12/05/2020
လေယာဉ်ပျံတစ်စီးရဲ့ကိုယ်ထည် တစ်ခုလုံးကို( fuselage)လို့ခေါ်တယ်။
The body of the plane is called the fuselage.
လေယာဉ် (ဘီး)တွေကိုတော့ (Landing gear)လို့ခေါ်တယ်။
The wheels of a plane are called the landing gear.
လေယာဉ်ပျံတွေမှာ (Landing gear) နှစ်မျိုးရှိတယ်။Main landing gear နဲ့ Nose landing gear ဖြစ်ပါတယ်။
Main landing gear ကတော့ လေယာဉ်ပျံတွေရဲ့ ကိုယ်ထည်အောက်ပိုင်း အတောင်ပံအနားမှာ ရှိပါတယ်။
Nose landing gear ကတော့ လေယာဉ်တွေရဲ့အရှေ့ ခေါင်းခန်းရဲ့အောက်မှာ ရှိပါတယ်။
747 boeing လေယာဉ်ကြီးတွေမှာ(၁၈)ဘီး ပါရှိပါတယ်။လေယာဉ်တွေရဲ့နောက်ဘီးကို(Main wheels)လို့ခေါ်ဆိုပြီး လေယာဉ်တွေရဲ့အရှေ့ဘီးကို(Nose wheels) လို့ခေါ်ဆိုပါတယ်။
လေယာဉ် အဆင်း ဂီယာ ချို့ယွင်းပျက်စီးသွားရင် ဘာတွေ၊ဘယ်လိုဖြစ်နိုင်သလဲဆိုတော့..
What happens if a plane's landing gear fails?
ကိုယ်ထည် ဝမ်းဗိုက်နဲ့ဆင်းသက်(“belly” landing)လာရခြင်းကြောင့် မီးလောင်ပျက်စီးဆုံးရှုံးနိုင်သည့်အပြင် ခရီးသည်များ မတော်တဆမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။
ဒီနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅ နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY-AGQ , Embraer 190AR နှင့် ခရီးသည် ၈၂ ဦးတင်ဆောင်၍ Captain မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FOမျိုး သီဟအောင် တို့မောင်းနှင်ပျံသန်းလာသော လေယာဉ်ဟာ အဆင်းမှာ ရှေ့ဂီယာ(Nose landing gear)ချို့ယွင်းချက်ကြောင့် ဆင်းသက်ဖို့အဆင်မပြေဖြစ်ခဲ့သည့်အချိန်မှာ လေယာဉ်ဆီအားလုံးကို ဖောက်ထုတ် စွန့်ပစ်အပြီးမှ Captain မြတ်မိုးအောင် ဦးဆောင်ပြီး မြေပြင်သို့ အန္တရာယ်ကင်းစွာဆင်းသက်လာနိုင်ခြင်းဖြစ်ပါတယ်။
အကယ်၍ လေယာဉ်ဆီးတွေကို ဖောက်ထုတ် စွန့်ပစ်ခြင်း မပြုလုပ်ဘူးဆိုရင် မီးလောင်နိုင်တဲ့အခြေနေမျိုးအထိ့ ကျရောက်နိုင်ပါတယ်။
ဒါ့ကြောင့် Captain မြတ်မိုးအောင် ရဲ့ ဆုံးဖြတ်ချက်ဟာ အရမ်းမှန်ကန်ပါတယ်။
*လေးစားပါတယ် Captain မြတ်မိုးအောင်*Congratulations ပါ။
ထို့ကြောင့် ယနေ့အဖြစ်အပျက်ဟာ လေယာဉ်ရှေ့ဘီး(Nose wheels)ကြောင့်မဟုတ်ပဲ လေယာဉ်အရှေ့အဆင်း ဂီယာ(Nose landing gear)ချို့ယွင်းချက်ကြောင့်သာ ဖြစ်ပါကြောင်း.......
Credit..