မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG

  • Home
  • Myanmar
  • Myaing
  • မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ ၏ တရားဝင်သတင်းစာမျက်နှာ

15/08/2026

အညာဒေသေရဲ့ စည်းလုံးညီညွတ်မှု တော်လှန်လိုစိတ်ရဲ့ ကြိုးစားအားထုတ်မှု ရလဒ်ပါပဲ ✊
စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ တိုက်ထုတ်သွားမည်။

#မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့

#အညာတမာ

တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၆ခုနှစ် ၊ ဩဂုတ်လ ၊  ၁၅ ရက် ။      အကြမ်းဖက်စစ်ကောင်စီသည် မကွေးဒေသ/ယူနစ်တွင်းတို့ အင်အား(၅၀၀...
15/08/2026

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၆ခုနှစ် ၊ ဩဂုတ်လ ၊ ၁၅ ရက် ။

အကြမ်းဖက်စစ်ကောင်စီသည် မကွေးဒေသ/ယူနစ်တွင်းတို့ အင်အား(၅၀၀ခန့်) အလုံးအရင်းဖြင့် လူသတ်မီးရှို့အကြမ်းဖက်ရန် ဝင်ရောက်လျှက်ရှိရာ ပခုက္ကူခရိုင်တွင်းသို့ မေလမှစတင်ပြီး ယခုချိန်ထိ အကြမ်းဖက်လုပ်ငန်းများကို စဉ်ဆက်မပျက် ကျူးလွန်လျှက်ရှိပါသည် ။ မိမိတို့ ပခုက္ကူခရိုင်တွင်းရှိ ဒေသတွင်းတော်လှန်ရေးညီအစ်ကို အင်အားစုများက မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး ၊ မိမိတို့တော်လှန်ရေးရည်မှန်းချက်များ အောင်မြင်ရေး၊ မိမိတို့ စိုးမိုးဒေသများ ချဲ့ထွင်ရေးအတွက် " အညာတမာ" စစ်ဆင်ရေးစုဖွဲ့မှုဖြင့် စနစ်တကျစုဖွဲ့ကာ ရန်သူအကြမ်းဖက်စကစများကို ရဲဝင့်စွန့်စားစွာဖြင့်ခုခံတိုက်ခိုက်လျှက်ရှိပါသည် ။

အကြမ်းဖက်စကစများသည် ဇွန်လဆန်းပိုင်းတွင် မြိုင်မြို့နယ် တွင်းမပျူစခန်းမှ ပေါက်မြို့နယ် ထောက်ရှင်ပင်ကျေးရွာ ၊ ထို့နောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာသို့ရောက်ရှိလာပြီး ကိုင်းတောမ - ဝက်ပုတ် - ဗောဓုံ- ဘောင်ပင် -သင်းမ - ယာကြီးပြင် - တောင်စုံ - မှန်ရင်း အစရှိသည့် ကျေးရွာလမ်းပိုင်းများကို အသုံးပြုပြီး စစ်ကြောင်းထိုးလူသတ်အကြမ်းဖက်လျှက်ရှိရာ မိမိတို့ " အညာတမာ" အင်အားစုများနှင့် ထိတွေ့မှု ကြီး/ငယ် အကြိမ်ပေါင်း ( ၃၀)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပါသည် ။ ၎င်းထိတွေ့မှုဖြစ်စဉ်များအတွင်း ရန်သူအကြမ်းဖက်လူသတ်ကောင် အနည်းဆုံး( ၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ကာ ရန်သူ့လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည် ။ ထို့ပြင် လက်နက်(မဲ့) အလင်းဝင်ရောက်လာသူ ပစ (၄)ဦးလည်း ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာ မိဘများနှင့်ချိတ်ဆက်ကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးပြီးဖြစ်ပါသည် ။
အဆိုပါ တိုက်ခိုက်မှုများကို 'အညာတမာ"စစ်ဆင်ရေးအင်အားစုများဖြစ်သည့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊ MRG တပ်ဖွဲ့၊ ကမ္မတပ်ပေါင်းစု ၊ ကမ္မလုံခြုံရေးအင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစုတို့ နှင့်အတူ ပြည့်သူလွတ်မြောက်ရေးတပ်မတော် (PLA ) ၊ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ်ရင်းများ ၊ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲ့နှင့် ဒေသတွင်းညီအစ်ကိုများက စနစ်တကျစုဖွဲ့ကာ ညီညီညွတ်ညွတ် ပူးပေါင်းကာကွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

ရန်သူအကြမ်းဖက်စကစများသည် ပေါက်၊မြိုင်အတွင်းရှိ ကျေးရွာပေါင်း ( ၁၁)ရွာရှိ ပြည်သူ့နေအိမ်ပေါင်း ( ၃၀၀) ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ အပစ်မဲ့ပြည်သူ (၂၄)ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ပါသည် ။ အကြမ်းဖက်များသွားရာလမ်းကြောင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့်နေထိုင်ကြပါရန် ၊ "တို့တော့ မလုပ်လောက်ပါဘူး"ကွာဆိုပြီး ပေါ့ပေါ့ဆဆ မနေကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ။
ထို့ပြင် ရန်သူ့စစ်ကြောင်းများတွင် မင်းအောင်လှိုင်၏စစ်မှုထမ်းဉပဒေကြောင့် အတင်းအဓမ္မအကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်နေရ ေသာ ပစ (ခေါ်) လူငယ်လူရွယ်များနှင့် ၎င်းတို့၏တို့မိဘများအနေဖြင့် မိမိတို့ "အညာတမာ" အင်အားစုများနှင့်သော်လည်း ၊ နီးစပ်ရာ တော်လှန်ရေးအင်အားစုများနှင့်သော်လည်း ချိတ်ဆက်ကာ အကြမ်းဖက်စကစများ၏ အတင်းအဓမ္မကျွန်ပြုခြင်းမှရုန်းထွက်ရန် တိုက်တွန်းအပ်ပါသည် ။

မိမိတို့အနေဖြင့် ရန်သူအကြမ်းဖက်များအား တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ကာ ပြည်သူလူထုအားကာကွယ်လျှက်ရှိပြီး ယခုထက်ပိုသော စည်းလုံးညီညွှတ်စုဖွဲ့မှုမျိုးဖြင့် တော်လှန်ရေးတာဝန်များထမ်းဆောင်ရန်ကြိုးပမ်းလျှက်ကြောင်း မိဘပြည်သူများကို လေးစားစွာတင်ပြအပ်ပါသည် ။

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG
"အညာတမာ" စစ်ဆင်ရေး

#မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့

#အညာတမာ

ယခုလို‌အစဉ်အမြဲထောက်ပို့မှုကို ကျွန်ုပ်တို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မှ ကျေးဇူးအထူးတင်ရှိပါသည်။တော်လှန်ရေးအတွက် အ...
09/08/2026

ယခုလို‌အစဉ်အမြဲထောက်ပို့မှုကို ကျွန်ုပ်တို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မှ ကျေးဇူးအထူးတင်ရှိပါသည်။တော်လှန်ရေးအတွက် အကျိုးရှိစွာအသုံးပြုသွားပါမည်။

#မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် အာဏာရှင်ကို တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားသော အာဇာနည်သူရဲ...
19/07/2026

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ
ခေတ်အဆက်ဆက် အာဏာရှင်ကို တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားသော
အာဇာနည်သူရဲကောင်းများအားလုံးများ၏ ဂုဏ်ကျေး‌ဇူးနှင့် သတ္တိပြောင်မှုကို အစဉ်အမြဲအောက်မေ့သတိရလျက် ဦးညွတ်အလေးပြုပါသည်။

#မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့

ယခုလိုထောက်ပို့ပေးပါသော ထောက်ပို့ပြည်သူများကို ကျွန်ုပ်တို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မှ ကျေးဇူးအထူးတင်ရှိပါသည်။တေ...
31/05/2026

ယခုလိုထောက်ပို့ပေးပါသော ထောက်ပို့ပြည်သူများကို ကျွန်ုပ်တို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မှ ကျေးဇူးအထူးတင်ရှိပါသည်။
တော်လှန်ရေးအတွက် အကျိုးရှိစွာ အသုံးပြုသွားပါမည်။

#မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့

21/05/2026

**Arsenal Premier league Champion** ဖြစ်ခြင်းအတွက် အလှူရှင် မန်ယူဖန်တစ်ဦးမှ ရဲဘော်များအား အသားဟင်းများ ဂုဏ်ပြုကျွေးမွေးခဲ့ပါတယ်။

ထို့အတွက်ကြောင့် ရဲဘော်များအားလုံးကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျ❤️

#မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့

ယခုလိုထောက်ပို့ပေးပါသော ထောက်ပို့ပြည်သူများကို ကျွန်ုပ်တို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မှ ကျေးဇူးအထူးတင်ရှိပါသည်။တေ...
10/05/2026

ယခုလိုထောက်ပို့ပေးပါသော ထောက်ပို့ပြည်သူများကို ကျွန်ုပ်တို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မှ ကျေးဇူးအထူးတင်ရှိပါသည်။
တော်လှန်ရေးအတွက် အကျိုးရှိစွာ အသုံးပြုသွားပါမည်။

#မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့

Address

Bogyoke Lann
Myaing
04192

Website

Alerts

Be the first to know and let us send you an email when မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category