Monywa library

Monywa library Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Monywa library, Monywa.

17/03/2025

ရွှေစုထားရင် မြတ်တယ်လို့ တချို့က ထင်ကြတယ်။
တကယ်က မြတ်တာမဟုတ်ဘူး။ အရင်းမရှုံးတာပါ။

မိမိတို့ ကျောင်းသားဘဝက ရွှေတကျပ်သား ၃၀၀၀ ကျပ်လောက်ပဲရှိတယ်။ အခုက (၆၆) သိန်းကျော်တယ်။ ဒါ မမြတ်ဘူးလားမေးစရာရှိတယ်။တကယ်က ကိန်းဂဏန်းပဲ ပြောင်းသွားပြီး ဝယ်နိုင်စွမ်းအားက ပြောင်းမလာတဲ့အတွက် မမြတ်ဘူးပြောရပါမယ်။ အခု (၆၆) သိန်းက အရင်တုံးက ၃၀၀၀ ကျပ်တန်ပဲ ဝယ်နိုင်တာကြောင့်ပါ။

မြေလိုအရာမျိုးကတော့ မြတ်နိုင်ပါတယ်။(ဒါတောင်မသေချာဘူး။) အရင် ၃၀၀၀ ကျပ်ခေတ်က ဝယ်ထားတဲ့မြေက အခု ကျပ်သိန်း တသောင်းလည်း ဖြစ်နေနိုင်ပါတယ်။ ရွှေနဲ့ကွာခြားချက်ကတော့ liquidity ငွေဖြစ်လွယ်မှုပါ။ ရွှေကို ဒီနေ့ရောင်း၊ ဒီနေ့ရပေမဲ့၊ မြေကိုတော့ တလ ကိုးသီတင်းကြာတောင် ဝယ်သူ တွေ့ချင်မှ တွေ့ပါမယ်။ စျေးတက်တယ်ဆိုတဲ့မြေကလည်း အလျား လိုက် (horizontal) မချဲ့နိုင်ဘဲ ဒေါင်လိုက် (vertical) ချဲ့ရမဲ့ တယောက်ခေါင်းပေါ် တယောက်ဆင့်နေရတဲ့ ရန်ကုန်၊ မန္တလေး လို မြို့ကြီးတွေမှသာ ဒီလိုစျေး တက်နိုင်ပါတယ်။(ကျန်တဲ့နေရာစျေးတက်တာက ငွေကစားကြတာပါ။)

ဒီတော့ ငွေကိုတိုးပွါးချင်တယ်ဆိုရင် ပုံသေစုဆောင်းထားလို့မရပါဘူး။ ရှင်သန်နေမှသာ တိုးပွါးပါတယ်။ တနည်းပြောရရင် လုပ်ငန်းထဲမှာ လည်ပတ် နေရင်းနဲ့သာ မြတ်စွန်းတိုးပွါးပါမယ်။ development ဆိုတာ ကြီးထွားခြင်း (growth) နဲ့ ပြောင်းလဲခြင်း (change) နှစ်ခုရှိရမယ်ဆိုတာ လိုပါပဲ။စုဆောင်းထားရုံနဲ့တော့ မတိုးတက် မကြီးပွါးနိုင်ပါဘူး။ သေချာတာ တခုကတော့ အရင်းလည်း မရှုံးနိုင်ဘူးပေါ့ဗျာ..။
Kyaw San

အောင်မြင်တဲ့ စီးပွားရေးသမားမှန်ရင်စကားပြောကောင်းတယ် စကားပြောမကောင်းပဲအောင်မြင်နေရင်သူ့နောက်မှာသူ့အစား စကားပြောပေးမယ့်သူရ...
30/11/2024

အောင်မြင်တဲ့ စီးပွားရေးသမားမှန်ရင်
စကားပြောကောင်းတယ်

စကားပြောမကောင်းပဲအောင်မြင်နေရင်
သူ့နောက်မှာသူ့အစား
စကားပြောပေးမယ့်သူရှိလိမ့်မယ်

- လူတွေနဲ့ communicate လုပ်နိုင်ရင်
- Idea တွေချင်း communicate လုပ်နိုင်ရင်
- အတိတ်နဲ့ ပစ္စုပ္ပန် ကိို communicate လုပ်နိုင်ရင်
- လူတွေရဲ့ အိမ်မက်နဲ့ ကိုယ့်ရဲ့
product or service နဲ့ communicate လုပ်နိုင်ရင်

အဲ့လူတွေက သူများထက်
အကျိုးအမြတ်ပိုရတော့တာပါပဲ

thelapyae

27/11/2024

အလုပ်ကို လုပ်ချင်ချင် မလုပ်ချင်ချင်
နေ့ကော ညကော ပင်ပင်ပန်းပန်းနဲ့
ကြိုးစားပြီး လုပ်ရတဲ့ Work Hard ကာလ
ဆိုတာ လူတိုင်းမှာရှိတယ်။

ဘယ်သူမှ သဘောမကျကြတဲ့
ငွေအတွက် ကိုယ်က အလုပ်လုပ်ပေးရပြီး
ငွေကကိုယ့်ကို ခိုင်းစားတဲ့ကာလ တခုပေါ့။

သူဌေးတွေမှာလည်း Work hard ကာလ
ဆိုတာ ရှိသလို ဝန်ထမ်းတွေမှာလည်း
အဲဒီ Work hard ကာလဆိုတာ ရှိတယ်။

အဲဒီ Work hard ကာလကို
ကျော်လွန် သွားတော့မှ...

ငွေ အရင်းအနှီးတွေ၊
အတွေ့အကြုံတွေ လုံလုံလောက်လောက်
ရသွားတော့မှ Work Smart ကာလဆိုတာကို
ရောက်တာ။

Work smart ကာလမှာကျတော့
ငွေအရင်းအနှီးနဲ့ အတွေ့အကြုံ
ရှိနေပြီ ဆိုတော့ Work Hard ကာလကလို
အရမ်း မပင်ပန်းတော့ဘူး။

ရှိထားတဲ့ငွေကို ရထားတဲ့
အတွေ့အကြုံနဲ့ ဥာဏ်ရှိရှိ
ပြန်ပြီး ခိုင်းစားရတာမျိုးပေါ့။

ငွေကို ကိုယ်က ပြန်ပြီး ခိုင်းစားနိုင်ဖို့
ငွေကကိုယ့်ကို ခိုင်းတာကို အရင်ခံရတတ်တယ်
ဆိုတာကို ပြောပြချင်တာပါ။

အခု ငွေအတွက် အလုပ်လုပ်နေရလို့
စိတ်ဓာတ်မကျနဲ့။ အားမလျော့နဲ့။

အချိန်တန်ရင် ငွေကို ပြန်ခိုင်းစားနိုင်ဖို့
အတွေ့အကြုံနဲ့ အရင်းနှီးစုနေရတယ်
ဆိုတဲ့စိတ်နဲ့ ဆက်လျှောက်ပါ။

တနေ့ ငွေကို ပြန်ပြီး
ခိုင်းစားနိုင်လာပါလိမ့်မယ်

Sint Nyi
23.11.24

Good morning.ဘဝမှာ ပျော်အောင် ဘယ်လိုနေမလဲ? ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာသမိုင်းမှာ အကြီးဆုံး စီးပွားရေး ကျဆင်းမူ ဖြစ်မယ်လို့ ခ...
19/11/2024

Good morning.
ဘဝမှာ ပျော်အောင် ဘယ်လိုနေမလဲ?

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာသမိုင်းမှာ အကြီးဆုံး စီးပွားရေး ကျဆင်းမူ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီ အကျိုးဆက်ရဲ့ ဒဏ်ကို ခံရတဲ့အပြင် နိုင်ငံရဲ့ တခြားအထွေထွေ အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံသားအများစု စိတ်ဖိစီးမူ ပြင်းထန်စွာ ခံစားရဖို့ ရှိပါတယ်။
ဒါကြောင့် ဘဝမှာ ပျော်အောင် ဘယ်လိုနေရမလဲ ဆိုတာသိဖို လိုလာပါတယ်။

ရုပ်နဲ့ စိတ်တွဲနေတဲ့ ခန္ဓာကိုယ်နဲ့ လူသားတဦးဟာ သူ့လို တခြားလူသားတွေနဲ့အတူ ရုပ်ဝတ္တုလောကထဲမှာ ယှဉ်တွဲနေထိုင် ပေါင်းသင်းဆက်ဆံနေရတော့ လူတယောက် ပျော်ရွှင်ဖို့၊ မပျော်ရွှင်ဖို့ အချက်တွေစဉ်းစားကြည့်ရင် မရေမတွက်နိုင်အောင် ဖြစ်နေပါပြီ။ အဲဒီ မပျော်ရွှင်စေနိုင်တဲ့ အချက်တွေကို ကျော်လွားသွားမယ်ဆိုရင် ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ လမ်းစကို စရောက်ပါမယ်။

ပျော်ရွှင်တယ်ဆိုတာ လူတဦးစီရဲ့ ခံစားချက်ပါ။ လူတယောက်က ပျော်ရွှင်တယ်လို့ ခံစားရတိုင်း နောက်တခြားလူတဦးက ပျော်ရွှင်တယ်လို့ ခံစားရချင်မှ ခံစားရတာပါ။ ပျော်ရွှင်တယ်ဆိုတာ လူသားတွေသာ ဖန်တီး ခံစားနိုင်တာပါ။ တိရစ္ဆာန်တွေက ပျော်ရွှင်တယ်ဆိုတာကို ခံစားနိုင်ပေမဲ့ အဲလို အခြေအနေဖြစ်အောင် အများကြီး ဖန်တီးပြီး မခံစားနိုင်ပါဘူး။ လူသားတွေတီထွင်ထားတဲ့ စက်ရုပ်တွေတော့ ပျော်ရွှင်တယ်ဆိုတာ ခံစားနိုင်ဖို့ ခက်ပါသေးတယ်။ ဒါအပြင် ပျော်ရွင်တယ်လို့ ခံစားနိုင်တဲ့ အချိန်ပိုင်းဟာ လူသားတွေရဲ့ တသက်တာမှာ အရမ်းတိုတောင်းပါတယ်။ ဒါကြောင့် ဘဝမှာ ပျော်အောင် နေတတ်ဖို့ လိုလာပါတယ်။

လူတဦးကို လေ့လာကြည့်ရင် ရုပ်နဲ့ စိတ်ခံစားချက်နဲ့ဖွဲ့စည်းထားတော့ ခန္ဓာကိုယ်ရုပ်ကို အထောက်အပံ့ပေးတဲ့အရာတွေပြည့်စုံတဲ့အခါ ပျော်ရွှင်တယ်ဆိုတဲ့ ခံစားချက်ရဖို့ ပိုလွယ်ပါတယ်။ နောက်ပြီး ပျော်ရွင်တယ်ဆိုတဲ့ ခံစားချက်က နှိုင်းယှဉ်ချက်တခု ဖြစ်နေတာကြောင့် တခါတခါမှာ မပျော်ရွှင်ဘူး ဆိုတဲ့ ခံစားချက်ရှိမှာ ပျော်ရွှင်တယ်ဆိုတဲ့ ခံစားချက်ရလာတတ်ပါတယ်။ ဒါဟာ တူညီတဲ့ပျော်ရွှင်မူကို အချိန်အတန်ကြာခံစားရတဲ့အခါ ပထမတုန်းကလို ပျော်ရွှင်တဲ့ပမာဏလောက် ပျော်ရွှင်တယ်လို့ မခံစားရတော့တာက ပြသနေပါတယ်။

ပျော်ရွှင်တယ်လို့ ခံစားလာနိုင်အောင် ရုပ်ခန္ဓာကို အထောက်အပံ့ပေးတဲ့အရာတွေကတော့

၁။ ငွေကြေး

ငွေကြေးကို စတင်တီထွင်ကတည်းကစပြီး ငွေကြေးဟာ လူတွေရဲ့ဘဝထဲကို ထဲထဲဝင်ဝင် ပါဝင် ပတ်သက်လာခဲ့ပါတယ်။ Money is not everything. ငွေကြေးဟာ အရာရာကို ပြီးမြောက်စေတာ မဟုတ်ဘူး လို့ ပြောဆိုကြပေမဲ့ ပိုက်ဆံဟာ almost everything အစစအရာရာတိုင်းလိုလိုကို လွမ်းမိုးနိုင်ပါတယ်။ သေချာတာတော့ ပိုက်ဆံမရှိရင် အရာရာနီးပါးဟာ အဆင်ပြေချောမွေ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတွေက ပိုက်ဆံရအောင် နည်းမျိုးစုံနဲ့ ရှာကြပါတယ်။ အခုခေတ်မှာ ပိုက်ဆံရှာကြတဲ့နည်းလမ်းတွေ ပြောကြရင်

၁: ၁။ earned money အလုပ်လုပ်ပြီး ငွေကြေးပိုက်ဆံရှာခြင်း မိမိ လုပ်အားကို ရောင်းစားတယ်ဆိုပါတော့။ ကူလီထမ်းစားတာ၊ ဆိုက်ကားနင်းစားတာ၊ ကောက်စိုက်၊ ပျိုးနုတ်၊ ပေါင်းရှင်းတာမျိုးပေါ့။
၁: ၂။ မိမိရဲ့ ကျွမ်းကျင်မူနဲ့ ငွေကြေးရှာဖွေတာ။ ဥပမာ ဆရာဝန် ၊ အင်ဂျင်နီယာ စတဲ့ ပညာတတ်တွေပေါ့။ ကျွမ်းကျင်တဲ့ ပညာနဲ့ လိုအပ်တဲ့သူတွေကို ဝန်ဆောင်မူ ရောင်းတာပါ။
၁: ၃။ စီးပွါးရေးလုပ်ကိုင်ခြင်း။ အရောင်းအဝယ်လုပ်တာ၊ import, export လုပ်တာ ကုမ္ပဏီထောင်တာ၊ ဝန်ဆောင်မူ ရောင်းစားတာ စသည်။
၁: ၄။ ရေရှည် ရင်းနှီးမြုပ်နှံတာ

ပိုက်ဆံရှာကြတဲ့ နည်းလမ်းတွေဟာ အားနည်းတာ အားသာတာတွေရှိကြပါတယ်။ လုပ်အား ရောင်းစားသူတွေက နေ့တိုင်း အလုပ်လုပ်ဖို့လိုတယ်။ ပင်ပန်းမယ်၊ ဒါပေမဲ့ ကိုယ်ကာယ ပိုသုံးလို့ ပိုကျန်းမာမယ်။ ကျွမ်းကျင်မူ ရောင်းစားနေသူတွေက ဝင်ငွေပိုကောင်းမယ်။ မိမိခွင်ထဲမှာ ဆရာတဆူလို နေလို့ရမယ်။ ဒါပေမဲ့ နယ်ပယ် ကျဉ်းကျဉ်းထဲ နေရတော့ အမြင်ကျဉ်းမယ်။ မတော်လို့ တခြားအလုပ်ပြောင်းလုပ်ရရင် တော်ရုံနဲ့ အံမကျတော့ပါဘူး။ စီးပွါးရေးလုပ်ရင်တော့ ငွေတော့ ပိုရနိုင်ပါတယ်။ ဒါပေမဲ့ တာဝန်ယူရတာတွေ ပိုများလာမယ်။ အခန့်မသင့်ရင် ပြိုင်ဘက်တွေနဲ့ အသည်းအသန်ပြိုင်ရပါမယ်။ လုပ်ငန်းကြီးလာရင်တော့ လုပ်ငန်းကို ကိုယ် မပိုင်တော့ပါဘူး။ လုပ်ငန်းက ကိုယ်ကို ပိုင်သွားပါတယ်။ ရေရှည် ရင်းနှီးမြုပ်နှံတာက ငွေရှာနည်း လေးမျိုးထဲက အကျိုးအမြတ် အများဆုံးရနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ တခါတခါ သိပ်ရေရှည်လွန်းလို့ ကိုယ်တိုင် မခံစားရဘဲ သားသမီး မြေးမြစ်တို့ ကိုယ်အိမ်ထောင်ဘက်တို့ ကိုယ်အိမ်ထောင်ဘက်ရဲ့ နောက်အိမ်ထောင်တို့ အတွက်တို့ ဘုန်းကြီးအတွက်၊ ဘုရားအတွက် သာသနာအတွက်တို့ ဖြစ်သွားတတ်ပါတယ်။ နောက်ပြီး ရေရှည်ရင်းနှီးမြုပ်နှံသူတွေက တခါ ရင်းနှီးမြုပ်နှံပြီးရင် နောက်တကြိမ် ရင်းနှီးမြုပ်နှံဖို့ အချိန်အတော်ယူတာကြောင့် လူသိနည်းပြီး မျှဝေမူ မလုပ်ရင် လူရာမဝင် ဖြစ်တတ်ပါတယ်။ ဘယ်အလုပ်ကောင်းသလဲ ဆိုရင်တော့ အကုန် သူ့ဖာသာသူ ကောင်းကြ၊ ဂုဏ်ရှိကြပါတယ်။ အားနည်းချက် အားသာချက် ကိုယ်စီရှိပါတယ်။

ဘယ်အလုပ် လုပ်သင့်သလဲ?

မိမိ ကျွမ်းကျင်ရာ၊ လုပ်နိုင်ရာ၊ လုပ်ကြည့်ပါ။ အချိန်အတိုင်းအတာ တခုလုပ်ပြီး အဆင်ပြေရင် ဆက်လုပ်။ မပြေရင် နောက်တခု ထပ်ရှာပါ။ အလုပ်တခု စမ်းလုပ်ကြည့်ပြီး တချိန်တည်းနဲ့ အောင်မြင်သွားသူ အရမ်းရှားပါတယ်။ အဲဒီ အလုပ်တခုတည်းကိုဘဲ တသက်လုံး အောင်အောင်မြင်မြင် လုပ်သွားရတဲ့လူတွေဆို ပိုပြီးရှားပါတယ်။ ကိုယ်လုပ်ချင်ရာ အလုပ်၊ စိတ်ဝင်စားရာ အလုပ်ကို လုပ်ခွင့်ရသူကတော့ အရမ်းကံကောင်းပါတယ်။

မိဘက အလုပ်၊ လုပ်ငန်း အမွေမပေးခဲ့ရင်တော့ ပြောခဲ့တဲ့ ငွေရတဲ့ အလုပ် ၄ မျိုးစလုံး တဆင့်ပြီး တဆင့် လုပ်ကြည့်သင့်ပါတယ်။ ဆိုပါတော့ အောက်ဆုံး မိမိလုပ်အားရောင်းရတဲ့အဆင့်မှာ ရပ်တည်လာနိုင်ရင် ဒုတိယ အဆင့်ဖြစ်တဲ့ ကျွမ်းကျင်မူ ရောင်းနိုင်အောင် ကျွမ်းကျင်မူတခုခု ရအောင် သင်ယူဖို့ လိုပါတယ်။ ( အခု အင်တာနက် အလွယ်တကူရလာတာကြောင့် မိမိစိတ်ဝင်စားတဲ့ ကျွမ်းကျင်မူနဲ့ ပတ်သက်တဲ့ online သင်တန်းတွေ YouTub မှာ အခမဲ့သင်တန်းတွေ အများကြီးရှိနေပါပြီ။ ကျောင်းတို့ သင်တန်းတို့ကို အဝေးကြီးသွားပြီး အချိန်ကုန် ငွေကုန်ခံပြီး သွားတက်ဖို့ မလိုတော့ပါဘူး။ မြန်မာလို သင်ကြားရေး ဗီဒီယိုတွေ အများအပြားလည်း ရှိနေပါပြီ။ တချို့သင်တန်းတွေက ငွေတောင်းခံပေမဲ့ ငွေကြေးအဆင်မပြေကြောင်းရှင်းပြပြီး အခမဲ့ တက်ခွင့်ပေးဖို့ တောင်းခံရင် သင်တန်းဆရာတိုင်းလိုလို လက်ခံတတ်ပါတယ်။ ပိုက်ဆံမရှိလို့ ပညာသင်လို့ မရဘူး ဆိုတာ လုံးဝ မဟုတ်တော့ပါဘူး။ ) ကျွမ်းကျင်မူ တခုခုကို အရင်းပြုပြီး ဝင်ငွေရှာလာနိုင်ပြီဆိုရင် စီးပွါးတခုခု လုပ်ပါ။ စီးပွါး တခုခု လုပ်ပြီး စ အဆင်ပြေတာနဲ့ ရင်းနှီးမြုပ်နှံမူ တခုခု လုပ်ပါ။ ဝင်ငွေရှာတဲ့ အဆင့်အတန်းက တတန်းပြီး တတန်းတက်သွားဖို့ လိုပါတယ်။ ကျောင်းမှာ အတန်းတတန်းမှာ သိသင့်တတ်သင့်တာ သင်ပြီး စာမေးပွဲဖြေပြီး နောက်တတန်း တက်သလို တက်သွားဖို့ လိုပါတယ်။

ငွေရှာတဲ့ အဆင့်အတန်း မတက်ရင် မရဘူးလား ဆိုရင် အတန်းမတက်လည်း ရပါတယ်။ ဘဝမှာ ပျော်ရွှင်အောင် နေထိုင်ဖို့ ရေတိုမှာ ငွေရှာတဲ့အတန်း မတက်လည်း ရပါတယ်။ “ ပျော်ရွှင်ခြင်းဆိုတာ ဘဝရဲ့အဓိက ဟင်းလျာမဟုတ်ပါဘူး။ ဟင်းခတ်အမွေးအကြိုင်သာ ဖြစ်ပါတယ်။ “ ကြိုက်တဲ့အချိန် ကြိုက်တဲ့ဟင်းထဲမှာ ထည့်စားလို့ ရပါတယ်။ အဓိက ဟင်းလျာကို ပိုအရသာ ရှိစေပါတယ်။ လုပ်အား ရောင်းစားတဲ့ အဆင့်၊ ဒါမှမဟုတ် ကျွမ်းကျင်မူ ရောင်းစားတဲ့ အဆင့်၊ ဒါမှမဟုတ် စီးပွါးလုပ်တဲ့ အဆင့်၊ ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမူအဆင့်မှာဘဲ ပျော်ရင်လည်း တဘဝတာ ပျော်ရွှင်စွာနေလို့ ရတတ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ဒဏ်ကို အတော်ခံရတတ်ပါတယ်။ မသေချာတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ဒဏ်ကို ခံနိုင်တဲ့ ဝင်ငွေရနည်းကတော့ ဘဝမှာ ပျော်ရွှင်စွာ နေနိုင်ဖို့ ပို သေချာတဲ့နည်းလမ်းပါ။ အဲဒီနည်းလမ်းကတော့ passive income အလုပ် မလုပ်ဘဲ ဝင်ငွေရလမ်း တခု လိုပါတယ်။ ကိုယ်တိုင် အလုပ်မလုပ်ဘဲ ရတဲ့ ဝင်ငွေဆိုတာ အိမ်ခြံမြေဌားစားတာမျိုး၊ အုန်းခြံ၊ ကွမ်းခြံ၊ ရာဘာလို နှစ်ရှည်သီးပင် စိုက်ပျိုးရင်းနှီးမြပ်နှံထားတာမျိုးပါ။ တခါ ရင်းနှီးပြီး ရေရှည် အကျိုးအမြတ်ရတာမျိုးပါ။ ကိုယ် အိမ်ထောင်ဘက်၊ မိသားစုဝင် သားသမီး စတာတို့ရဲ့ ဝင်ငွေတွေလည်း ထည့်တွက်လို့ ရပါတယ်။ အဲဒီလို ဒုတိယ ဝင်ငွေရလမ်းတခု ပိုရှိလာပြီဆိုရင် ဝင်ငွေရှာတဲ့ အဆင့်ကူးလို့ ပိုလွယ်သွားပြီး နေ့စဉ်ကုန်ကျနေတဲ့ စားရိတ်ကို ကျော်လွန်သွားရင်တော့ financial freedom ငွေကြေးဆိုင်ရာ လွတ်မြောက်မူ ရသွားပါပြီ။ အဲဒီအခါ ဘဝမှာ ပျော်ရွှင်စွာ ရေရှည်နေနိုင်သွားဖို့ကို တခြားလိုအပ်ချက်တွေကို ငွေကြေး ရှာဖွေစုဆောင်းခြင်းထက် ပိုဦးစားပေး လုပ်သင့်လာပါပြီ။ ငွေချည်းဘဲ ရှာနေပြီး ပိုစုမိလာလို့ မထူးတော့ပါဘူး။ နောက်ထပ် ဦးစားပေး လုပ်သင့်တဲ့ တခြားလိုအပ်တာတွေကတော့

၂။ အစာ အဟာရ။

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ခြင်းဟာ ကျန်းမာဖို့ အဓိက အချက်ဖြစ်ပြီး ကျန်းမာမှ ပျော်ရွင်နိုင်မှာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးမယ်ဆိုရင် အများကြီး စားလို့ မရသလို နိုင်ငံခြားက တင်သွင်းတဲ့ စျေးအကြီးဆုံး အကောင်းဆုံးတွေချည်းစားလို့ မရပါဘူး။ သဘာဝက ဒေသတခုမှာ မှီတင်းနေထိုင်တဲ့သူတွေ စားသုံးဖို့ သင့်တော်တဲ့ အပင် အရွက် အသီး တို့ သီးပွင့်ပေးပြီး အသားစားဖို့ မွေးမြူလို့ လွယ်တဲ့ အသားထွက် တိရစ္ဆာန်တို့ ရှင်သန်မွေးမြူလို့ရအောင် ဖန်တီးထားပေးပါတယ်။ သဘာဝက ပေးအပ်ထားတဲ့အစားအစာတွေကို လူတွေ စားသုံးလို့ မလောက်ငရင် လူတွေ သေကြေပျက်ဆီးဖို့လည်း ဖန်တီးထားပါတယ်။ ဒါပေမဲ့ လူတွေစားသုံးလို့ လောက်အောင် စားသုံးချင်သလောက် စားသုံးနိုင်အောင် စိုက်ပျိုးမွေးမြူရေး နည်းလမ်းပေါင်းစုံနဲ့ ဖန်တီးထားတဲ့ အစားအစာတွေကို စားသုံးရလို့ လက်ရှိ ဖွဲ့ဖြိုးပြီး နိုင်ငံတွေရဲ့ လူဦးရေ တဝက်ကျော်ဟာ အဝလွန်နေကြပါပြီ။ အဝလွန်ခြင်းဟာ ရောဂါဖြစ်မူ နဲ့ သေဆုံးမူ morbidity and mortality အများဆုံး ရောဂါ တခု ဖြစ်နေပါပြီ။ အဝလွန်ခြင်းဟာ ဖွဲ့ဖြိုးဆဲနိုင်ငံတွေကိုလည်း လျင်မြန်စွာကူးစက်နေပြီး မြန်မာနိုင်ငံမှာတော့ အဟာရချို့တဲ့ ခြင်းကို ဆင်းရဲတဲ့ မိသားစုမှာ ပေါက်ပွါးတဲ့ ကလေးတွေမှာ အတွေ့များပြီး အဝလွန်ခြင်းကို ငွေကြေးအဆင်ပြေတဲ့သူတွေမှာ အတွေ့များပါတယ်။ အသက်အရွယ်တခု ( ၄၀, ၅၀ လောက် ) ရောက်သွားရင် ဆင်းရဲချမ်းသာ မရွှေး ဝမ်းဗိုက်တလျောက်အဆီစုခြင်း အလွန်များလာပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အစားအစာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ပြည်သူအများစုမှာ ကျန်းမာရေး အသိမရှိတာကို ပြနေပါတယ်။ ပျော်ရွှင်စွာ ဘဝကို ကျော်ဖြတ်ချင်ရင် ရောဂါအများစုရဲ့ အရင်းခံ အဝလွန်ခြင်းကို ကာကွယ်လိုပြီး အထိရောက်ဆုံးနည်းက အစားရှောင်ခြင်း dieting လုပ်ဖို့ပါ။ 16/ 8 တစ်ရက်လျင် ၁၆ နာရီ ဘာမှ မစားဘဲ ၈ နာရီသာ အစားအစာ စားတဲ့နည်းကတော့ ထိရောက်တဲ့နည်ပါ။ ဥပုသ်စောင့်တယ်ဆိုပါတော့။ ဒါအပြင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို စနစ်တကျစားဖို့ လိုနေပါပြီ။ မြန်မာနိုင်ငံအနေအထားနဲ့ ဒေသထွက် ပဲမျိုးစုံကို ပိုစားသင့်ပြီး ဆန်ကိုတော့ အနည်းငယ် လျော့စားသင့်ပါတယ်။

၃။ ကျန်းမာရေး လေ့ကျင့်ခန်း

အရင်က ခန္ဓာကိုယ်ကို အားပြုလုပ်ရတဲ့ ကာယအလုပ်တွေဘဲများတော့ ခန္ဓာကိုယ်လေ့ကျင့်ခန်းရဲ့ အရေးပါမူကို သတိမထားမိတတ်ကြပါဘူး။ အခုတော့ sedentary work တွေ များလာတော့ ကျန်းမာရေးလေ့ကျင့်ခန်းကို သီးသန့်နေ့စဉ် လုပ်ပေးဖို့ လိုအပ်လာပါတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းကို ၁။ ကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်ခြင်း၊ ၂။ အမောခံနိုင်အောင် လေ့ကျင့်ခြင်း၊ ၃။ ပျော့ပြောင်းအောင် လေ့ကျင့်ခြင်း၊ ၄။ balance ထိန်းနိုင်အောင် လေ့ကျင့်ခြင်းဆိုပြီး လေးမျိုးရှိပါတယ်။ အဲဒီ လေ့ကျင့်ခန်း ၄ မျိုးစလုံးပါဝင် အောင် နေ့စဉ် လေ့ကျင့်သင့်ပါတယ်။ လူငယ်တွေအတွက် ဇွန်းဘား၊ လူကြီးတွေအတွက် ရေကူး၊ ယောဂနဲ့ ထိုက်ကျိတို့က အထူးကောင်းမွန်ပါတယ်။ လမ်းလျောက်တာမျိုးတော့ လူတိုင်းအတွက် သင့်တော်ပါတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အတွက်သာမကဘဲ စိတ်ဖိစီးမှုနှင့် တင်းမာမှုကို သက်သာစေနိုင်ပါတယ်။ အသက် ၄၀ ကျော်ရင် နေ့စဉ် လေ့ကျင့်ခန်း မလုပ်ရင် ၁၀ နှစ်ကြာတိုင်း ကြွက်သားပမာဏဟာ ၈ ရာခိုင်နှုန်းလောက် လျော့ကျစေနိုင်ပါတယ်။ ငွေကြေးချမ်းသာလို့ ရာထူးရာခံရှိလို့ အခြေအရံတွေက ကိုယ်ကာယသုံးပြီး လုပ်ရတာမှန်သမျှလုပ်ပေးမယ် ဆိုရင်တောင် ခန္ဓာကိုယ်လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ဖို့ သတိထားမိတဲ့သူ အရမ်းနည်းပါတယ်။ ဒီအပြင် ခန္ဓာကိုယ်ထဲမှာ အရေးအကြီးဆုံး ဦးနှောက်ကို နေ့စဉ်လေ့ကျင့်ပေးဖို့ လိုတယ်ဆိုတာ သိတဲ့သူ ပို၍ ပို၍ နည်းပါတယ်။ အာရုံ ၅ ပါးခံစားနိုင်ပြီး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဖို့ ဦးနှောက်ကို လေ့ကျင့်မယ်ဆိုရင် အနည်းဆုံး

၃: ၁။ မှတ်ညဏ်အတွက် လေ့ကျင့်ခြင်း
လူအများစုက တက္ကသိုလ် ကျောင်းပြီးတဲ့ အချိန်ထိဘဲ ကျက်မှတ်တာတို့ ပြုလုပ်ကြပြီး ကျောင်းပြီးနောက် အသက် ၂၀ ကျော်ကျော်ကတည်းကစပြီး ကျက်မှတ်တာမျိုး မပြုလုပ်ကြတော့ပါဘူး။ ဒါဟာ Dementia မှတ်ညဏ် လျော့နည်းခြင်းကို ဖြစ်စေတယ်လို့ မဆိုနိုင်ရင်တောင် မှတ်ညဏ်လျော့နည်းခြင်းကို မကာကွယ်နိုင်ဘူး လို့ ပြောရမှာပါ။
၃: ၂။ စဉ်းစားချင့်ချိန် analysis လုပ်တာကို လေ့ကျင့်ခြင်း
၃: ၃။ observation တူတာ မတူတာ သတိထားမိအောင် လေ့ကျင့်ခြင်း
၃: ၄။ sense of humor ပျော်ရွှင်စရာဖြစ်အောင် လေ့ကျင့်ခြင်း
၃: ၅။ creative တီထွင် ညဏ်ရှိလာအောင် လေ့ကျင့်ခြင်းတို့ လုပ်သင့်ပါတယ်။

ပျော်ရွှင်တယ်လို့ ခံစားရဖို့ နှလုံးသားနဲ့ ခံစားရတာရှိသလို ဦးနှောက်နဲ့ ခံစားချင့်ချိန်ပြီး ပျော်ရွင်တာမျိုးလည်း ရှိပါတယ်။ ဦးနှောက်က ကောင်းကောင်း အလုပ်လုပ်နိုင်လေ ပျော်ဖို့ အခြေအနေ ကြုံတွေ့လာရင် ပိုပျော်နိုင်လေပါ။

၄။ လုံလောက်အောင် အိပ်စက် အနားယူခြင်း။

မွေးဖွားလာကတည်းက လှုပ်ရှားရုန်းကန်ရတဲ့ ခန္ဓာကိုယ်ဟာ လှုပ်ရှားရုန်းကန်မူ အချိန်အတာတခုနောက်မှာ လုံလောက်စွာ အနားယူဖို့ လိုပါတယ်။ လုံလောက်စွာအနားမရရင် စိတ်ခံစားချက်တွေကို ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ လုံလောက်စွာ အနားမရရင် ပျော်ရွှင်စွာ နေထိုင် အသက်ရှင်ဖို့ မဖြစ်နိုင်ပါဘူး။

လုံလောက်တဲ့ အိပ်စက်အနားယူခြင်း ဆိုတာက လူတယောက်နဲ့တယောက် မတူတတ်ပါဘူး။ တချို့က ၆ နာရီအိပ်ဖို့လိုတယ်၊ တချို့က ၈ နာရီ အိပ်ဖို့လိုတယ်။ တချို့က ၃ ၊ ၄ နာရီနဲ့ အိပ်ရေးဝပါတယ်။ အသက်ကြီးလာသူတွေက ညဘက် အိပ်တာနည်းလာတတ်ပါတယ်။ ပြင်သစ်လူမျိုးတွေက နေ့လည်နေ့ခင်း အိပ်စက်အနားယူတတ်ပါတယ်။

၅။ စိတ်ကို လေ့ကျင့်ပေးခြင်း

စိတ်ကို လေ့ကျင့်ပေးဖို့ဆိုရင် မိမိယုံကြည်ရာ ဘာသာတရား တခုခုကို ကျင့်ကြံတာ အကောင်းဆုံးပါ။ ဗုဒ္ဓဘာသာမှာ

စိတ်ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားတာ အရမ်း အသေးစိတ်ပြီး အထူးကောင်းမွန်ပါတယ်။ လေ့လာနိုင်ရင် လေ့ကျင့်နို

င် ရင်တော့ အရမ်းကောင်းပါတယ်။ သေချာ မလေ့ကျင့်ထားရင် စိတ်က အတော်ပြန့်လွင့်တတ်ပါတယ်။ အထူးသဖြင့်

အလုပ်က နားလိုက်တဲ့ ပင်စင်စားတွေလို ရည်ရွယ်ချက် ရှိတဲ့ အလုပ်တခုခု အတည်တကျရှိမနေဘူး ဆိုရင်ပေါ့။

ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ဆိုရင်တော့

၅: ၁။ အကောင်းမြင်ဖို့ လိုပါတယ်။
၅: ၂။ အဓိကနဲ့ သာမညခွဲခြားနိုင်ဖို့ စိတ်တည်ငြိမ်အာရုံစိုက်နိုင်ဖို့ လိုပါတယ်။
၅: ၃။ လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဣဿာ, မစ္ဆရိယစတဲ့ မကောင်းတဲ့ စေတသိတ်ဆိုးတွေက အဲဒီစေတသိတ်ဆိုးတွေရှိနေတဲ့သူကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်လို့ အဲဒါတွေ ကင်းအောင် ကျင့်ကြံထားဖို့လိုပါတယ်။

စေတသိတ်ဆိုးထဲမှာ အတွေ့များတဲ့ လောဘ အကြောင်း ရှင်းပြချင်ပါတယ်။ လောဘ ကင်းဖို့ ဆိုတာ

ရယူခြင်းအပြင် ပေးဆပ်တာ၊ လက်ခံတာတွေကိုပါ လောဘသတ်ဖို့ လိုပါတယ်။ စေတနာနဲ့ပေးလည်း လက်ခံနိုင်တဲ့သူက လက်ခံနိုင်စွမ်း မရှိရင် စေတနာအဆိပ် ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းဘဲ ပညာမျှဝေတာတို့ ဘာသာတရားကျင့်ကြံတာ၊ အလျူအတန်းလုပ်တာ၊ အလျူအတန်းမှာ ကျွေးမွေးတာတို့တောင် လောဘသတ်ဖို့ လိုပါတယ်။ သဒ္ဒါတရား ထက်သန်စွာ စေတနာ ပလပွနဲ့ ကျွေးမွေးတာမှန်ပေမဲ့ စားတဲ့သူအတွက် မလိုဘဲ ပိုစားမိလို့ ကျန်းမာရေးထိခိုက်စေနိုင်တယ်ဆိုတာ သတိပြုမိတဲ့သူ အရမ်းနည်းပါတယ်။ ဒီအတိုင်းဘဲ သဒ္ဒါတရားထက်သန်လို့ လျူတန်းသမျှကို လက်ခံသင့်သလား၊ လောဘသတ်ပြီး လက်ခံသင့်သလား ဆင်ခြင်သင့်ပါတယ်။
အသက်ရှည် အနာမဲ့ကြောင်းအားထုတ်ရင်လည်း လောဘနဲ့ အရမ်းအသက်ရှည် အနာမဲ့အောင် အားထုတ်တာလည်း လောကကြီးရဲ့ မျှခြေကို ပျက်ပြားစေပါတယ်။ လောဘသတ်ပြီး သေခြင်းတရားကို လက်ခံနိုင်ဖို့ လိုပါတယ်။ နောက်ဆုံး နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံမယ်ရင်တောင် နိဗ္ဗာန်ရောက်ချင်နေတဲ့ လောဘကင်းမှသာ နိဗ္ဗာန်ရောက်မှာပါ။

လူနဲ့ လူစိတ်ပြီးရင် အတူရှိနေတဲ့ တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပါ။

၆။ လူကောင်းတွေနဲ့ ပေါင်းသင်းပါ။ မိမိနဲ့ ဆိုးဆိုးဝါးဝါး အမြင်မတူသူတွေ၊ အဆိုးမြင်သူတွေကို တတ်နိုင်သလောက် ရှောင်ရှားပါ။

လူကောင်းတွေဆိုတာ အကောင်းမြင်တတ်မယ်။ အပြုသဘောဆောင်တာတွေ လုပ်ချင်မယ်။ မိမိလူ့အဖွဲ့အစည်းက မကောင်းဘူးလို့ သတ်မှတ်ထားတာတွေကို ရှောင်ကျဉ်မယ်။ မိမိလူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ် စသဖြင့်ပေါ့။ လူကောင်းဆိုတိုင်း အရာရာ လုပ်နိုင်စွမ်းရှိတဲ့ လူတော် မဟုတ်တတ်ပါဘူး။

ပေါင်းသင်း ဆက်ဆံတဲ့အခါ လူတယောက်တည်းရဲ့ စိတ်ဖြစ်ပေမဲ့ ခုတမျိုး တော်ကြာတမျိုး ဖြစ်တတ်တာကြောင့် အပေးအယူ အလျော့အတင်း လုပ်ရတတ်တဲ့ ပေါင်းသင်းဆက်ဆံရေးမှာ မိမိ နိုင်နိုင်နင်းနင်း အလျှော့အတင်း လုပ်နိုင်သူတွေနဲ့ အဓိကထားပြီး ပေါင်းသင်းဆက်ဆံတာ ပျော်ရွှင်တဲ့ ဆက်ဆံရေးဖြစ်ဖို့ ပိုရှိပါတယ်။ လူကောင်း လူဆိုး နဖူးမှာ စာကပ်မထားတော့ အလွယ်တကူ မသိနိုင်ပါဘူး။ လူတိုင်းကို သတိထားပြီး ပေါင်းသင်းကြည့်ရပါတယ်။ လူအနည်းငယ်ကလွဲလို့ အလွန်အကျူး ရင်းရင်းနှီးနှီး မနေသင့်ပါဘူး။

၆ : ၁ : ၁။ မိမိနဲ့ လူမူအဆင့်အတန်း အရမ်းမကွာတဲ့သူထဲက အပြုသဘောဆောင်သူတွေ၊ အကောင်းမြင်တတ်သူတွေ အပေးအယူမျှသူတွေနဲ့ အပေါင်းအသင်း လုပ်ဖို့ ရွှေးချယ်ချင်ကြရင် ပျော်ရွှင်မူအပါအဝင် အကောင်းအဆိုး မျှဝေခံစားဖို့ အကောင်းဆုံး လူတွေပါ။ ဒါပေမဲ့ တန်းတူဆိုတာ အမြဲ မရတတ်ပါဘူး။
၆ : ၁ : ၂။ မိမိထက် လူမူ အဆင့်အတန်း အနည်းငယ် နိမ့်ကျသူတွေက မိမိကို တလေးတစား ဆက်ဆံတတ်ပြီး မိမိဩဇာ အနည်းငယ် ပိုရှိနိုင်ပြီး မိမိက အပေးအယူ ပိုလုပ် ပေးနိုင်တော့ အလျှော့ပေးဆက်ဆံလိုက်တိုင်း ပျော်ရွှင်တဲ့ ဆက်ဆံရေး ပိုဖြစ်နိုင်ပါတယ်။
၆ : ၁ : ၃။ မိမိထက် လူမူ အဆင့်အတန်း အရမ်းမြင့်သူတွေကတော့ ဝါအရ ပညာအရ ဓနအရ ရာထူးအရ မြင့်မားတော့ ကြီးပွါးတိုးတက် ပညာရဖို့တော့ ရှိပေမဲ့ ခယ ဆက်ဆံရတတ်ပြီး စိတ်လွတ်ကိုယ်လွတ် ဆက်ဆံဖို့ မသင့်တော့ပါဘူး။ သူတို့နဲ့ ပျော်ရွှင်တဲ့ ဆက်ဆံရေး ဖြစ်ဖို့ဆိုတာ သူတို့က ကိုယ့်ကို အလျော့ပေး ဆက်ဆံမှ ဖြစ်နိုင်မှာပါ။ အဲဒီလူတွေလည်း လူလေးစား ရှင်လေးစားအောင် နေရတော့ သူတို့ဘဝက ဟန်ဆောင်မူတွေ ဖယ်ရှားပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေရဖို့ ခက်ပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြောပြချင်တာ တခုရှိပါတယ်။ စာရေးသူက ကချင်ပြည်နယ်က ဖုန်ကန်ရာဇီရေခဲတောင်ကို တောင်ထိပ်ရောက်အောင် တက်ဘူးပါတယ်။ အဲဒီတောင်ထိပ်ပေါ်တက်ဘူးသူပေါင်းက အခု ဆောင်းပါးရေးတဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန် အချိန်ထိ လူ ၅၀၀ ထက်နည်းပါတယ်။ မြန်မာနိုင်ငံက လူဦးရေ တသိန်းမှာ တယောက်နှုန်းထက်နည်းပါတယ်။ တောင်အောက်မှာတုန်းက တောင်ထိပ်ဟာ တောင်တက်သမားတိုင်းရဲ့ ရင်ထဲမှာ ကြီးမားတဲ့ မျှော်လင့်ချက် ပန်းတိုင်တစ်ခုလို မှတ်တိုင်တစ်ခုလို ထင်ခဲ့ပေမဲ့ တောင်ထိပ်ရောက်သွားတဲ့ အချိန်မှာ သိလိုက်ရတာက “ တောင်ထိပ်မှာ ဘာမှမရှိပါဘူး။ တောင်ထိပ်ရောက်ရင် ဝမ်းသာအားရ အော်၊ အမှတ်တရ အလံထောင် ဓာတ်ပုံရိုက်ပြီး ပြန်ဆင်းရတဲ့ နေရာပါ။ တောင်ထိပ်အထိ တက်နိုင်တဲ့သူက တယောက်တည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ အများဆုံး အတူတက်တဲ့သူ နည်းနည်းလေးဘဲ ရှိပါမယ်။ ကိုယ်ရဲ့ ပျော်ရွှင်မူဟာ အကန့်အသတ်နဲ့ ဖြစ်သွားပါပြီး lonely at the top. ထိပ်ရောက်ရင် အထီးကျန်ဖို့ ဖြစ်သွားပါပြီ။ ” အေးက အေး၊ လေက အရမ်းတိုက်တာမို့ ဘယ်သူမှလည်း ကြာရှည် မနေနိုင်သလို မနေသင့်တဲ့ နေရာလည်း ဖြစ်နေပါတယ်။ တောင်ထိပ်ဟာ တောင်တက်သမားတိုင်းရဲ့ ပန်းတိုင်ဖြစ်ပေမဲ့ တောင်တက်လမ်းတလျှောက် ကြိုးပမ်းအားထုတ်မူ အတူတက်သူနဲ့ အပေးအယူလုပ်ပြီး ထိပ်ကို အတူတက်ပြီး မူလ စထွက်ခွါရာ နေရာကို ပြန်ရောက်နိုင်အောင် အားထုတ်နိုင်မူတို့က အဓိကပါ။ တောင်ထိပ်လိုဘဲ ပညာသင်ကြားမူ ထိပ်၊ စီးပွါးရေး လုပ်ငန်းနယ်ပယ် တခုရဲ့ထိပ်၊ အလှအပရဲ့ထိပ်၊ အလုပ်ရာထူးလှေကားရဲ့ထိပ်၊ အာဏာပိုင်စိုးမူထိပ်နဲ့ တခြား ထိပ်တွေအားလုံး ဒီအတိုင်းပါဘဲ။ ထိပ်ဆိုတာ ကြိုးပမ်းအားထုတ်သူတို့အတွက် မှတ်တိုင်ဖြစ်ပြီး ကြီးပွါးတိုးတက်အောင် လှုပ်ဆော်ပေးတဲ့ အရာသာ ဖြစ်ပြီး ထိပ်မှာ ဘာမှမရှိပါဘူး၊ အတိုက်အခိုက်များပြီး အကျနာတဲ့နေရာပါ။ ခဏဘဲနေသင့်ပြီး တခြားသူတွေကို ကြီးပွါးတိုးတက်အောင် motivate လှုပ်ဆော်ပေးဖို့ပါဘဲ။ ပျော်စရာ အများကြီး မရှိပါဘူး။ ပျော်စရာ အများကြီးရှိတဲ့နေရာက လူတွေအများကြီးရှိတဲ့ နေရာပါ။ လူမူ အဆင့်အတန်း အရမ်းမမြင့်မားတဲ့ နေရာမှာ လူအများဆုံးရှိနေပြီး ဘဝမှာ ပျော်ရွှင်စွာနေထိုင်ဖို့ အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။

ပျော်ရွှင်တဲ့ လူမူဆက်ဆံရေးမှာ ဖြစ်အောင် ပျော်ရွှင်မူ ပျက်သုန်းစေနိုင်တဲ့ အမှိုက်နဲ့သူတဲ့လူတွေကို စောစောစီးစီး ရှင်းထားဖို့လည်း လိုပါတယ်။ မနာလိုစိတ်များတတ်သူ၊ မကြာခဏ ညည်းငြူတတ်သူ၊ တဖက်သားကို အကြောင်းမဲ့ တိုက်ခိုက်တတ်သူတွေနဲ့တော့ ခပ်ဝေးဝေးနေသင့်ပါတယ်။

၆ : ၂ ။ ပေါင်းသင်း ဆက်ဆံရေးမှာ ထူးခြားတဲ့ ပေါင်းသင်းဆက်ဆံရေးက လင်နဲ့မယား ဆက်ဆံရေးပါ။ တကယ်တော့ အိမ်ထောင်ပြုပြီး သားသမီးမွေးဖွားကြမှ လူတွေ မျိုးဆက်မပြတ်မှာပါ။ ဒါကြောင့် အပြည့်စုံဆုံး ပျော်ရွင်မူကို အိမ်ထောင်ပြုပြီး မိသားစုနဲ့နေခြင်းအနေနဲ့ သဘာဝကြီးက ဖန်တီးထားတာပါ။ အိမ်ထောင်ပြုရင် ကိုယ့်နဲ့ မတူတဲ့သူတယောက်နဲ့ အတူနေရတာပါ။ အရင်က တခါတခါမှာ နှစ်ဘက်စလုံးရဲ့ မိသားစုတွေပါ ပါလာတတ်ပါတယ်။ အခုတော့ in law တွေနဲ့ ပြသာနာ တက်တာ များလွန်းလို့ အိမ်ထောင်ပြုပြီးတာနဲ့ အိမ်ခွဲနေဖို့ စီစဉ်တတ်ကြလို့ အဲဒီပြသာနာ နည်းလာပါပြီ။ ဒါပေမဲ့ ပြသာနာ အသစ်ပေါ်လာပါတယ်။ အဲဒါက အိမ်ထောင်သည်ဘဝ ရပ်တည်နိုင်အောင် လင်ရော မယားပါ အလုပ်လုပ်ဖို့ လိုလာတာပါ။ ပျော်ရွှင်တဲ့ ဆက်ဆံရေးဖြစ်ဖို့ နည်းသထက်နည်းလာလို့ အိမ်ထောင်မပြုဖို့ ဆုံးဖြတ်သူတွေ များသထက်များလာပါတယ်။ တချို့လည်း လိင်လိုအပ်ချက်ကြောင့် လိင်တူဆက်ဆံလာတာတို့ လက်မထပ်ဘဲ အတူနေတာ living together တို့ကို ကြိုက်ကြိုက်မကြိုက်ကြိုက်၊ ကျင့်ဝတ်နဲ့ ညီညီ မညီညီ ကျင့်သုံးလာကြပါတယ်။ ဒီတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ချင်ရင် တခြားနည်းလမ်းတွေကို စဉ်းစားဖို့ လိုလာပါတယ်။
၆:၂: ၁။ အိမ်ထောင်ပြုမယ်ဆိုရင် ချစ်တာ ကြိုက်တာထက် နှစ်ဦးအတူနေရင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းလို့ အဆင်ပြေသူကို ရွှေးချယ် လက်ထပ်ဖို့ လိုအပ်လာပါတယ်။
၆:၂: ၂။ အိမ်ထောင်ပြု သားမွေး မလုပ်ကြလို့ နိုင်ငံရဲ့ ဖြစ်သင့်တဲ့ လူဦးအချိုးအစားကို မထိန်းထားနိုင်ရင် နိုင်ငံတော်ရဲ့ လိုအပ်ချက်အတွက် နိုင်ငံတော်က အိမ်ထောင်ပြုမဲ့သူတွေကို ထောက်ပံ့ပေးဖို့ လိုလာပါတယ်။
၆:၂: ၃။ ငွေကြေးတတ်နိုင်သူများ အိမ်ထောင် တယောက်ထက် ပိုပြုပြီး ကလေးများများ မွေးနိုင်ဖို့ လိုအပ်တဲ့ ဥပဒေများပြင်ပေးဖို့ အားပေးဖို့ လိုပါတယ်။ (အိမ်ထောင်ပြုတာနဲ့ ကလေးမွေးနှုန်း အရမ်းကျဆင်းနေတဲ့ ဂျပန်မှာတော့ အဲဒီလို လုပ်ဖို့ အကြံပြုကြပါတယ်။ )
၆:၂: ၄။ အိမ်ထောင်ပြုသူတွေက အိမ်ထောင်ကနေ မျှော်လင့်ချက်တွေ အရမ်းမများဖို့ လိုလာပါတယ်။
၆:၂: ၄ : ၁ ။ သေတပန် သက်တဆုံး အိမ်ထောင် မြဲရမယ်လို့ မျှော်လင့်လို့ မရတော့ပါဘူး။ လေ့လာမူတွေအရ အမေရိကန်မှာ ပျဉ်းမျှ အိမ်ထောင် သက်တမ်းက ၁၉ နှစ်ဖြစ်ပြီး အဲဒီမှာ အရင် လူကြီးတွေရဲ့ အိမ်ထောင် သက်တမ်းတွေထည့်တွက်ထားပါတယ်။
၆:၂: ၄:၂။ အိမ်ထောင် မကွဲရဘူးလို့ မျှော်လင့်လို့မရတော့ပါဘူး။ အမေရိကန်မှာ အိမ်ထောင်ပြုမူအားလုံးရဲ့ တဝက်ကျော်ဟာ အိမ်ထောင်ကွဲခြင်းနဲ့ အဆုံးသတ်ပါတယ်။
၆:၂: ၄ : ၃ ။ အိမ်ထောင် မကွဲရင် အိမ်ထောင်ဘက်နှစ်ဦး အတူနေရမယ်လို့လည်း မျှော်လင့်လို့ မရတော့ပါဘူး။ အိမ်ထောင်ဘက်တိုင်းမှာ အလုပ်ဆိုတဲ့ နောက်အိမ်ထောင် ရှိနေကြပါတယ်။ အဲဒီ အသက်ရှင် ရပ်တည်နိုင်ဖို့ အဲဒီ အလုပ်ဆိုတဲ့ အိမ်ထောင်ဘက်ကို ခွဲခွါလို့ မရပါဘူး။

၆:၂: ၄ : ၄။ အိမ်ထောင်ဘက်က ကိုယ့်အတွက် လိုအပ်တာ ပံ့ပိုးပေးနိုင်မယ်လို့လည်း မျှော်လင့်လို့ မရတော့ပါဘူး။
တယောက်ခြင်းစီအတွက် အသက်ရှင် ရပ်တည်ဖို့ မနည်းရုန်းကန်နေရတာပါ။ နောက်တယောက်ထောက်ပံ့ပေးဖို့ မလွယ်ပါ။

၆:၂: ၄ : ၅။ သားသမီးတွေဟာ မိဘရဲ့ လုပ်ငန်း၊ အမွေဆက်ခံမယ်လို့ မျှော်လင့်လို့ မရတော့ပါဘူး။ နည်းပညာ အရမ်းပြောင်းနေတော့ မိဘလုပ်တဲ့ အလုပ်တွေက သားသမီးလက်ထက်မှာ လုံးဝသုံးစားလို့ မရတဲ့ အဟောင်းစားတွေ ဖြစ်နေပါပြီ။ ရောင်းစားလို့ ရရင် ရောင်းစားမဲ့ အမွေစားတွေဘဲ ရှိတော့မှာပါ။ မိဘ လုပ်ငန်းကို ကြီးပွါးတိုးတက်အောင်လုပ်မဲ့ အမွေခံတွေ အရမ်းနည်းသွားပါလိမ့်မယ်။

၆:၂: ၄ : ၆။ သားသမီးတွေဟာ မိဘတွေ အသက်ကြီးလာရင် အတူနေပြီး အို နာလာချိန်မှာ ပြုစုပေးလိမ့်မယ်လို့လည်း မျှော်လင့်လို့ မရတော့ပါဘူး။ သားသမီးတွေကိုယ်တိုင် အသက်ရှင် ရပ်တည်နိုင်ဖို့ အလုပ်ရမဲ့နေရာ အလုပ်ရှိမဲ့နေရာ ရွှေ့ပြောင်းနေရလွန်းလို့ အတည်တကျနေဖို့တောင် အတော်ခက်နေတာပါ။ မိဘများကို ထည့်စဉ်းစားဖို့ ဝေးမှဝေး။

ပြောခဲ့တဲ့ အချက်တွေကို မမျှော်လင့်ဘဲ အိမ်ထောင်ပြုခဲ့မယ်ဆိုရင် ပျော်ရွင်တဲ့ အိမ်ထောင်သည်ဘဝရရှိနိုင်မှာပါ။ မမျှော်လင့်ထားတာ ရခဲ့ရင်တော့ Bonus ရတယ်လို့ သဘောထားပါ။ ကံစမ်းမဲပေါက်သလို ပိုပျော်နိုင်ပါတယ်။

၇။ နေ့စဥ် ရည်ရွယ်ချက်ရှိသော၊ အဓိပ္ပါယ်ရှိသော အရာတစ်ခုကို လုပ်ပါ။

မိမိ လိုအပ်တဲ့ လိုချင်တဲ့ အရာရအောင် အားထုတ်ကြိုးပမ်းခြင်း လုပ်လို့ရပါတယ်။ ဥပမာ ငွေဆိုပါတော့။ ငွေရအောင် ကြိုးပမ်းအားထုတ်ခြင်းဟာ ရည်ရွယ်ချက်ရှိတဲ့ အလုပ်တခု ဖြစ်ပေမဲ့ ငွေပမာဏ အတိုင်းအတာတခု ရောက်သွားရင် ငွေရဲ့ အရေးပါအရာရောက်မူဟာ ထင်သလို သိပ်မရှိတော့ပါဘူး။ နေဖို့ အိမ်တလုံးဝယ်ဖို့ ငွေဟာ တော်တော်အရေးကြီးပေမဲ့ အိမ် ၁၀ လုံးလောက်ရှိသွားရင် အိမ်ဝယ်ဖို့ ငွေဟာ အရေးမကြီးတော့ပါဘူး။ တခြားနေရာမှာ သုံးဖို့လိုမှ ငွေရဲ့ အရေးပါမူ ရှိမှာပါ။ ရာထူး အဆင့်အတန်း လူရာဝင်မူ လူလေးစား ရှင်လေးစား ခံရမူတို့က ပိုအရေးပါလာနိုင်ပါတယ်။ အဲဒါမျိုးတွေ ပြောင်းလုပ်ကြည့်ဖို့လိုပါတယ်။ ရာထူး အာဏာရှိလာရင်လည်း ပိုရှိလာအောင် ကြိုးစားနေလို့ မထူးတော့ပါဘူး။ ပိုပျော်လာမှာ မဟုတ်တာ သေချာပါတယ်။ ဘဝကို ပျော်ရွင်စွာ ဖြတ်သန်းနိုင်ဖို့ လုပ်သင့်တာတွေက

၇: ၁။ ကျန်းမာရေး လေ့ကျင့်ခန်း နေ့စဉ် ၁ နာရီ မှ ၂ နာရီခန့် တခြားလူတွေနဲ့ အတူလုပ်သင့်ပါတယ်။
၇:၂။ အသစ် တခုခု သင်ယူပါ။ အထူးသဖြင့် နည်းပညာနဲ့ ပတ်သက်ရာတွေပါ။ လက်တွေ့သုံးနေတဲ့ လူငယ်တွေနဲ့အတူ သင်ယူပါ။ အနီးကပ်နေတဲ့ သားသမီးတို့နဲ့ မသင်ယူရ။ ပြောင်းလဲသွားတဲ့ နည်းပညာကို လက်နက်ကိရိယာလို အသုံးချပြီး သက်ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာဖို့ စီစဉ်ထားတော့ အဲဒီ နည်းပညာတွေကို မတတ်ရင် ဘာပညာမှ မတတ်သလို ဖြစ်သွားတတ်ပါတယ်။ ဥပမာ အရင်က ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ အခု ကင်မရာ က ဖုန်းထဲရောက်သွားပါတယ်။ ဖုန်းထဲက ကင်မရာ ဘယ်လို ရိုက်မလဲ မသိရင် ကင်မရာ မရိုက်တတ်တော့ဘူးပေါ့။ အဲလို မသိတာတွေ များလာတော့ ဘယ်လိုလုပ် ပျော်နိုင်ပါအုံးမလဲ။ မြန်မာပြည်မှာ နောက်ဆုံးပေါ် I phone 14 ကို စျေးအကြီးဆုံးတွေဝယ်ပြီး ကောင်းကောင်းမသုံးတတ်တဲ့ သူဌေးကြီးတွေ အများကြီးပါ။ I phone ကိုင်ပြီး ရေးမှတ်စရာ တိုတိုထွာထွာထွာတွေကို မှတ်စု စာအုပ်ထုတ်မှတ်တဲ့ သူဌေးလည်းတွေ့ဘူးပါတယ်။ တိုင်းစရာ လိုလို့ ပေတံတောင်းတဲ့ သူဌေးလည်းတွေ့ဘူးပါတယ်။ နောက်ဆုံး mobile banking မသုံးတတ်တဲ့ သူဌေးတွေ အများကြီးပါ။ I phone တင်မကပါဘူး။ တခြားဖုန်းတွေမှာလည်း သုံးလို့ရတဲ့ App တွေ အများကြီးပါ။ အဲဒါတွေ မသုံးတတ်ရင် ပျော်ဖို့ မကောင်းတော့ဘူးလေ။
၇: ၃။ဘာသာရေး ကျင့်ကြံခြင်း နေ့စဉ် တနာရီခန့် တရားထိုင်တာမျိုးဆိုရင် တဦးတည်း ကျင့်ကြံနိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ မကြာမကြာ တခြား ဓမ္မမိတ်ဆွေတို့နှင့်အတူ တွေ့ဆုံဆွေးနွေး ကျင့်ကြံသင့်ပါတယ်။
၇:၄။ မိသားစု ဒါမှမဟုတ် အတူနေသူနဲ့ အတူတကွ ပျော်ရွှင်စရာ လုပ်ဖို့ အနည်းဆုံး တပတ်ကို နှစ်ရက်လောက် အချိန်ပေးသင့်ပါတယ်။
၇:၅ ။ လူအများအကျိုးအတွက် လူအများစုပေါင်း လုပ်ရတဲ့ ပရဟိတ အလုပ်မျိုးကို မကြာမကြာ လုပ်ပါ။

၈။ တခြားလူတွေ ကောင်းမွန်လာအောင် ကြံစည်အားထုတ်ပေးပါ။

လူတယောက်တည်း ပျော်နေလို့ မရပါဘူး။ အတူပျော်ရမဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ အထက်လူကြီး၊ လက်အောက်ငယ်သား စတာတွေ လိုပါတယ်။ အတူမျှဝေခံစားရမှ ပျော်ရွင်မူ တာရှည်မှာပါ။ ပျော်ရွှင်မူက ကူးစက်တတ်ပါတယ်။ သားသမီး မပျော်ဘဲနဲ့ မိဘ မပျော်နိုင်ပါဘူး။ အိမ်ထောင်ဘက် မပျော်ဘဲနဲ့ အိမ်ထောင်ဦးစီး အလုံးအဝ မပျော်ရွင်နိုင်ပါဘူး။ စီးပွါးဘက် မပျော်ရွင်ဘဲ စီးပွါးလုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အနားက နီးစပ်သူတွေပါ ပျော်ရွင်နိုင်အောင် ကြံစည် အားထုတ်ပေးပါ။ နီးစပ်တဲ့သူတွေကို ကောင်းမွန်တိုးတက်အောင် လုပ်ပေးရင် အဲဒီလူက ကိုယ်ကို ကောင်းကောင်းမွန်မွန်နဲ့ ဆက်ဆံနိုင်ပါတယ်။ အနည်းဆုံး ကိုယ့်ကို ဒုက္ခပေးမဲ့ ထဲ ပါဖို့ ခက်သွားတတ်ပါတယ်။ တကယ်လို့ အဲဒီလူကို အကြီးအကျယ် တိုးတက်ပြောင်းလဲသွားအောင် အကူအညီပေးနိုင်ရင် ကျေးဇူးရှင်လို ကယ်တင်ရှင်လို တန်ခိုးရှင် သဘောထား တုန့်ပြန့်တာ ခံရနိုင်ပါတယ်။ ကိုယ်ဖာသာကို ကယ်တင်ရှင် တန်ခိုးရှင် အဖြစ် ခံစားကြည့်ခွင့် ရသွားနိုင်တာ အရမ်းကောင်းပါတယ်။ တကယ်လို့ လုပ်နိုင်လို့ မိမိ ပတ်ဝန်းကျင်က လူတွေအပြင် မိမိရဲ့ လူဘောင်အဖွဲ့အစည်းတခုအတွက်ပါလုပ်လာနိုင်ရင် တနိုင်ငံလုံးပျော်ရွှင်အောင် လုပ်လာနိုင်ရင်တော့ လူအများရဲ့ ယုံကြည်ကိုးစားမူနဲ့ ကိုးကွယ်လာတဲ့ အထိဖြစ်လာနိုင်ပ

18/11/2024

ဘုရားဖူးကား မှောက်တော့
အသက်ရှင်ကျန်ခဲ့တဲ့အဒေါ်ကြီးက
သူဟာ ကားမှောက်တဲ့အချိန်မှာ
ဘုရားစာရွတ်နေခဲ့တာကြောင့် သေကံမရောက်ခဲ့တာ
လို့ပြောတယ်။
တစ်ခါ အခြားတစ်ဖက်က တွေးကြည့်ရင်
ကားပေါ်က တခြားသေသွားတဲ့သူတွေမှာလည်း
ဘုရားစာရွတ်နေတဲ့သူတွေ ပါချင်ပါမှာပဲလေ။
ဒါပေမဲ့ သူတို့ကျ "ငါတို့လည်း ဘုရားစာရွတ်နေခဲ့တာပါပဲ"
လို့ပြန်ပြောခွင့်မှ မရှိတော့တာ။

🎓 ဘီလ်ဂိတ်၊ စတိဗ်ဂျော့၊ ဇူကာဘတ်
စတဲ့ အောင်မြင်ကျော်ကြားချမ်းသာတဲ့သူတွေ
တက္ကသိုလ်အကြီးကြီးတွေကနေ ထွက်လိုက်တာ၊
ကျောင်းဆက်မတက်တော့တာ
စသဖြင့် အံ့အားသင့်၊ လေးစားအားကျရတဲ့
အင်တာဗျူးတွေ၊ အတ္ထုပ္ပတ္တိတွေ ဖတ်ပြီး
ပညာရေးက အရေးမကြီးပါဘူးကွာ
လို့ထင်သွားတတ်ကြပါတယ်။
တကယ်တော့ ကျောင်းထွက်ပြီး
ဘဝပျက်သွားတဲ့သူတွေ တစ်ပုံကြီး..
ဒါပေမဲ့ သူတို့ကျ ဘယ်သူမှ အရေးလုပ်ပြီး
အင်တာဗျူးမနေဘူးလေ။

🔎 ဒီလို သဘောတရားတွေအတွက်
အင်္ဂလိပ်လို နာမည်တစ်ခု ရှိတယ်။
Survivorship bias လို့လူသိများကြပါတယ်။
အဓိပ္ပာယ်ကတော့ "ရှင်သန်ကျန်ရစ်တဲ့သူတွေကိုပဲ
ကြည့်မိတဲ့ ကောက်ချက်အမှား" ပေါ့။

🪖 ပထမကမ္ဘာစစ်အတွင်းက
သတ္တုခေါင်းဆောင်း(Brodie helmet) တွေ
စပြီးဆောင်းလာကြတဲ့အခါ
ဆေးရုံကို ဦးခေါင်းဒဏ်ရာနဲ့ ပြန်ရောက်လာတဲ့စစ်သားတွေ
ပိုများလာကြတာကို တွေ့ခဲ့ရတယ်။
ဒါကြောင့် သတ္တုခေါင်းဆောင်းတွေက
စစ်သားတွေရဲ့ ဦးခေါင်းကိုထိခိုက်စေတယ်
လို့ကောက်ချက် မှားချမိကြပါတယ်။
တကယ်တော့ စစ်သားတွေ အသက်မသေဘဲ
ခေါင်းဒဏ်ရာလောက်နဲ့ ဆေးရုံပြန်ရောက်လာနိုင်တာ
သတ္တုခေါင်းဆောင်းတွေရဲ့ ကျေးဇူးကြောင့်ပါ။
မဟုတ်ရင် တိုက်ပွဲမှာတင် သေနေလောက်ပြီ။

🛩 ဒုတိယကမ္ဘာစစ်အတွင်းကလည်း
တိုက်ပွဲက ပြန်လာတဲ့လေယာဉ်တွေမှာ
ကျည်မှန်ထားတဲ့နေရာတွေကို မှတ်သားပြီး
အဲ့နေရာတွေကို ထပ်ပိုးခိုင်ခံ့အောင် လုပ်ခဲ့ကြတယ်။
ဒါပေမဲ့ လေယာဉ်ပျက်ကျနှုန်းက
သိသိသာသာလျော့ကျ မသွားခဲ့ဘူး။
ဘာလို့လဲဆိုတော့
စခန်းပြန်ရောက်လာတဲ့လေယာဉ်တွေရဲ့ ကျည်ရာတွေက
တကယ်တမ်း အဲ့နေရာတွေကိုမှန်လည်း
လေယာဉ်ပျက်ကျမသွားဘူး ဆိုတာပြနေတာဖြစ်ပါတယ်။
တကယ်က အဲ့နေရာတွေ မဟုတ်တဲ့
အခြားနေရာတွေကို ထပ်ပိုးရမှာပါ။
ဒါမှသာ လေယာဉ်ပျက်ကျနှုန်း နည်းလာမှာဖြစ်ပါတယ်။

👨‍💼 အခုလည်း အောင်မြင်သွားတဲ့သူတွေကို အားကျပြီး
ကုမ္ပဏီဝန်ထမ်းဘဝ အဆင်ပြေနေရာကနေ
comfort zone ထဲက အတင်းရုန်းထွက်လိုက်တာ
ဘဝပျက်သွားတဲ့သူတွေ တစ်ပုံကြီးပါပဲ။
စွန့်စားမှုတစ်ခုမလုပ်ခင်
အခြေအနေအရပ်ရပ်ကို သေချာစဉ်းစားစေချင်ပါတယ်။
အောင်မြင်မှုဆိုတာ အခြေအနေအချိန်အခါ နဲ့
ကံ၊ ဉာဏ်၊ ဝီရိယ တို့အပေါ် အများကြီးမူတည်ပါတယ်။

🍗 ရွှေဖလားနဲ့ ကြက်သားက လူတိုင်းမကိုင်နိုင်ပါဘူး။
Sorry, the Chicken Dinner is not for Everyone.
Credit*

Address

Monywa
02301

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00
Saturday 07:30 - 17:00
Sunday 07:30 - 17:00

Telephone

+959765011422

Alerts

Be the first to know and let us send you an email when Monywa library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Monywa library:

Share