Myaung Eagle People's Defence Force

Myaung Eagle People's Defence Force Protecting Local Peoples

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်အား နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်...
17/03/2023

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်အား နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တို့ ပူးပေါင်းတိုက်ခိုက်....

အကြမ်းဖက် စစ်တပ် ၉၉ ၊ ၇၇ ၊ ၃၃ တပ်များမှ ပူပေါင်းကာ ဘီလူး ကိုမန်ဒို စစ်ကြောင်းအမည်တပ်ခါ စစ်ကိုင်းတိုင်း မြောင်မြို့နယ်သို့ ခြေရာတော် ၊ ကျော့မင်းကျေးရွာ ဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး
သာဒွန်းကျေးရွာ၊မင်းတန်းကျေးရွာ၊ထုံကြိုင်ကျေးရွာ၊နေပူကုန်းကျေးရွာ၊နဂါးပေါက်ကျေးရွာ၊ချောင်းဆင်းကျေးရွာများကိုဝင်ရောက်ခါအကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ပြီး ပေါက်ချောင်းကျေးရွာရောက်ရှိနေသောအကြမ်းဖက်စစ်အုပ်စုအား...

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အချို့မှ ကင်းထောက်လုပ်ဆောင်ပြီး မြောင်မြို့နယ် ပကဖ ၊ MDY MADALAY PDF တပ်ရင်းများ ၊ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တပ်ဖွဲ့များ ၊ နယ်မြေခံ ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့ များမှ ပူပေါင်းကာ 17.3 2023 ရက်နေ့ နံနက် ၆နာရီ ခန့်တွင်ဝင်ရောက်တိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဖက်မှ အကျဆုံး ရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အထိခိုက်မရှိအောင်မြင်ခဲ့သည်။

ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များမှလဲ အများပြည်သူများကို ဘေးလွတ်ရာသို့ ခတ္တ တိမ်ရှောင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ပြောစကားများကို ဂရုစိုက် နာထောင်​ကြရန် မေတ္တာရပ်ခံထားပါသည်။

မှတ်ချက်။ သတင်းအပြည့်စုံကို သက်ဆိုင်ရာ မြိုနယ် အဖွဲ့များမှ ထုတ်ပြန်ကြေညာချက်တွင် တွေ့ရှိရမည်။

#မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်းမြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား PDF ပူပေါင်းတပ်ဖွဲ့များမှ စောင့်ကြို တိုက်ခိုက် အကြမ်းဖက်စစ်တပ်ဘက်မ...
09/01/2023

စစ်ကိုင်းတိုင်းမြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား PDF ပူပေါင်းတပ်ဖွဲ့များမှ စောင့်ကြို တိုက်ခိုက် အကြမ်းဖက်စစ်တပ်ဘက်မှ မော်တော်ရေယဥ် ၂ စီးနစ်မြုပ်......

ဇန်နဝါရီ ၇ ရက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် ညောင်တိုကျေးရွာဖက်မှ ပျုစေားထီးအဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြောင်မြို့နယ် ပန်ညိုကျေးရွာနေပြည်သူများ၏ ပစ္စည်းများ ပဲ ၊ နှမ်း များကို သယ်ယူရန် မော်တော်ရေယဥ်များဖြင့် ကူးလာစဥ် မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူပေါင်းတပ်ဖွဲ့များသည် စောင့်ကြိုတိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဖက်မှ မော်တော်ရေယဥ် ၂ စီး နှင့် လိုက်ပါလာသော အကြမ်းဖက်စစ်သားများနှင့် ပျုစေားထီး စုစုပေါင်း ၃၀ ခန့် ဧရာဝတီ မြစ်အတွင်းသို့ နစ်မြုပ်သွားပြီး သေဆုံးစာရင်းအတိအကျမသိရသေး...

အကြမ်းဖက်စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်သဖြင့် ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့ PDF များသည် အောင်မြင်စွာ အထိအခိုက်မရှိ ဆုတ်ခွာနိင်ခဲ့သည်။

​အကြမ်းဖက်စစ်တပ်သည် 2022နှစ်ကုန်ပိုင်းနှင့် 2023ခုနစ်အစတွင် စစ်ကိုင်းတိုင်း ဧရာဝတီ မြစ်ကြောင်းတစ်လျောက် အင်းအား 100နှင့်အထက် လက်ကြီးမျိုးစုံ တိုက်ခိုက်ရေးဒရုန်းအကြီးများ ဂျက်လေယဥ်များအသုံးပြုကာ ပြည်သူများအား အကြမ်းဖက် တိုက်ခိုက်မှုများ အများအပြား ကျူးလွန်နေခဲ့ပြီး ပျုစေားထီများသည် ပြည်သူပိုင် ပစ္စည်းများ ပဲ ၊ နှမ်း များ နှင့် ရေမော်တာပါ မချန် ခိုးယူလျက်ရှိသည်။

အများပြည်သူများသည် 2022ခုနစ်12လပိုင်းမှ စ၍ မိမိနေရပ်တွင်မနေထိုင်ရဘဲ နီးစပ်ရာရွာများ တေားတဲ ၊ယာတဲ များတွင် အများအပြားတိမ်ရှောင်နေကြရသည်။

#မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကာယားကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ် ပြည်သူအများအပြား ထိခိုက...
23/12/2022

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကာယားကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ် ပြည်သူအများအပြား ထိခိုက်မိ...

23.12.2022 ရက် နံနက် 11နာရီခန့်တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ် ကိုင်းကျေးရွာဘက်မှ အကြမ်းဖက်စစ်ကောင်းစီတပ်များမှ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာဖက်သို့ (၆၀)မမလက်နက်ကြီး ၄လုံးတိုက်ခိုက်ရေး ဒရုန်းအကြီးဖြင့် အီနာဂါ (၁၂)လုံးဖြင့် ပစ်ခတ်ရာ...

ကျေးရွာအတွင်းသို့ ကျရောက်ပြီး ပြည်သူ(၇)ဦး ထိခိုက်မိကာ ၃နှစ်အရွယ် ကလေးငယ် (၁)ဦးသေဆုံးခဲ့ပြီး အသက်(၅၀)အရွယ်အမျိုးသမီး(၁)စိုးရိမ်ရပြီး ကျေးရွာနေပြည်သူများဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရသည်။

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ခြေလျင်စစ်ကြောင်းမဟုတ်ဘဲ လက်နက်ကြီး၊ တိုက်ခိုက်ရေးဒရုန်းအကြီးများဖြင့် ယုတ်မာရက်စက်စွာ ပြည်သူများအား ရည်ရွယ်တိုက်ခိုက်နေသည်မှာ ဆက်တိုက်ဆိုသလိုရှိလာခဲ့သည်။

အများပြည်သူများအနေဖြင့် ဂရုစိုက်သွားလာနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များမှ အသိပညာပေး နိူးဆော်ထားပါသည်။

ဝေဟင်ထက်မှသူရဲကောင်း ကမ်ပိန်း ကံစမ်းမဲလက်မှတ်များ ၁၄ ရက်ကြာသည့်အထိ မျော်မှန်းထားသည့်အတိုင်းမရောင်းရ...26.11.2022မှစတင်ပြ...
09/12/2022

ဝေဟင်ထက်မှသူရဲကောင်း ကမ်ပိန်း ကံစမ်းမဲလက်မှတ်များ ၁၄ ရက်ကြာသည့်အထိ မျော်မှန်းထားသည့်အတိုင်းမရောင်းရ...

26.11.2022မှစတင်ပြီး ဝေဟင်ထက်မှသူရဲကောင်း အမည်ဖြင့် ကျွန်ုပ်တို့မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ တိုက်ခိုက်ရေး ဒရုန်းဝယ်ယူနိင်ရေး ကမ်ပိန်းလေးကို ပြုလုပ်ခဲ့ပြီး 9.12.2022 ရက်အထိ ၁၄ ရက်နေ့အတွင်း မဲအစောင်ရေ ၂၀၀ ဝန်းကျင်သာ ရောင်းချရပြီး မျှော်မှန်းထားသလောက် ရောင်းချရခြင်းမရှိသေးပါ...😔😔😔

ကျွန်ုပ်တို့မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ကံစမ်းမဲ အစောင်ရေ (1000)ထိထုတ်ထားတာဖြစ်ပြီး အစောင်ရေအားလုံးကုန်မှသာ ကံစမ်းမဲဖောက်ပေးရမှာ ဖြစ်ပြီး တိုက်ခိုက်ရေး ဒရုန်းဝယ်ယူနိင်ရေးအတွက်လဲ အောင်မြင်မှာဖြစ်ပါတယ်...

ကျွန်ုပ်တို့တပ်ဖွဲ့ အနေ့ဖြင့် ပြည်တွင်းပြည်ပ အလှူရှင်အလွန်နည်းခြင်းကြောင့် ငွေကြေးအခတ်ခဲများရှိသဖြင့်
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာလဲ စိန်ခေါ်မှု ကြီးမားစွာ အခတ်ခဲများဖြင့် တိုက်ပွဲဝင်ကြပါတယ်...

📣မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် မိမိကိုယ်တိုင်ဖြစ်စေ မိမိအသိမိတ်ဆွေများအားဖြစ်စေ ကျွန်ုပ်တို့၏ ကမ်ပိန်းလေးအား လက်ဆင့်ကမ်းမျှဝေရင်း ပါဝင်အားဖြည့်ကြပါအုန်းလို့ပြောကြားလိုပါသည်။

မိဘပြည်သူများ၏ တော်လှန်လိုသောစိတ် သတ္တိနဲ့ ခွန်းအားတွေဟာ ကျွန်ုပ်တို့အတွက်တင်မဟုတ်ဘဲ မိမိတိုင်းပြည်နိူင်ငံကြီး အေးချမ်းသာယာရေးအတွက်သာဖြစ်ပါသည်။

လှူတန်းကံစမ်းချင်တယ်ဆို ကျွန်ုပ်တို့ Page Messenger သို့ ဆက်သွယ်ဝယ်ယူလှူတန်းနိင်ပါသည်။

# 09255600575 ပြန်ကြားရေဌာနဖုန်း
# 09791924612 ငွေစာရင်းဌာနဖုန်းသို့ဖြစ်စေ ဆက်သွယ် ဝယ်ယူကံစမ်းလှူတန်းနိင်ပါတယ်သည်။

🔴ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း သွေးချောင်းစီး လုပ်ကြံသတ်ဖြတ်ခဲ့သည့် PSDA တပ်ရင်း၏ စက်ဆုပ်ဖွယ်ပြုလုပ်များအပေါ် အပြ...
02/12/2022

🔴ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း သွေးချောင်းစီး လုပ်ကြံသတ်ဖြတ်ခဲ့သည့် PSDA တပ်ရင်း၏ စက်ဆုပ်ဖွယ်ပြုလုပ်များအပေါ် အပြင်းအထန် ရှုံ့ချကန့်ကွက်ခြင်း

ထုတ်ပြန်ကြေညာချက်....အမှတ်- ၄ / ၂၀၂၂
ရက်စွဲ....၊ ဒီဇင်ဘာ(၁)ရက်

အထက်ဖော်ပြပါ အကြောင်းရာကိစ္စနှင့် စပ်လျဥ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် နမ့်ခမ်းဒေသအတွင်း စစ်ရေးလုပ်ရှားနေသော ပြည်သူကာကွယ်ရေးတပ် PSDA သည် (23.11.2022)ခုနှစ် ည(8)နာရီဝန်းကျင်ခန့်တွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း သွေးချောင်းစီး လုပ်ကြံသတ်ဖြတ်မှုတစ်ရပ် ကျူးလွန်ခဲ့သည်။

ဤသို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း သွေးချောင်းစီးလုပ်ကြံသတ်ဖြတ်မှုတွင် ကျဆုံးခဲ့သော တပ်ဖွဲ့ဝင်ရဲဘော်များသည် PSDA တပ်ရင်း ခေါင်းဆောင်များ၏ လမ်းစဥ်နှင့် လုပ်ဆောင်ချက်များ၊တပ်ဖွဲ့ဝင်ရဲဘော်များအပေါ် တရားမမျှတမှုများ၊ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများရှိသောကြောင့် တရားဝင်ခွဲထွက်လာသော တပ်ဖွဲ့ဝင်ရဲဘော်များဖြစ်သည်။

ပြန်လည်ခုခံစရာ လက်နက်အင်အား တစ်စုံတစ်ရာမရှိသော ရဲဘော်များကို သစ္စာဖောက်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထိုကျူးလွန်မှုတွင် ခွဲထွက်ရဲဘော်(၆)ဦးနေရာတွင် ကျဆုံးခဲ့ရသည်။ (၄)ဦးဒဏ်ရာများဖြင့် ဖမ်းစီးခံခဲ့ရပြီး (၄)ဦးလွတ်မြောက်ခဲ့သည်။

ကျွန်ုပ်တို့ မြောင်အီးဂဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း တပ်ရင်းများ၊ LOCAK PDFများ၊ မြို့ပြပြောက်ကြားတပ်ဖွဲ့များနှင့် ရင်းနှီးနွေးထွေးသောဆက်ဆံမှုရှိသည့်အလျောက် မိမိညီနှောင်တပ်တပ်ရင်းရဲဘော်များ၏ အခတ်ခဲများ စစ်ရေးပိုင်းဆိုင်ရာများကိုလည်း အစဥ်တစ်စိုက်အလေးထားခဲ့သည်။

မြန်မာနိူင်ငံအတွင်းနှင့် ပြည်ပတွင်ရှိကြသော အကြမ်းဖက် ဖက်ဆစ် စစ်တပ်အား တော်လှန်တိုက်ပွဲဝင်နေကြသော တပ်ရင်းများ၊ တပ်ဖွဲ့များ၊ အဖွဲ့စည်းများအားလုံးလည်း PSDA တပ်ရင်းခေါင်းဆောင်များ၏ လုပ်ရပ်အပေါ် မေ့ပျောက်မနေသင့်ဘဲ အရေးယူဆောင်ရွက်နိူင်ရန်လိုအပ်ပါသည်။

ဦးချမ်းသာ
ဗဟိုတာဝန်ခံ

ဗိုလ်အိုက်စော
စစ်ရေးတာဝန်ခံ

ကိုတိုး
ပြန်ကြားရေးတာဝန်ခံ

🛑စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဘက်မှ 28.11.2022ရက် နေလယ် 12နာရီဝန်းကျင်တွင် တိ...
29/11/2022

🛑စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဘက်မှ 28.11.2022ရက် နေလယ် 12နာရီဝန်းကျင်တွင် တိုက်ခိုက်​ရေးဒရုန်းအကြီးဖြင့် ဗုံးကြဲချ တစ်လုံးမပေါက်ကွဲ

🔵မန္တလေးတိုင်း မြင်းခြံမြို့နယ် ကိုင်းကျေးရွာဘက်ကနေ ဒရုန်းအကြီးဖြင့် လာရောက်ပြီး ဗုံးကျဲချရာ ပြည်သူများမထိခိုက်ပေ့မဲ့ ယာတဲတစ်လုံးပေါ်ကျ​ပြီး အနည်းငယ်ပျက်စီးသွားပါတယ်

🔵အကြမ်းဖက် စစ်ကောင်စီဘက်က ခုဆို မြောင်မြို့နယ်ထဲက ကျေးရွာများကို ဝေဟင် တိုက်ခိုက်ရေး ဒရုန်းယာဥ်အကြီးကို အသုံးပြုပြီး တိုက်ခိုက်လာတာတွေများနေတာကြောင့် ကျေးရွာနေပြည်သူများကို အထူးဂရုစိုက်နေကြရန်နှင့် ဝေဟင်မှ ဒရုန်းပျံသန်းနေတာမြင်ပါက အပြင်ထွက်မကြည့်ဘဲ အိမ်အတွင်းဖြစ်စေ ခိုင်ခံ့သော စားပွဲများ ကုတင်များအောက်ဖြစ်စေ လယ်တောယာတောများတွင်ရှိနေပါက ကြီးမားသောသစ်ပင်များ အောက်တွင်တိမ်းရှောင်ကြရန် တိုက်တွန်းအပ်ပါသည်။

🔵စစ်ကိုင်းတိုင်းထဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအများအပြားရှိသော်လဲ စစ်လက်နက်အင်အားမပြည့်စုံသေးတာကြောင့် မြို့နယ် ကျေးရွာအားလုံးကို စိုးမိုးထားနိုင်ခြင်းမရှိသေးပါ

🔵 ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလဲ ပြန်လည် တိုက်ခိုက်နိူင်ဖို့ နှင့် လက်နက်အင်အား စစ်အင်အားကို ဖြည့်တင်းနိူင်ဖို့ အမျိုးမျိုးသော နည်းစနစ်များကို အသုံးပြုပြီး ကြိုးစားနေကြပါပြီ မကြာခင်အချိန်အတွင်းမှာလဲ NUG ကကြေညာထားတဲ့အတိုင်း တိုက်စစ် ထိုးစစ်ကို တစ်နိူင်ငံလုံးအတိုင်းတာထိ ပြုလုပ်သွားကြမှာပါ

*️⃣ကျွန်ုပ်တို့ မြောင်အီးဂဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အများပြည်သူများ ပေးဆပ်လိုက်ရသော ဆုံးရှုံးမှုများ အသက်အိုးအိမ်များနှင့်အညီ

အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်များနှင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများရှိသောနေရာများကို တိုင်းဒေသ မြို့နယ်များမခွဲခြားဘဲ အသက်ကိုစွန့်၍ ရင်ဆိုင်တော်လှန်တိုက်ခိုက်သွားမည်ဟုကတိပြုပါသည်။

#မြောင်အီးဂဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ဘာလေးတွေလဲဆို....ဖောက်ခွဲရေး အဝေးထိန်းခလုတ်လေးတွေပါ...ဘာကြောင့်တင်ထားသလဲဆို ဒီပစ္စည်းလေးတွေဝယ်ယူနိူင်ဖို့အတွက် ငွေလိုအပ်...
10/11/2022

ဘာလေးတွေလဲဆို....
ဖောက်ခွဲရေး အဝေးထိန်းခလုတ်လေးတွေပါ...

ဘာကြောင့်တင်ထားသလဲဆို ဒီပစ္စည်းလေးတွေ
ဝယ်ယူနိူင်ဖို့အတွက် ငွေလိုအပ်နေလို....

အင်တာနက်မလို ဖုန်းလိုင်းမလိုဘဲ....
ကိုယ်ပိုင် ကြိမ်နူန်း ဝိုင်ဖိုင်လွင့်အားနဲ့ အဝေးကနေထိန်းချုပ် ဖောက်ခွဲလိုရတဲ့ အဝေးထိန်း ဖောက်ခွဲရေး ခလုတ်လေးတွေပါဗျ.....

စျေးနူန်းလေးကတော့ 10စံုလက်မုတစ်ခုပါ မြန်မာငွေ ၁၀ သိန်း အောက် ဝန်းကျင် ရှိပါတယ်
လက်နက်ပြည့်စုံမှုမရှိဘဲ အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ မဖြစ်တော့ ပျောက်ကြား မိုင်းဆွဲတိုက်ခိုက်နိူင်ဖို့ Page Messengerသို့ဆက်သွယ်ပြီး တတ်အားသ၍ပါဝင်ကူညီပေးကြပါအုန်းလို့ နိူးဆော်တိုက်တွန်းပါရစေ....

*️⃣kbz kpay *️⃣wave pay *️⃣nug pay တို့ဖြင့် ပေးပို့လှူတန်းနိူင်ပါတယ်

#မြောင်အီးဂဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြောင်အီးဂဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ...အလှူရှင်များသို့ ကျေးဇူးတင်ဂုဏ်ပြုခြင်းနှင့် ပထမအကြိမ် စာရင်းရှင်းလင်း တင်ပြခြင...
08/11/2022

မြောင်အီးဂဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ...

အလှူရှင်များသို့ ကျေးဇူးတင်ဂုဏ်ပြုခြင်းနှင့် ပထမအကြိမ် စာရင်းရှင်းလင်း တင်ပြခြင်း....

*️⃣1.9.2022 မှ 30.10.2022*️⃣ ထိ

▶ UKနိူင်ငံ ဦးဝင်မင်းထွန်း မိသားစုမှ =၆ သိန်း

▶ ဒေါ်လု မှ =၁၀ သိန်း

▶ မြို့ပြပြောက်ကြား စစ်ဆင်ရေး Black Cat(ဗဟိုဌာနချုပ်)မှ = ၂၀ သိန်း

▶ UKနိူင်ငံ မနိုက်တင်ဂေး မှ = ၃သိန်း၅သောင်း

▶ ကျောက်မဲမြို့ ရွှေငါး မှ = ၁ သိန်း

▶ ကျောက်မဲမြို့ အမည်မဖော်လိုသူ မှ = ၁သိန်း

*️⃣စုစုပေါင်း = ၄၁ သိန်း ၅ သောင်းရရှိပါသည်။

ဂဏ္ဍအလိုက် စီမံ သုံးစွဲခဲ့သော ကုန်ကျငွေများမှာ...

🔴မြောင်မြို့နယ်ညောင်ကားယားကျေရွာ မီးဘေးသင့်ပြည်သူများသို့ ပြန်လည်
လှူတန်းပေး = ၁၇ သိန်း

🔴ဆက်သွယ်ရေး စကားပြောစက်(ဟော်ကီတော်ကီ)ဝယ်ယူရန် ကုန်ကျငွေ = ၁၀ သိန်း

🔴ထုတ်လုပ်ရေးအတွက် ကုန်ကျငွေ = ၅ သိန်း

🔴၉လုံးကျဥ်ဝယ်( ၁၀၀) တောင့်
ကုန်ကျငွေ = ၇ သိန်း

🔴ထောက်ပို့ အသုံးပြုရန် ဆိုင်ကယ်ဝယ်ယူ
ကုန်ကျငွေ = ၃ သိန်း

🔴လက်နက် ခဲယမ်းများ သယ်ယူရာတွင် အသုံးပြု ကုန်ကျငွေ = ၆ သိန်း ၅ သောင်း

🔴စက်သုံးဆီနှင့် အထွေထွေသုံး
ကုန်ကျငွေ = ၂သိန်း ၅ သောင်း

*️⃣စုစုပေါင်း ကုန်ကျငွေမှာ = ၅၁ သိန်း

* လှူဒါန်းပေးကြသော အလှူရှင်များအား အထူး ကျေးဇူးတင် ပါသည်။ ကျွနု်ပ်တို့ မြောင်အီးဂဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် သေးငယ်သော အဖွဲ့စည်းတစ်ရပ်ဖြစ်သည့်အလျောက် မိဘပြည်သူများမှ လှူဒါန်းသော ငွေကြေးများ၊ ပစ္စည်းများ၊ ဆေးဝါးများ ကိုအလေအလွင့်မရှိစေဘဲ တော်လှန်ရေးအောင်မြင်ဖို့သာ အဓီကထား အသုံးပြုပါသည်။

* ကျွနု်ပ်တို့တပ်ဖွဲ့သည် မတရားအကြမ်းဖက် စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်ရာတွင် လိုအပ်ပါက အသက်ကိုစွန့်၍ တိုက်ပွဲဝင် တော်လှန်သွားမည်ဟု ကတိသစ္စာပြုပါသည်။

* ယခုဖော်ပြချက်သည် ငွေကြေး လှူဒါန်းသူများ သီးသန့်ဖြစ်ပါသည်။

* ဆေးဝါးများ၊ စားသောက်ကုန်များ၊ ကွန်ပြူတာနှင့်စက်ပစ္စည်း လှူဒါန်းမှုများအတွက် ထုတ်ပြန်ခြင်းကြေညာခြင်း အဆင်မပြေပါသောကြောင့် တောင်းပန်အပ်ပါသည်။

#မြောင်အီးဂဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြောင်မြို့နယ် ညောင်ကားယားကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အကြမ်းဖက်စစ်တပ်မှပစ်ခတ်‌‌သောလက်နက်ကြီးကျည်ကျရောက်ပေါက်က...
04/11/2022

မြောင်မြို့နယ် ညောင်ကားယားကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အကြမ်းဖက်စစ်တပ်မှပစ်ခတ်‌‌သောလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ

နိုဝင်ဘာ ၄ ရက်....

3.11.2022ရက်နေ့ ယမန်နေ့ နေ့လည်ပိုင်းတွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြင်းခြံမြို့နယ် မြစ်ကမ်းပါးတစ်လျှောက်‌တွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မြောင်မြို့နယ် ၊ ညောင်ကားယားကျေးရွာသို့ လက်နက်ကြီးဖြင့်သုံးကြိမ်တိုင်တိုင်ပစ်ခတ်ခဲ့သည်။ နေ့လည်ပိုင်းတွင် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်မာ ညောင်ကားယားကျေးရွာ တောင်ဘက် ဘုန်းတော်ကြီးကျောင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းထိုင်ဦးဇင်းတစ်ပါးနှင့် ပြည်သူတစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။ ညနေပိုင်းတွင်လည်း နှစ်ကြိမ်တိုင်ပစ်ခတ်ခဲ့ရာ တစ်လုံးမာ ကျေးရွာအနောက်ဘက် ယာခင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမာ ကျေးရွာရှိ ပြည်သူ့နေအိမ်ထဲသို့ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်အတွင်းပိုင်းပျက်စီးပြီး နွားတစ်ကောင်လက်နက်ကြီးကျည်အစအန များထိမှန်ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူ ၄၅၀၀ ခန့် ဘေးလွတ်ရာသို့ ‌ယခုအချိန်ထိရှောင်တိမ်း နေကြရသည်။

Myaung Eagle People's Defence Force #

အောက်တိုဘာ၂၇ရက်...27.10.2022 ရက်နေ့ ယနေ့နေ့လည် ၁၂နာရီအချိန်ခန့်တွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်...
27/10/2022

အောက်တိုဘာ၂၇ရက်...

27.10.2022 ရက်နေ့ ယနေ့နေ့လည် ၁၂နာရီအချိန်ခန့်တွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မြောင်မြို့နယ်၊ ညောင်ကားယားကျေးရွာအနီးကို လက်နက်ကြီးဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးကျည် များမှာ ကျေးရွာမြောက်ဘက် ယာခင်းများထဲတွင် ကျ‌‌ရောက်ပေါက်ကွဲ ခဲ့သောကြောင့် ပြည်သူများတစုံတရာထိခိုက်မှု မရှိခဲ့ပါ။

ဝမ်းနည်းကြောင်း ထုတ်ပြန်ခြင်း...အောက်တိုဘာ၂၄ ရက်KIAတပ်မဟာ(၉)နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်...
24/10/2022

ဝမ်းနည်းကြောင်း ထုတ်ပြန်ခြင်း...
အောက်တိုဘာ၂၄ ရက်

KIAတပ်မဟာ(၉)နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIAမှ အရာရှိများ၊အနုပညာရှင်များ၊အတတ်ပညာရှင်များနှင့်အများပြည်သူများထိခိုက်သေဆုံးမှုကို တိုင်းရင်းသားသွေးချင်းညီအကိုမောင်နှမ များနဲ့အတူ ကျွန်ုပ်တို့မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှလည်း ထပ်တူဝမ်းနည်းရပါသည်။

မြန်မာနိူင်ငံတစ်ဝှမ်းရှိ အသက်ပေးတိုက်ပွဲဝင်သွားသော PDFရဲဘော်များ တိုင်းရင်းသားညီကိုမောင်နှမများ ဆန္ဒပြပွဲတွင်ကျဆုံးသွားသော သူရဲကောင်းများနှင့်ပြည်သူများကိုထောက်ထား၍ စစ်အာဏာရှင်စနစ်အမြစ်ပျက်သည့်ထိတိုက်ပွဲဝင်သွားမည်ဟုကတိသစ္စာပြုပါသည်။

#မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြောင်မြို့နယ် ၊ ရွှေပေါက်ပင်တွင် စစ်ရှောင်ပြည်သူများလိုက်ပါစီးနင်းလာ‌သောမော်တော်အား လက်နက်ကြီးကျည်ထိမှန်22.10.2022 ယနေ့...
23/10/2022

မြောင်မြို့နယ် ၊ ရွှေပေါက်ပင်တွင် စစ်ရှောင်ပြည်သူများလိုက်ပါစီးနင်းလာ‌သောမော်တော်အား လက်နက်ကြီးကျည်ထိမှန်

22.10.2022 ယနေ့ နံနက် ၄နာရီဝန်းကျင်ခန့်တွင်ကျောက်ရစ်စခန်းမှ နနွင်းကိုင်း၊ ဆူးလေကုန်း၊သနပ်ကုန်းရွာသို့ စစ်ကြောင်း ၁ကြောင်း၊ မြင်းမူနယ်မှ ရွှေပေါက်ပင်သို့ စစ်ကြောင်း ၁ကြောင်း လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် တရစပ်ပစ်ခတ်ခါ စစ်ကြောင်း ၂ကြောင်းဖြင့်ဝင်ရောက်ခဲ့သည်။

ကျောက်ရစ်မှထွက်လာသော ခွေးစစ်ကြောင်းကို ပြည်သူများအချိန်မှီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် အထိခိုက်မရှိသော်လည်း ရွှေပေါက်ပင်သို့ ထွက်လာသော ခွေးစစ်ကြောင်းမှ စစ်ရှောင်ပြည်သူ၆ဦးလိုက်ပါစီးနင်းခဲ့သော စစ်ရှောင်မော်တော်ကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လက်နက်ကြီးကျည်မှာ စက်လှေပေါ်တည့်တည့်ကျရောက်ခဲ့ပြီး စက်လှေနစ်မြုတ်ပျက်စီးကာ လိုက်ပါစီးနင်းလာသော ပြည်သူ၅ဦးမှာ ရေတွင်နစ်မြုတ်ပျောက်ဆုံးနေပြီး ၁ဦးသာ အသက်ရှင်လျှက်တွေ့‌ရကြောင်း သတင်းရရှိပါသည်။ ယခုအချိန်ထိ ထိုခွေးစစ်ကြောင်းမှာ ရွှေပေါက်ပင်ရွာထဲတွင်ရှိနေပြီး ပြည်သူများလည်း ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ခွေးစစ်ကြောင်း​အနီးနားရှိကျေးရွာနေပြည်သူများ အထူးဂရုစိုက် နေကြပါရန်နှင့် ထိုအကြမ်းဖက်စစ်ကောင်စီတပ်များမှာ ပြည်သူလူထုအားဖမ်းစီးညှင်းပမ်း သတ်ဖြတ်ခြင်း၊ပြည်သူ့နေအိမ်များအားမီးရှို့ခြင်းများပြုလုပ်နိုင်ပါသဖြင့် အလွယ်တကူရှောင်တိမ်းနိုင်ရန် ပြင်ဆင်ထားကြပါရန် နှိုးဆော် တိုက်တွန်းအပ်ပါသည်။

# Myaung Eagle People's Defence Force

(ပုံဟောင်းများကိုအသုံးပြုထားခြင်းဖြစ်ပါသည်)

Address

Myaung

Website

Alerts

Be the first to know and let us send you an email when Myaung Eagle People's Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share