03/08/2026
မြစ်ကြီးနားမြို့၌ အရေးပေါ်လူနာများအတွက် သွေးလုံလောက်စွာရရှိနိုင်ရေး စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
မြစ်ကြီးနား သြဂုတ် ၃
#ကချင်ပြည်နယ်အတွင်း အရေးပေါ်လူနာများအတွက် သွေးလုံလောက်စွာရရှိနိုင်ရေးနှင့် ပုံမှန် သွေးသွင်းရန်လိုအပ်သောလူနာများကို ကူညီနိုင်ရေးအတွက် (၁၁) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို သြဂုတ် ၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်ခန်းမ၌ ကျင်းပ သည်။
#အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းနှင့်တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများ၏ အကူညီဖြင့် ကချင်ပြည်နယ်သွေးဖောင်ဒေးရှင်း၊ မြစ်ကြီးနားမြို့ပေါ်ရှိ သွေးအလှူရှင်ပြည်သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သွေးလှူရှင်အသင်း အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပညာရေး ကောလိပ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာအထက်တန်းကျောင်းများမှ သွေးလှူရှင်(၆၅)ဦးတို့ စုပေါင်းသွေးလှူဒါန်းပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ အာဟာရဖြည့် အစားစာ များကို လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရသည်။