Myitkyina Basic Education Students' Union-MBESU

Myitkyina Basic Education Students' Union-MBESU MBESU-is an independent student union which emerged with the 2021pro-democracy movement.

၁၉၆၂ ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ဒီမိုကရေစီရေး တို့အတွက် လက်နက်စွဲကိုင် တိုက်...
05/02/2026

၁၉၆၂ ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ဒီမိုကရေစီရေး တို့အတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသော ကချင်လူမျိုးစု၊ ကချင် အမျိုးသားတို့၏ တော်လှန်ရေးသည်ကာ ၆၅ နှစ်ပြည့်မြောက်ခဲ့လေပြီ။

ကချင်အမျိုးသားတော်လှန်ရေး ၆၅ နှစ်ပြည့်ကို မိမိတို့ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဂုဏ်ပြုကာ၊ ကချင်ပြည် နှင့် ကချင်ပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူ့လူထု လွတ်မြောက်ရေးအတွက် မမှိတ်မသုန် ဆက်လက်ချီတက်သွားမည်ဖြစ်သည်။

SADUN,  a beautiful mountain town in Eastern Kachin State has been shattered by tragedy.Today,Myanmar Fascist military a...
29/09/2025

SADUN, a beautiful mountain town in Eastern Kachin State has been shattered by tragedy.

Today,Myanmar Fascist military airstrike struck the town of SADUN,which targeted civilian infrastructures SADUN market and one school,killing 8 people including children.

Children with beautiful dreams and innocent mind has been targeted by these Cruelties.

We asked the world to raise and stand together with citizens from SADUN and citizens across the Burma who suffered from Cruelties of Fascist Army.

မြစ်ကြီးနား မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ သည် မိမိတို့၏ ကျောင်းသားထု အသက်၊လုံခြုံရေးနှင့် လွတ်လပ်စွာ ပညာ သင်ကြားခ...
19/08/2025

မြစ်ကြီးနား မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ သည် မိမိတို့၏ ကျောင်းသားထု အသက်၊လုံခြုံရေးနှင့် လွတ်လပ်စွာ ပညာ သင်ကြားခွင့်အား အနှောင့်အယှက် ဖြစ်စေသော လုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်ရပ်တည်ပါသည်။

We,MBESU strongly stand against any actions threaten to our students’ security,lives and the rights to eduction.

#မြစ်ကြီးနားအကသ

19/08/2025
18/08/2025

“ဖြစ်သွားတာက ဒီနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကပါ။ ဗုံးဆိုတာထက် အသံမိုင်းလို့ ယူဆရတဲ့ အရာမျိုး ပေါက်ကွဲတာပေါ့နော်။ ထိခိုက်မှုတွေကတော့ ကျောင်းရှေ့နားမှာ ရပ်ထားတဲ့ ကားကတော့ အပေါက်အပြဲတွေတော့ တော်တော်များပါတယ်။ ၁၀ ချက် ၁၅ ချက်လောက် ရှိမယ်ထင်ပါတယ်။
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#မြစ်ကြီးနား ိုယ်ပိုင်အထက်တန်းကျောင်း #ပေါက်ကွဲမှု

သတင်းထုတ်ပြန်ခြင်း။ယနေ့ နံနက် အချိန် ၁၁နာရီခန့်တွင် မြစ်ကြီးနားမြို့နယ် ရှိ All Star ကိုယ်ပိုင်အထက်တန်းကျောင်းအနီးအနားတွ...
18/08/2025

သတင်းထုတ်ပြန်ခြင်း။

ယနေ့ နံနက် အချိန် ၁၁နာရီခန့်တွင် မြစ်ကြီးနားမြို့နယ် ရှိ All Star ကိုယ်ပိုင်အထက်တန်းကျောင်းအနီးအနားတွင်အမည်မသိအဖွဲ့ တဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ရသည်ဟုသိရပါသည်။

ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေသော စုဝေး အဆောက်အဦးအနီးအနားအား တိုက်ပွဲ၊စစ်အခြေစိုက်စခန်း မရှိဘဲ တိုက်ခိုက်မှုအပေါ် မိမိတို့ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ ပြင်းထန်စွာ ရှုတ်ချသည်။

ကျောင်းသားများ၏ လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် ရသင့်ရထိုက်သော ပညာရေး ရရှိနိုင်ရေးသည် မိမိတို့ မြစ်ကြီးနားအကသအဖွဲ့မှ ကိုင်စွဲသော မူဝါဒ များဖြစ်သောကြောင့် မြစ်ကြီးနားမြို့တွင်းရှိ ကျောင်းသားထု၏ အသက်အန္တရာယ်နှင့်အကျိုးစီးပွါးကို ခြိမ်းခြောက်သော လုပ်ရပ်မှန်သမျှကိုဆန့်ကျင်ပါသည်။

သက်ဆိုင်ရာ လက်နက်ကိုင်ဆောင်ထားသော အဖွဲ့အစည်း များအနေနှင့်လည်း ကျောင်းသားထုကို ထိခိုက်စေမည့် အရပ်ဘက်ထိခိုက်၊တိုက်ခ်ိုက်များကို ဂျီနီဗာကွန်ဗန်ရှင်းပါ အချက်များကို ကျော်လွန်လုပ်ဆောင်မှု မရှိစေရန် မိမိတို့ မြစ်ကြီးနားမြ်ို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ မှ ကျောင်းသားထု ကိုယ်စား သတိပေးပန်ကြားထုတ်ပြန်လိုက်ရပါသည်။

မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့

#ဗုံးပေါက်ကွဲမှု #မြစ်ကြီးနားအကသ #ကျောင်းရှေ့တိုက်ခိုက်မှု

အကြောင်းအရာ။‬‭ ။‬‭ ဖက်ဒရယ်ဥပဒေအကယ်ဒမီ‬‭နှင့်‬‭ဘားမား‬‭ အကယ်ဒမီတို့မှ‬‭ပူးပေါင်းကျင်းပသော‬‭ ၄၉‬‭နှစ်မြောက်‬‭ကျောင်းသားခေါ...
26/06/2025

အကြောင်းအရာ။‬‭ ။‬‭ ဖက်ဒရယ်ဥပဒေအကယ်ဒမီ‬‭နှင့်‬‭ဘားမား‬‭ အကယ်ဒမီတို့မှ‬‭ပူးပေါင်းကျင်းပသော‬‭ ၄၉‬
‭နှစ်မြောက်‬‭ကျောင်းသားခေါင်းဆောင်‬‭အာဇာနည်‬‭သူရဲကောင်း‬‭ ဆလိုင်းတင်မောင်ဦး‬‭ကျဆုံးသည့်‬
‭အောက်မေ့ဂုဏ်ပြုခြင်း အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာ။‬

“မင်းတို့ရဲ့‬‭ စစ်ဖိနပ်အောက်မှာ‬‭ငါဘယ်သောအခါမှ‬‭ဒူးမထောက်ဘူး”ဆိုသည့်‬‭ကျွန်တော်တို့ ၏‬
‭ကျောင်းသားမျိုးဆက်၊ရဲရဲနီတဲ့‬‭ ဗမာပြည်‬‭ခွပ်ဒေါင်း‬‭ကျောင်းသားသွေး‬‭ဖြစ်သည့်‬
‭သူရဲကောင်းဆလိုင်းတင်မောင်ဦး‬‭ကျဆုံးမှုဟာ‬‭ဒီနေ့မှာ‬‭ ၄၉‬‭နှစ်တိုင်တိုင်ပြည့်ပြီဖြစ်ပါသည်။ရဲရင့်သော‬
‭ခွပ်ဒေါင်းမျိုးဆက်ပီပီ လူထုရှေ့တွင်ရပ်ကာ လူထုအားမတရားဖိနှိပ်ချုပ်ခြယ်သော‬‭ မဆလစစ်အစိုးရအား‬
‭တော်လှန်ခဲ့သောကြောင့်‬‭ကြိုးပေးကွပ်မျက်ခဲ့ရသော်လည်း‬‭ ဆလိုင်းတင်မောင်ဦး၏‬‭ရဲရင့်သော‬
‭စိတ်ဓာတ်သည်‬‭ ယနေ့တိုင်ကျောင်းသားမျိုးဆက်တိုင်းထံသို့‬‭ လက်ဆင့်ကမ်းသယ်ဆောင်ကာ‬
‭တော်လှန်နေကြဆဲ၊ရဲရင့်နေကြဆဲဖြစ်ပါသည်။‬
‭ချင်းလူမျိုးစုကျောင်းသား‬‭အာဇာနည်ဖြစ်သော‬‭ ဆလိုင်းတင်မောင်ဦး‬‭အောက်မေ့ဂုဏ်ပြုခြင်း‬
‭ အခမ်းအနားသို့‬‭ ကချင်‬‭လူမျိုးစုဒေသ‬‭ အခြေစိုက်သော‬‭ ၊‬‭ ၂၀၂၁‬‭နွေဦးတော်လှန်ရေးမျိုးဆက်‬
‭ကျောင်းသားသမဂ္ဂ‬‭ တရပ်အနေဖြင့်‬‭ဂုဏ်ပြုသဝဏ်လွှာပေးပို့နိုင်ခြင်းအပေါ်‬‭ကျွန်တော်တို့‬
‭မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများ‬‭ သမဂ္ဂမှများစွာ‬‭ဂုဏ်ယူမိပါသည်။ကျဆုံးသွားသော‬
‭နောင်တော်‬‭မျိုးဆက်‬‭ ဆလိုင်းတင်မောင်ဦးအား‬‭ အလေးပြုလျက်‬‭ ဆလိုင်းတင်မောင်ဦး၏‬
‭စိတ်ဓာတ်အားကိုင်စွဲကာ‬‭ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနှင့်‬‭နိုင်ငံတော်သစ်‬‭ အတွက်‬
‭ရှေ့လျှောက်မမှိန်မသုန်ဆက်လက်ရပ်တည်‬‭တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း‬‭ကျွန်တော်တို့‬‭မြစ်ကြီးနားအကသ‬
‭မှ ဤသဝဏ်လွှာအားပေးပို့ ရင်း ကတိသစ္စာပြုလိုက်ရပါသည်။‬

“ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်အဓွန့်ရှည်ပါစေ၊ ကျောင်းသားသမိုင်း ထွန်းပြောင်ပါစေ”

‭မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ‬
‭ ဗဟိုအလုပ်အမှုဆောင်အဖွဲ့

#မြစ်ကြီးနားအကသ #ဆလိုင်းတင်မောင်ဦး

၂၀၂၅ ကချင့်နိုင်ငံရေး အခြေအနေနှင့် အလားအလာ⬛ ဂျက်ဂျက် | ဆောင်းပါး | အိုးဝေစစ်အာဏာသိမ်းပြီး လေးနှစ်အကြာ အားကောင်းလာသည့် ကခ...
20/06/2025

၂၀၂၅ ကချင့်နိုင်ငံရေး အခြေအနေနှင့် အလားအလာ

⬛ ဂျက်ဂျက် | ဆောင်းပါး | အိုးဝေ

စစ်အာဏာသိမ်းပြီး လေးနှစ်အကြာ အားကောင်းလာသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(ကေအိုင်အို) တပ်များနှင့် ကချင်ဒေသအခြေစိုက်ဒေသကာကွယ်ရေးတပ်များကား တဖက်၊ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီများ ကတဖက်နှင့် တိုက်ပွဲများ ဖြစ်ပွားနေကြသည့်အလျောက် ကချင့်စစ်မျက်နှာသည် ပိုမိုကျယ်ပြန်လာခဲ့ပြီဖြစ်သည်။ သျှမ်းမြောက်၊ ကချင်၊ ကရင်နှင့် ရက္ခိုင် တပြည်လုံး တပ်ဖြန့်ထားသည့် အာရက္ခတပ်တော်(အေအေ)၏ စစ်မျက်နှာပြီးလျှင် ဤစစ်မျက်နှာသည် ဒုတိယအကြီးမားဆုံး ဖြစ်လာခဲ့ပြီ။ စစ်ပွဲသည် မြောက်ဖျားပိုင်းရေခဲတောင်များမှ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်၊ သျှမ်းမြောက် ကချင်ဆပ်စတိတ်အပြင် ကချင်ပြည်နှင့်ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသများထိပါ ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။ စစ်ပွဲအသွင်မှာလည်း ပြောက်ကျားစစ်ဆင်ရေး၊ ထိတွေ့တိုက်ပွဲများမှသည် သမာရိုးကျစစ်ပွဲနှင့် အရှိန်အဟုန်ပြင်းသော မြို့သိမ်းထိုးစစ်တိုက်ပွဲများအသွင်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

တိုက်ပွဲများအကြား အားကောင်းလာ‌သော စစ်အနိုင်တိုက်ရေး အတွေးအခေါ်
________________________

ကချင်ဒေသ တခုလုံးရှိ သျှမ်း၊ ကချင်၊ ဂေါ်ရခါး၊ ရက္ခိုင်၊ မြန်မာ လူမျိုးပေါင်းစုံ ပြည်သူအပေါင်းတို့သည် ကချင်ဒေသအလုံးစုံလွတ်လပ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးတို့အတွက် ဦးတည်တိုက်ပွဲနေကြသည် ။ ပင်လုံစာချုပ်ဖြင့် ချုပ်ဆိုကိုလိုနီသွတ်သွင်းခဲ့သော အတုအယောင် ပြည်ထောင်စု၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖနှင့် ခေတ်အဆက်ဆက်ချုပ်ဆိုခဲ့သော မတည်မြဲသည့် အပစ်အခတ်ရပ်စဲရေး ၊ ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်များသည် ကချင်လူထုအတွက် မျက်မှောက်ကာလ၌ အရေးပါဆုံးသော လုပ်ငန်းစဉ်သည် စစ်အနိုင်တိုက်ရေးနှင့် စစ်သုံးစစ် အမြစ်ပြတ်ချေမှုန်းရေး ပင်ဖြစ်သည်ဟု မလွဲမသွေ ယုံကြည်စေရန် တွန်းပို့စေခဲ့သည်။ ပြည်သူလူထု၏ စစ်အနိုင်တိုက်ရေးယုံကြည်မှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးနှင့် ဒေသတွင်း အတည်တကျ မဖြစ်သေးသည့် နိုင်ငံရေးအခင်းအကျင်း တစုံလုံးကို ကေအိုင်အိုက ဦးဆောင်နေသည်။ အားကောင်းလာသည့် စစ်ရေးနှင့်အတူ စစ်အနိုင်တိုက်ရေးကို အပြည့်အဝထောက်ခံထားသည့် ကချင်ပြည်လူထု၏ နိုင်ငံရေးအသိစိတ်ကြောင့် အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်မည့် ပါတီနိုင်ငံရေး လမ်းကြောင်းအား လူထုမှ ယုံကြည်မှုအားနည်းလျက်ရှိသည်။ တဖက်တွင်လည်း အရပ်ဘက်နိုင်ငံရေးအဖွဲ့များနှင့် ပါတီနိုင်ငံရေးအဖွဲ့များ၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဠသည် သိသာစွာအားနည်းလာသည်ကို တွေ့ရသည်။ ဒေသတခုလုံး၏ စနစ်အလုံးစုံကို လက်နက်ကိုင်တော်လှန်ရေးဖြင့် ပြောင်းလဲပစ်မည့် နိုင်ငံရေးပုံစံတရပ်ကို ရောက်ရှိနေသည်မှာ မျက်မှောက်ကာလ ကချင်ဒေသနိုင်ငံရေးပင်ဖြစ်သည်။

မြေပုံအသစ် ဖြစ်လာမည့် စစ်ပွဲ
____________________________

၂၀၂၄ ခုနှစ်၊ မတ်လ ၇ နေ့တွင် စတင်ခဲ့သည့် ကေအိုင်အိုနှင့်ပူးပေါင်းတပ်၏ ဆယ်စုနှစ်များအတွင်း အကြီးမား၊ အပြင်းထန်ဆုံး သမားရိုးကျထိုးစစ်များကြောင့် ကျယ်ပြန့်လှသည့် မလိခမြစ် အရှေ့ခြမ်းက နယ်မြေ အမြောက်အများသည် လက်ရှိတွင် ကေအိုင်အို၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မလိခအရှေ့ခြမ်း မြောက်ဘက်အကျဆုံး ခေါင်လန်ဖူးဒေသမှသည် ကချင်အထူးဒေသ (၁) တခုလုံး၊ မံစီ၊ မိုးမောက်၊ လွယ်ဂျယ်နှင့် တောင်ဘက် မန့်ဝိန်းကြီးဒေသများအထိ ကချင့်လွတ်လပ်ရေးတပ်မတော်နှင့် မဟာမိတ်များ၏ အောင်ပွဲနှင့်အတူ ကချင်ဒေသ၏မြေပုံသည် အပြောင်းအလဲဖြစ်လာခဲ့ပြီ ဖြစ်သည်။

ကချင့်လွတ်လပ်ရေးအဖွဲ့ချုပ်၊ ကေအိုင်အိုနှင့် မဟာမိတ်တပ်များသည် ဗမာပြည်မြောက်ပိုင်းတွင် ဆယ်စုနှစ်များစွာ အခိုင်မာဆုံးတည်ဆောက်ထားသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) ကို ဗန်းမော်လွင်ပြင် ထိုးစစ်နှင့်အတူ အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိပြီး ဗန်းမော်မြို့အား အလုံးစုံ သိမ်းပိုက်ရရှိရန် လက်တလုံးအလိုသာ ကျန်ပါတော့သည်။ ခုခံတော်လှန်စစ်ကို ဆင်နွဲနေသော ကချင်ဒေသတပ်ပေါင်းစုများ၏ ဘဏ္ဍာရေးအတွက်အရေးပါသော ဖားကန့်ဒေသ၊ ဆယ်ဇင်းဒေသ တခုလုံး၏ ဝင်ပေါက်ထွက်ပေါက် လမ်းများနှင့် တပ်စခန်းများအားလုံးကိုလည်း ကချင့်လွတ်လပ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီဖြစ်ပါသည်။ ဗမာပြည်တခုလုံးလွတ်မြောက်ရေးအတွက် အရေးပါသည့် စစ်ကိုင်းအညာဒေသနှင့် ကချင်ဒေသကြား အရေးပါသော အင်းတော်မြို့၊ မိုးညှင်း-အင်းတော် လမ်းပိုင်းတခုလုံးအား ကချင်ဒေသတပ်ပေါင်းစုနှင့် အညာအခြေစိုက်ဒေသကာကွယ်ရေးတပ်များမှ အများစုထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ပေါင်ယောင်အိပ်မက်နှင့်အတူ လွတ်လပ်သော ကချင်ပြည်သစ် အိပ်မက်အတွက် အရေးပါသော မြေပုံသစ်သည် စစ်အောင်နိုင်မှု၊ ဒေသများအားထိန်းချုပ်နိုင်မှူ ၊ ထိန်းချုပ်ဒေသများတွင် စနစ်တကျ ထူထောင်နိုင်မှုတို့နှင့်အတူ တရွေ့ရွေ့ အကောင်အထည်ပေါ်လာပြီဖြစ်ပါသည်။ အထက်တွင်ဖော်ပြထားသည့် ကေအိုင်အို၏ ဧရာဝတီမြစ်နောက်ခြမ်းနှင့် တဆက်တည်းနယ်မြေများအား သိမ်းပိုက်မှု၊ မဟာဗျူဟာမြောက် မြို့များနှင့် လမ်းပိုင်းများအား ကျယ်ပြန့်စွာ ထိန်းချုပ်နိုင်မှုသည် အနာဂတ် ကချင်ပြည်သစ်၏ အမြုတေ မြေပုံသစ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။

တရုတ်နှင့်ဆက်ဆံရေး၊ တရုတ်၏အခန်းကဏ္ဍ
အားကောင်းလာသည့် စစ်ရေး၊ လွတ်မြောက်လိုသော နိုင်ငံရေးနှင့် ယုံကြည်မှုပြီးလျှင် ကချင်ဒေသလွတ်မြောက်ရေးအတွက် အရေးကြီးဆုံး အခန်းကဏ္ဍသည် နိုင်ငံခြားရေးပင်ဖြစ်သည်။ ကချင်ဒေသ၏ မြောက်ပိုင်းနှင့်အနောက်ပိုင်းတလျှောက် ထိစပ်နေသော ဂလိုဘယ်ပါဝါ-ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးလျက်သည်မှာ ပကတိအမှန်တရားဖြစ်သည်။ ကေအိုင်အိုသည် လူထုအခြေပြုသော နိုင်ငံရေးနှင့်စစ်ရေးရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက် တရုတ်နိုင်ငံ၏ ဖိအားများကြားမှ လွန်ခဲ့သော လပိုင်းများတွင် ကချင်ဒေသ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့အားလုံးကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည် ။တဖက်တွင်လည်း တရုတ်ကွန်မြူနစ်ပါတီနှင့် ကောင်းမွန်သောဆက်ဆံရေးများအတွက် သိသိသာသာအထူးကြိုးပမ်းလျက်ရှိသည်။ ၂၀၂၄ ဒီဇင်ဘာ လတွင် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ၏ ဖိတ်ကြားချက်အရ ပီကင်းသို့ ကေအိုင်အိုဥက္ကဌ ဗိုလ်ချုပ်ကြီးအျင်ဘန်လ သွားရောက်တွေ့ဆုံခဲ့သည့် အခြေအနေများရှိခဲ့သည်။ ထိုကဲ့သို့သွားရောက်တွေ့ဆုံမှုများတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အရာရှိများနှင့် တွေ့ဆုံနိုင်ခဲ့သည့် အခြေအနေများရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိ၊ အဖွဲ့ဝင်များနှင့် နိုင်ငံခြားရေး၊ သံတမန်ရေးအရ ရံဖန်ရံခါ တွေ့ဆုံဆွေးနွေးနိုင်သောအခြေအနေများသည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ကချင်ဒေသ၏ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍအား ဒေသလူထု့ထောက်ခံမှုရထားသည့် ကေအိုင်အိုမှ ရယူနိုင်ခဲ့သော အခြေအနေဖြစ်ပါသည်။ သမိုင်းတလျှောက် လူမျိူးစု ဒေသ တခု အလုံးစုံလွတ်မြောက်ရေး၏ အရေးပါသော နိုင်ငံခြားရေး အခန်းကဏ္ဍအား ကေအိုင်အိုသည် တရုတ်နှင့် မယုတ်မလွန် ဆက်ဆံရေးအား အခြေခံလူထုဆန္ဒမသွေဖယ်ဘဲ ခိုင်မာစွာ ထူထောင်နိုင်သည့် အခြေအနေရှိနေပြီဖြစ်သည်။

နယ်မြေပြဿနာ၊ လူမျိုးစုတွေကြားယုံကြည်မှု
_________________________________________

၂၀၂၁၊ အောက်တိုဘာ ၂၇ တွင် ဗမာပြည်စစ်သမိုင်းတလျှောက် ဖက်ဆစ်ဗမာ့တပ်မတော်ကို အကြီးမားဆုံးထိုးနှက်မှုတခုအဖြစ် ၁၀၂၇ စစ်ဆင်ရေးကြီးက်ို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော TNLA၊ AA၊ MNDAA တို့ ဦးဆောင်စတင်ခဲ့ကြသည်။ မဟာမိတ်တပ်များ၏ ပြင်းထန်ပြောင်မြောက်လှသော ထိုးစစ်အရှိန်အဟုန်ကြောင် သျှမ်းမြောက်၊ ကချင်ဆပ်စတိတ်ဒေသတခုလုံးနီးပါးကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ပါ အပြီးသတ်ကျဆုံးခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သိသာထင်ရှားသော ထိန်းချုပ်နယ်မြေသတ်မှတ်ချက်များ၊ အုပ်ချုပ်ရေးအာဏာတည်ဆောက်မှုများ၊ တပ်အင်အားဖြန့်ကျက်မှုအသစ်များ ဖြစ်လာရသည်။ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုနောက် ရရှိလာသော နယ်မြေထိန်းချုပ်၊ အုပ်ချုပ်ရေးထူထောင်မှုများနှင့် သမိုင်းအခြေပြု နယ်မြေပိုင်ဆိုင်မှုများအပေါ်တွင် အခြေခံ၍ ထိန်းချုပ်နယ်မြေ အငြင်းပွါးမှု ပြဿနာများလည်း သျှမ်းမြောက် ကချင်ဆပ်စတိတ်ဒေသ တခုလုံးတွင် ကျယ်ကျယ်ပြန့်ပြန်ဖြစ်လာရသည်။

လက်နက်ကိုင်နှစ်ဖက်ကြား ထိတွေ့တေ့ဆိုင်မှု အများဆုံးဖြစ်ခဲ့သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး( PSLF) နှင့် ကချင်ဒေသ နိုင်ငံရေးဦးဆောင်ဖြစ်သော ကေအိုင်အို နှစ်ဖွဲ့လုံးဘက်မှ သဘောထားများအသီးသီး ထွက်ရှိထားသည့်အခြေအနေကိုလည်း တွေ့ရသည်။ ကေအိုင်အို အနေဖြင့် (၁) PSLO/PSLA ခေတ်မှ PSLF ထိ ချုပ်ဆိုထားသော မဟာမိတ်စာချူပ် ၃ ခု၊ (၂)သမိုင်းကြောင်းအခြေပြုသော နယ်နမိတ်သတ်မှတ်ချက်၊ (၃) ဒေသခံပြည်သူလူထု၏ သဘောထားဟူသော သုံးရပ်ဖြင့်ဖြေရှင်းသွားမည့် ပြောဆိုမှုနှင့် အလားအလာများရှိခဲ့ပြီး PSLF ဗဟိုကမူ မဟာမိတ်စာချုပ်များကို အလေးထားမည်ဟူသော ကေအိုင်အို ဗဟိုနှင့် ပူးတွဲ ထုတ်ပြန်ချက်တရပ် ထွက်ရှိထားသည်။

သျှမ်းမြောက်-ကချင်ဆပ်စတိတ်ဒေသသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအိုင်အို လှူပ်ရှားနယ်မြေပဋိပက္ခ၊ ၂၀၁၆ မှ ၂၀၂၁ နှစ်ကုန်ထိ PSLFမှ သျှမ်းလူထု ထောက်ခံမှု အားကောင်းသော RCSS အား သျှမ်းမြောက်မှ ဖယ်ထုတ်ရေး တိုက်ပွဲများ၊ အခြားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့အသီးသီး၏ လှုပ်ရှားနယ်မြေ အငြင်းပွါးထိတွေ့တေ့ဆိုင်များများ ရံဖန်ရံခါ ဖြစ်ခဲ့သော နယ်မြေ ဖြစ်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အရှေ့မြောက်စစ်ဒေသ၊ သျှမ်းလက်နက်ကိုင်တပ်များအားကောင်းခဲ့သော ဒေသ၊ ကချင်တပ်၊ တအာန်းတပ် ၊ ကိုးကန့်တပ်များ စတင်ဖွဲ့စည်းတည်ဆောက် အားကောင်းခဲ့သော သျှမ်းမြောက်-ကချင်ဆပ်စတိတ်ဒေသ၏ စစ်မှန်သော လွတ်လပ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီသည် ဒေသခံပြည်လူထုကို အခြေခံသော လူမျိုးစု များအားလုံး အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ၊ သမိုင်းကြောင်းအခြေခံ စဉ်းစားချက်၊ အခြေခံလူထုသဘောထားများ အားလုံးအပေါ်တွင် မူတည်သက်ရောက်လျက် ရှိသွားမည်ဖြစ်ပါသည်။ နယ်မြေ ပြဿနာ၊ ပဋိပက္ခများကြောင့် လူမျိုးစုများအကြား ယုံကြည်မှူ မပျက်ယွင်းစေရန်နှင့် ဖက်စစ်ဗမာတပ်၏ ဖိနှိပ်မှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့သော ဒေသခံလူထု၏ အသက်အိုးအိမ်နှင့် ဒီမိုကရေစီအခွင့်အရေးများကို ထပ်မံထိခိုက်မှုမဖြစ်စေရန် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။

ပေါင်ယောင်အိပ်မက်နှင့် ကချင်ပြည်သစ်
_____________________________________

ပေါင်ယောင်ရာဇာဝင်နှင့်အတူ ဖြစ်တည်လာသော ကချင်အမျိုးသားလွတ်မြောက်ရေးဝါဒနှင့် ပေါက်ယောင်အိပ်မက်သည် အောင်နိုင်လာသော စစ်ရေးအသာစီးမှုများနှင့်အတူ ကချင်ပြည်လူထုကြား တဖန် ပြန်လည်တက်ကြွ၊ အားကောင်းလာပြီဆိုသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ကချင်အမျိုးသားများနှင့်အတူ ကချင်ဒေသနေ လူမျိုးပေါင်းစုံ ပြည်သူလူထုသည် အလုံးစုံ ကချင်ပြည်လွတ်မြောက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်နေကြပြီဖြစ်သည်။ ဗမာပြည်တခုလုံးလွတ်မြောက်ရေးအတွက် အရေးပါသော ကချင်ပြည်သစ်သို့ ချီတက်သော လမ်းခရီးတွင် ကချင်အမျိုးသားများအပါအဝင် ကချင်ဒေသတခုလုံးရှိ လူမျိုးပေါင်းစုံပြည်သူများ၊ တောင်တန်းနေပြည်သူများ၊ အညာနှင့်ဗမာတပြည်လုံးရှိ မဟာမိတ်များ ပေါင်းစည်းကာ စည်းလုံးစည်းလုံးချီတက်နေကြပြီဖြစ်သည်။ အရေးပါသော အန္တိမ အိမ်မက်သည်ကချင်ဒေသမြို့တော် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် ဦးဆောင်သော မဟာမိတ်တပ်များက မြစ်ကြီးနားကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ပြီး ပြည်သူလူထုနှင့်အတူ အောင်ပွဲခံ ပဒန်မနောင် အက,က အပြီးသတ်မည်ဖြစ်သည်။ မျက်မှောက်ကချင်ဒေသ၏ နိုင်ငံရေးသည် ကချင်ပြည်လူထု၏ အမြင့်ဆုံးနိုင်ငံရေးမျှော်မှန်းချက် ပေါင်ယောင်အိပ်မက်တည်းဟုသော ကချင်ပြည်သစ်သို့ ရောက်ရှိရန် လက်တကမ်းသာ လိုပါတော့သည်။

မှတ်ချက်။ ။"ပေါင်ယောင်"ဆိုသည်မှာ ကချင်(ဝမ်ပေါင်) လူမျိုးစုဟူသော ဖြစ်တည်မှုနှင့်အတူ ဆက်စပ်လျှက်ရှိသော ကချင်အမျိုးသားတို့၏ နှုတ်ပြောရာဇဝင်တခုဖြစ်သည်။ ကချင်အမျိုးသားတို့သည် ပေါင်ယောက်မှဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။ လွတ်လပ်ပြီးခေတ်တွင် ကချင်လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အစပြုသူ ဗိုလ်နော်ဆိုင်းသည် ပေါင်ယောင် ဟူသော အမည်ဖြင့် ကချင်အမျိုးသားတို့၏ လွတ်မြောက်ရေးအိပ်မက်ကို မျိုးစေ့ချခဲ့သည်။ ပေါင်ယောင်သည် ကချင်အမျိုးသားတို့၏ နှုတ်ပြောရာဇဝင်၊ အမျိုးသားရေးအိပ်မက်နှင့် အယူဝါဒ ဖြစ်သည်ဟု တလုံးတဝ မှတ်ယူနိုင်သည်။

⬛ ဂျက်ဂျက်

#ပေါင်ယောင် #အကသ #မြစ်ကြီးနားအကသ

https://m.facebook.com/story.php?story_fbid=715047537577313&id=100072162207065

၂၀၂၃ ကချင့်နိုင်ငံရေး အခြေအနေနှင့် အလားအလာ_______________________________________◾️ ဂျက်ဂျက် | အတွေးအမြင် | အိုးဝေစစ်အာဏ...
17/09/2023

၂၀၂၃ ကချင့်နိုင်ငံရေး အခြေအနေနှင့် အလားအလာ
_______________________________________

◾️ ဂျက်ဂျက် | အတွေးအမြင် | အိုးဝေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ ) အကြား ပိုမိုပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ၏ ကချင်ဒေသ တခုလုံးစာ စစ်ရေးနှင့် စိုးမိုး ချဲ့ထွင်လာသော တိုက်ပွဲများကြောင့် စစ်ရေး၊ စစ်ရေးနှင့်သက်ဆိုင်သော နိုင်ငံရေး ဆွေးနွေးမှု ဘောင်များ ပိုမို ကျယ်ပြန့်လာပြီး များစွာသော အရပ်ဘက် အဖွဲ့များအနေဖြင့်လည်း စစ်ပွဲ အကြပ်အတည်းတွင်း ကျရောက်သော ပြည်သူလူထု ကူညီနိုင်ရန်နှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား အုပ်ချုပ်ရေး ၂ ခု အကြား လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အရပ်ဘက် အဖွဲ့အစည်းများ၏ အခြေအနေ
________________________________

စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ (NUG ) နှင့် ဩဇာကြီးမားသည့် ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့ (WMR) မှ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သော ဒူဝါလရှီးလ အနေနှင့် ယာယီ သမ္မတ အဖြစ် ပါဝင်ခဲ့ပြီး အခြားသော စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ကချင် အရပ်ဘက်အဖွဲ့အစည်းများ အနေနှင့် ကေအိုင်အို ကျောထောက်နောက်ခံပြု ကချင်နိုင်ငံရေး ကြားကာလ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (KPICT ) အား ဖွဲ့စည်းကာ NUG နှင့် မဟာမိတ် အနေအထား ရပ်တည်ပြီး NUG ဝန်ကြီး ဌာန အသီးသီးတွင် ပူးပေါင်း ပါဝင်မှုများရှိသည်ကိုတွေ့ရသည်။

ဩဇာကြီးမားသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အနေနှင့်လည်း စစ်ဘေးရှောင် နေရပ်ပြန်နိုင်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကေအိုင်အိုအစိုးရနှင့် အာဏာသိမ်းစစ်တပ် နှစ်ရပ်အကြား ဆက်လက် ကူညီနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

ကချင်ဘာသာရေးခေါင်းဆောင်၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) ၏ ဥက္ကဋ္ဌ ဖြစ်သူ ကေဘီစီ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်အား စစ်ကောင်စီမှ ဒီဇင်ဘာ ၅ ရက်နေ့တွင်ဖမ်းဆီခဲ့ပြီး ၁၇/၁ အပါအဝင် အခြား သော ပုဒ်မ များနှင့် စွဲချက်တင် တရားစွဲထားလျက်ရှိသည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်အား ဖမ်းဆီးမှု အပေါ် ကချင်ပြည်လူထုမှ အပြင်းအထန် ကန့်ကွက်နေပြီး ကချင်ပြည်လူထုအတွင်း မကျေနပ်မှုများ ပြင်းထန်လျက်ရှိသည်။

အခြားသော ကချင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းများအနေနှင့် စစ်ကောင်စီလက်အောက်တွင် ရပ်တည်နိုင်ရန် ကြိုးပမ်းမှုများရှိသကဲ့သို့ စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်နေသည့် အဖွဲ့များ ရှိသည့်အတွက် ကချင်ပြည် လူထု မှ အပြင်းအထန် ဝေဖန်လျက်ရှိသည်။ ထို့အပြင် အချို့သော ကချင့် ယဉ်ကျေးမှု အဖွဲ့များအား စစ်ကောင်စီမှ အသုံးချကာ စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေသည်။

အကြမ်းမဖက် လူထုလှုပ်ရှားမှုများ
_________________________

၂၀၂၂ ခုနှစ်၊ ၂၀၂၁ ခုနှစ်များနှင့် နှိုင်းယှဉ်လျှင် စစ်ရေးဘောင်ကျယ်ပြန့်လာမှုနှင့် အတူ သပိတ်လှုပ်ရှားမှုများ သိသိသာသာ လျော့နည်းလာခဲ့သည်။ ကချင်ပြည်တွင်း အားအကောင်းဆုံးဖြစ်သော ကချင်ပြည်ပင်ပသပိတ် (KSCM )နှင့် ဖားကန့် ပင်မသပိတ်ကော်မီ ဟူ၍ ဆက်လက်ရပ်တည်သော သပိတ်ကော်မတီနှစ်ရပ်ရှိပြီး သပိတ်လှုပ်ရှားများကို ခပ်ကျဲကျဲ လုပ်ဆောင်နေရသည့် အနေအထားများကိုတွေ့ရသည်။

ကချင်ပြည် ပင်မ သပိတ်မှလည်း ရှတ်ဂျမ်စာစောင်ကို ဆက်လက်ထုတ်ဝေလျက်ရှိသည်။ ကချင်ပြည် ပင်မ သပိတ်တွင်ပါဝင်သော မြစ်ကြီးနား အခြေစိုက်ကျောင်းသားသမဂ္ဂ များမှ KSCU နှင့် အခြားသော ကြားကာလ ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံရေး လိုင်းတင် ဆွေးနွေးမှုများကိုလည်း SURC၊ NUCC စသည့် အဖွဲ့အစည်းများအတွင်းမှ လုပ်ဆောင်လျက်ရှိသည်။

သီးခြားရပ်တည်သော မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ အနေနှင့်လည်း မြစ်ကြီးနားမြို့အား အခြေပြုကာ မဟာမိတ်ကျောင်းသားသမဂ္ဂများနှင့်အတူ နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသေးသည်ကို တွေ့ရသည်။ ဗကသများအဖွဲ့ချုပ်ဝင် မိုးညှင်းမြို့နယ် ကျောင်းသားသမဂ္ဂ၏ လှုပ်ရှားမှုများကိုလည်း ဆက်လက် တွေ့ရှိရသည်။

ပါတီနိုင်ငံရေး အခြေအနေ
___________________

အရှိန်မြင့်လာသော စစ်ရေး လှုပ်ရှားမှုများ၊ တိုက်ပွဲများ နှင့် ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် ကချင်ပြည်သူလူထုမှ အာဏာသိမ်းစစ်တပ်အပေါ် သဘောထား ပိုမိုတင်းမာလာသကဲ့သို့ အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲ လမ်းကြောင်းကို အယုံအကြည် လုံးဝကင်းမဲ့လျက်ရှိသည်။

သို့ရာတွင် ယခင်က မှတ်ပုံတင်ခဲ့သော ကချင်ပြည် ရှိ ပါတီ ၅ ခုအနက် စစ်ကောင်စီ ဖွဲ့စည်းသော ရွေးကောက်ပွဲကော်မရှင်အောက်တွင် မှတ်ပုံတင်ခဲ့သော ပါတီ ၄ ခုထိရှိသည်ကိုတွေ့ရသည်။ ထိုအထဲတွင် ယမန်နှစ်က စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသော ဒေါက်တာ အမ်ကွမ်လှ ဦးဆောင်သော KNC၊ ကချင်လူငယ်များအကြား ထောက်ခံမှုရခဲ့သော KSPP၊ ဒီမိုကရေစီပါတီသစ် (ကချင်) နှင့် အကြမ်းဖက် စစ်တပ် ကျောထောက်နောက်ခံ ပြုထားသော ဒေသအခေါ် ဒူးလေးပါတီတို့လည်း ပါဝင်ခဲ့သည်။

ကချင်ပြည်သူလူထုနှင့် ကချင်လူငယ်များမှ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အောက် မှတ်ပုံတင်သော ပါတီများအပေါ် အပြင်းအထန် ဝေဖန်မှုများ ရှိခဲ့သည်။

ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ် (ကေအိုင်အို) ၏ လှုပ်ရှားမှုများ
________________________________________________

အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီး ၂ နှစ်အတွင်း ကချင့်လွတ်မြောက်ရေး အဖွဲ့ချုပ် (ကေအိုင်အို) ၏ စစ်ရေးလှုပ်ရှားမှူ အရှိန်ကို မြှင့်တင် လာခဲ့သကဲ့သို့ ဘုံလုပ်ငန်းစဉ်တူ လက်နက်ကိုင်တပ်များအား စစ်ရေးအရ ကူညီပေးမှုများ ရှိနေခဲ့သည်။

နိုင်ငံရေးအရ ကြည့်မည်ဆိုလျှင်လည်း ကေအိုင်အိုအနေနှင့် KPICT ကို ဦးဆောင်ဖွဲ့စည်းကာ အခြားသော နိုင်ငံရေးအရ မဟာမိတ်များနှင့် မဟာမိတ်ပြုဆောင်ရွက်သကဲ့သို့ ကချင်ဒေသ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများအားလည်း တိုးမြင့်ကာ ဆောင်ရွက်နေလျက် ရှိသည်။ KPICT ဖွဲ့စည်းမှုအပြီး NUG အတွင်း KPICT မှ အဖွဲ့ဝင်များပါ တာဝန်ယူသည့် အပိုင်းနှင့် NUG ဝန်ကြီးဌာန အသီးသီးတွင် ပါဝင်မှုများရှိခဲ့သကဲ့သို့ ကချင်ဒေသ အုပ်ချုပ်ရေး စနစ်အားလည်း ပိုမို ခိုင်မာလာရန် ကြိုးပမ်းနေသည်။

တဖက်တွင်လည်း စစ်ရေးအရ မဟာမိတ်ဖြစ်နိုင်သော ဘုံလုပ်ငန်းစဉ်တူသည့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ (PDFs) များ၊ ဒေသကာကွယ်ရေးအဖွဲ့များ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ တောင်ပိုင်း၊ မကွေးတိုင်းနှင့် သျှမ်းမြောက် ကချင်ဒေသမဟုတ်သော နေရာမျာထိပါ စစ်ရေးအရ ကူညီပံ့ပိုးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

ထို့အပြင် စီးပွါးရေးအရ အရေးပါသော ဖားကန့်လွင်ပြင်၊ တနိုင်းလွင်ပြင်၊ ရွှေကူ ဗန်းမော်လွင်ပြင်နှင့် ကချင်ဒေသ အနှံ့အပြားကိုပါ စိုးမိုးမှု ရှိလာသကဲ့သို့ မြစ်ကြီးနား၊ ဗန်းမော်စသည့် မြို့ကြီးများ အထိပါ စစ်ရေးအရ တိုက်ခိုက်မှုများ ရှိလာသည်။

သျှမ်းပြည်မြောက်ပိုင်း ကချင်ဒေသ များတွင်လည်း စစ်ရေးလှုပ်ရှားများ ခပ်စိပ်စိပ် ရှိလာသည်ကို တွေ့ရပြီး နယ်မြေ စိုးမိုး ထိန်းချုပ်နိုင်မှုများ ရှိလာသည်။ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ချုပ် (ကေအိုင်အို) သည် လူထု၏ အန္တိမပန်းတိုင်ဖြစ်သော လွတ်လပ်ရေး ထိချီတက်ကာ အုပ်ချုပ်ရေးစနစ်သစ်ကို ထူထောင်နိုင်သည့် အလား အလာရှိပြီး ပိုမိုပြင်းထန်သော စစ်ရေး အရှိန်မြင့်တင်မှုများ၊ စစ်ရေး မဟာမိတ်များကို ကူညီထောက်ပံ့မှုများအား ပိုမိုတွေ့ရနိုင်သည်။

ကချင်ဒေသတွင်း အကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုများ
_________________________________________

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ယခင် မနောတိုင်ပါတီ ၊ စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဦးခက်ထိန်နန်အား ပြည်နယ်ကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ စစ်ကောင်စီခန့် ပြည်နယ်ကောင်စီ နှင့် ကေအိုင်အို အစိုးရ အပြိုင်အဆိုင် စိုးမိုးမှု ရရှိနိုင်ရန် ကြိုးပမ်းနေကြသည်။ အထူးသဖြင့် စစ်ကောင်စီဘက်မှ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အသင်းအဖွဲ့များကို ချဉ်းကပ်ကာ လူထုထောက်ခံမှု ရရှိနိုင်ရန် လုပ်ဆောင်နေသည်။

၂၀၂၁ ခုနှစ်အတွင်း စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း WHG ယဉ်ကျေးမှု အဖွဲ့မှတဆင့် ကချင်လူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ် များအား အသုံးချကာ ပုံရိပ်တည်ဆောက်မှုများ ရှိခဲ့သည်။ စစ်ရေးလှုပ်ရှားမှုများတွင်လည်း ကချင်ဒေသတွင်း စစ်ကောင်စီတပ်၏ ကုန်းလမ်းကြောင်း စစ်ဆင်ရေးတိုင်း အရှုံးနှင့်ရင်ဆိုင်ရပြီး ဒေသကျွမ်းသော ကေအိုင်အေတပ်မှ အသာစီးရနေသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ရေးအရ အရေးပါသော စခန်းများ၊ စခန်းကုန်း မြောက်မြားစွာကို စွန့်လွှတ်ခဲ့ရပြီး နာမည်ကြီး ထင်ရှားသော အလောဘွမ်တိုက်ပွဲတွင်ပါ အရှုံးကြီး ရှုံးခဲ့ရသည်။ စစ်ရေးအရ ရှုံးနိမ့်မှုများကြောင့် ဖားကန့်၊ ရွှေကူ၊ ဗန်းမော်၊ ပူတာအိုနှင့် ကချင်ဒေသ တကြောမြို့ကြီးများတွင်ပါ စစ်ကောင်စီတပ်၏ စိုးမိုးမှု သိသိသာသာကျဆင်းလာရသည်။

ကေအိုင်အေတပ်များ၏ စစ်ရေး ဖိအားများကို ကချင်ဒေသ တွင်သာမက စစ်ကိုင်း၊ မကွေး၊ သျှမ်းမြောက်ထိပါ သိသိသာသာ ခံရသောကြောင့် ကချင်ဒေသတွင်း စစ်ရေး အင်အား သိသိသာသာ လျော့ကျလာသည်။

မီးရထားလမ်းနှင့် မော်တော်ကားလမ်းကို အသုံး မပြုနိုင်သည့်အတွက် ရိက္ခာနှင့် အထောက်အပံ့များ ရရှိမှု အကန့်အသတ် ရှိလာသည်။ တခုတည်းသော လေကြောင်းလမ်း ထွက်ပေါက်အားလည်း ပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် ကေအိုင်အို ဘက်မှ အခွင့်အရေး အမြောက်အမြား ရှိလာသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်အနေနှင့် ကချင်ဒေသတွင်း ကျဉ်းထဲ၊ ကျပ်ထဲသို့ ရောက်ရှိလာပြီး ပိုမို ပြင်းထန်သော တော်လှန်တိုက်ပွဲများကို ကြုံရနိုင်ဖွယ် အလားအလာရှိသည်ဟု သုံးသပ်ရသည် ။

ကချင်ပြည်နိုင်ငံရေး အလားအလာနှင့် ကချင်ပြည်လူထု၏ ရပ်တည်ချက်
______________________________________________________

ကချင်ပြည် ပြည်သူလူထု အနေဖြင့် လက်ရှိ အခြေအနေထက် ပိုမိုခက်ခဲသော အခြေအနေများကို ကြုံတွေ့ လာရမည်ဖြစ်သည်။ တဖက်တွင်းလည်း စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တို့အကြား ပြင်းထန်သော တိုက်ပွဲများကြောင့် စီးပွါးရေး၊ လူမှုရေး၊ပညာရေး ဘက်ပေါင်းစုံမှ အကြပ်အတည်းများကို ကြုံတွေ့ရမည် ဖြစ်ပါသည်။

နိုင်ငံရေးအရ အကူးအပြောင်းအား ကြုံတွေ့နိုင်ဖို့ ရှိသော်လည်း အချိန်အတိုင်းအတာ တခုထိ လိုအပ်နေသေးသည်၊ အချိန်အတိုင်းအတာ တခုထိ ကြာဦးမည်ဟု သုံးသပ်ရပါသည် ။

ကချင်ပြည် ပြည်သူလူထု သည် နှစ်ပေါင်း ၇၀ ကျော် တောင့်တခဲ့သော ကချင်ပြည် လွတ်မြောက်ရေး၊ အမျိုးသား လွတ်မြောက်ရေးတို့အတွက် အရိုးကြေကြေ၊ အရေခန်းခန်း၊ ရရာနေရာ၊ ကျရာ ကဏ္ဍမှ ပါဝင်ချီတက်သွားကြပါဦးမည်။

https://m.facebook.com/story.php?story_fbid=318084847273586&id=100072162207065&mibextid=Nif5oz

-ဆဲဗင်းဂျူလိုင်စိတ်ဓါတ်မှသည် နိုင်ငံတော်သစ်ဆီသို့ ------------------------------------------------------------•ဆောင်းပါး...
07/07/2023

-ဆဲဗင်းဂျူလိုင်စိတ်ဓါတ်မှသည် နိုင်ငံတော်သစ်ဆီသို့ -
-----------------------------------------------------------

•ဆောင်းပါး

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း၌ အပစ်မဲ့ကျောင်းသားပေါင်းရာကျော်ကို ဗိုလ်နေဝင်းဦးဆောင်သော ဖက်ဆစ်စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်မှာ ယခုနှစ်တွင် ၆၁ နှစ်ပြည့်ပြီ ဖြစ်သည်။

၁၉၆၂၊ မတ်လ၂ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင်သောစစ်တပ်သည် နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည်။ထိုအာဏာသိမ်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင်လည်း ဝန်ကြီးချုပ်ဦးနုထံမှ ပါလီမန် လွှတ်တော်ကို အသုံးပြုကာ နိုင်ငံတော်အာဏာကို အနုနည်းဖြင့်သိမ်းယူခဲ့သည်။

၁၉၆၂၊ မတ်လ၄ရက်နေ့တွင် တကသ၊ရကသ၊ဗကသ စသော ကျောင်းသားသမဂ္ဂတို့က ဗိုလ်နေဝင်း၏တော်လှန်ရေးကောင်စီအမည်ခံ အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။၁၉၆၂အာဏာသိမ်းမှုကို အစောဆုံးဆန့်ကျင်ကန့်ကွက်သည့် အဖွဲ့အစည်းသည် ကျောင်းသားသမဂ္ဂပင်ဖြစ်သည်။

(မတ်လ ၆ရက်နေ့မှာ ဗကသခေါင်းဆောင် ကိုခင်မောင်အုန်းက ဗိုလ်နေဝင်း၏တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် ဗကသများ အဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ကာ ကိုခင်မောင်အုန်းကိုထုတ်ပယ်၍ ဒုဥက္ကဋ္ဌကိုသက် ကို ဥက္ကဋ္ဌ တင်မြှောက်ခဲ့သည်)။ ထိုကန့်ကွက်မှုကြောင့် ကျောင်းသားထုတရပ်လုံးသည် ဗိုလ်နေဝင်း၏ ရန်ငြိုးထားခြင်းကိုခံခဲ့ရသည်။

မတ်လ ၉ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်အက်ဥပဒေကိုဖျက်သိမ်းပြီး တော်လှန်ရေးကောင်စီအမည်ခံစစ်အစိုးရက ၎င်းတို့အလိုတော်ရိများနှင့် တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့နောက်မတရား အဆောင်စည်းကမ်းများထုတ်ပြန်ကာ ကျောင်းသားထုကို စတင်ဖိနှိပ်လာခဲ့တော့သည်။

ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂကဦးဆောင်ပြီး အစည်းအဝေးကျင်းပကာ အဆောင်စည်းကမ်းများဖျက်သိမ်းရေး ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး စသည့်တောင်းဆိုချက်များဖြင့် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဇူလိုင်လ ၇ ရက်၊ နေ့လည် ၁နာရီတွင်သမဂ္ဂအဆောက်အဦးအစည်းအဝေးခန်းမတွင် ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကို တကသ ဥက္ကဋ္ဌ ကိုဗဆွေလေးက သဘာပတိ အဖြစ် တာဝန်ယူကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဖိနှိပ်ချုပ်ချယ်သော အဆောင်စည်းကမ်းများ နှင့် တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။အစည်းအဝေးအပြီးတွင် ကျောင်းသားထုသည် ကျောင်းဝန်းအတွင်းလှည့်လည်ကြွေးကြော်ဆန္ဒပြပြီး ဘွဲ့နှင်းသဘင်ရှေ့တွင် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသည်။

ဆန္ဒပြပွဲအပြီး နေ့လည် ၂ နာရီတွင် ရဲကားများ ကျောင်းဝင်းအတွင်းသို့ရောက်လာပြီး ကျောင်းသားခေါင်းဆောင် အချို့ကိုဖမ်းဆီး လိုက်သည်။ကျောင်းသားခေါင်းဆောင်အချို့ ဖမ်းဆီးခံရပြီးနောက် ရဲကားများက တကသ ကိုဝင်စီးလိုက်သည်။

ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံရသည့် သတင်းကြောင့် ကျောင်းသားထုကြီးသည် လှုပ်လှုပ်ရှားရှားဖြစ်ကာ ကျောင်းသားထုကြီး အုံကြွလာတော့သည်။ ရဲများက မျက်ရည်ယိုဗုံး ပစ်သူကပစ်၊ နံပါတ်တုတ်နှင့်ရိုက်သူကရိုက်နှင့် ကျောင်းသားထုကိုစတင်ဖြိုခွင်းလာသည်။ သွေးသံတရဲရဲနှင့် ကျောင်းသားထုကြီးသည် ပို၍များပြားသဖြင့် ရဲများ ကျောင်းဝန်းအတွင်းက ထွက်ခွာသွားသည်။ ထွက်ခွာပြီး မကြာမှီ ရဲနှင့်စစ်သားများ ထပ်မံရောက်ရှိလာပြီး တက္ကသိုလ်ဝင်းတခုလုံးကို ပိတ်ဆို့ကာ ဂျီသရီးမောင်းပြန်ရိုင်ဖယ်များနှင့် ကျောင်းသားထုကို တရစပ် ပစ်ခတ်ကာ ရက်ရက်စက်စက် နှိမ်နှင်းတော့သည်။ ထိုပစ်ခတ်မှုကြောင့် ကျောင်းသားရာချီ ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မြောင်းမြမှ ကျောင်းသားကိုကျော်ဝင်းက သူ့ကိုယ်ကသွေးနဲ့ မန္တလေး နံရံဆောင်မှာ "၇.၇.၆၂"မမေ့ ကြနဲ့ လို့ ရေးသွားခဲ့သည်။

ဗမာပြည်၏လွတ်လပ်ရေးသမိုင်းတွင် ချန်လှပ်ထား၍မရသော သမိုင်းအစဥ်အလာကြီးမားသော သခင်အောင်ဆန်း၊ သခင်ဗဟိန်းကဲ့သို့ ကျောင်းသားခေါင်းဆောင်များ သန္ဓေတည်ခဲ့ရာ သမဂ္ဂအဆောက်အဦးကိုလည်း ၁၉၆၂ ဇူလိုင်လ ၈ရက် နံနက်အာရုဏ်ဦး အချိန်တွင် ဗိုလ်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက ဒိုင်းနမိုက်များဖြင့်ဖြိုချ ဖျက်စီးခဲ့သည်။အဲ့ဒီည အချိန်တွင် ဗိုလ်နေဝင်းက"ဓားကိုဓားချင်း လှံကိုလှံချင်းရင်ဆိုင်ရန်သာ ရှိတော့ကြောင်း" နိုင်ငံပိုင်ရေဒီယိုကနေ တဆင့် အသံလွှင့်ကာ ကျောင်းသားထုကို ထပ်မံ စိန်ခေါ်ခဲ့သည်။

ဗမာပြည်နိုင်ငံရေးသမိုင်းကို ကြည့်လျှင်ကျောင်းသားထု၏ အခန်းကဏ္ဍသည် လွန်စွာမှအရေးပါခဲ့သည်။ ကျောင်းသားထုသည် အမျိုးသားနေ့အဖြစ် သတ်မှတ်ခံရသော ၁၉၂၀ ပထမကျောင်းသားသပိတ်မှစ၍ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲအပါအဝင် စစ်အာဏာရှင်အမြစ်ပြတ်ရေးတို့တွင် အလုပ်သမားထု၊ လယ်သမားထုစသော ပြည်သူများနည်းတူ ရှေ့တန်းမှနေ၍ ရဲဝင့်စွာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည်။ ဗမာပြည်နိုင်ငံရေးခေတ်အဆက်ဆက်တွင် အာဏာရ အစိုးရများသည် ကျောင်းသားသမဂ္ဂများ ပြိုကွဲပျက်စီးစေရန် နည်းအမျိုးမျိုးသုံးကာ သွေးခွဲပုံဖျက်ခြင်း၊ ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားထုကို ရန်ငြိုးထားနှိပ်ကွပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့ထက်တိုင် ကျောင်းသားသမဂ္ဂသည် ပြည်သူလူထု၊ ကျောင်းသားထုနှင့် အမှန်တရားဘက်တွင်ရပ်တည်ကာ တိုက်ပွဲဝင်လျှက်ရှိသည်။

နွေဦးတော်လှန်ရေးတွင်လည်းကျောင်းသားသမဂ္ဂနှင့် ကျောင်းသားထုတရပ်လုံးသည် ကျရာတာဝန်ကို ထမ်းရွက်လျှက်ရှိသည်။ စစ်အာဏာရှင် အလုံးစုံ ပျက်သုဉ်းရေးနှင့် သာတူညီမျှ၊ တန်းတူညီမျှရှိသော ငြိမ်းချမ်းသောလူ့ဘောင်သစ်အား ရည်သန်၍ ထောင်နံရံသံတိုင်များကြား၊ တောတောင်လျှိုမြောင်ကြား၊ မြို့ပြ၏ မလုံခြုံမှုများကြား ရရာနည်းဖြင့် တိုက်ပွဲဝင်လျှက်ရှိသည်။

ပဋိပက္ခများနှင့် ထိုပဋိပက္ခကို ဖြစ်စေသော မညီမျှမှုများ၊ ဖိနှိပ်မှုများအတွက် (သို့) ဖိနှိပ်သူလူတန်းစားအတွက် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားထုသည် ခေတ်အဆက်ဆက် ဆက်လက်တိုက်ပွဲဝင်၍ ထိုသူများအတွက် ခေတ်အဆက်ဆက် ဆက်လက်ခြောက်လန့်နေဦးတော့မည် ဖြစ်သည်။

-လင်းသီကျူး
-ရှတ်ဂျမ် စာစောင် အတွဲ(၃).အမှတ်(၈)မှကူးယူ
ဖော်ပြသည်။

၆၂ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂသို့ ပေးပို့သော သဝဏ်လွှ...
05/02/2023

၆၂ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂသို့ ပေးပို့သော သဝဏ်လွှာ


၆၂ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂသို့ ပေးပို့သော သဝဏ်လွှာ

KSCM သပိတ်ကော်မတီနှင့် အခြေခံပညာကျောင်းသားများ သမဂ္ဂ လူငယ်များ၏ ခရစ္စမတ်နေ့ လှုပ်ရှားမှု25 December 2022 - Kachinwaves K...
25/12/2022

KSCM သပိတ်ကော်မတီနှင့် အခြေခံပညာကျောင်းသားများ သမဂ္ဂ လူငယ်များ၏ ခရစ္စမတ်နေ့ လှုပ်ရှားမှု

25 December 2022 - Kachinwaves

Kachin State Civilian Movement (KSCM) သပိတ်ကော်မတီနှင့် မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ လူငယ်များမှ မြစ်ကြီးနားမြို့တွင် ခရစ္စမတ် လက်ဆောင်ပေးခြင်းဖြင့် တော်လှန်ရေးအသိ အမြဲနိုးကြားနေရန် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Address

Ledo Road
Myitkyina

Website

Alerts

Be the first to know and let us send you an email when Myitkyina Basic Education Students' Union-MBESU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myitkyina Basic Education Students' Union-MBESU:

Share