28/09/2026
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
28.9.2026
မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
လက်ရှိအချိန်ထိ တဲကြီးရွာမှာပဲ ရှိနေပါတယ်။
8 လပိုင်း 26 ရက်နေ့က တဲကြီးရွာကို
စတင်ဝင်ရောက်ခဲ့တဲ့
အဆိုပါ စစ်ကောင်စီတပ်တွေဟာ
တစ်လကျော်ကြာတဲ့အထိ တဲကြီးရွာမှာ
အခြေချ တပ်စွဲထားပြီး
တဲကြီးရွာရဲ့ မြောက်ဘက်
ဒေသအခေါ် မြက်စပ်တောင်အနီးတဝိုက်နဲ့
ကျောက်ခွက်ရေနံမြေ ဝဲတူးနဲ့ ဝဲဝမ်းကြားက
ပြည်သူပိုင်ရေနံကျင်းတွေနဲ့ အဆောက်အဦးများကို
မီးရှို့ဖျက်ဆီးတာနဲ့ မိုင်းခွဲဖျက်ဆီးတာတွေ
မကြာခဏ ရှိခဲ့သလို
တဲကြီးရွာကနေ ပတ်ဝန်းကျင်ရွာတွေဘက်ကို
လက်နက်ကြီးတွေ ရမ်းပစ်တာနဲ့
ဂျိုင်ရိုကော်ပတာ ၊ Mi 35 ၊ ဒရုန်းတွေသုံးပြီး
လေကြောင်းတိုက်ခိုက်တာတွေလည်း
မကြာခဏ ရှိခဲ့ပါတယ်။
ဒီနေ့နေ့လည် 1:00 ကျော်ဝန်းကျင်ကလည်း
တဲကြီးရွာကို
မိတ္ထိလာလေတပ်က Y 8 စစ်ထောက်ပို့
လေယာဉ်တစ်စီးနဲ့ ခဲယမ်းနဲ့ ရိက္ခာတွေ
အထုပ် 80 ခန့် ချပေးထားခဲ့တယ်လို့
သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်တွေရဲ့ အန္တရာယ်ကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်းနဲ့
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းမှ
ဒေသခံပြည်သူအများအပြား
နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။
#ပြည်သူတွေဘေးကင်းကြပါစေ
#ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း