ZWE MARN - Private School

ZWE MARN - Private School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZWE MARN - Private School, Public School, ဇေယျာလမ်းနှင့် နရဏီလမ်းကြား၊ ပြည်သူ့အားကစားကွင်းအနီး၊ ကျန်စစ်သားရပ်၊ မြင်းမူမြို့။, Myinmu.

02/05/2024
02/05/2024
02/05/2024
31/01/2023
18/10/2022
🔳 အာကာသထဲမှာ အရာဝတ္ထုတွေ ဘာကြောင့်အမြဲတမ်းလွင့်မျောနေရတာလဲ။အာကာသဆိုတာ အများထင်နေကြသလို ​မြေဆွဲအားကင်းလွတ်ဇုန်တစ်ခုမဟုတ်သ...
26/01/2022

🔳 အာကာသထဲမှာ အရာဝတ္ထုတွေ ဘာကြောင့်အမြဲတမ်းလွင့်မျောနေရတာလဲ။
အာကာသဆိုတာ အများထင်နေကြသလို ​မြေဆွဲအားကင်းလွတ်ဇုန်တစ်ခုမဟုတ်သလို အာကာသထဲရောက်တိုင်းလည်း အရာဝတ္ထုတွေ လွင့်မျောနေကြမှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ပြောရရင် - တကယ်လို့သာ ကျွန်တော်တို့အနေနဲ့ အာကာသအထိရောက်တဲ့ဓာတ်လှေကားတစ်ခုတည်ဆောက်ပြီး တည့်တည့်ထောင်တက်သွားမယ်ဆိုရင်တော့ အာကာသထဲမှာလွင့်မျောနေဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ အဲ့လိုဓာတ်လှေကားမျိုးနဲ့ ဘယ်လောက်အမြင့်အထိပဲ တည့်တည့်ထောင်တက်သွားပါစေ၊ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာတုန်းကလိုပဲ ကမ္ဘာ့မြေဆွဲအားကို ဆက်လက်ခံစားရပြီး အောက်တည့်တည့်ကိုဆွဲချခံနေရဦးမှာပါ။

ဒါပေမယ့် အရာဝတ္ထုတစ်ခုဟာ ကမ္ဘာ့မျက်နှာပြင်ကနေ ပိုဝေးသွားတာနဲ့အမျှ အဲ့ဒီ့အရာဝတ္ထုအပေါ်သက်ရောက်နေတဲ့ မြေဆွဲအားရဲ့ပြင်းထန်မှုကလည်း ရှိရင်းစွဲပမာဏထက်ပိုမိုလျော့ကျလာတတ်ပါတယ်။ နယူတန်ရဲ့ မြေဆွဲအားနိယာမအရ အရာဝတ္ထုနှစ်ခုကြားက မြေဆွဲအားပမာဏဟာ အဲ့ဒီ့အရာဝတ္ထုနှစ်ခုကြားအကွာအဝေးရဲ့ နှစ်ထပ်ကိန်းနဲ့အချိုးကျနေပါတယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် အရာဝတ္ထုနှစ်ခုက မူလထက် ၂ဆပိုဝေးသွားရင် မြေဆွဲအား၄ဆပိုနည်းသွားမှာဖြစ်ပြီး၊ ၄ဆပိုဝေးသွားမယ်ဆိုရင်တော့ မူလမြေဆွဲအားပမာဏထက် ၁၆ဆပိုနည်းသွားမှာပါ။ ဒီနေရာမှာ သတိပြုရမှာက ၄ဆပိုဝေးရင် ၁၆ဆပိုနည်းသွားမယ်ဆိုတာ ​ကမ္ဘာမြေဆွဲအားပမာဏစုစုပေါင်းရဲ့ ၁၆ပုံ၁ပုံပဲရှိတော့မယ်လို့ဆိုလိုတာမျိုး လုံးဝမဟုတ်ပါဘူး။ ၄ဆပိုဝေးရင် ဆွဲအား၁၆ဆပိုနည်းတယ်ဆိုတာ အကွာအဝေးမတူတဲ့အရာဝတ္ထုတွေကြား နှိုင်းယှဉ်ပြခြင်းသပ်သပ်သာဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းခွဲထုတ်ပြီးနားလည်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် အာကာသထဲရောက်မှပဲ မြေဆွဲအားလျော့နည်းသွားမှာမဟုတ်ဘဲ လေထုထဲမှာရှိနေရင်လည်း အမြင့်ကိုရောက်သွားလေလေ၊ မြေဆွဲအားပိုနည်းလာလေလေပဲဖြစ်ပါတယ်။ ဒါ့အပြင် အာကာသထဲရောက်သွားရင်လည်း မြေဆွဲအားပိုနည်းသွားတာပဲရှိပြီး မြေဆွဲအားပျောက်ကွယ်သွားတာကြောင့် လွင့်မျောကုန်တာတော့မဟုတ်ပါဘူး။ လက်ရှိနိုင်ငံတကာအာကာသစခန်းတည်ရှိတဲ့ မြေမျက်နှာပြင်အထက် မိုင်၂၅၀အမြင့်မှာဆိုရင် ကမ္ဘာမြေပြင်ပေါ်ကမြေဆွဲအားရဲ့ ၉၀ရာခိုင်နှုန်းကိုခံစားနေရပါတယ်။ ဒါဆိုရင် မြေဆွဲအားရှိရဲ့သားနဲ့ အာကာသထဲမှာ ဘာလို့အရာအားလုံးပေါလောပေါ်ပြီးလွင့်မျောနေရတာလဲ။ ဒါကိုစဉ်းစားဖို့အတွက် ကမ္ဘာပေါ်ကနေ အာကာသထဲကို ဘယ်လိုမျိုးရောက်သွားသလဲဆိုတာကို သိရှိဖို့လိုအပ်လာပါပြီ။

ပြောနေကျဥပမာအတိုင်းပဲပြောရမယ်ဆိုရင် - ကျွန်တော်တို့တွေ ကျောက်ခဲတစ်လုံးကိုယူပြီး အားတစ်ခုနဲ့ပစ်ထုတ်လိုက်တဲ့အခါမှာ ကျောက်ခဲက မျဉ်းကွေးပုံလမ်းကြောင်းတစ်ခုနဲ့ထွက်သွားပြီး ခပ်ဝေးဝေးမှာသွားကျပါမယ်။ နောက်တစ်ကြိမ် ပိုပြီးအားစိုက်ပစ်မယ်ဆိုရင် ပိုရှည်တဲ့မျဉ်းကွေးပုံလမ်းကြောင်းအတိုင်းသွားပြီး ပိုဝေးတဲ့နေရာမှာသွားကျပါလိမ့်မယ်။ ဒီတော့ လုံလောက်တဲ့အားတစ်ခုသာစိုက်ထုတ်ပြီးပစ်လိုက်မယ်ဆိုရင် ခဲလုံးသွားတဲ့မျဉ်းကွေးပုံလမ်းကြောင်းက ကမ္ဘာ့မျက်နှာပြင်ခုံးနေတာနဲ့ထပ်တူကျသွားပြီး ပြန်ကျစရာနေရာမရှိတော့လို့ ကမ္ဘာကိုပဲ တစ်ပတ်ပြီးတစ်ပတ်ပတ်နေပါတော့မယ်။ ဒီသဘောတရားကို Newton's Cannon လို့လည်းခေါ်ပါတယ်။

- (ဒီနေရာမှာ တချို့က ကမ္ဘာပတ်လမ်းထဲရောက်ဖို့ဆိုရင် လွတ်မြောက်အလျင် - escape velocity အထိရောက်ရှိဖို့အပ်တယ်လို့လည်းထင်တတ်ပါတယ်၊ ဒါလုံးဝမဟုတ်ပါဘူး၊ ပတ်လမ်းအမြင့်အလိုက် လိုအပ်တဲ့အလျင်အသီးသီးရှိကြရာမှာ လွတ်မြောက်အလျင်ထက်ပိုနည်းတာလည်းရှိသလို ပိုများတာလည်းရှိတတ်ပါတယ်။ တခြားသော အင်္ဂါဂြိုဟ်လိုနေရာမျိုးဆီမသွားမချင်းတော့ လွတ်မြောက်အလျင်ထိရောက်ရှိဖို့မလိုအပ်ပါဘူး)။

ဒါကြောင့် ဒုံးပျံတွေဟာလည်း အရင်ဆုံး အမြင့်ကိုတည့်ထောင်တက်ရပါတယ်၊ ဒီ့နောက် တဖြည်းဖြည်း ဘေးဘက်ကိုစောင်းကာ ကျောက်ခဲတစ်လုံးကိုဘေးတိုက်ပစ်ထုတ်သလိုအခြေအနေမျိုးဖြစ်အောင် ဒုံးပျံကို နောက်ဆုံးမှာ ဘေးတိုက်အခြေအနေပြောင်းလိုက်ပြီးအရှိန်တင်ရပါတယ်။ ဒီ့နောက်မှာ လုံလောက်တဲ့အရှိန်ရသွားပြီဆိုရင်တော့ ဒီဒုံးပျံ ကမ္ဘာပေါ်ကိုပြန်ပြုတ်ကျနေတဲ့မျဉ်းကွေးပုံလမ်းကြောင်းဟာ ကမ္ဘာ့မျက်နှာပြင်နဲ့ လုံးဝပြိုင်နေတဲ့ပုံစံဖြစ်သွားပြီး သူပြန်ပြုတ်ကျစရာနေရာမရှိတော့ဘူးဖြစ်သွားပါတယ်။ တကယ်လို့သာ ကမ္ဘာကြီးကအပြားဖြစ်နေခဲ့မယ်ဆိုရင်တော့ ပြန်ပြုတ်ကျစရာမြေပြင်ရှိနေလို့ အာကာသယာဉ်တွေ၊ ဒုံးပျံတွေလည်း လွှတ်တင်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒုံးပျံတစ်စင်းကို ပတ်လမ်းကြောင်းထဲလွှတ်တင်တယ်ဆိုတာဟာ ခဲလုံးတစ်လုံးကိုပစ်ထုတ်လိုက်ရင်း ပြန်ပြုတ်ကျစရာနေရာမရှိတော့လို့ ကမ္ဘာပေါ်ပြုတ်ကျလို့မဆုံးနိုင်တော့ဘဲ ကမ္ဘာကိုပဲ ဆက်တိုက်ပတ်နေရတော့တဲ့သဘောပဲဖြစ်ပါတယ်။

ဒါကြောင့် ဒုံးပျံကိုအင်ဂျင်ဖွင့်ပြီးလွှတ်တင်ပြီဆိုရင်တော့ အာကာသယာဉ်မှူးတွေဟာ ပြင်းထန်တဲ့ နောက်ဆွဲအားဒဏ်ကိုခံရမှာပါ။ ဘာလို့လဲဆိုတော့ ဒုံးပျံမှာပဲအင်ဂျင်တပ်ထားလို့ ဒုံးပျံအင်ဂျင်ဖွင့်လိုက်ချိန်မှာ အာကာသယာဉ်မှူးတွေဟာ နဂိုရပ်လက်စအတိုင်းပဲ ဆက်ရပ်ချင်နေရမယ့်ရူပဗေဒစည်းမျဉ်း(law of inertia)ကြောင့် ဒုံးပျံကရှေ့ကိုကန်ထွက်ချိန်မှာ အာကာသယာဉ်မှူးတွေကတော့ နောက်ကိုကပ်နေကြတာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နေ့စဉ်စီးနေတဲ့ကားတွေစောင့်ထွက်တဲ့အခြေအနေနဲ့အတူတူပါပဲ။ ဒုံးပျံကတော့ ကားတွေလိုမဟုတ်ဘဲ အင်ဂျင်ဖွင့်ထားသမျှ ဆက်တိုက်အရှိန်မြင့်တက်နေတာဖြစ်လို့ အာကာသယာဉ်မှူးတွေဟာလည်း ဆက်တိုက်နောက်ကိုကပ်လျက်သားဖြစ်နေကြမှာပါ။ ဒီ့နောက် ကမ္ဘာပတ်လမ်းထဲရောက်သွားလို့ဖြစ်စေ၊ မရောက်သေးဘဲဖြစ်စေ ဒုံးပျံအင်ဂျင်တွေပိတ်လိုက်ချိန်မှာတော့ ဒုံးအင်ဂျင်တွေရဲ့တွန်းအားနဲ့ ပစ်ထုတ်ခံထားရတဲ့ဒုံးပျံဟာ ဒုံးအင်ဂျင်မပိတ်ခင်ကရောက်ရှိခဲ့တဲ့နောက်ဆုံးအရှိန်အတိုင်း လမ်းကြောင်းတစ်ခုထဲမှာ ဆက်ပြီးလွင့်ထွက်နေပါလိမ့်မယ်။

ဒီမှာသိထားရမှာက ဒုံးပျံနဲ့လွှတ်တင်ခံလိုက်ရတဲ့ အာကာသယာဉ်က လမ်းကြောင်းတစ်ခုအတိုင်း ဆက်ပြီးလွင့်ထွက်နေပြီဆိုရင် ဒီအာကာသယာဉ်ထဲမှာပါသွားတဲ့ အရာတွေအားလုံးကလည်း အာကာသယာဉ်နဲ့ထပ်တူညီတဲ့လမ်းကြောင်းတစ်ခုအတိုင်း လွင့်ထွက်နေကြပြီဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။ ဒါကို တော်တော်များများက ကမ္ဘာကိုအရှိန်နဲ့ပတ်နေတဲ့အာကာသယာဉ်ပေါ်ကို လူတွေကလှေကားထောင်ပြီးတက်သွားကြသလိုတွေးမိနေတော့ အောက်ကကမ္ဘာမြေဆွဲအားက တည့်တည့်ဆွဲနေရမယ်လို့တွေးမိနေတာပါ၊ အဲ့လိုတည့်တည့်ဆွဲချမခံရဘဲ လွင့်မျောနေကြချိန်မှာတော့ မြေဆွဲအားကင်းမဲ့သွားတယ်လို့ ကောက်ချက်ချမိတော့တာပါပဲ။ တကယ်တမ်းက အာကာသယာဉ်တွေစတင်လွှတ်တင်စဉ်ကတည်းက အာကာသယာဉ်ထဲမှာပါခဲ့သမျှအရာရာတိုင်းဟာ အာကာသယာဉ်နဲ့ထပ်တူညီတဲ့လမ်းကြောင်းထဲမှာရှိနေလို့ဆိုတာကို နားလည်ထားရပါမယ်။

ဒီလိုမျိုးလမ်းကြောင်းချင်းထပ်တူညီနေပြီး လွင့်မျောနေတာမို့လို့ အာကာသယာဉ်ရဲ့အပြင်ကိုလူထွက်လိုက်ရင်လည်း အာကာသယာဉ်နဲ့ယှဉ်တွဲလျက်အနေအထားနဲ့ပဲ ဆက်မျောပါသွားဦးမှာပါ။ အာကာသယာဉ်က အရမ်းမြန်လွန်းလို့ လူကနောက်ဘက်မှာကျန်နေခဲ့တာမျိုးဖြစ်ဖို့မရှိပါဘူး။ လူဟာလည်း အာကာသယာဉ်နဲ့အတူတကွလွှတ်တင်ခံလိုက်ရတာမို့လို့ အာကာသယာဉ်နဲ့ လုံးဝထပ်တူညီတဲ့လမ်းကြောင်းထဲမှာပဲရှိနေပါလိမ့်မယ်။ ဒါကြောင့် အာကာသထဲမှာ လွင့်မျောနေတာကရော ဘာလို့ဖြစ်လာတာလဲ၊ လမ်းကြောင်းချင်းထပ်တူညီနေတယ်ဆိုရင် မမျောနေဘဲ တစ်နေရာတည်းမှာပဲ ကွက်တိတောင့်တောင့်ကြီးအချိန်တိုင်းရှိနေရမှာပေါ့လို့တွေးစရာရှိပါတယ်။ အာကာသယာဉ်ထဲကလူဟာ အာကာသယာဉ်ရဲ့နံရံတွေကို ထောက်ကန်တွန်းတာမျိုးတွေလုပ်တဲ့အခါမှာ လူထက်စာရင် အများကြီးဒြပ်ထုအလေးချိန်ပိုများတဲ့အာကာသယာဉ်ကတော့ ရွေ့လျားမသွားဘဲ အများကြီးပိုပေါ့ပါးတဲ့ထောက်ကန်တွန်းထိုးလိုက်တဲ့လူကိုယ်တိုင်ကပဲ ရွေ့လျားသွားရတာပါ။ ကိုယ်ကငြိမ်ငြိမ်လေးနေရင်တော့ ငြိမ်ငြိမ်လေးပဲ တစ်နေရာမှာရပ်နေမှာပါ။

ဒါဆို အာကာသယာဉ်တွေမှာကတော့ အာကာသယာဉ်နဲ့အတူတူ လူပါတစ်ခါတည်းပါသွားလို့ သွားနေတဲ့လမ်းကြောင်းချင်းထပ်တူကျသွားတာကြောင့် လွင့်မျောနေတာဆိုရင် သူ့ဖာသာအစကတည်းကရှိနေတဲ့အာကာသစခန်းဆီလူတွေသွားရောက်ချိန်မှာရော ဘာလို့လွင့်မျောနေရတာလဲဆိုပြီး တွေးစရာရှိလာပြန်ပါတယ်။ အာကာသစခန်းပေါ်ကိုသွားမယ်ဆိုရင်လည်း လှေကားထောင်ပြီးတက်သွားလို့ရမှာမဟုတ်လို့ အာကာသစခန်းဆီသွားမယ့်အာကာသယာဉ်မှူးတွေပါတဲ့အာကာသယာဉ်ကို ဒုံးပျံနဲ့ပဲလွှတ်တင်ရမှာဖြစ်ပြီး ကမ္ဘာကိုအာကာသစခန်းကပတ်နေတဲ့လမ်းကြောင်းထဲကိုပဲ ထပ်တူညီတဲ့အထိဝင်ရောက်ကာ အာကာသစခန်းဆီဆိုက်ကပ်ရတာမို့လို့ နောက်မှလာရောက်တဲ့အာကာသယာဉ်မှူးတွေဟာလည်း အာကာသစခန်းနဲ့ ထပ်တူညီတဲ့လမ်းကြောင်းထဲကို ဝင်ရောက်ခဲ့ပြီးဖြစ်လို့ သူတို့တွေလည်း အာကာသစခန်းနဲ့ယှဉ်ကြည့်ရင် လွင့်မျောနေမှာဖြစ်ပါတယ်။

ဒါ​ဆို အာကာသထဲအရှိန်နဲ့သွားနေတဲ့အာကာသစခန်းပေါ် မရမကလှေကားထောင်ပြီးတက်ရင်ရောဘာဖြစ်မလဲလို့စဉ်းစားကြည့်ရရင်တော့ အဲ့လိုလှေကားထောင်ပြီးတက်သွားခဲ့တဲ့လူဟာ အာကာသစခန်းပေါ်က ကျန်တဲ့လူတွေနဲ့မတူဘဲ သင်းကွဲကြီးတစ်ကောင်ဖြစ်နေပါလိမ့်မယ်။ ကျန်တဲ့လူတွေအကုန်လုံးက လွင့်မျောနေကြချိန်မှာ လှေကားထောင်တက်သွားတဲ့သူတစ်ယောက်တည်းကပဲကွဲထွက်ပြီးတော့ မြေဆွဲအားကိုခံစားနေရပြီး ကမ္ဘာပေါ်မှာလိုပဲအာကာသစခန်းကြမ်းပြင်မှာကပ်နေတဲ့အဖြစ်မျိုးရောက်သွားပါလိမ့်မယ်။ နေရာတစ်ခုတည်းမှာတင်ကို မြေဆွဲအားခံစားရသူနဲ့ မခံစားရသူနှစ်အုပ်စုကွဲထွက်သွားမှာပါ။ (ဒါက မရမကတွေးကြည့်ခြင်းသပ်သပ်ပဲဖြစ်ပြီးတော့ အခုလို အာကာသထဲရောက်နေတာချင်းအတူတူမှာ သင်းကွဲအခြေအနေတစ်ခုဖန်တီးနိုင်ဖို့ဆိုရင် ပတ်လမ်းအနေအထားမှန်ကန်ဖို့လိုပြီး အာကာသစခန်းဟာ ဘူမိတည်ငြိမ်ပတ်လမ်းထဲမှာ ရှိနေဖို့လိုအပ်ပါတယ်)။

🔳 အာကာသဓာတ်လှေကား - Space Elevator -

ဘယ်လိုပဲဖြစ်ဖြစ် အာကာသထဲမှာ အာကာသယာဉ်မှူးတွေရော ပစ္စည်းပစ္စယတွေရော လွင့်မျောနေခြင်းဟာ မြေဆွဲအားကင်းမဲ့နေတာကြောင့်မဟုတ်ဘဲ အာကာသယာဉ်နဲ့ထပ်တူ လွင့်ထွက်ရာလမ်းကြောင်းတူနေတာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ သိရှိသွားဖို့မျှော်လင့်ပါတယ်။ လွင့်မျောနေတယ်ဆိုရာမှာလည်း လူတွေနဲ့အရာဝတ္ထုတွေကို အာကာသယာဉ်၊ အာကာသစခန်းနဲ့ယှဉ်ကြည့်ချိန်မှာသာ လွင့်မျောနေတယ်လို့ မြင်တွေ့နေရတာဖြစ်ပြီး ကမ္ဘာပေါ်ကကြည့်မယ်ဆိုရင်တော့ အာကာသစခန်းရော၊ အာကာသယာဉ်မှူးတွေရော ကမ္ဘာပေါ်ကို ကျည်ဆန်ထက်၈ဆမြန်တဲ့အရှိန်နှုန်းနဲ့ဆက်တိုက်ပြုတ်ကျနေတဲ့မြင်ကွင်းကိုသာ တွေ့နေရမှာဖြစ်ပြီးတော့ လွင့်မျောနေတယ်လို့မြင်ရမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် အာကာသထဲကို ဓာတ်လှေကားနဲ့တက်သည်ဖြစ်စေ၊ ဘယ်လိုလှေကားမျိုးနဲ့တက်သည်ဖြစ်စေ၊ အာကာသထဲမှာလွင့်မျောနေဖို့မရှိဘဲ ကမ္ဘာပေါ်မှာနဲ့ထပ်တူပဲ မြေဆွဲအားကိုခံစားနေရမှာပါ။

ဒါကြောင့် အာကာသဓာတ်လှေကား(Space Elevator)စိတ်ကူးဟာလည်း စိတ်ကူးယဉ်မှုသာသာပဲဖြစ်ပြီး လက်တွေ့မှာတော့ လုံးဝအဓိပ္ပါယ်မရှိပါဘူး။ ဒီလိုဓာတ်လှေကားမျိုးဆောက်နိုင်ရင်လည်း အာကာသထဲရောက်ရှိခြင်းရဲ့အဓိကအနှစ်သာရဖြစ်တဲ့ လွင့်မျောတဲ့ခံစားချက်ကိုမပေးနိုင်မှတော့ ဘာကြောင့်အာကာသထဲအပင်ပန်းခံ ပိုက်ဆံကုန်ခံပြီးသွားနေရဦးမလဲလို့သာ မေးစရာရှိပါတော့တယ်။ ဟုတ်ပါတယ်၊ သွားနေဖို့ကိုမလိုအပ်တော့ပါဘူး။ လက်ရှိမှာ အာကာသထဲ ဒေါ်လာသန်းပေါင်းများစွာအကုန်ကျခံပြီးသွားရောက်နေကြတာဟာ ​အခုလိုလွင့်မျောနေတဲ့အခြေအနေမှာ သိပ္ပံဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်နိုင်ဖို့ဖြစ်ပြီး ဒီလိုလုပ်မရရင်တော့ သန်းပေါင်းများစွာအကုန်ကျခံနေခြင်းတွေဟာ အဓိပ္ပါယ်မရှိဘဲအလဟသပဲဖြစ်နေမှာပါ။ ပြီးတော့ ဘယ်လိုအခြေအနေ၊ ဘယ်လိုခေတ်ကာလကိုပဲရောက်လာပါစေ၊ အာကာသထဲကိုတက်နိုင်တဲ့လှေကားမျိုးကို လုံးဝဆောက်လုပ်နိုင်ဖို့မရှိပါဘူး။

ပတ်လမ်းသဘောတရအရ ပိုနိမ့်တဲ့အရာဝတ္ထုတွေဟာ ပိုမြင့်တဲ့အရာဝတ္ထုထက် ပိုမြန်မြန်လည်ပတ်မှာဖြစ်လို့ ဓာတ်လှေကားအရှည်ကြီးကို အတန်းလိုက် အာကာသထဲလွှတ်တင်ထားဖို့ဆိုတာကတော့လုံး ဘယ်တော့မှဖြစ်မလာမယ့် စိတ်ကူးယဉ်မှုသပ်သပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နိုင်ငံကမှလည်း အာကာသဓာတ်လှေကားဆိုတာကို အမှန်တကယ်ဆောက်လုပ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ အနာဂတ်ကိုခန့်မှန်းဖို့မလွယ်ကူပေမယ့် သေချာတာတစ်ခုက ဘယ်ခေတ်ကာလကိုပဲရောက်သွားပါစေ၊ "တွန်းကန်အားစနစ်သုံးပြီး အဟုန်တစ်ခုကိုအသုံးချကာ မြေဆွဲအားနဲ့မျှခြေအခြေအနေတစ်ခုကိုဖန်တီးပြီး အာကာသထဲသွားရောက်ခြင်းနည်းလမ်း"ကလွဲလို့ အခြားဘယ်နည်းလမ်းကမှ အလုပ်ဖြစ်လာမှာမဟုတ်ပါဘူး။

အနှစ်ချုပ်ပြီးပြန်ပြောရမယ်ဆိုရင် အာကာသထဲမှာ အရာဝတ္ထုတွေအမြဲတမ်းလွင့်မျောနေရတာဟာ အမြဲတမ်း ဒုံးပျံတွေနဲ့သာလွှတ်တင်ကြလို့ဖြစ်ပြီး လမ်းကြောင်းတစ်ခုထဲရောက်သွားကြချိန်မှာ အားလုံးရဲ့လမ်းကြောင်းတွေဟာတူညီနေကြတာကြောင့် တစ်ခုနဲ့တစ်ခုယှဉ်ကြည့်ချိန်မှာ လွင့်မျောနေသလိုမြင်နေရခြင်းသာဖြစ်ပြီး မြေဆွဲအားမရှိလို့လွင့်မျောတာလုံးဝမဟုတ်ပါဘူး။ အာကာသထဲမှာ ပတ်လမ်းချင်းအတိအကျမတူတဲ့အရာနှစ်ခုသာဆုံတွေ့ခဲ့မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန်ကိုတိုက်ခိုက်မိကြမှာပါ။ ဒါကြောင့် ပတ်လမ်းကြောင်းချင်းအတိအကျထပ်တူညီတဲ့အရာဝတ္ထုတွေဆုံတွေ့နေချိန်မှာတော့ တစ်ခုကနေ အခြားတစ်ခုကိုလှမ်းကြည့်နေရင် လွင့်မျောနေတယ်လို့မြင်ရခြင်းဖြစ်ပြီး ပတ်လမ်းချင်းအတိအကျမတူဘဲနည်းနည်းလေးပဲလွဲနေတဲ့အရာနှစ်ခုတွေ့ဆုံခဲ့ရင်တောင် ပြင်းထန်တဲ့တိုက်ခိုက်မှုကြီးတွေဖြစ်လာနိုင်ပါတယ်။

အာကာသဓာတ်လှေကားနဲ့ပတ်သက်တဲ့ကိစ္စဟာလည်း မြေဆွဲအားနဲ့ပတ်သက်ပြီး နားလည်လွယ်အောင်သာပြောတာဖြစ်ပြီး ဗဟိုခွာအားရဲ့အလုပ်လုပ်ပုံနဲ့ Geostationary Orbit အကြောင်းကိုလည်း ကျွန်တော်သဘောပေါက်ထားပြီးသားပါ။ သီအိုရီအရတော့ ဗဟိုခွာအားနဲ့ မြေဆွဲအားညီမျှနေပြီး ကမ္ဘာလည်တဲ့အတိုင်းလိုပ်လည်နေမယ့် Geostationary Orbit လိုမျိုး အရမ်းမြင့်တဲ့တစ်နေရာမှာထားရင် ဗဟိုခွာအားကြောင့် ပုံမှန်အာကာသထဲသွားသလိုပဲလွင့်မျောနေမှာပါ။ ဒါပေမယ့် ဘယ်ကြိုးကမှ အဲ့လောက်tensionကိုမခံနိုင်ပါဘူး။ tensionခံနိုင်အောင်လုပ်ရင်လည်း ကြိုးအလေးချိန်က ပတ်လမ်းထဲကstationကို ပြန်ဆွဲချနေမှာပါ။ နောက်တစ်ချက်က ကြိုးရဲ့အလေးချိန်ကြောင့် stationပြန်ပြုတ်ကျမလာရအောင် ဗဟိုခွာအားကို မြေဆွဲအားထက်အနည်းငယ်ပိုများစေပြီး ကြိုးမှာ tensionမဖြစ်မနေပေးဖို့လိုအပ်လို့ ကြိုမတပ်ခင်မှာ ဗဟိုခွာအားပိုမြင့်တဲ့ပတ်လမ်းထဲကြိုထားလိုက်ရင် ကြိုးတပ်လို့ရတော့မှာမဟုတ်ပါဘူး။ ကြိုးမတပ်ခင်မှာပဲ ဗဟိုခွာအားကြောင့် ပိုမြင့်တဲ့နေရာဆီရောက်သွားပြီးသားဖြစ်နေမှာပါ။

ကြိုးတပ်ပြီးတော့မှ ပိုမြင့်တဲ့လမ်းကြောင်းထဲတွန်းပို့ပြန်ရင်လည်း stationနဲ့မြေပြင်ကြားနေရာလွဲပြီး ကြိုးကတစောင်းကြီးဖြစ်သွားမှာပါ။ ကြိုးကိုအောက်ကနေမှတင်းပြန်ရင်လည်း Orbital decay ဖြစ်သွားပြီး ကမ္ဘာ့မျက်နှာပြင်နဲ့ထပ်တူလည်ပတ်နေတဲ့အခြေအနေ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် မြေပြင်နဲ့ stationကြားမှာ ကြိုးအတွက်လိုအပ်တဲ့tensionရဖို့ ချိန်ညှိစရာနည်းလမ်းမရှိသလိုဖြစ်နေပါတယ်။ ဒါကြောင့် tensionရအောင်ချိန်ညှိစရာနည်းလမ်းမရှိလို့ အာကာသဓာတ်လှေကားစိတ်ကူးက မဖြစ်နိုင်ပါဘူး။ မရရအောင်လုပ်တယ်ကွာဆိုရင်လည်း မြေဆွဲအားထက် ဗဟိုခွာအားကပိုများနေရမှာမို့လို့ လူတွေက အာကာသထဲရောက်သလိုလွင့်မျောနေမှာမဟုတ်ဘဲ stationရဲ့ ခေါင်မိုးမှာ ဇောက်ထိုးကြီးကပ်နေကုန်ကြမှာပါ။ အပေါ်မှာပြောခဲ့သလို လှေကားနဲ့ထောင်တက်သွားရင်တော့ မြေဆွဲအားကိုဆက်ခံစားနေရဦးမယ်ဆိုတာက အာကာသစခန်းရှိသလို ခပ်နိမ့်နိမ့်နေရာမှာရှိနေမယ့်အခြေအနေကိုရည်ညွှန်းတာပါ။

BY HTTPS://MMSCIENCEPLATFORM.BIO.LINK



𝗶𝗺𝗮𝗴𝗲 𝗰𝗿𝗲𝗱𝗶𝘁 : NASA

𝗶𝗺𝗮𝗴𝗲 𝗱𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻 : အာကာသစခန်းအပြင်ဘက်သို့ထွက်ကာ EVAတာဝန်ထမ်းဆောင်နေသည့် NASAအာကာသယာဉ်မှူး ဗစ်တာဂလာဗာ(Victor Glover)။

EVA = Extravehicular Activity (အာကာသယာဉ်ပြင်ပတွင်တာဝန်ထမ်းဆောင်ခြင်း)
Crd

MSP usually shares science articles and updated everyday at 20:00 on our page.

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုကစက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီးမိနစ် (၆၀) ဟာ ၁ နာ...
30/12/2021

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓

ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။

ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့် စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။

စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..ဆရာတို့ ဘယ်လိုဖြေကြမလဲ..?

အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500) ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင် အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။ ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက ဆက်လက် ကျင့်သုံးခဲ့ပြီး သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ အသုံးချခဲ့ကြပါတယ်။

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။ ရှေးအခါက နေ့ နှင့် ည အချိန်များကို နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး တွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး ၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ် ။ ၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)

ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင် ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ။ တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။

စာရေးသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

ူရင်းရေးသူ

🍀📓 must နှင့် have to ကွာခြားချက်တစ်ချို့က တင်ပြီးသားထပ်တင်ရင် စိတ်ကောက်ချင်ကြတယ် သူတို့က တစ်ကြိမ်ထဲနဲ့မှတ်မိတာကျလို့ပဲ ...
30/12/2021

🍀📓 must နှင့် have to ကွာခြားချက်

တစ်ချို့က တင်ပြီးသားထပ်တင်ရင် စိတ်ကောက်ချင်ကြတယ် သူတို့က တစ်ကြိမ်ထဲနဲ့မှတ်မိတာကျလို့ပဲ 😁

ကဲစလိုက်ရအောင်

must က modal auxiliary ဖြစ်ပြီးတော့ မြန်မာလိုက "ရမည်"

have to မှာတော့ have က main verb ဖြစ်တဲ့အတွက် မြန်မာလိုက "ရန်ရှိသည်/ဖို့ရှိသည်/ရမှာ"

ကဲမတူတာတစ်ခုတော့ ရပြီနော်

ဆက်သွားမယ်

ဥပမာလေးကြည့်

I have to attend the class regularly.
ငါအတန်းမှန်မှန်တက်ဖို့ရှိတယ်/တက်ရမှာ
( အခြားတစ်ယောက်ယောက် ဆရာသမား မိဘက တက်ဖို့တွန်းအားပေးလို့ ခိုင်းလို့ လုပ်ရမည့်သဘော)

I must attend the class regularly.
ငါအတန်းမှန်မှန်တက်ရမယ်
( ကိုယ်ကိုယ်တိုင်ကိုက ဒါလုပ်မှဖြစ်မယ်လို့ဆုံးဖြတ်ပြီးလုပ်တဲ့သဘော)

I must buy a car.
ကားလေးတစ်စီးလောက်တော့ ဝယ်အုံးမှ
( ဘယ်သူမှတွန်းလို့မဟုတ်ဘူး မဝယ်လို့လဲ ဘယ်သူကမှ အိမ်ရှေ့ရန်လာမထောင်ဘူး 😁 ကိုယ်ဘာသာကိုယ် ဝယ်ဖို့ကြံတာ)

I have to buy a car.
ငါကားလေးတစ်စီးဝယ်ရအုံးမှာ
( မိန်းမက ပူဆာလို့ 😁 တွန်းအားပေးလို့)

You have to silence your phone in the meeting room.
အစည်းအဝေးခန်းထဲမှာ မင်းဖုန်းသံကို ပိတ်ထားရမယ်
( ပြောသူရဲ့ဆန္ဒကိုမပြဘူး အများလိုက်နာရမယ့်သဘောကိုပြတယ်)

You must silence your phone while I am teaching.
ငါစာသင်နေတုန်းဖုန်းသံပိတ်ထားရမယ်
( ပြောသူရဲ ဆန္ဒကိုပြတယ်)

အဲဒီတော့အတိုချုပ်ဒီလိုလေးမှတ်ရအောင်

must ကို ပြောသူရဲ့ဆန္ဒ အမြင် ဆုံးဖြတ်ချက်တွေသက်ရောက်တဲ့ ဝါကျမှာသုံးတယ်

have to ကိုတော့ တစ်ခြားသူ ပြင်ပကနေ သက်ရောက်တဲ့ ဝါကျမှာသုံးရတယ်ပေါ့

တစ်ချို့​ native teacher တွေရဲ့ ရဲရဲတောက် ဆုံးဖြတ်ချက်အရ အဲဒီထက်ပိုတိုအောင်ချုပ်လိုက်အုံးမယ်

real life မှာ အပေါ်ကဝါကျတွေလိုမျိုး positive ဝါကျတွေမှာ must နဲ့ have to က ဖလှယ်သုံးလို့ရတယ် လုံးဝ လုံးဝ အတူတူပါပဲတဲ့ဗျာ ကဲ ဘယ်ဟာကြိုက်တုန်း ကြိုက်တာယူ လိုသလိုသုံး နှစ်မျိုးလုံးသိထားသူက မငြင်းတော့ဘူးပေါ့

အဲ အားလုံးလက်ခံတဲ့ မတူညီမှုလေးတော့ရှိတယ်

ဒီလိုပါ

Negative ဝါကျတွေမှာတော့ သိသိသာသာမတူတာလေးရှိပါတယ်

ဥပမာကြည့်ပါအုံး

You must not smoke on the airplane.
လေယာဥ်ပေါ်ဆေးလိပ်မသောက်ရ
( တင်းတင်းကြပ်ကြပ်တားမြစ်တာ တားတဲ့ကြားကလုပ်ရင် အပစ်ပေးခံရမယ် ဒါမှမဟုတ် ဆုံးရှုံးမှုတစ်ခုခုဖြစ်မယ်)

You don't have to call me every day.
မင်းငါ့ကိုနေ့တိုင်းဖုန်း​ခေါ်ရမယ်မဟုတ်ပါဘူး
( နေ့တိုင်းခေါ်ချင်ရင်လည်းရ မခေါ်ချင်ရင်လည်းရ သဘောရှိ)

You must not call me every day.
ငါ့ကိုနေ့တိုင်းဖုန်းမခေါ်ရဘူးနော်
( တော်ပြီပေါ့ တစ်ပတ်တစ်ခါလောက် နေ့တိုင်းမခေါ်နဲ့မကြိုက်ဘူး ရှင်းတယ်နော်)

အဲဒီဥပမာတွေကိုကြည့်ခြင်းအားဖြင့်
must not က လုံးဝတားမြစ်တာ
not have to က မလုပ်လို့ရတာကိုပြောတာ ဆန္ဒရှိရင်လည်း သဘောရှိပေါ့

must နဲ့ have to ဇာတ်လမ်းကတော့ ဒီလောက်နဲ့ နိဂျုံးခုတ်တာကောင်းမယ်ထင်ပါတယ်

တစ်နေ့တစ်မျိုး အသိတိုးကြပါစေဗျာ

စာမေးထားတဲ့ ဆရာတို့ ဆရာမတို့ ကိုယ့်မေးခွန်းအလှည့်မရောက်ခင် တစ်ခြားသူ မေးထားတာလေးတွေဖတ်ရင်း ပျော်ပျော်ပါးပါးပေါ့

📙 အင်္ဂလိပ်စာလေ့လာလိုသူများ profile ကိုဝင်ပြီး follow see first လုပ်ထားကြပါကုန်

ဆရာဇော်
ရွှေဇွန်မြေ အင်္ဂလိပ်စာ
Crd

29/12/2021

hope , expect နှင့် look forward to သုံးခုစလုံးက မျှော်လင့်သည်ဆိုတော့ဘာကွာလဲ?

မြန်မာဘာသာပြန်ထားတာကိုက လိုအပ်ချက်ရှိနေတယ်

ကျွန်တော်ကတော့ ဒီလိုဘာသာပြန်ပါတယ်

hope = မျှော်လင့်သည်

expect = မြော်မြင်တွေးဆသည်/တွက်ဆသည်

look forward to = မျှော်လင့်စောင့်စားသည်

"မျှော်" တယ်ဆိုတာ မြန်မာစကားမှာ အနာဂါတ်မှာ
တစ်ခုခုကို လိုချင် ဖြစ်ချင် တဲ့သဘောပါတယ်

hope ကို ဥပမာဝါကျလေးနဲ့ ကြည့်ရအောင်

I hope you'll love me one day.
မင်းတစ်နေ့နေ့မှာ ငါ့ကို ချစ်လာလိမ့်မယ်လို့မျှော်လင့်တယ်

( ကိုယ်ဖြစ်ချင်တာကိုပြောတာ ကိုယ့်ခံစားချက်ကိုပြောတာ ကိုယ့်ဆန္ဒကို ပြောတာ)

expect မြော်မြင်တွေးဆ တာက အသိဥာဏ်နဲ့ အနာဂါတ်ကို ခန့်မှန်းတာ တွက်ဆထားတာ သက်သက်ပါပဲ ဖြစ်ချင်တဲ့ဆန္ဒမပါဘူး အကြောင်းတရားပေါ်အခြေခံပြီး တွက်ဆတာ

ဥပမာ

We are expecting a rise in oil prices this month.
ဒီလ ဆီစျေးတွေတက်မယ်လို့ တွက်ဆနေကြတယ်

look forward to ကို ဆက်ရအောင်
မျှော်လင့်စောင့်စားတယ်ဆိုတာကျတော့ ဖြစ်လာဖို့သေချာတာကို ပျော်ပျော်ကြီးစောင့်တာ

ဥပမာ

I'm looking forward to going Pyin Oo Lwin in June.
ဇွန်လမှာ ပြင်ဦးလွင်ကိုသွားဖို့ မျှော်လင့်စောင့်စားနေတာ
( သွားဖို့ ချိန်းပြီးချက်ပြီးစီစဥ်ပြီး)

တစ်နေ့တစ်မျိုးအသိတိုးကြပါစေ

အင်္ဂလိပ်စာလေ့လာလိုသူများ profile ကိုဝင် follow see first လုပ်ပြီး နေ့စဥ်တင်သမျှ လေ့လာပါ

များစွာအကျိုးရှိပါလိမ့်မယ်

ဆရာဇော်
ရွှေဇွန်မြေ အင်္ဂလိပ်စာ
Crd

29/12/2021

စကား ၅ မျိုး

မတွေ့ရတာကြာပြီနော်
1. Long time no see.

မိန်းကလေးများ ကိုယ့်ကို ရိတိတိ အပြောခံရတဲ့အခါလိုမျိုးမှာ သတိပေးတဲ့အနေနဲ့ပြန်ပြောလို့အဆင်ပြေမယ်စကားလေး

2. Watch your tongue.
စကားပြောတာကြည့်ပြောနော် (ဟွန်း ပါးကျိုးသွားမယ် ဘာမှတ်လဲ)

အချိန်မရွေးလာလည်ပါနော်
3. Come back anytime.
(မြန်မာဇာတ်ကားများတွင် သင်္ဘောသားသူဌေးအားသားမက်ဖမ်းလိုသော အဖွားကြီးက အိမ်ပေါက်ဝအထိလိုက်ပို့ရင်း ပြောတာခဏခဏ ကြားဖူးသည်)

ကျွန်တော်က ဇီဇာမကြောင်တတ်ပါဘူးခင်ဗျ
4. I'm easy

ဘာပဲဖြစ်ဖြစ် ရပါတယ် ( ဟဲဟဲ)
5. Fine with me.

အင်္ဂလိပ်စာလေ့လာသူများ page ကို ဝင်
Page like & follow see first လုပ်ပြီး နေ့စဉ်လေ့လာပါ
များစွာအကျိုးရှိပါမည်

ဆရာဇော်
ရွှေဇွန်မြေ အင်္ဂလိပ်စာ
Crd

Address

ဇေယျာလမ်းနှင့် နရဏီလမ်းကြား၊ ပြည်သူ့အားကစားကွင်းအနီး၊ ကျန်စစ်သားရပ်၊ မြင်းမူမြို့။
Myinmu
02341

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959400415400

Website

Alerts

Be the first to know and let us send you an email when ZWE MARN - Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category