The Desert Moon

The Desert Moon Freedom

တစ်ပင်တည်းသော၏တစ်ပွင်တည်းသော နှင်းဆီထာဝရမွှေးပြန့်မည့်အတုမရှိသည့်ရနံ့အကြိမ်ကြိမ်ချိုးအခါခါ ပြန်ဖူး ပြန်ထဖြူလှလှ စိတ်ထားန...
19/06/2024

တစ်ပင်တည်းသော၏
တစ်ပွင်တည်းသော နှင်းဆီ
ထာဝရမွှေးပြန့်မည့်
အတုမရှိသည့်ရနံ့

အကြိမ်ကြိမ်ချိုး
အခါခါ ပြန်ဖူး ပြန်ထ
ဖြူလှလှ စိတ်ထားနဲ့
မေတ္တာတွေ မြင်ကြစမ်းပါ

အချစ်ဆုံးတွေ ဆုံရှုံးခဲ့ပေမယ့်
တို့မြန်ပြည် ဒီမိုကရေစီကိုတော့
အသက်နဲ့ရင်း တင်းတင်းဆွဲ
သူ့နှလုံးအိမ်မှာ ပထမဦးစားပေးတုန်း

သူဟာ နှင်းဆီတစ်ပွင့်ပါ
သူဟာ လိပ်ပြာလေးပါ
သူဟာသံမဏီကြီးပါ
သူဟာ တို့နေပြည်တော်ကြီးပါ

လှချင်တိုင်းလှ
ယဉ်ချင်တိုင်းယဉ်
ပြီးတော့ သူ့စိတ်ထားက
သံမဏိတမျှ မာကျောနေပြန်ရော

ထာဝရ ပွင့်လန်းပါစေ
ထာဝရ မွှေးပြန့်ပါစေ
ထာဝရ လွတ်လပ်ပါစေ
ထာဝရ ချစ်ရပါသော “အမေ”

#အညာမြေ

Address

Mandalay
Myingyan
1997

Alerts

Be the first to know and let us send you an email when The Desert Moon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Desert Moon:

Share