02/01/2023
ထုတ်ပြန်ကြေညာချက်အမှတ် (၂၆/၂၀၂၃)
(၃၁.၁၂.၂၀၂၂) ရက်နေ့ တနင်္သာရီမြို့နယ်၊မော်တုံးရွာအနီး(၃၀၆) အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ(၂) တနင်္သာရီရိုးမ၊တနင်္သာရီပြောက်ကျားပူးပေါင်းအဖွဲ့တို့သွားရောက်တိုက်ခိုက်ခဲ့ပါသည်။
(၁.၁.၂၀၂၃)ရက်နေ့ တပ်ရင်း-၂ တပ်ခွဲ(၁)၊
တနင်္သာရီမြို့နယ် မပာာမိတ်တပ်ပေါင်းစုအဖွဲ့တို့နှင့်ပူးပေါင်း၍ တနင်္သာရီမြို့နယ်၊
ဗောဓိကမ်းတံတားဂိတ်တွင်သွားရောက်တိုက်ခိုက်ခဲ့ပါသည်။
အလားတူ(၁.၁.၂၀၂၃)ရက်နေ့ တနင်္သာရီမြို့နယ်၊ဘန်လောကျေးရွာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တပ်ရင်း-၂ တပ်ခွဲ(၁)၊မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါသည်။
ယခုထုတ်ပြန်ကြေညာချက်သည် ယမန်နေ့ကမြေပြင်အခြေအနေမတည်ငြိမ်၍ယနေ့ထုတ်ပြန်ကြေညာအပ်ပါသည်။
မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း-(၂) သည်
အာဏာရှင်အဆုံးထိတော်လှန်ရေးသန္နိန်ဌာန်ချ၍ပြည်သူလူထုကတိသစ္စာပြုပါသည်။
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မြိတ်ခရိုင်တပ်ရင်း၂
#သတင်းနှင့်ပြန်ကြားရေး