Myeik Township Info Committee NLD

Myeik Township Info Committee NLD Official page of Information Committee, Myeik Distric, National League for Democracy.

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့ ပူးပေါင်းကျင်းပသည့် ၇၈ ကြိမ်မြောက် အာဇာနည်နေ့အ...
19/07/2025

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့ ပူးပေါင်းကျင်းပသည့် ၇၈ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့သည့် အောက်မေ့ဖွယ်သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
10/06/2025

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၁၀ ) ရက်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ လူထုခေါင်းဆောင်၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်းတို့အား မေတ္တာရပ်ခံတိုက်တွန်းချက်

၁။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ဖြစ်ပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်ုပ်တို့မြန်မာနိုင်ငံအား ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အပြည့်အဝအာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် နိုင်ငံရေး နည်းလမ်းများဖြင့် စွန့်လွှတ်စွန့်စား ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စစ်အာဏာရှင်အဆက်ဆက်တို့၏ ဥပဒေမဲ့ မတရားဖမ်းဆီးအကျဉ်းကျခံခဲ့ရသည်မှာ ၁၉၈၉ ခုနှစ်ဇူလိုင် ၂၀ ရက်နေ့မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကာလအတွင်း ၁၅ နှစ် ၄ လ ခန့် ရှိခဲ့ပါသည်။ ကမ္ဘာကျော် ဒီပဲယင်းအရေးအခင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုများလည်းအကြိမ်ကြိမ်ရှိခဲ့ပါသည်။

၃။ ပြည်သူလူထု၏တခဲနက်ထောက်ခံမှုဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကန့်အသတ်များကြားမှပင် ပြည်သူလူထုထောက်ခံ ပါဝင်မှု မြင့်မားစွာဖြင့်တိုင်းပြည်ကိုဘက်စုံဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်း များကိုပြည်သူများ လွတ်လွတ်လပ်လပ် လေ့လာထိတွေ့ခံစားစေနိုင်ခဲ့ပါသည်။

၄။ ထို့ကြောင့် ပြည်သူလူထု၏ထောက်ခံမှုကို အပြည့်အဝရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူလူထု၏ ၈၂ ရာခိုင်နှုန်းကျော်သောဆန္ဒမဲဖြင့် ဆက်လက်တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။ သို့ရာတွင် ကိုယ်ကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကိုထူထောင်လိုသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေမဲ့ အာဏာသိမ်းကာ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားသည်မှာ ယနေ့ဆိုလျှင် ၁၅၉၀ ရက်တိတိ ရှိပြီဖြစ်သည်။

၅။ သို့ဖြစ်ပါ၍ မတရားအကျဉ်းကျခံနေရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် ကျွန်ုပ်တို့ တိုင်းပြည် အနာဂတ်အတွက် အရေးပါဆုံးသောလုပ်ငန်းစဉ်တခု အဖြစ်ခံယူပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်မြတ်နိုးသောသူများအနေဖြင့် အောက်ဖေါ်ပြပါ လုပ်ငန်း နှစ်ရပ် ကို ပါဝင် ဆောင်ရွက်ကြပါရန်မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။
(က) ဒေါ်အောင်ဆန်းစုကြည်၏နှစ် ၈၀ ပြည့်မွေးနေ့ဖြစ်သော ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မနက် ၈ နာရီတိတိတွင် မိမိတို့နေအိမ်တွင်း (သို့) ရောက်ရှိရာအဆောက်အဦးအတွင်း၌ မိမိတို့ကိုးကွယ်ယုံကြည်ရာ ဓလေ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုဆန္ဒပြုလျက် ဆုတောင်းမေတ္တာပို့ခြင်းကို ၈ မိနစ်ကြာဆောင်ရွက်ပေးကြပါရန်။
(ခ) ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Mr. Kim (ခ) ဦးထိန်လင်း ဦးဆောင်သော မွေးနေ့ဆုတောင်း စကားပြောခြင်းအစီအစဉ် Happy Birthday SUU Video Challenge ၌ ပါတီဝင်ထု တရပ်လုံးနှင့် ပြည်တွင်းပြည်ပရှိ နိုင်ငံသားအပေါင်းတို့ အပြည့်အဝပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။

မွေးနေ့ပွဲကျင်းပရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
15/05/2025

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ - ၂၀၂၅ ခုနှစ်၊ မေလ (၁၅) ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၅/၂၀၂၅)

၁။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်ခဲ့သောငလျင်ကြီးအပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစု အသီးသီးက ငလျင်ဘေးသင့်ဒေသများအတွက် ယာယီအပစ်အခတ်ရပ်စဲရေးများ ကြေညာခဲ့ပါသည်။ အာဏာလုစစ်ကောင်စီမှလည်း ဧပြီလ ၂ ရက်နေ့မှစတင်၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ သော်လည်း ငလျင်ဘေးသင့်ဒေသများအပါအဝင် ဒေသအသီးသီးသို့ လေကြောင်းမှတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ အကျဥ်းထောင်တွင်း နိုင်ငံရေးအကျဥ်း သားများအား ညှဥ်းပမ်းနှိပ်စက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိနေပါသည်။

၂။ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) မှ ကောက်ယူရရှိထားသောစာရင်းများအရ အပစ်ရပ်ကာလအတွင်း ဧပြီလ ၃ ရက်နေ့မှ မေလ ၁၃ ရက် အထိ တိုင်းနှင့်ပြည်နယ် ၁၁ ခု သို့ လေကြောင်းတိုက်ခိုက်မှု (၁၈၁) ကြိမ်ကြောင့် သေဆုံးသူ ပြည်သူ (၁၈၂) ဦးတွင် ၁၈ နှစ်အောက် (၃၄) ဦးနှင့် ဒါဏ်ရာရသူ (၂၉၈) ဦး တွင် ၁၈ နှစ်အောက် (၇၆) ဦး ပါဝင်ပါသည်။

၃။ ငလျင်ဘေးသင့်ဒေသများဖြစ်သော မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့မှာ တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ခဲ့ပါသည်။

၄။ အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုများမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း အနောက်ခြမ်း အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၇ မိနစ် တွင် စစ်ကောင်စီလေတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် ဆရာမ (၂) ဦး နှင့် ကျောင်းသား ကျောင်းသူ (၂၂) ဦး သေဆုံးခဲ့မှု၊ မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းသို့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သဖြင့် ကလေးငယ် များနှင့် မိခင်များအပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့မှုတို့ဖြစ်ပါသည်။

၅။ တိုင်းနှင့်ပြည်နယ် ၅ ခုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း (၁၅) ကြိမ်တွင် သေဆုံးပြည်သူ (၁၄) ဦး နှင့်ဒါဏ်ရာရ (၄၃) ဦး ရှိရာ ၁၈ နှစ်အောက် ကလေးသူငယ် (၈) ဦး ပါဝင်ပါသည်။

၆။ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတို့၏အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီး ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကြောင့် သေဆုံးပြည်သူ (၁၆၉) ဦးရှိရာတွင် အသက် ၇ လသား ကလေးငယ်အပါအဝင် ၁၈ နှစ်အောက်သေဆုံးသူ (၃၆) ဦးရှိခဲ့ပါသည်။ (၅) ဦး နှင့်အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု (၈) ကြိမ် ကျူးလွန်ခဲ့ပါသည်။ မေလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းပြီး ရွာသား (၁၁) ဦးကို ပစ်သတ်၍ (၈) ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပါသည်။

၇။ ငလျင်ဘေးသင့်ဒေသတခုဖြစ်ခဲ့သော မန္တလေးတိုင်းရှိ အိုးဘိုအကျဥ်းထောင်တွင် အိပ်ဆောင်များ၊ အလုပ်ရုံနှင့်ထောင်တွင်းဆေးရုံတို့ ထိခိုက်ပျက်ဆီးခဲ့ပြီး အကျဥ်းသားအကျဥ်းသူ (၆၄) ဦး သေဆုံးခဲ့ရာ နိုင်ငံရေးအကျဥ်းသူအကျဥ်းသား (၁၂) ဦးသေဆုံးသည်ဟုသိရှိရပြီး နိုင်ငံရေးအကျဥ်းသူ (၆) ဦးကို အမည်စာရင်းနှင့်တကွ PPNM (မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်) မှ အတည် ပြုနိုင်ခဲ့ပါသည်။

၈။ မကွေးတိုင်း၊ ဒေါင်းနေအကျဥ်းထောင်တွင် ပြင်ပတိုက်ခိုက်မှုနှင့်ယှဥ်လျက် ထောင်ဗူးဝ မျှော်စင်မှ ထောင်တွင်းသို့ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဥ်းသား (၂) ဦးသေဆုံးပြီး (၅) ဦးထက် မနည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ရာ နိုင်ငံရေးအကျဥ်းသားများဖြစ်သော ကိုအောင်ခန့်ဦးနှင့် တောင်တွင်းကြီး မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် တို့သည် အသက်အန္တရာယ်စိုးရိမ်ရ သည့်အခြေအနေတွင် ရှိနေပါသည်။ ထို့အပြင် ဧပြီလ ၂၇ ရက်နေ့တွင် အကျဥ်းဦးစီးအရာရှိ မင်းလွင်ဦး နှင့်အဖွဲ့က ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား အစ္စလမ်ဘာသာရေးခေါင်းဆောင် ဦးမြတ်ကို သေဆုံးခဲ့ပါသည်။

၉။ သို့ဖြစ်ပါ၍ မင်းအောင်လှိုင်ဦးဆောင်သော အာဏာလုစစ်ကောင်စီသည် အပစ်ရပ်ရေး ထုတ်ပြန်ချက်များကိုချိုးဖောက်ပြီး အရပ်သားပြည်သူအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သေဆုံးစေသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity) နှင့် စစ်ရာဇဝတ်မှုများ (War Crimes) ကို ဆက်တိုက်ကျူးလွန်လျက်ရှိပါသဖြင့် ကုလသမဂ္ဂနှင့်အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက်။ နောက်ဆက်တွဲပူးတွဲဖော်ပြအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
08/02/2025

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၂ /၂၀၂၅)

၁။ ​၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလပဉ္စမအကြိမ် အစည်းအဝေး ကို Zoom မှတဆင့် ကျင်းပခဲ့ပါ သည်။

၂။ ​အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(၃) ဦး၊ ဗဟို ကော်မတီဝင် (၃၉) ဦး၊ အရန်ဗဟိုကော်မတီဝင် (၁၃) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် (၂၀) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၁၄) ဦး စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ပါသည်။

၃။ ​အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြု စာတမ်းများ တင်ပြဆွေးနွေးခဲ့ကြပါသည်။

၄။ ​စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်း ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ပါသောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို လုပ်​ဆောင်သင့်လုပ်​ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်း ဆောင်ရွက်ရန်၊ အာဏာလုစစ်ကောင်စီက ကျင်းပရန်ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲ သည် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုပေါ်ပေါက်လာစေမည် ဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်း ဆောင်ရွက်ခြင်းမပြုရန်နှင့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖယ်ရှားရေးအတွက် တိုင်းရင်းသားများ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်ရေးတိုးမြှင့်ရန် အပါအဝင် ဆုံးဖြတ်ချက်( ၉ ) ချက် ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ပါသည်။

၅။ ​ဗဟိုအလုပ်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာသော အစီရင် ခံစာများ၊ အကြံပြုချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်သတင်းထုတ်ပြန်ချက် (၁/၂၀၂၅) ၁။ ​၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စ...
01/02/2025

ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်
သတင်းထုတ်ပြန်ချက် (၁/၂၀၂၅)

၁။ ​၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သောစစ်အုပ်စုသည် မဲစာရင်းမှားယွင်းသည်ဟုအကြောင်းပြကာ တည်ဆဲဥပဒေများကို ချိုးဖောက်၍ နိုင်ငံတော်၏အာဏာကို အဓမ္မလုယူခဲ့ပြီး ပြည်သူလူထုက ရွေးကောက်တင်မြှောက် ထားသော အရပ်သားအစိုးရ၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များ၊ သံဃာတော်များ၊ စာပေနှင့်အနုပညာရှင်များ၊ သတင်းထောက်များ၊ ကျောင်းသားပြည်သူတက်ကြွလှုပ်ရှားသူများနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် များကို မတရားဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
၂။ ​စစ်ဖက်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်ပြည်သူများ၏ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် ကန့်ကွက် ခဲ့မှုများအား အာဏာလုစစ်ကောင်စီသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ ပါဝင်သူများကိုဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်းအပြင် အကျဉ်းထောင်များအတွင်းတွင်လည်း မတရားနှိပ်စက်မှုများ ကျူးလွန်ကြသောကြောင့် ဖမ်းဆီးခံရသူများတွင် သတင်းအစအန ပျောက်ဆုံးနေသူများပြားလာနေပါသည်။ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းစဉ် ယာဉ်မတော်မဆဖြစ်သည်ဟုအကြောင်းပြကာ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခြင်းများ ပြုလုပ် လာကြပါသည်။ ကျေးရွာများ၊ လူနေအိမ်များနှင့် လူသားများကိုပါ မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာနေပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး အစဖျောက်ကာ သတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်မှုများ ကျူးလွန်နေကြဆဲ ဖြစ်ပါသည်။
၃။​ကြမ်းတမ်းသောစစ်အာဏာရှင်အောက် ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရရှိရန်နှင့် နောင်လာနောက်သားတို့ လူ့အခွင့်အရေးကို လေးစားလိုက်နာစေရန် ရည်ရွယ်၍ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) ကို ၂၀၂၁ ခုနှစ်၊ မေလမှစတင်ဖွဲ့စည်းကာ နိုင်ငံတဝန်းရှိ တိုင်းနှင့်ပြည်နယ်များမှ ပါတီဝင်များနှင့် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ကောက်ယူလျက်ရှိပါသည်။
၄။​လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လက်လှမ်းမီသလောက် ကောက်ယူရရှိထားသော မှတ်တမ်းများအရ -
(က)​ပြည်သူများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်းများ၊ နေအိမ် အတွင်းရှိပစ္စည်းများကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းများကြောင့် ပြည်သူ (၈၃၉) ဦး၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၁,၀၂၁) ခု ရှိနေပါသည်။ ထိုအထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၉၉) ဦး နှင့် ပါတီဝင် (၂၅၆) ဦး၊ စုစုပေါင်း အဖွဲ့ချုပ်အဖွဲ့ဝင် (၄၅၅) ဦး တို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်း ယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၅၇၀) ခု ရှိနေပါသည်။
(ခ)​အကြမ်းဖက်စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ် ရုံးများကို အဓိကပစ်မှတ်ထားကာချေမှုန်းရန် ရည်ရွယ်ရင်းရှိသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ -
အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်)​- ၃ ကြိမ်
တိုင်းနှင့်ပြည်နယ်ရုံးများ​- ၁၅ ကြိမ်
ခရိုင်ရုံးများ​​​- ၆ ကြိမ်
မြို့နယ်ရုံးများ​​​- ၁၁၅ ကြိမ်
ရပ်ကျေးရုံးများ​​- ၂၈ ကြိမ်
စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၇) ကြိမ် ရှိခဲ့ပါသည်။
(ဂ)​အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံ ရသူ ၁၈,၄၃၄ ဦး ရှိနေပြီး ၎င်းတို့ထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး နှင့် အဖွဲ့ချုပ်ပါတီဝင် ၂,၄၉၆ ဦး တို့ ပါဝင်ပါသည်။ လက်ရှိဖမ်းဆီးခံထားရ သည့် အသက်မပြည့်သူ ကလေးသူငယ် ၂၆၀ ဦး နှင့် ဖမ်းဆီးခံအမျိုးသမီး ၂,၁၈၂ ဦး တို့ ပါဝင်ပါသည်။
(ဃ)​အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုစတင်ခဲ့သော ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ၄ နှစ်တာကာလအတွင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြကြ သော သပိတ်အင်အားစုများကို အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးမိသော ပြည်သူများကို စစ်ကြောရေးစခန်းများတွင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးအကျဉ်းချထားသော နိုင်ငံရေး အကျဉ်းသားများသည် အကျဉ်းထောင်အတွင်းတွင် လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းနှင့် လုံလောက်သော အစာအာဟာရများ မရရှိခြင်းတို့ကြောင့် မလိုလား အပ်ဘဲသေဆုံးခြင်း၊ အကျဉ်းထောင်အတွင်းတွင် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ခြင်း ကြောင့် သေဆုံးကြရခြင်း၊ အကျဉ်းထောင်ပြင်ပသို့ ထုတ်ကာသတ်ဖြတ်ခြင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရပ်ရွာများသို့ဝင်ရောက်ကာ ပြည်သူများကိုဖမ်းဆီးပြီး အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင် အသုံးချပြီးသတ်ဖြတ်ခဲ့ခြင်း၊ ရပ်ရွာရှိအမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ ခြင်း စသောကျူးလွန်မှုများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်ရွာများအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးဖြင့်ကြဲချခြင်း စသော ကျူးလွန်မှုများကြောင့် သေဆုံးကြရသော ပြည်သူ ၅,၁၄၀ ဦးတွင် အဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ပါတီဝင် ၁၀၇ ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် ၄၃၆ ဦး နှင့် အမျိုးသမီး ၈၁၁ ဦး တို့ပါဝင်ပါသည်။
(င)​ပြည်သူတို့၏ နေအိမ်ပေါင်း ၇၄,၈၅၁ လုံး မီးရှို့ဖျက်ဆီးခံကြရပြီး၊ အချို့ဒေသများတွင် အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုများရှိခဲ့ရာ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ၁,၈၅၉ ကြိမ် ရှိခဲ့ပါသည်။
(စ)​အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းတစ်ခုဖြစ်သော အရပ်သား ပြည်သူတို့၏ နေထိုင်ရာ ရပ်ရွာများအား လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၆၉ ကြိမ်တွင် ပြည်သူတို့နေထိုင်သောအိုးအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးပေးခန်းများ စသောအဆောက်အဦပေါင်း ၁,၇၅၂ ခု ပျက်စီးဆုံးရှုံးခဲ့ပါသည်။
(ဆ)​စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများတွင် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းကြောင့် လူနေအိုးအိမ် အဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးပေးခန်းများ စသောအဆောက်အဦပေါင်း ၁၃,၂၁၈ ခု ပျက်စီးခဲ့ရပြီး အပြစ်မဲ့ ပြည်သူ ၂,၆၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။
၅။​အထက်ပါဖြစ်စဉ်များသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်းသည် နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် အခြေခံလူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ရည်ရွယ်သည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်းလည်း ဖြစ်ပါသည်။
၆။​အထက်ပါမှတ်တမ်းများသည် လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (HRDT-NLD) အနေဖြင့် လက်လှမ်းမီသလောက်နှင့် တိကျသောမှတ်တမ်းများကို ပြုစုထားခြင်းဖြစ်ပြီး ပကတိမြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ပါသည်။ မှတ်တမ်းများရရှိရန် ဝိုင်းဝန်းအားဖြည့်ပေးကြသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့ချုပ်ပါတီဝင်များနှင့် ပြည်သူများ အား ဤအစီရင်ခံစာမှတဆင့် ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၇။​အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၄ နှစ်အတွင်းတွင် ပြည်သူများအား သတ်ဖြတ်ခြင်း၊ သုတ်သင်ရှင်းလင်းခြင်း၊ ကျွန်ပြုခြင်း၊ ပြည်နှင်ဒဏ် (သို့မဟုတ်) အတင်းအကြပ် နိုင်ငံအတွင်းမှ ထွက်သွားအောင်လုပ်ဆောင်ခြင်း၊ အကျဉ်းချခြင်း (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ပြင်းထန်စွာဆုံးရှုံးစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ဥပဒေမဲ့ ဖမ်းဝရမ်း ထုတ်ခြင်း၊ အတင်းအကြပ် ဖျောက်ဖျက်ခြင်း ကျူးလွန်ခဲ့သည်ကိုတွေ့ရှိရပါသည်။
၈။​ဤလုပ်ရပ်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်) စနစ်တကျ တိုက်ခိုက်ကျူးလွန်သည့် လုပ်ရပ်များဖြစ်သည့်အတွက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ စီရင်ပိုင်ခွင့်အတွင်းရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဖြစ်ပါ သည်။
၉။​၎င်းအပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၏ သတ်မှတ်ထားသော စည်းမျဉ်းများနှင့် အခြေခံမူများကိုချိုးဖောက်သည့် လုပ်ရပ်များလည်းပါဝင်နေသည်ကို တွေ့မြင်ရပါ သည်။ အဆိုပါ လုပ်ရပ်များတွင် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ လူမဆန်စွာ ပြုမူခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ စစ်သုံ့ပန်းများအား လူမဆန်စွာပြုမူခြင်း၊ သတ်ဖြတ်ခြင်း၊ အရပ် သားများကို ဓားစာခံများအဖြစ်ခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ အရပ်သားအခြေခံအဆောက်အဦ များကို တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ ခိုးယူဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက်အဦများကို ပစ်မှတ် ထားတိုက်ခိုက်ခြင်း၊ တားမြစ်ထားသောလက်နက်များ အသုံးပြုခြင်းတို့ ပါဝင်သည်။ ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေ ပါသည်။
၁၀။​အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းအပါ ပျူစောထီးများ၊ ပြည်သူ့စစ်များသည် အာဏာ သိမ်းပြီးနောက် စစ်ရာဇဝတ်မှု ၃ မျိုးကို ရက်ရက်စက်စက် စိတ်ပါလက်ပါကျူးလွန်ခဲ့သည်ကိုတွေ့ ရပါသည်။
(က)​အကြမ်းဖက်စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး၊ စစ်ဆင်ရေးများတွင် ဖမ်းဆီးထား သောအရပ်သားများကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်း (ကရင်နီပြည်နယ် ဖရူဆို ဖြစ်စဉ်၊ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာဖြစ်စဉ်၊ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ရင်ပေါင်တိုင်ဖြစ်စဉ်၊ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန့်နိမ်ရွာ ဖြစ် စဉ်)
(ခ)​အရပ်သားများအား ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထားပြီး အင်အားသုံး ဗုံးကြဲတိုက်ခိုက်ခြင်း (လက် ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်၊ ဒီးမော့ဆို၊ ကျောက်မဲပြည်သူ့ ဆေးရုံကြီး၊ မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာစာသင်ကျောင်းဖြစ်စဉ် အစရှိသည်ဖြင့်)
(ဂ)​အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းလုပ်ရပ်များသည် အရပ်သားများ (သို့မဟုတ်) တိုက်ခိုက်မှုများတွင် ပါဝင်ခြင်းမရှိသော အခြားပုဂ္ဂိုလ်များကို တိုက်ရိုက် ပစ်မှတ်ထားကျူးလွန်သည့် လုပ်ရပ်များဖြစ်၍ နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇ၀တ်မှုကျူးလွန်သည့် လုပ်ရပ် များဖြစ်သည်။
၁၁။​ဤကဲ့သို့ ဆိုးရွားပြင်းထန်သည့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသော စစ်တပ်အား နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မျက်ကွယ်ပြုထားခြင်းမပြုလုပ်ဘဲ မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားပြီး ချိုးဖောက်မှုများ ရပ်တန့်ရန်နှင့် ထပ်မံမဖြစ်ပွားရန်၊ ကျူးလွန်သူ များကို တာဝန်ခံမှုရှိစေရေး၊ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိစေရေး ဆက်လက်ဆောင် ရွက်ကြပါရန် တိုက်တွန်းကြေညာအပ်ပါသည်။
မှတ်ချက်။​ပူးတွဲ (၁၊ ၂၊ ၃၊ ၄)

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

07/10/2024
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
31/08/2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၅ /၂၀၂၄)

၁။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလစတုတ္ထအကြိမ် အစည်းအဝေး ကို Zoom မှတစ်ဆင့် ကျင်းပခဲ့ပါသည်။

၂။ အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၀) ဦး၊ အရံဗဟိုကော်မတီဝင် (၁၁) ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလုပ်အမှုဆောင်(၂၁) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၂၀) ဦး စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ပါသည်။

၃။ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့မှ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ကြပါသည်။

၄။ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ပါသောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့်လုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ရန်နှင့် စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄) ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ပါသည်။

၅။ ဗဟိုအလုပ်ကော်မတီ၏လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး၊ တင်သွင်းလာသော အကြံပြု ချက်များနှင့် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယမူကြမ်း)ကို မှတ်တမ်းတင်ခဲ့ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သူနာယကကြီး ဘဘသူရဦးတင်ဦးယနေ့ ၁-၆-၂၀၂၄နံနက် ၈:၄၅ ခန့်တွင်လူကြီးရောဂါဖြင့် ကွယ်လွန...
01/06/2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သူနာယကကြီး ဘဘသူရဦးတင်ဦး

ယနေ့ ၁-၆-၂၀၂၄
နံနက် ၈:၄၅ ခန့်တွင်
လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါသည်

ကျန်ရစ်သူမိသားစုနှင့်ထပ်တူဝမ်းနည်းရပြီး
ဘဘ ကောင်းရာဘုံဘဝမှာငြိမ်းချမ်းစွာအနားယူနိုင်ပါစေကြောင်း မြိတ်မြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အလုပ်အမူဆောင်အဖွဲ့မှညှိုးငယ်စွာဖြင့်ဆုတောင်းပေးလိုက်ပါတယ်🙏🏼

 #အထူးဝမ်းနည်းကြေကွဲခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြိတ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးစိုးလင်း သည် (၁၈.၅.၂၀၂၄)ရ...
18/05/2024

#အထူးဝမ်းနည်းကြေကွဲခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြိတ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးစိုးလင်း သည် (၁၈.၅.၂၀၂၄)ရက်နေ့ နံနက်(၅:၁၅)နာရီအချိန်တွင် ကွယ်လွန်သွားကြောင်းသိရှိရပါသည်။

ဦးစိုးလင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းများနှင့် ပါတီတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

ဦးစိုးလင်းကွယ်လွန်သွားခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြိတ်မြို့နယ်အလုပ်အမှု‌‌ေဆာင်အဖွဲ့မှ ကျန်ရစ်သူ မိသားစုနှင့်အတူထပ်တူ ဝမ်းနည်းကြေကွဲရပါသည်...။

#အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
#အလုပ်အမှုဆောင်အဖွဲ့
#မြိတ်မြို့နယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@prot...
17/11/2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၇) ရက်

သတင်းထုတ်ပြန်ချက်အမှတ်(၁၅ /၂၀၂၃)

၁။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းတို့မှ ဒီမိုကရေစီ နည်းလမ်းအရ ရွေးကောက်တင်မြှောက်ခြင်း ခံထားရပြီး ပြည်သူ့ဆန္ဒကို ဦးထိပ်ထားသော၊ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အင်္ဂါရပ်များ နှင့်အညီ တိုင်းလွှတ်တော်များ ခေါ်ယူကျင်းပ၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သော ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအတည်ပြုလိုက်သည်ကို သိရပါသည်။

၂။ ဒီမိုကရေစီကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် အဓိကကျသည့် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြည်သူလူထုဆန္ဒနှင့်အညီ ဖော်ဆောင်နိုင်စေရန် ဒီမိုကရေစီ နည်းကျရွေးကောက်ပွဲမှတဆင့် ပြည်သူ့ဆင့်လွှဲတာဝန်ကို ရရှိထားသော ရွေးကောက်ခံကိုယ်စားလှယ်များက ဒေသတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီ ပူးပေါင်းအကောင်အထည်ဖေါ်သည့် ကနဦး စွမ်းဆောင်ချက်အား ကြိုဆိုပါသည်။

၃။ အင်အားစုများအားလုံးကလည်း မိမိတို့အမြင် သဘောထားများ၊ ရည်မှန်းချက်များကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အကောင်းဆုံး တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။

၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လုပ်ငန်းစဥ်တစ်ရပ်လည်းဖြစ်သဖြင့် စစ်ကိုင်းတိုင်းလွှတ်တော်၊ တနင်္သာရီတိုင်း လွှတ်တော်နှင့် မကွေးတိုင်းလွှတ်တော်တို့၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Address

Myeik

Alerts

Be the first to know and let us send you an email when Myeik Township Info Committee NLD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share