Lego - i read Mobile Library

Lego - i read Mobile Library "To decorate the world with beauties, let LEGO be part of a teeny tiny flower."

Lego is back!!"To decorate the world with beauties, let LEGO be part of a teeny tiny flower."Lego-i read Mobile Library ...
20/11/2021

Lego is back!!

"To decorate the world with beauties, let LEGO be part of a teeny tiny flower."

Lego-i read Mobile Library မှ စာအုပ်များကို အခမဲ့ ပြန်လည်ငှားရမ်းဖတ်ရူနိုင်ပါပြီ.(စာအုပ်ကောင်းတွေထပ်တိုးထားပါတယ်နော်)


07/09/2021
 #စာဖတ်ပါ စာဖတ်ခြင်းက ကျွန်တော်တို့ရဲ့ နှလုံးသားကို နူးညံ့စေပါတယ်။ဒေါသကို ပြေလျော့စေပါတယ်၊ မနာလိုမုန်းတီးခြင်းတွေကိုပြေလ...
06/08/2021

#စာဖတ်ပါ
စာဖတ်ခြင်းက ကျွန်တော်တို့ရဲ့
နှလုံးသားကို နူးညံ့စေပါတယ်။
ဒေါသကို ပြေလျော့စေပါတယ်၊
မနာလိုမုန်းတီးခြင်းတွေကို
ပြေလျော့စေပါတယ်။

ချစ်ခြင်းမေတ္တာကို တိုးပွားစေပါတယ်။
စာနာနားလည်တတ်ဖို့ သင်ကြားပေးပါတယ်။

ဒါကြောင့်
စာအုပ်တွေကို ကျွန်တော်သိပ်မြတ်နိုးတယ်
အထူးသဖြင့် ကျွန်တော်ပြိုလဲနေတဲ့အချိန်
တွေမှာ ပိုချစ်ရပါတယ်။

အကြောင်းကတော့ စာအုပ်တွေက
ကျွန်တော့်ကို ပြိုလဲဝမ်းနည်းခြင်းတွေကနေ
ကယ်ထုတ်ပေးနိုင်ခဲ့လို့ပါ။
စိတ်ဓာတ်တွေပြိုလဲတဲ့အခါ
ကိုယ်တိုင်ပြန်ထူမတ်ဖို့ စာဖတ်ပါ။

လူတွေရဲ့ ပြောင်းလဲတတ်တဲ့စိတ်ကို
ခံနိုင်ရည်ရှိ ဖို့စာဖတ်ပါ။
ပတ်ဝန်းကျင်ကို မကြောက်ပဲ
ရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။

စိတ်တွေညစ်ထွေးလာတဲ့အခါ
စိတ်ကို ကြည်လင်သန့်ရှင်းဖို့ စာဖတ်ပါ။
ဒေါသတွေထွက်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်ဖို့ စာဖတ်ပါ။

အသည်းကွဲတာဟာ ဘဝတစ်ခုလုံး
ပျက်စီးသွားတာ မဟုတ်မှန်း နားလည်ဖို့ စာဖတ်ပါ။
အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့
စာအုပ်တွေက လမ်းပြပေးနိုင်တာမို့ စာဖတ်ပါ။

ကြုံလာသမျှလောကဓံကို အကောင်းဆုံးရင်
ရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။
ကိုယ့်ကိုယ်ကိုယ်
ပြန်ရှာမတွေ့တဲ့အခါ စာဖတ်ပါ။

ဘယ်ကနေဖတ်ဖတ် နှလုံးသားလှပြီး
စိတ်ခွန်အားရှိဖို့ တစ်နေ့ (၁၅) မိနစ် စာဖတ်ပါ။
သင့်ကိုယ်သင် ပြောင်းလဲဖို့ စာဖတ်ပါ။

#လင်းရောင်စင်
မိဘမေတ္တာ ကိုရင်-
သထုံ ရာမညမြေ-
မေတ္တာဖြင့်မျှဝေသည်...
-မူရင်းရေးသားသူကိုလေးစားစွာ credit ပေးပါတယ်😊

15/07/2021

Hello မိတ်ဆွေတို့🤗🤗

ယခုလက်ရှိအခြေအနေတွေကြောင့် စိုးရိမ်ပြီး စိတ်ပျက်လက်ပျက် ဘာကိုမှ မ လုပ်ချင် မကိုင်ချင် ဖြစ်နေလား

"စိတ်ထောင်းကိုယ်ကျေ" ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကျန်းမာနေစေဖို့ စိတ်လည်းကျန်းမာနေစေဖို့လိုအပ်ပါတယ်နော်

ဒီတော့ stay home ကာလမှာ အိမ်မှာ​နေရင်း စာဖတ်ခြင်း
ဖြင့် စိတ်ကို ကြိုးစားတည်​ငြိမ်အောင်ထားဖို့ တိုက်တွန်းပါရစေ

COVID19 ကာကွယ်ဖို့
အပြင်သွားတိုင်းMask သေချာတပ်စို့ လက်ဆေးစို့
အေးရေးဝဝအိပ်ပြီး အားရှိတဲ့အစားအစာတွေစားစို့
အိမ်မှာနေရင်းလေ့ကျင့်ခန်း physical exercise လည်းလုပ်စို့နော်

COVID မှအားလုံးကင်းဝေးကြပါစေ

Much Love❤❤

🍀ကျွန်တော်တို့ဟာ ခန္ဓာကိုယ်ကျန်းမာဖို့ အတွက် အစာစားပေးဖို့လိုအပ်သလိုဦးနှောက်နဲ့ စိတ် အားပြည့်ဖို့အတွက် စာဖတ်ရင်းနဲ့ အား...
04/07/2021

🍀ကျွန်တော်တို့ဟာ ခန္ဓာကိုယ်ကျန်းမာဖို့ အတွက် အစာစားပေးဖို့လိုအပ်သလို
ဦးနှောက်နဲ့ စိတ် အားပြည့်ဖို့အတွက် စာဖတ်ရင်းနဲ့ အားဖြည့်ပေးဖို့လိုပါတယ်

🍁စက်ပစ္စည်းတွေလဲ အသုံးမပြုတာကြာလာရင် သံချေးတက်လာနိုင်သလို
ကျွန်တော်တို့ ဦးနှောက်နဲ့ စိတ် သံချေးမတက်လာစေဖို့ စာအုပ်များများဖတ်ရအောင်...

''ပညာရွေအိုး လူမခိုး'' ဆိုသလို ကိုယ်ဖတ်မှတ်ပြီးသိရှိထားတဲ့မှတ်ဉာဏ်တွေကိုဘယ်သူကမှ ခိုးယူလို့ရမှာမဟုတ်သလို

ကိုယ်ရှေ့ဆက်လျှောက်လမ်းရမဲ့ ဘဝခရီးကို စာအုပ်များများဖတ်ရင်းနဲ့ ရှာဖွေနိုင်တယ်...

ကိုယ်လုပ်တဲ့အရာ အမှန်အမှားကို ဘယ်ဟာကမှန်တယ်မှားတယ်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်မယ်...

💁𝙇𝙚𝙜𝙤-𝙞 𝙧𝙚𝙖𝙙 𝙈𝙤𝙗𝙞𝙡𝙚 𝙇𝙞𝙗𝙧𝙖𝙧𝙮 ​ကနေ
စာအုပ်​တွေ အခမဲ့ငှားရမ်းနိုင်တဲ့အပြင်
အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုကို ထပ်ဆောင်းလုပ်ထားပြီမို့ ဘာစာအုပ်ဖတ်ရမလဲဆိုတာ ရွေးချယ်လို့ရပါပြီနော် 🤗

သွားသတိလာသတိ နဲ့ ကျန်းမာရေးလဲအထူးဂရုစိုက်ကြပါနော် 💕



အလွမ်းဓာတ်ခံရှိတဲ့စာချစ်သူတွေအတွက် ဆုံနေရက်နဲ့ လွမ်းလေခြင်းစာအုပ်ကိုမိတ်ဆက်ပေးလိုက်တယ်နော်👻ဂျူး အသက် ၇ နှစ်ငယ်တဲ့ မနဲ့မေ...
26/06/2021

အလွမ်းဓာတ်ခံရှိတဲ့စာချစ်သူတွေအတွက်
ဆုံနေရက်နဲ့ လွမ်းလေခြင်း
စာအုပ်ကိုမိတ်ဆက်ပေးလိုက်တယ်နော်👻ဂျူး

အသက် ၇ နှစ်ငယ်တဲ့ မနဲ့မောင်လေး 🤫
သူ့အကျင့် လေးတွေကို ကျွန်မ တစ်ခုမှ
မကြိုက်ဘူး …ဒါပေမဲ့ သူလိုအပ်နေတဲ့ အရာတိုင်းကို ဖြည့်ဆည်းပေးချင်တာ မေတ္တာလား?
အချစ်လား? စေတနာလား? 😁
(စာဖတ်သူတို့ပြန်သုံးတပ်ကြည့်နော်🙃)

“ အခြားဘယ်လိုအရာတွေကမှ ဖြည့်မပေးနိုင်တဲ့ ကွက်လပ်မျိုးကို ဖြည့်ပေးဖို့ စာပေဟာတည်ရှိ ခြင်းဖြစ်ပါတယ်တဲ့”
ပါက်ယီမွန်း- ကိုရီးယန်း ကဗျာဆရာ

စာအုပ်အခမဲ့ ဌားရမ်းလိုပါက 👇

𝐋𝐞𝐠𝐨-𝐈 𝐫𝐞𝐚𝐝 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐢𝐛𝐫𝐚𝐫𝐲 📚

https://www.facebook.com/104867461787840/posts/125448099729776/

📚𝗕𝗼𝗼𝗸𝗹𝗶𝘀𝘁 update လုပ်ထားပါတယ်နော်- စာချစ်သူတို့ ဒီရက်ဆက်တိုက် စိတ်မကောင်းစရာ၊ဝမ်းနည်းစရာတွေနဲ့ နေ့တိုင်းကြုံနေရတာမို့ စာ...
24/06/2021

📚𝗕𝗼𝗼𝗸𝗹𝗶𝘀𝘁 update လုပ်ထားပါတယ်နော်

- စာချစ်သူတို့ ဒီရက်ဆက်တိုက် စိတ်မကောင်းစရာ၊ဝမ်းနည်းစရာတွေနဲ့ နေ့တိုင်းကြုံနေရတာမို့ စာအုပ်ဖတ်ရင်း ခဏအနားယူပြီး ခံစားမူတွေကို ကုသနိုင်အောင် 𝐋𝐞𝐠𝐨-𝐢 𝐫𝐞𝐚𝐝 𝐦𝐨𝐛𝐢𝐥𝐞 𝐥𝐢𝐛𝐫𝐚𝐫𝐲 မှ အားလုံးအတွက် တတ်နိုင်တဲ့ဘက်ကနေ စာအုပ်များကို အခမဲ့ ငှားပေးပါရစေ။

- ငှားရမ်းလိုသည့်စာအုပ်များကို 𝑪𝒉𝒂𝒕𝒃𝒐𝒙 မှတစ်ဆင့် code no ပေးပို့ပြီးငှားရမ်းနိုင်ပါပြီ.

- အားလုံးတောင်းတဲ့ဆုနဲ့ 𝐋𝐞𝐠𝐨-𝐢 𝐫𝐞𝐚𝐝 𝐦𝐨𝐛𝐢𝐥𝐞 𝐥𝐢𝐛𝐫𝐚𝐫𝐲 အနေနဲ့လဲ ထပ်တူထပ်မျှကြပါတယ်၊ ဆုတောင်းတွေအမြန်ပြည့်ဝပါစေ

Hello Book warmers တို့ရေ 🤗🤗စိတ်ဝင်စားစရာလည်းကောင်း ဗဟုသုတ လည်းတိုးစေမည့်စာအုပ်တအုပ် နဲ့မိတ်ဆက်ပေးပါရစေရှင့် 👇👇"လင်ကောင်...
23/06/2021

Hello Book warmers တို့ရေ 🤗🤗

စိတ်ဝင်စားစရာလည်းကောင်း ဗဟုသုတ လည်းတိုးစေမည့်စာအုပ်တအုပ် နဲ့မိတ်ဆက်ပေးပါရစေရှင့် 👇👇

"လင်ကောင်းမရသောမိန်းမများအကြောင်း"
Dr. မြတ်သန့်

စာရေးသူက ၂၀၁၇ မှာ မြင်းမိုရ် မေတ္တာ (ခိုနားရာ) Single Mothers' home ကို တည်ထောင်ခဲ့သူဖြစ်ပြီး ၂၀၁၈ မှာ ဂေဟာတည်ထောင်သူ အနေနဲ့ ပြည်သူ့ဂုဏ်ရည်အထူး ဆုကို ချီးမြင့်ခံရသူဖြစ်တယ်

စာရေးသူအ​နေနဲ့ ဇာတ်ကောင်များ၏ ဖြစ်ရပ်မှန် ဇာတ်ကြောင်း များကို ဇာတ်လမ်းတို အနေနဲ့ ရေးသားထား ဒါကြောင့် စာဖတ်သူတို့ မပြီးမချင်းလက်ထဲကမချချင်တောင်ဖြစ်နေမှာပါနော်

ဒီစာအုပ်ထဲမှာတော့ မတူညီတဲ့ဘဝ ပေး အခြေ​နေ ကြောင့် single mother ဖြစ်လာရခြင်းအကြောင်း နှင့်

Single Mon ဖြစ်ရခြင်းကြောင့် ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်မှု​ကြားထဲမှ ဘဝကိုအရှုံးမပေးဘဲ ရုန်းကန်နေရတဲ့ မိခင်များအကြောင်း ကို စိတ်ဝင်စားဖွယ် ကြေကွဲဖွယ် ဖတ်ရှုရမှာဖြစ်တယ်

📣 စိတ်ဝင်စားတယ်ဆိုရင် Lego -i read Mobile Library မှာအခမဲ့ငှားရမ်းလိုက်ပါ

With Love❤
Admin team

𝐎𝐧𝐞 𝐦𝐨𝐧𝐭𝐡 𝐦𝐞𝐦𝐨𝐫𝐲 𝐰𝐢𝐭𝐡 𝐋𝐞𝐠𝐨-𝐢 𝐫𝐞𝐚𝐝 𝐦𝐨𝐛𝐢𝐥𝐞 𝐥𝐢𝐛𝐫𝐚𝐫𝐲 𝐞𝐯𝐞𝐧𝐭 မှာ 𝐄𝐠𝐨 𝐢𝐬 𝐭𝐡𝐞 𝐄𝐧𝐦𝐲 စာအုပ်လက်ဆောင် ရရှိသွားတဲ့သူက Lotus Tsawm ဘဲဖ...
18/06/2021

𝐎𝐧𝐞 𝐦𝐨𝐧𝐭𝐡 𝐦𝐞𝐦𝐨𝐫𝐲 𝐰𝐢𝐭𝐡 𝐋𝐞𝐠𝐨-𝐢 𝐫𝐞𝐚𝐝 𝐦𝐨𝐛𝐢𝐥𝐞 𝐥𝐢𝐛𝐫𝐚𝐫𝐲 𝐞𝐯𝐞𝐧𝐭 မှာ 𝐄𝐠𝐨 𝐢𝐬 𝐭𝐡𝐞 𝐄𝐧𝐦𝐲 စာအုပ်လက်ဆောင် ရရှိသွားတဲ့သူက Lotus Tsawm ဘဲဖြစ်ပါတယ်ရှင့် Congratulations ပါ 🥳

💚💚 ခုလိုမျိုးပါဝင်ပေးတဲ့အ‌ေယာက်ဆီတိုင်းကိုလဲ ကျေးဇူးတင်ပါတယ်ရှင့်၊ ခုမရလိုက်တဲ့ စာချစ်သူတို့လဲ ဝမ်းမနည်းပါနဲ့နော် နောက်ထပ် Event တွေအများကြီးလာဖို့ရှိပါတယ်နော်

💚💚 Stay safe and Enjoy the book par.

🙆 အခုကာလမှာ စိတ်ညစ်နေရင် စာဖတ်ပါ ပျင်းရင်လည်းစာဖတ်ပါ အသည်းကွဲနေရင်လဲစာဖတ်ပါ အချိန်ကုန်တာချင်းအတူတူ ကိုယ့်အတွက် အကျိုးတစ်...
15/06/2021

🙆 အခုကာလမှာ

စိတ်ညစ်နေရင် စာဖတ်ပါ
ပျင်းရင်လည်းစာဖတ်ပါ
အသည်းကွဲနေရင်လဲစာဖတ်ပါ
အချိန်ကုန်တာချင်းအတူတူ ကိုယ့်အတွက်
အကျိုးတစ်ခုခုတော့ရစေမှာပါ 🍁

💁 စာအုပ်တွေကိုငှားဖတ်ချင််ဆိုရင်တော့ Lego-i read Mobile Library မှာ အခမဲ့ ငှားဖတ်နိုင်ပါတယ်နော်

📚 booklist တွေကို အောက်က link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်
https://www.facebook.com/104867461787840/posts/113649040909682/

🌼မင်္ဂလာပါ စာချစ်သူတို့ သတင်ကောင်းပါးပါရစေ🌼🍀 ခုလာမဲ့ 𝐉𝐮𝐧𝐞 𝟏𝟓 ရက်နေ့မှာဆိုရင်                  𝐋𝐞𝐠𝐨-𝐢 𝐫𝐞𝐚𝐝 𝐦𝐨𝐛𝐢𝐥𝐞 𝐥𝐢𝐛𝐫𝐚𝐫𝐲...
13/06/2021

🌼မင်္ဂလာပါ စာချစ်သူတို့ သတင်ကောင်းပါးပါရစေ🌼

🍀 ခုလာမဲ့ 𝐉𝐮𝐧𝐞 𝟏𝟓 ရက်နေ့မှာဆိုရင် 𝐋𝐞𝐠𝐨-𝐢 𝐫𝐞𝐚𝐝 𝐦𝐨𝐛𝐢𝐥𝐞 𝐥𝐢𝐛𝐫𝐚𝐫𝐲 တစ်လပြည့်ပြီဖြစ်တဲ့အတွက် အမှတ်တရဖြစ်သွားအောင် မင်မင်တို့ကိုယ်တိုင်လုပ်ထားတဲ့ 𝐁𝐨𝐨𝐤𝐦𝐚𝐫𝐤 𝐡𝐚𝐧𝐝𝐦𝐚𝐝𝐞 လေးလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်

🍀 𝐉𝐮𝐧𝐞 𝟏𝟓 ရက်နေ့မှာ အရင်ဆုံးငှားရမ်းတဲ့ ( 5 ) ဦးကို Bookmarkပေးသွားမှာဖြစ်ပြီး၊ 𝐁𝐨𝐨𝐤𝐦𝐚𝐫𝐤 ရရှိသူအနေနဲ့ သည် post ကို like and share လုပ်ပြီးတော့ share ထားတဲ့ ငါးဦးထဲကမှ 𝗥𝗲𝗮𝗰𝘁𝗶𝗼𝗻 အများဆုံး ရရှိသူ တစ်ဦးကို June 18 ရက်နေ့မှာ မင်မင်တို့အနေနဲ့ 𝐄𝐠𝐨 𝐢𝐬 𝐄𝐧𝐞𝐦𝐲 စာအုပ်လက်ဆောင် ပေးမှာဖြစ်ပါတယ်

🍀 စာအုပ်များကိုအခမဲ့ငှားရမ်းနိုင်ပါပြီနော်

𝗣𝗦 : ရက်ကြိုပြီး ငှားရမ်းတဲ့သူကို Bookmark လက်ဆောင်ပေးတဲ့အစီအစဉ်ထဲ ထည့်တွင်းစဉ်းစားပေးမှာမဟုတ်ပါဘူးနော် 😉

မင်္ဂလာပါ စာချစ်သူတို့ရေ....𝗪𝗲𝗲𝗸𝗲𝗻𝗱 မှာ နားနားနေနေ‌ နေရင်း စာဖတ်ဖို့စာအုပ်ရှာနေတယ်ဆိုရင်တော့ 𝙇𝙚𝙜𝙤-𝙞 𝙧𝙚𝙖𝙙 𝙈𝙤𝙗𝙞𝙡𝙚 𝙇𝙞𝙗𝙧𝙖𝙧𝙮 ...
04/06/2021

မင်္ဂလာပါ စာချစ်သူတို့ရေ....

𝗪𝗲𝗲𝗸𝗲𝗻𝗱 မှာ နားနားနေနေ‌ နေရင်း စာဖတ်ဖို့စာအုပ်ရှာနေတယ်ဆိုရင်တော့ 𝙇𝙚𝙜𝙤-𝙞 𝙧𝙚𝙖𝙙 𝙈𝙤𝙗𝙞𝙡𝙚 𝙇𝙞𝙗𝙧𝙖𝙧𝙮 ကနေ စာအုပ်များ အခမဲ့ငှားရမ်းလိုက်ပါ

မနက်ဖြန် စနေနေ့မှာ မင်မင်တို့က မနက် ၉ ကနေ နေ့လည် ၁နာရီ အတွင်း အရင်ဆုံးငှားရမ်းတဲ့ 5 ဦး အတွက် စာအုပ်များကို အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်

လူဦးရေအကန့်အသတ်နဲ့မို့ ဖတ်ဖို့စာအုပ်ကြိုရွေးထားလိုက်တော့နော် 😉
👇👇 https://www.facebook.com/104867461787840/posts/113649040909682/

Address

Myitkyina
01011

Website

Alerts

Be the first to know and let us send you an email when Lego - i read Mobile Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Lego - i read Mobile Library:

Share

Category