Auxiliary Fire Force Myeik

Auxiliary Fire Force Myeik Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Auxiliary Fire Force Myeik, Government Website, Myeik.

အဲ့ကောင်တွေ အခုဘယ်ရောက်ကုန်ကြပြီလဲဟ
23/10/2024

အဲ့ကောင်တွေ အခု
ဘယ်ရောက်ကုန်ကြပြီလဲဟ

22/11/2023
တလရအဖွဲ့အတွက် အလှူငွေများကိုလိမ်သွားတဲ့ လင်မယားပါ။၎င်းလင်မယားဟာ ငွေလွဲလုပ်ငန်းလုပ်ကိုင်နေပြီးမကြာသေးမီက ထိုင်းနိုင်ငံမှတ...
07/11/2023

တလရအဖွဲ့အတွက် အလှူငွေများကို
လိမ်သွားတဲ့ လင်မယားပါ။

၎င်းလင်မယားဟာ ငွေလွဲလုပ်ငန်းလုပ်ကိုင်နေပြီး
မကြာသေးမီက ထိုင်းနိုင်ငံမှတလရအဖွဲ့အတွက်
ငွေလွဲပေးရန် ထိုင်းငွေမှမြန်မာငွေဖြင့်ပြန်လွဲရန်
၎င်းတို့အကောင့်ထဲငွေလွဲပေးပြီးမှfb acc blသွားတဲ့အပြင်
အဆက်အသွယ်အားလုံးဖြတ်တောက်သွားပါတယ်။

"အရင်ကလည်း ငွေလွဲနေကြပါ”
"အခုမှဘယ်လိုစိတ်နဲ့လုပ်ရက်လဲမသိဘူး”
"ကျွန်တော်တို့က ထိုင်းကနေထိုင်းငွေနဲ့မြန်မာငွေပြန်လွဲပို့နေကြပါ"
"တလရအဖွဲ့အတွက် ရိက္ခာဖိုးလွဲမလို့ပါ”
"အခုတော့ မြန်မာငွေနဲ့တွက်ရင် ၁၀သိန်းလောက်ပါသွားပါတယ်"
"သူတို့လင်မယားက မြဝတီကပါ"
"အခုတော့ အတော်စိတ်မကောင်းဖြစ်ရပါတယ်”

13/10/2023

လှိုင်သာယာ၊ ရှမ်းချောင်းကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးကို မီးသတ်သင်တန်း တက်ရမည်ဟုဆိုကာ တပ်သားသစ်အဖြစ် စုဆောင်းပြီး စစ်တပ်ထဲ လိမ်ခေါ်သွင်း

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးကို မီးသတ်သင်တန်း တက်ရမည်ဟုဆိုကာ တပ်သား သစ် အဖြစ် စစ်တပ်က စုဆောင်းပြီး တပ်ထဲသို့ လိမ်လည်ခေါ်သွင်းသွားကြောင်း အဆိုပါလူငယ်များနှင့် ရင်းနှီးသော မိတ်ဆွေတချို့က ပြောဆိုသည်။

လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းကျေးရွာ (FMI City အိမ်ရာ အနောက်ဘက်ရှိ ရပ်ကွက်) မှ အရန်မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးသည် ငွေကြေးမပြည့်စုံဘဲ ဆင်းရဲသော မိသားစုများမှ ဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေစဉ် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စစ်တပ်က မီးသတ် သင်တန်း ၆ လတက်ရမည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ယင်း လူငယ် ၅ ဦးသည် မီးသတ်သင်တန်းမရောက်ရှိဘဲ စစ်ကောင်စီ၏ သန်လျင် လေ့ကျင့်ရေးတပ်သို့ ရောက်ရှိပြီး တပ်သားသစ်အဖြစ် စုဆောင်းခံရကြောင်း သိရှိရသည်။

လက်ရှိတွင် လူငယ် ၅ ဦး ၏ မိသားစုဝင်များက မီးသတ်တပ်ဖွဲ့မှတစ်ဆင့် နီးစပ်ရာ လိုက်လံစုံစမ်းပြီး စစ်တပ်ထဲမှ ပြန်လည် ထုတ်ယူရန် ကြိုးစားသော်လည်း
မအောင်မြင်ဘဲ လူချင်းလည်းတွေ့ခွင့်မရကြောင်း၊ လူငယ် ၅ ဦးလုံးသည် သန်လျင် လေ့ကျင့်ရေးဌာနချုပ်တွင် စစ်သင်တန်း တက်ရောက်နေရကြောင်း သိရှိရသည်။

" ရှမ်းချောင်းကျေးရွာက အရန် မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးလုံး ကို မီးသတ်သင်တန်း ၆ လတက်ရမယ်ဆိုပြီး သန်လျှင် လေ့ကျင့်ရေး တပ်ထဲကို ခေါ်သွားတယ်။ အခုနောက်ဆုံး သိရတာက တပ်သားသစ်အဖြစ် စာရင်းသွင်း စုဆောင်းလိုက်ပြီး။ မိသားစုတွေက လိုက်လံစုံစမ်းပေမယ့် သန်လျင်လေ့ကျင့်ရေးတပ်မှာလို့ ပြောတယ်။ သန်လျင်မှာက တပ်တွေများတော့ ဘယ်တပ်ထဲလဲဆိုတာ သေသေချာချာ မသိရဘူး။ လူချင်းတွေ့ခွင့်လည်းမရ၊ ဖုန်းနဲ့လည်း အဆက်အသွယ် မရဘူး။ စစ်သားမရှိတောကို အဲဒီလို လိမ်လည် စုဆောင်းတာမျိုးကို လူငယ်တွေရဲ့ မိဘဆွေမျိုးတွေက လက်မခံနိုင်ကြဘူး။ အရန်မီးသတ်ဆိုတာက သူတို့လက်အောက်ခံလေ။ သူတို့လက်အောက်ခံ လူငယ်တွေကို အတင်းအကျပ်ကိုင် လိမ်လည်ကာ စစ်သားသစ်အဖြစ် စုဆောင်းတာပါ" ဟု လူငယ်များနှင့်နီးစပ်သော မိတ်ဆွေတစ်ဦးက ဆိုသည်။

စစ်သားအဖြစ် စုဆောင်းခံရသူ အရန်မီးသတ်လူငယ် ၅ ဦး၏ မိဘများက ၎င်းတို့၏ သားများကို စစ်တပ်ထဲမှ လိုက်လံ ထုတ်ယူလိုသော်လည်း ငွေကြေးအရ မပြည့်စုံခြင်း၊ ဆင်းရဲခြင်းတို့ကြောင့် လမ်းစရိတ်မှစ၍ စရိတ်စက မတတ်နိုင်သဖြင့် အခက်အခဲဖြစ်နေရကြောင်း သိရှိရသည်။

"အရန်မီးသတ်ဆိုပေမယ့် လူငယ်တွေက အရင်တုန်းက တစ်နေ့ တစ်သောင်းနဲ့ ရပ်ကွက်ရုံး၊ မီးသတ်ရုံးကို စစ်ယူနီဖောင်းဝတ်ပြီး လုံခြုံရေးစောင့်ဖူးတယ်။ အရင်က တစ်ညကိုတစ်သောင်းနဲ့ နေ့စား စစ်သားယူနီဖောင်းဝတ်ပြီး လုံခြုံရေးလုပ်ပေးတာ။ အခုကတော့ စစ်သားအဖြစ်ကို စုဆောင်းခံလိုက်ရတာ" ဟု မိသားစုနှင့်နီးစပ်သော မိတ်ဆွေက ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင် ဩဂုတ်လမှစတင်၍ စစ်ကောင်စီက လူဆိုးလူမိုက်များ၊ ငွေကြေးဆင်းရဲသော မိသားစုများမှ လူငယ်များကို ပြည်သူ့စစ်(ခေါ်) ပျူစောထီးများအဖြစ် စုဆောင်းပြီး နေ့စားငွေပေးကာ စစ်သင်တန်း တက်ခိုင်းခြင်း၊ ရဲ၊ စစ်တပ်တို့နှင့်အတူ လုံခြုံရေး ပူးတွဲ ကင်းစောင့်ခိုင်းခြင်းများ လုပ်ဆောင် လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်တချို့။

01/10/2023
အိမ်မရှိ ယာမရှိ မီးရှို့ခံလိုက်ရတဲ့စစ်ကိုင်းကပြည်သူတွေကိုလည်းအားမနာ နိုင်ငံလွတ်လပ်ရေးအတွက်အသက်ပေးတိုက်ပွဲဝင်နေတဲ့လူငယ်တွ...
23/09/2023

အိမ်မရှိ ယာမရှိ မီးရှို့ခံလိုက်ရတဲ့
စစ်ကိုင်းကပြည်သူတွေကိုလည်း
အားမနာ နိုင်ငံလွတ်လပ်ရေးအတွက်
အသက်ပေးတိုက်ပွဲဝင်နေတဲ့
လူငယ်တွေကိုလည်း အားမနာ
စီးပွားရေးတခုဘဲကြည့်တတ်တဲ့
မင်းတို့လိုအနုပညာရှင်တွေရှိတာ
မြန်မာပြည်သိက္ခာကျတယ်
စစ်ဖြစ်နေတာကို အပျော်နဲ့
ဖုံးဖို့ကြိုးစားနေတဲ့
မင်းတို့လိုလူတွေကို
ငါမြိတ်သား တယောက်အနေနဲ့မကြိုဆိုဘူး
သေနေတဲ့အသက်တွေကိုအားနာ
ငတ်ဘေးကြုံနေရတဲ့ စစ်ဘေးရှောင်တွေကို အားနာအုန်း
ငါမြိတ်သားတယောက်ဘဲ

နောက်ဆုံးကုန်အောင်ပြောလိုက်မယ်
အခုလိုစစ်ဘေးကာလမှာဘာပွဲနဲ့မှ
မြိတ်ကိုမလာပါနဲ့မကြိုဆိုဘူး။

18/09/2023

ဘုတ်ပြင်းမြို့နယ်.ကရသူရိ ကံမော်ကြီးကျေးရွာ

၎င်းကျေးရွာရှိ ကျားငယ်.မြင့်ငယ်.ကြည်စိုး
ဝါဝါကြွယ်လင်မယား ခဗျားတို့အားလုံး
သတိထားပြီးနေတော့ ခဗျားတို့ကြောင့်
ဘဝပျက်ခဲ့ရတဲ့ မိသားစုဘဝတွေအတွက်
မကြာခင် ခဗျားတို့ပြန်ပေးဆပ်ရလိမ့်မယ်။

ခဗျားတို့လုပ်ခဲ့တဲ့ ဒလန်လုပ်ရပ်တွေဟာ
မကြာခင် ခဗျားတို့ကို အကျိုးပေးတော့မယ်။

မင်းတို့နားကို ငါတို့ရောက်နေပြီ။
မကြာခင် မင်းတို့သွေးကြွေးဆပ်ရမယ်။

မင်းတို့ အသက်တွေ ဖက်နှင့်ထုပ်ထားပါ။

#ရိန်းဂျားဒလန်ရှင်းလင်းရေး

လေဖြန်းဝေဒနာခံစားနေရတာ ပြည်သူမဟုတ်ပါ။အမှန်က လေဖြန်ဝေဒနာခံစားနေရသောပြည်သူ့စစ်တပ်ဖွဲ့ဝင်ကိုပေးကမ်းတာပါ။
19/08/2023

လေဖြန်းဝေဒနာခံစားနေရတာ ပြည်သူမဟုတ်ပါ။
အမှန်က လေဖြန်ဝေဒနာခံစားနေရသော
ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကိုပေးကမ်းတာပါ။

15/08/2023

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် စစ်ကြောနှိပ်စက်မှုလုပ်ဆောင်ရာတွ...

Address

Myeik

Alerts

Be the first to know and let us send you an email when Auxiliary Fire Force Myeik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share