02/05/2024
#တော်လှန်ရေး_နှေးသည်မရှိ
ပြည်သူ့လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ်ရေးအတွက် တတ်နိုင်တဲ့အခြေအနေ၊ ရှိသမျှအင်အားဖြင့် ပါဝင်ပူးပေါင်း တိုက်ပွဲဝင်နေပါသည်။
မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း- ၁
-တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့
(ဘက်မလိုက်ပြောက်ကျားအဖွဲ့)
(တောင်ပိုင်းသူရဲကောင်းများအင်အားစု -SWDF)
-မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း-၂ (တပ်ခွဲ၁)
-မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့
မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း- ၂
-တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့
(တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့-TYF)
(တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့)
(တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့)
-မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း-၂ (တပ်ခွဲ၂)
-ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့
-ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့
ဒရုန်းအဖွဲ့
Dragon Squad -TNI ဒရုန်းအဖွဲ့
ADF ဒရုန်းအဖွဲ့
ပူးပေါင်းအဖွဲ့များ
-တနင်္သာရီလွတ်မြောက်ရေးအင်အားစု-TLF
-တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့
-တောင်ပိုင်းညီနောင်မဟာမိတ်စစ်ကြောင်း
#ငါတို့အနာဂတ်_ငါတို့ပိုင်တယ်
#တနင်္သာရီလွတ်မြောက်ရေးအင်အားစု_tlf
တနင်္သာရီမှာ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေ
တနင်္သာရီတိုင်းမ်၊ မေ ၁
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေ၊ ဂိတ်စခန်းတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ နေ့စဥ်နီးပါးတိုက်ခိုက်နေပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရ၌ါတယ်။
တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း ဧပြီလ ၂၂ ရက်ကစလို့ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဧပြီ ၂၆ ရက်နေ့ကစပြီး သိန္ဓောရွာဘက်ကို စစ်ကူသွားမဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ စစ်ကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေး တာဝန်ခံ ရဲဘော်မျိုးကြီးက ပြောပါတယ်။
“သိန္ဓောမှာ အခြေအနေတွေ ပြင်းထန်နေချိန်မှာ ကျနော်တို့ ပူးပေါင်းတပ်တွေက ပြည်ထောင်စု လမ်းပိုင်းတွေကို တာဝန်ယူ ဖြတ်ချပေးနေတာပါ” လို့ ရဲဘော်မျိုးကြီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က ဇဝဲတပ်ရင်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနက် ၅ နာရီဝန်းကျင်က ရမ်းဖိုရွာအနီးမှာ တစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်က ဘန်းလမွတ်ရွာ အနီးမှာ တစ်ကြိမ် ပူးပေါင်းစစ်ကြောင်း (၂) ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်မျိုးကြီးက ပြောပါတယ်။
ဧပြီ ၂၇ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာလည်း မြေမအုံရွာနဲ့ ချောင်းဝရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းစစ်ကြောင်း (၁) က ရဲဘော်တွေက ထပ်မံတိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ် ဝန်းကျင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကြောင်း (၁) ရဲ့ တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။
ဧပြီ ၂၇ ရက်နေ့မှာပဲ ည ၈ နာရီခွဲဝန်းကျင်မှာ ပူးပေါင်း စစ်ကြောင်း (၁) မှာပါဝင်တဲ့ တပ်ဖွဲ့တွေကနေ ခမရ (၅၅၆)၊ အမတ (၃၀၆) တပ်ရင်းတွေနဲ့ တုံးဗျောကြီးကျေးရွာက စစ်ကောင်စီဂိတ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အမတ (၃၀၆) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ စစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံနဲ့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
ဧပြီ ၂၈ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်မှာလည်း သိန္ဓောဘက်ကို ဦးတည်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို မြန်မာအင်းတော်ရွာအရောက်မှာ ပူးပေါင်းစစ်ကြောင်း (၁) နဲ့ တောင်ပိုင်းညီနောင်တပ်ပေါင်းစုတို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး၊ ၂ ဦး အလင်းဝင်ခဲ့တယ်လို့ စစ်ကြောင်း (၁) ရဲ့ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧပြီ ၂၈ ရက် ညဘက်မှာပဲ ပူးပေါင်း စစ်ကြောင်း (၂) တပ်ဖွဲ့တွေကနေ အမတ (၃၀၆) တပ်ရင်းနဲ့ တုံးဗျောကြီး စစ်ကောင်စီဂိတ်စခန်းကို ထပ်မံသွားရောက် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကြောင်း (၂) ပြန်ကြားရေး တာဝန်ခံဆီကသိရပါတယ်။
ဧပြီ ၂၉ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ ညောင်ပင်ကွင်း ခမရ (၅၆၁) တပ်ရင်းကနေ သိန္ဓောဘက်ကို စစ်ကူသွားတဲ့ အင်အား ၆၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းစစ်ကြောင်း (၁) ကနေ ကျွဲထိန်းကုန်းရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မနက် ၁၁ နာရီဝန်းကျင်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကြောင်း (၁) ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။
၂၉ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဝန်းကျင်လောက်ရှိတယ်လို့ စစ်ကြောင်း (၁) တာဝန်ရှိသူက ဆိုပါတယ်။
ကျွဲထိန်းကုန်းရွာတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးအလုံး ၄၀ ဆယ်ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းကတော့ သိန္ဓောဘက်ကို ဆက်လက်ဦးတည်သွားနေတယ်လို့လည်း သိရပါတယ်။ ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာလည်း ကျွဲထိန်းကုန်းကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲခဲ့ပါတယ်။
“ဒီရက်ပိုင်းထဲမှာ ဖြစ်တဲ့ တိုက်ပွဲဖြစ်စဥ်တွေအကုန်လုံးက တနင်္သာရီက မြေပြင်တပ်ဖွဲ့တွေ အားလုံးပေါင်းပြီး တိုက်တာတွေပဲဗျ။ ဒါကို စစ်ဆင်ရေးတစ်ခုအနေနဲ့ ပတ်သက်ပြီး ဖော်ဆောင်နေတာပါ” လို့ ပူးပေါင်း စစ်ကြောင်း (၁) ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
မနေ့က ဧပြီ (၃၀) ရက်၊ မနက် ၅ နာရီခွဲဝန်းကျင်မှာလည်း တုံးဗျောကြီး စစ်ကောင်စီဂိတ်စခန်းကို ပူးပေါင်း စစ်ကြောင်း (၁) က ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး၊ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ပူးပေါင်းစစ်ကြောင်း (၂) ဘက်က ရဲဘော် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီကနေ့ မေ (၁) ရက်နေ့မှာတော့ တုံးဗျောကြီး ဂိတ်စခန်းမှာ စစ်ကောင်စီဘက်က အင်အားထပ်မံ ဖြည့်ထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ တနင်္သာရီမြို့နယ်က နေရာအနှံ့မှာ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ခံနေရတဲ့ သိန္ဓောကျေးရွာအုပ်စုနဲ့ သကျက်ကျေးရွာအုပ်စုက ဒေသခံအများအပြား နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
တနင်္သာရီမြို့နယ်ဟာ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တွေထဲကတစ်ခုဖြစ်ပါတယ်။
ပုံစာ - မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၁ ။ (ပုံဟောင်း)
(တနင်္သာရီတိုင်းမ် သတင်းဌာနရဲ့ သတင်းတွေကို https://www.tntynews.com မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)