမကြီး၏
မုံရွာ-မြင်းမူ လမ်းပိုင်းနေရာများတွင်

ကျွန်ုပ်တို့ Monywa Peacock Defence Force နှင့်အတူ
-မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း(People`s Defence Force-South Monywa)
-မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၂)SGG
- Pantagram - ငါးထောင့်ကြယ်
-Myanmar Islamic Commando PDF
-Myintmu Local Defence Force
ရဲဘော်များမှ

Mission(1)
မေလ(၂၇)ရက်နေ့၊မနက်(၄)နာရီ နှင့်
(၂၀)မီနစ်ဝန်းကျင် အချိန်များတွင်
စ-စ်လက်န-က်ပစ္စည်းများနှင့် စခများ တင်ဆောင်၍
မုံရွာ(န.မ.ခ)မှစစ်ကိုင်းသွားသော စခကားတန်းမှ
(၃)စီးတန်းအား -
ပဒေသာမို-င်း (၅)လုံး၊ (၁)ပွိုင့်ဖြင့် မို-င်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်။

Mission(2)
မေလ(၂၉)ရက်နေ့၊ ည(၇:၃၅)နာရီ ၊
အချိန်တွင်
မုံရွာဘက်မှ ထွက်လာသော စခကားတန်းနှင့် ကြေးနီများတင်ဆောင်လာသော စခကားတန်းအား
ပဒေသာမို-င်း (၅)လုံး၊(၁)ပွိုင် မို-င်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်။

အဆိုပါ မို-င်းဆွဲတိုက်ခို-က်မှုဖြစ်စဥ်များအပြီးတွင်
စခများမှ ဘေးပတ်ဝန်းကျင်အား လနကြီး/ငယ်
များဖြင့် ရမ်းသန်းပ-စ်ခတ်ကြသော်လည်း
မိဘပြည်သူများပို့သသောမေတ္တာကြောင့် ကျွန်ုပ်တို့ညီနောင်ရဲ​ေ-ဘာ်များ ဘေးမသီရန်မခ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြပါသည်။

ရာသီဥတုဆိုးရွားခြင်းနှင့်
internet lineဆိုင်ရာ အခက်အခဲများကြောင့်
အဆိုပါmissionများအား ယခု(31.5.2023)မှသာ ထုတ်ပြန်နိုင်ခဲ့ပါသည်။
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#အရေးတော်ပေါ်အောင်ပြီ #

ကျွန်ုပ်တို့ Monywa Peacock Defence Force မှ ထုတ်လုပ်အောင်မြင်ထားသော (75)မမ ကိုမိဘပြည်သူများအားတင်ပြအပ်ပါသည်။်          ...
11/04/2023

ကျွန်ုပ်တို့ Monywa Peacock Defence Force မှ ထုတ်လုပ်အောင်မြင်ထားသော (75)မမ ကို
မိဘပြည်သူများအားတင်ပြအပ်ပါသည်။
် ဗိုလ်ငယ်သွေး
ရက်စွဲ 11-4-2023

#သွေးကြွေးမယ်ဆွေးနွေးစရာမရှိ။
#အရေးတော်ပုံအောင်ရမည်။

"ယခု Post ၏ Comment တွင် ရုပ်သံကြည့်ရန် Link ရှိပါသည်။"စစ်ရေးအစီရင်ခံစာ*ပူးပေါင်းစစ်ဆင်ရေး*၂၀၂၃ခုနှစ်၊မတ်လ(၂၅)ရက်။ကျွန်ု...
25/03/2023

"ယခု Post ၏ Comment တွင် ရုပ်သံကြည့်ရန် Link ရှိပါသည်။"
စစ်ရေးအစီရင်ခံစာ
*ပူးပေါင်းစစ်ဆင်ရေး*
၂၀၂၃ခုနှစ်၊မတ်လ(၂၅)ရက်။

ကျွန်ုပ်တို့ Monywa Peacock Defence Force သည်

ယနေ့ 25-Mar-2023 | 11:40AM ဝန်းကျင်တွင်
-မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း
-မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း တပ်ခွဲ(၁)
-မုံရွာခရိုင်အမှတ်(၂၄)တပ်ရင်း တပ်ခွဲ(၄)
-Spring Dove
-Garuda King Monywa
-Special Force 11-PDF
-Anyar Defense Force
-Monywa Special ဒိတ်ဒိတ်ကြဲ
-Brave Heart Army (BHA)
-Youth Revolution Attack Force (YRAF)
တို့နှင့် လက်တွဲ၍

စောက်ကောင်စီ၏ ခွေးစောထီးရွာဟု နာမည်ဆိုးထွက်နေသော တောပု (စောက်ပု) ကျေးရွာမှထွက်လာသော စခနှင့်ပခ မုံရွာ၊မန္တလေးလမ်းမကြီး မုံရွာ- ချောင်းဦးလမ်း​ပိုင်း တနေရာတွင် သောက်စားမူးရူးပြီး ပြည်သူကားနှင့်ဆိုင်ကယ်များအား အဓ္ဓမငွေကြေးကောက်ခံနေကြောင်းကြားသိရ၍ ကျွန်ုပ်တို့နှင့်အတူမဟာမိတ်ပူးပေါင်းအဖွဲ့များမှ ၄၀မမ၊Auto Gun၊Shout Gun များဖြင့်သွားရောက်ရှင်းလင်း pyitခက်ရာ အချိန်ခဏကြာ
Tite ပွဲဖြစ်ပွားပြီး စခနှင့်ပခများ နေရာတွင်၃ကောင်ပွဲခြင်းပီးသေဆုံးခဲ့ပြီး အများအပြားအုံနာကျိုးကန်း ဖစ်သွားခဲ့ပါသည်။

-စခနှင်ပခဘက်မှ လနကြီး လနငယ်များဖြင့်ပြန်လည် ပစ်ခက်သော်လည်း
-မိဘပြည်သူများပို့သသော မေတ္တာကြောင့် ကျွန်ုပ်တို့နှင့်အတူပူးပေါင်းအဖွဲ့များမှ ထိခိုက်မရှိဆုပ်ခွာနိုင်ခဲ့ပါသည်။

***စိတ်မကောင်းစွာဖြင့် စခနှင်ပခများမှ သူတို့ထုံစံအတိုင်း ဘေးပတ်ဝန်းကျင်ရှိအိမ်များအား ခိုးဆိုးလုယက်ပီး မီးရိူ့သွားခဲ့ကြောင်းကြားသိရ၍ များစွာစိတ်မကောင်းဖြစ်ရပါသည်။**

https://t.me/MonywaPeacock

#တရားတော့စစ်နိုင်ပီ
#အရေးတော်ပုံအောင်ပီ
#သွေးကြွေးမယ်ဆွေးနွေးစရာမရှိ
Peacock

စစ်ရေးအစီရင်ခံစာ*ပူးပေါင်းစစ်ဆင်ရေး*၂၀၂၃ခုနှစ်၊ မတ်လ (၁၁)ရက်နေ့။* ၂၀၂၃ခုနှစ်၊ မတ်လ(၉)ရက်နေ့ Mission*ကျွန်ုပ်တို့ မုံရွာခ...
11/03/2023

စစ်ရေးအစီရင်ခံစာ
*ပူးပေါင်းစစ်ဆင်ရေး*
၂၀၂၃ခုနှစ်၊ မတ်လ (၁၁)ရက်နေ့။
* ၂၀၂၃ခုနှစ်၊ မတ်လ(၉)ရက်နေ့ Mission*
ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း(၁၁)တပ်ခွဲ(၃)Monywa Paecock Defence Force သည်
မုံရွာခရိုင်တပ်ရင်း(၁၁)South Monywa၊
Black Hunter People's Task Force၊
Myinmu Local Defence Force တို့နှင့်လက်တွဲ၍

09-Mar-2023 / 1:05PMတွင်

ဂွေးပင်တောနှင့်ရေပိုးစားကြား၌

မုံရွာမှစစ်ကိုင်းသို့သွားသော ကြေးနီများတင်ဆောင်လာသောကားများနှင့် စခကားအကြီး(၇၇)စီးအနက် ၁၀စီးပါယာဥ်တန်းအား ပဒေသာအုန်းသီး(၃)လုံး (၂) ခိုင်ဖြင့်ဝဝလင်လင်ခွဲကျွေးရာမှ

၃စီးမြောက်ကားနှင့် ၅စီးမြောက်ကားအား တည့်တည့်ထိပြီး ကားမှာအပျက်အစီးများ၍ ထိုးရပ်သွားသည်။
(ဂန့်) စာရင်းကိုတော့ အတိအကျ မသိရှိရသေးပါ။

ခွေးများဘက်မှ ဘေးပတ်၀န်းကျင်လနငယ်များဖြင့်တရစပ်Pyitခတ်သော်လည်း ကျွန်ုပ်တို့ရဲဘော်များ အပွန်းအပဲ့မရှိပြန်လာနိုင်ခဲ့ကြပါသည်။

မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းစေရမည်။
*အခက်ခဲများကြောင့် video file ကရိုက်ကူးလို့မရခဲ့ပါဖူးဗျ။*

#တရားသောစစ်_နိုင်ပြီ
#အရေးတော်ပုံ_အောင်ပြီ
Peacock
#မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၃)

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Monywa Peacock Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Monywa Peacock Defence Force:

Share

Category