နွေဦးတော်လှန်ရေး - မြိုင်မြို့

  • Home
  • Myanmar
  • Myaing
  • နွေဦးတော်လှန်ရေး - မြိုင်မြို့

နွေဦးတော်လှန်ရေး - မြိုင်မြို့ မင်္ဂလာပါ

ပခုက္ကူခရိုင် မြိုင်မြို့နယ် သင်းမရွာသို့ ရောက်ရှိနေသော စစ်ကြောင်းသည် ကွန်လတ်ရွာမှ ပြည်သူ (၁)ဦး၊ သံချောင်းရွာမှ ပြည်သူ ...
21/07/2026

ပခုက္ကူခရိုင် မြိုင်မြို့နယ် သင်းမရွာသို့ ရောက်ရှိနေသော စစ်ကြောင်းသည် ကွန်လတ်ရွာမှ ပြည်သူ (၁)ဦး၊ သံချောင်းရွာမှ ပြည်သူ (၁)ဦး၊ ဘောတုံရွာမှ ပြည်သူ (၅)ဦးအား သတ်ဖြတ်သွားကြောင်းသိရ။
နယ်မြေအားလုံး မရှင်းလင်းရသေးသဖြင့် ဆက်လက် စုံစမ်းဆဲ။
သို့ပါ၍ မိဘပြည်သူများအနေဖြင့် စစ်ကြောင်းအတွင်း မပိတ်မိစေရန် အထူးဂရုစိုက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#နွေဦးတော်လှန်ရေး_မြိုင်မြို့

၁၇/၆/၂၀၂၆ရက်  ညနေ ၃:‌၁၅ မှ ၃း၅၀မိနစ် အချိန်ထိပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်တနေရာအားမကွေးတပ် Y-12 ဖြင့် လေကြောင...
17/06/2026

၁၇/၆/၂၀၂၆ရက် ညနေ ၃:‌၁၅ မှ ၃း၅၀မိနစ် အချိန်ထိ
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်တနေရာအား
မကွေးတပ် Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု (‌၁၁)ကြိမ် ပြုလုပ်‌နေကြောင်းသိရ ။

၁၇/၆/၂၀၂၆ရက်  ၁၁:‌၅၅မိနစ် အချိန်ထိပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်တနေရာတွင်မုံရွာနမခတက် MI 35 ဖြင့် လေကြောင်းတို...
17/06/2026

၁၇/၆/၂၀၂၆ရက် ၁၁:‌၅၅မိနစ် အချိန်ထိ
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်တနေရာတွင်
မုံရွာနမခတက် MI 35 ဖြင့် လေကြောင်းတိုက်ခိုက်မှု (‌၁၁)ကြိမ် ပြုလုပ်သွားကြောင်းသိရ ။

ပခုက္ကူခရိုင်အတွင်း ရက်ပိုင်းအတွင်း ရဲစခန်း (၂) ခုနှင့် ပျူစောထီးစခန်း(၂)ခုကို NUG အစိုးရအောက်ကာကွယ်ရေးတပ်များနှင့် တော်...
10/06/2026

ပခုက္ကူခရိုင်အတွင်း ရက်ပိုင်းအတွင်း ရဲစခန်း (၂) ခုနှင့် ပျူစောထီးစခန်း(၂)ခုကို NUG အစိုးရအောက်ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
ပခုက္ကူ၊ ဇွန် ၁၀ ရက်
မအလ၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း ပခုက္ကူခရိုင်အတွင်းရှိ စစ်ကောင်စီ၏ စခန်းချနေရာ (၄) ခုကို တော်လှန်ရေးတပ်ဖွဲ့များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မေလ (၂၃) ရက်နေ့တွင် မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို စတင်သိမ်းပိုက်နိုင်ခဲ့ပြီး၊ဇွန်လ (၂) ရက်နေ့တွင် ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ဇွန်လ (၄) ရက်နေ့တွင် ပေါက်မြို့နယ်ရှိ ကုက္ကိုစုပျူစောထီးစခန်းကို ဆက်လက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဇွန်လ (၁၀) ရက်နေ့တွင် ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒီအောင်ပွဲဟာ တော်လှန်ရေးအဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုကို ပြသလိုက်တဲ့ အထင်ကရမှတ်တိုင်တစ်ခုလည်း ဖြစ်သလို ဤသိမ်းပိုက်မှုများသည် တော်လှန်ရေးကာလအတွင်း ပခုက္ကူခရိုင်၌ အကြီးမားဆုံး အောင်ပွဲဖြစ်ပါတယ်။

[အောင်ပွဲများဆီသို့ - စည်းလုံးခြင်းသည်သာ အကြီးမားဆုံးသော လက်နက်ဖြစ်သည်]
ယနေ့အချိန်အခါသည် တော်လှန်ရေး၏ အဓိကကျသော အလှည့်အပြောင်းကာလတစ်ခု ဖြစ်သည်။ ပခုက္ကူခရိုင်အတွင်းရှိ စစ်ကောင်စီ၏ စခန်းချနေရာ (၄) ခုကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ခြင်းသည် စစ်ရေးအရ အောင်ပွဲတစ်ခုသာမက၊ ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်ခြင်းကသာ အောင်ပွဲကို ပိုမိုမြန်ဆန်စေမည်ဆိုသည့် မီးမောင်းထိုးပြချက်လည်း ဖြစ်သည်။ ခရီးလမ်းတွင် အတားအဆီးများ၊ ပွတ်တိုက်မှုများ ရှိကောင်းရှိနိုင်သော်လည်း၊ တော်လှန်ရေး၏ ပန်းတိုင်သည် တစ်ခုတည်းသာဖြစ်သည်။ ရည်မှန်းချက်တစ်ခုတည်းအတွက် ရုန်းကန်နေကြသူများအကြား အပြန်အလှန်သည်းခံခြင်း၊ နားလည်ပေးခြင်းနှင့် ရည်မှန်းချက်ကိုသာ ရှေ့တန်းတင်ခြင်းသည် တော်လှန်ရေးတပ်ဖွဲ့များအတွက် အကြီးမားဆုံးသော ခွန်အား ဖြစ်စေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုသည်သာ ရန်သူကို ကျော်လွှားနိုင်မည့် အခိုင်မာဆုံးသော အင်အား ဖြစ်သည်။
#တော်လှန်ကာလအတွင်းကျဆုံးသွားသောရဲဘော်ရဲဘက်များအားလုံးကိုအလေးနီပြုပါတယ်
#စည်းလုံးခြင်းဖြင့်အောင်ပွဲဆီသို့
#နွေဦးတော်လှန်ရေး_မြိုင်မြို့

၁၃/၀၅/၂၀၂၆ရက် မနက် ၁ဝး၅၀ မိနစ်အချိန်တွင်ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ်သို့ မုံရွာနမခတက် Gyrocopt...
13/05/2026

၁၃/၀၅/၂၀၂၆ရက် မနက် ၁ဝး၅၀ မိနစ်အချိန်တွင်
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်
အစပ်သို့ မုံရွာနမခတက် Gyrocopter ၃စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်းသိရပြီး
ပြည်သူ(၁)ဦး သေဆုံးကြောင်း သိရှိရပါသည်။

၂၄/၄/၂၀၂၆ရက် မနက် ၉:၂၀ မှ ၉:၃၅မိနစ် အချိန်ထိတွင်ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ်သို့ မုံရွာနမခတက် ...
24/04/2026

၂၄/၄/၂၀၂၆ရက် မနက် ၉:၂၀ မှ ၉:၃၅မိနစ် အချိန်ထိတွင်
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်
အစပ်သို့ မုံရွာနမခတက် Gyrocopter ၃စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်သွားကြောင်းသိရ ။

 ၂၃/၀၄/၂၀၂/၂၆ရက် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းသို့  မကွေးတပ်၊မိတ္ထီလာတပ်၊တံတားဦးတပ် ဂျက်ဖိုက်တာတို့ဖြင...
23/04/2026


၂၃/၀၄/၂၀၂/၂၆ရက်
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းသို့ မကွေးတပ်၊မိတ္ထီလာတပ်၊တံတားဦးတပ်
ဂျက်ဖိုက်တာတို့ဖြင့် ၁၁း၀၀ မှ ၁၁း၄၀ အချိန်ထိ လေကြောင်းတိုက်ခိုက်မှုကို ယခုအချိန်ထိ ပြုလုပ်နေကြောင်းသိရှိရပါတယ်။ အများပြည်သူများအနေဖြင့်
လေကြောင်းအန္တရာယ် အထူးဂရုပြုလိုကြောင်း
အသိပေး တင်ပြအပ်ပါတယ်။

#နွေဦးတော်လှန်းရေး_မြိုင်မြို့

 ၀၆/၀၄/၂၀၂/၂၆ရက် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းသို့  တံတားဦးလေတပ် မှ ဂျက်ဖိုက်တာ (၁)စီး၊ မကွေးလေတပ်မှ ဂျ...
06/04/2026


၀၆/၀၄/၂၀၂/၂၆ရက်
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းသို့ တံတားဦးလေတပ် မှ ဂျက်ဖိုက်တာ (၁)စီး၊ မကွေးလေတပ်မှ ဂျက်ဖိုက်တာ(၂)စီးတို့ဖြင့်
၁း၀၀ မှ ၁း၁၇ အချိန်ထိ လေကြောင်းတိုက်ခိုက်မှု (‌၃)ကြိမ် တိုက်ခိုက်သွားကြောင်းသိရ ။

#နွေဦးတော်လှန်းရေး_မြိုင်မြို့

 ၀၄/၀၄/၂၀၂/၂၆ရက် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ်သို့  မကွေးလေတပ်မှ ဂျက်ဖိုက်တာ(၃)စီးဖြင့်၂း၁၀ မှ ...
04/04/2026


၀၄/၀၄/၂၀၂/၂၆ရက်
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်
အစပ်သို့ မကွေးလေတပ်မှ ဂျက်ဖိုက်တာ(၃)စီးဖြင့်
၂း၁၀ မှ ၂:၃၅ အချိန်ထိ လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ် တိုက်ခိုက်သွားကြောင်းသိရ ။

မိတ္ထိလာ ရှမ်းတဲလေတပ်မှ
၂း၄‌၀ မှ ၂း၅၃အချိန်ထိ လေကြောင်းတိုက်ခိုက်မှု
(၄)ကြိမ် ထပ်မံ တိုက်ခိုက်သွားကြောင်းသိရ။

စုစုပေါင်းလေကြောင်းတိုက်ခိုက်မှု (၇)ကြိမ် ရှိပါပြီ

#နွေဦးတော်လှန်ရေး_မြိုင်မြို့

♦​​​​ပေါက်မြို့နယ်♦၁၇/၀၃/၂၆ ရက်နေ့ ၀၈း၃၀ချိန်တွင်ပခုက္ကူတပ်မ  {၁၀၁}မှထွက်ခွာလာသော  ရိက္ခာယာဥ်တန်း{၁၀၀}ကျော်နှင့် စစ်ခွေး...
17/03/2026

♦​​​​ပေါက်မြို့နယ်♦

၁၇/၀၃/၂၆ ရက်နေ့ ၀၈း၃၀ချိန်တွင်
ပခုက္ကူတပ်မ {၁၀၁}မှထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်နှင့် စစ်ခွေးစစ်ကြောင်းသည်၊ပေါက်မြို့အရှေ့​တောင်ပိုင်း တယ်ပင်ကန်ရွာမှတဆင့် မနေ့က ယာကြီးပြင် {ပျု}ခွေးခြံထဲသို့၀င်ရောက်ထားပြီး၊လက်ရှိအချိန်ထိ ​ယာကြီးပြင်{ပျူ}ခွေးခြံထဲမှရှိနေသေးကြောင်းသတင်းရရှိထားပါသည်။

News
# ပခုက္ကူခရိုင် {သတင်းများ}
#နွေဦးတော်လှန်ရေး_မြိုင်မြို့

Address

Myaing

Telephone

+959426061135

Website

Alerts

Be the first to know and let us send you an email when နွေဦးတော်လှန်ရေး - မြိုင်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share