MCPA, Mandalay.

MCPA, Mandalay. မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မန္တလေးတိုင်းဒေသကြီး။
www.mcpamdy.org


# အခန်း (226), ရွှေဖြူပလာဇာ၊
# 33 လမ်းနှင့် ဇောတိကလမ်းကြား၊
# 77 လမ်းနှင့် 78 လမ်းကြား၊မန္တလေးမြို့
# ဖုန်း-02-4069313, 09-797199918
# အီးမေးလ်- [email protected]

# Room No.(226)
Shwe Phyu PLAZA,
Between 77 x 78 Streets and 33 Street & Zaw Ti Ka Lane Near Mandalay Station,
Chan Aye Thar Zan Township, Mandalay. # Myanmar.

# Tel: +95-02-4069313, 09-797199918
# Email- [email protected]

04/02/2026
မန္တ​လေးမြို့တွင် ITPEC Exam Certificate ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပမည်။ ၂၀၂၅ ခုနှစ်၊  ​အောက်တိုဘာလ (၂၆) ရက်နေ့တ...
19/01/2026

မန္တ​လေးမြို့တွင် ITPEC Exam Certificate ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပမည်။

၂၀၂၅ ခုနှစ်၊ ​အောက်တိုဘာလ (၂၆) ရက်နေ့တွင် ကျင်းပစစ်ဆေးခဲ့သည့် (၇) နိုင်ငံ အသိအမှတ်ပြု ITPEC Exam အောင်လက်မှတ်ချီးမြှင့် ပေးအပ်ပွဲကို မန္တ​လေးမြို့တွင် ၂၀၂၆ ခုနှစ် ​ဖေ​ဖော်ဝါရီလ (၇) ရက် စ​နေနေ့တွင် Hotel Hazel ၌ ပေးအပ်သွားမည် ဖြစ်ပါသည်။
အဆိုပါ အောင်လက်မှတ် ပေးအပ်ပွဲသို့ တက်ရောက်မည့် အောင်မြင်သူများသည် အောက်တွင်ပေးထားသော Link မှ ဝင်ရောက်ပြီး Attending Registration ကို ပြုလုပ်ပေးရပါမည်။ သင်တန်းကျောင်းများမှ အောင်မြင်သူများသည် မိမိတို့ သက်ဆိုင်ရာ သင်တန်းကျောင်းများသို့ အသီးသီးတက်ရောက်မည့်သတင်းပေးပို့ရမည် ဖြစ်ပါသည်။
အောင်လက်မှတ် တက်ရောက်မယူဖြစ်သောသူများသည် (၉-၂-၂၀၂၆) ရက်မှ စတင်ပြီး မန္တ​လေးတိုင်း​ဒေသကြီးကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ D- 217၊ ​ရွှေဖြူပလာဇာဒုတိယထပ်၊ ၃၃လမ်းနှင့်၇၇လမ်း​ထောင့်၊ ဖုန်း- 09 797199918 ဆက်သွယ်၍ (သို့မဟုတ်) သက်ဆိုင်ရာသင်တန်းကျောင်းများတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

နောက်ဆုံးတက်ရောက်မည့်စာရင်းပေးပို့ရမည့်နေ့- ၂၀၂၆ ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ (၁) ရက်

Google Link:

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ကျင်းပစစ်ဆေးခဲ့သည့် ITPEC Exam အောင်မြင်ခဲ့ကြသည့် ဖြေဆိုသူများသည် အောင်လက်မှတ်ပ...

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်တွင် ကျင်းပစစ်ဆေးခဲ့သည့် ITPEC Exam အောင်စာရင်းများ ထုတ်ပြန်အပ်ပါသည်။
01/12/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်တွင် ကျင်းပစစ်ဆေးခဲ့သည့် ITPEC Exam အောင်စာရင်းများ ထုတ်ပြန်အပ်ပါသည်။

မန္တ​လေးတိုင်းဒေသကြီးတွင် ITPEC Exam ဖြေဆိုမည့်သူများအတွက် စည်းကမ်းချက်များနှင့် ဖြေဆိုမည့်နေရာစည်းကမ်းချက်များ # စာမေးပ...
19/10/2025

မန္တ​လေးတိုင်းဒေသကြီးတွင် ITPEC Exam ဖြေဆိုမည့်သူများအတွက် စည်းကမ်းချက်များနှင့် ဖြေဆိုမည့်နေရာ

စည်းကမ်းချက်များ
# စာမေးပွဲကတ် (Exam Card) မပါလာလျှင် ဖြေဆိုခွင့် မပြုပါ။

# Exam Card မှ အပ အခြားပစ္စည်းများ ယူဆောင်ခွင့် မပြုပါ။

​ဖြေဆိုရမည့်​နေရာ
ပရိယတ္တိသာသနဟိတအသင်းဗိမ္မာန်(ဦးလှသိန်းဗိမ္မာန်)
၈၅လမ်း×၃၅လမ်း​ထောင့်၊ မန္တ​လေးမြို့။

စုံစမ်းရန်ဖုန်း
၀၉ ၇၉၇၁၉၉၉၁၈

11/08/2025

မန္တ​လေးမြို့တွင် ITPEC Exam Certificate ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပမည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ကျင်းပစစ်ဆေးခဲ့သည့် (၇) နိုင်ငံ အသိအမှတ်ပြု ITPEC Exam အောင်လက်မှတ်ချီးမြှင့် ပေးအပ်ပွဲကို မန္တ​လေးမြို့တွင် ၂၀၂၅ ခုနှစ် ​ဩဂုတ်လ (၁၆) ရက် စ​နေနေ့တွင် Hotel Hazel ၌ ပေးအပ်သွားမည် ဖြစ်ပါသည်။
အဆိုပါ အောင်လက်မှတ် ပေးအပ်ပွဲသို့ တက်ရောက်မည့် အောင်မြင်သူများသည် အောက်တွင်ပေးထားသော Link မှ ဝင်ရောက်ပြီး Attending Registration ကို ပြုလုပ်ပေးရပါမည်။ သင်တန်းကျောင်းများမှ အောင်မြင်သူများသည် မိမိတို့ သက်ဆိုင်ရာ သင်တန်းကျောင်းများသို့ အသီးသီး တက်ရောက်မည့်သတင်းပေးပို့ရမည် ဖြစ်ပါသည်။
အောင်လက်မှတ် တက်ရောက်မယူဖြစ်သောသူများသည် (၁၈-၈-၂၀၂၅) ရက်မှ စတင်ပြီး ဖုန်း- 09 797199918 ဆက်သွယ်၍ (သို့မဟုတ်) သက်ဆိုင်ရာသင်တန်းကျောင်းများတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

နောက်ဆုံးတက်ရောက်မည့်စာရင်းပေးပို့ရမည့်နေ့- ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်

Google Link:

https://forms.gle/rx1pVMk9A6V1nGrbA

17/05/2025
ITPEC Exam ​ဖြေဆိုရမည့်​နေရာ - အ.ထ.က (၁၄) မန္တ​လေးမြို့။Exam Card များအား ​​ဖြေဆိုမည့်ရက် ​ဖြေဆိုမည့်​နေရာတွင် ထုတ်ယူကြပ...
16/04/2025

ITPEC Exam ​ဖြေဆိုရမည့်​နေရာ - အ.ထ.က (၁၄) မန္တ​လေးမြို့။

Exam Card များအား ​​ဖြေဆိုမည့်ရက် ​ဖြေဆိုမည့်​နေရာတွင် ထုတ်ယူကြပါရန်နှင့် ဓါတ်ပုံများ​ပေးရန် (၂၃.၄.၂၀၂၅)ရက်​နေ့ ​နောက်ဆုံးထား၍ 09970371725 သို့ ဆက်သွယ်၍ လာ​ရောက်ပို့​ပေးပါရန် အ​ကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းITPEC (IP, FE) စာမေးပွဲများ ကျင်းပမည်။မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး ကျင...
17/02/2025

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
ITPEC (IP, FE) စာမေးပွဲများ ကျင်းပမည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး ကျင်းပလျှက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲများဖြစ်သည့် Information Technology Passport Examination (IT passport)၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲများကို ၂၇-၄-၂၀၂၅ (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်သည်။

စာမေးပွဲများသို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက် ဖြေဆိုနိုင်သည်။

စာမေးပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ ဖုန်းနံပါတ်- ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။

စာမေးပွဲအတွက် နောက်ဆုံး Form တင်ရမည့်နေ့ 29-3-2025 (Saturday) ဖြစ်ပါသည်။

ITPEC စာမေးပွဲကြေးများကို Mobile Banking နှင့် QuickPay တို့မှ တစ်ဆင့်ငွေပေးသွင်းနိုင်ပြီး Exam Form ကို အောက်ပါလင့်တွင် ဖြည့်ပြီး စာရင်းပေးပို့နိုင်ပါသည်။

Exam Form အတွက် Registration ပြုလုပ်ရန် အောက်ပါ link သို့ ဝင်ရောက်ပေးပါ။

Link >> https://forms.gle/tAtrhk9m3JNqZNTv6

Payment Information >>>
Bank Account Name : Myanmar Computer Professionals Association

AYA Bank : 2001 4961 262
KBZ Bank : 0043 0400 4033 93901
QuickPay : MCPA (QuickPay Name)

မှတ်ချက်
ငွေပေးသွင်းသည့်အခါ ဖြေဆိုမည့်သူအမည်နှင့် စာမေးပွဲအမည်ကို မှတ်ချက်တွင် ထည့်သွင်းရေးသားပေးရန် နှင့် ငွေပေးသွင်းပြီးကြောင်း Bank Slip (သို့) QuickPay Slip ကို [email protected] သို့ ပြန်လည်ပေးပို့ပေးရန် လိုအပ်ပါသည်။

🔵Member သက်တမ်း (၃) လရှိသော MCPA Member များ စာမေးပွဲကြေး 50% Discount ရရှိပါမည်။

ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်၂၀၂၅ ခုနှစ်၊ ​ဖေ​ဖော်ဝါရီ...
07/02/2025

ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်

၂၀၂၅ ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ (၂) ရက် ( တနင်္ဂ​နွေနေ့) တွင် MRCCI, Conference Hall ၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်ပခဲ့သည့် ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦး​နေဝင်း​အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်း​ရေးမှူး ဦးသာသာဇံက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ITPEC အဖွဲ့ဝင်နိုင်ငံ (၇) နိုင်ငံ၌ IP Exam တွင် အမှတ်အများဆုံး (ITPEC Award) ဆုရရှိသူ (၃) ဦး၊ IP Exam တွင် မြန်မာနိုင်ငံ၌ အမှတ်အများဆုံး (Excellence Award) ဆုရရှိသူ (၄) ဦး၊ Fundamental Information Technology Engineer Examination (FE Exam) တွင် အောင်မြင်ခဲ့သူ (၂၇) ဦးနှင့် Information Technology Passport Examination (IP Exam) တွင် အောင်မြင်ခဲ့သူ (၅၉) ဦးတို့အား အောင်လက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပံ့ပိုးကူညီပေးခဲ့ကြသည့် ​သင်တန်းကျောင်းများအား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ပါသည်။

ထို့အပြင် IT နည်းပညာ ဖွံ့ဖြိုးရေးအတွက် “ UNDERSTANDING AI ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်း​ရေးမှူး(၄)၊စာ​မေးပွဲ​ကော်မတီဥက္ကဌ ဦး​အောင်​ဇော်မြင့်မှ ဆွေးနွေးဟောပြောခဲ့ပါသည်။

Address

Myaing

Alerts

Be the first to know and let us send you an email when MCPA, Mandalay. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MCPA, Mandalay.:

Share