Sir.Phyoe

Sir.Phyoe အဆင်ပြေပါတယ်

13/06/2024

SRDF တပ်ဖွဲ့ (3)သုံးနှစ်ပြည့်ထုတ်ပြန်ချက်
နေ့စွဲ။ ။1.6.2024
ကျွနုပ်တို့ SRDF တပ်ဖွဲ့ စတင်ဖွဲ့စည်းပြီး စစ်ရေးလှုပ်ရှားမှုမှာ (3)သုံးနှစ်ကျော်ကာလရောက်ရှိခဲ့ပြီဖြစ်ပါသည်။
SRDF သည် 2021 ဇွန်လတွင် စစ်ကိုင်းတိုင်းအတွင်းပိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့နယ်များနှင့် ဆက်စပ်ဧရိယာများတွင် ERO အရာရှိများနှင့် ဒေသ‌တော်လှန်ရး ခေါင်းဆာင်များနှင့်စုစည်းကာဖွဲ့စည်းခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကြီးမားစွာဖော်ဆောင်ခဲ့ပါသည်။
ယခုအခါ ERO အရာရှိများများမှာ သက်ဆိုင်ရာစစ်ဒေသ၏ ညွန်ကြားချက်အရာ တာဝန်ခွဲဝေထမ်းဆောင်နေပြီး Sagaing Region Defense Forces ဟုဖွဲ့စည်းထား‌သော်လည်း ကျွနုပ်တို့တပ်ဖွဲ့သည် မြန်မာပြည်အလယ်ပိုင်း၊ မြန်မာပြည်အောက်ပိုင်း စစ်ဆင်ရေးလှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။
ဒီကာလအတွင်း မတရားအာဏာလုအကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေးအတွက် တော်လှန်ရေးလုပ်ငန်းများ၊ စစ်ဆင်ရေးလုပ်ငန်းများ ရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ရန် ကူညီထောက်ပံ့ပေးသော ထောက်ပို့ရဲဘော်များအား ကျနုပ်တို့ ရှေ့တန်းတိုက်ခိုက်ရေးရဲဘော်များနည်းတူ တန်ဘိုးထားလေးစားပါသည်။
SRDF က စစ်ကိုင်းဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေးအားထုတ်မှုအားကြိုဆိုလျှက်ရှိပါသည်သည်။ ထိုနည်းတူ ဒေသအစိုးရများပေါ်ပေါက်လာပြီး ဖက်ဒရယ်ပြည်ထောင်စုပီပီပြင်ပြင်ပေါ်ထွက်လာရေးကို အားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ စွန့်စွန့်စားစား တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါသည်။

ပြည်သူ့အရေးတော်ပုံမုချအောင်ရမည်

တာဝန်ခံ
Sagaing Region Defense Forces

13/06/2024

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Sir.Phyoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share